လူတစ်မျိုး၏ ယဉ်ကျေးမှု၊ဓလေ့ထုံးစံများကိုလူတစ်မျိုးကသိဖို့လိုပါသည်။သိထားလျှင်၊ကျူးကျော်မှားယွင်းမှုများမဖြစ်နိုင်ဘဲ၊ကူးလူးဆက်ဆံမှုလွယ်ကူ၍ ချစ်ကြည်ရေး တည်မြဲနိုင်ပါသည်။(စာရေးဆရာဒဂုဏ်နတ်ရှင်)ရှမ်းပြည်ကြေးမုံစာအုပ်မှ

Popular Posts

တအာင်းဘာသာတရားတော်


MusicPlaylistRingtones
Create a playlist at MixPod.com

Friday, September 30, 2011

လွယ်ဆိုင်တောင်ကို ဆင်ဖြူတော်ဦးတိုက်ခြင်းအကြောင်း


အခြားရူမိုင်တို့၏ နတ်ပွဲများသည် သာမာန်ဗုဒ္ဓသာဘုရားပွဲများ ဖြစ်ကြပါသည်။  ဗမာ့လူမျိုးတို့၏ပွဲ နှင့် တူပါသည်။ ကွဲပြာခြားနားမှု မရှိပေ။ ရူမိုင်တို့၏ အထူးထုတ်လုပ်ကုန်အဖြစ်ကား လက်ဖက်ခြံ လုပ်ငန်းပင်ဖြစ်ပါသည်။ နိဒါန်း၏ မိတ်ဆက်ဒဏ္ဍာရီအဖြစ် ဟန်ပန်အမူအရာကား အောက်ပါအတိုင်းပြောပြခဲ့ပါ သည်….။
လွန်ခဲ့သောမြောက်များစွာ ကာလတုံးက၊ နတ်ပွဲများကို ဘီလူးတွေက မထင်မရှာသောမြစ်တစ်ခုတွင် ကျင်းပခဲ့သည် ဟု ဆို၏။ ဘီလူးကလေးတစ်ယောက် မြစ်ထဲသို့ ကျသွားလေ၏။ ထိုနောက် ကလေးသည် ရေနစ်၍ ကြီးကျယ်မဟုတ်သော“ယမဒီကျေသူ ” (အလောင်းမဏိစည်းသူ) က ထိုကလေးကို ကယ်တင်ခဲ့သည်။ ထိုကလေး၏မိခင်က ထိုယမဒီကျေသူ ကို ကျေးဇူးဆပ်သည့်အနေဖြင့် ငှက်အသေများကို ဆက်သလေ၏ နှစ်ပေါင်းများစွာမပျက်မစီး ပကတိအတိုင်း ကြွင်းကျန်နေခဲ့ပါသည်။  ယမဒီက  စစ်ဆေးခဲ့၏။  ထိုနောက် လည်းချောင်းထဲမှာ အခဲတုံးတစ်ခုတွေ့ခဲ့သည်။သူသည် ခန္ဓာကိုယ်ကို ဖေါက်၍ ဖွင့်လေ၏။  အစေ့တစ်စေ့ လည်းချောင်းထဲ၌ ပိတ်ဆို့နေပါသည်။ ထိုငှက်ကိုသတ်ဖြတ်ခဲ့လေ၏။  ခန္ဓာကိုယ်ထဲ သို့  အစေ့ကို ဖယ်လိုက်သောအခါ သူသည် ချက်ချင်းပင် အိုမင်းရင့်ရော်ခဲ့ပါသည်။  ထိုနောက် ထိုငှက်ကို အဝေးသို့ လွင့်ပစ်လိုက်လေ၏။  ယမဒီကျေသူ သည် ထိုအစေ့ကိုသိမ်းဆည်းခဲ့ပါသည်။ အချို့သောနေရာသို့ ထိုအစေ့ကိုသင့်တော်သောနေရာနှင့် မြေဆီကောင်းနေရာ များ  စိုက်ပျိုးရန် သွားရောက်ပြီး လည်ပတ်သင့်သည်ဟု ပြောဆိုခဲ့လေ၏။
လွန်ခဲ့သော နှစ်ပေါင်းသုံးရာခြောက်ဆယ်ခန့်လောက်က သူသည် တောင်ပိုင်း၌ ရှိသော လွယ်ဆိုင်းတောင်ကို( တန်ခိုးရှိသောဖောင်တော်) အရာရှိနှင့် နောက်လိုက်၁၀၀,၀၀၀(တစ်သိန်း) ဖောင်စကြားဖြင့် လှည့်လည်ခဲ့ပါသည်။ သူသည် တမန်ဆာကျေးရွာတွင် တောင်မှ ကိုက်ငါးရာအဝေးခန့် လွယ်ဆိုင်တောင်ကို ဆင်ဖြူတော်ဖြင့် ကြွတော်မူပါသည်။ ထိုဆင်ဖြူတော်သည် လွယ်ဆိုင်းတော်ခြေသို့ဆိုက်သောအခါ ဒူးထောက်၍ ဦးတိုက်နေခဲ့ပါသည်။ ထိုကြောင့် လည်းကောင်းနေရာ မြတ်စွာဘုရား၏ အချို့ ဓါတ်တော်များ ရှိခဲ့သည်ဟု ရည်ညွန်နေပါသည်။ ထိုစဉ် ဘုရား၏ဓါတ်တော်များကို ရှာဖွေခဲ့၏။ ထိုနောက် အပျက်အစီးအောက်တွင် အရိုးများတွေ့ခဲ့၏။ ထိုအရိုးများပြန်လည်းမြေကြီးထဲသို့မြှပ်ပြီး ထိုအပေါ်တွင် ယမဒီကျေသူကစေတီတော်တစ်ဆူ  ပြန်လည်းတည်ဆောက်ခဲ့သည်။ ထိုနေရာ အများပြည်သူများ ကိုးကွယ်ကြရန် ကြေငြာခဲ့သည်။ ပြီးနောက်သူ မုဆိုးနှစ်ယောက်ကို ခေါ်ခဲ့လေ၏။ ( ထိုမုဆိုးသည်တောင်သူဟုဆို၏) သူတို့သည် လာဆန် နှင့်လာဆီ တို့သည် ထိုလူမျိုးများကို အစေ့ပေးခဲ့သည်။ ငှက်သေ၏ ဇလုပ်မှရရှိခဲ့သော အစေကို စိုက်ပျိုးဖို့ရန် ပေးခဲ့၏။ ထိုသခင်သည် တမန်ဆာကျေးရွာ ကို တစ်ပတ်နေထိုင်ခဲ့သည်။ ထိုနောက် သူ၏အရာရှိသုံးယောက် ထားခဲ့၍ ထိုအပင်များကြီးကြပ်ဖို့ရန် နှင့်စိုက်ပျိုးရန် ဖြစ်ကြပါသည်။
ထိုတောင်သူများသည် လက်တစ်ဖက်ဖြင့် ထိုအစေ့ကိုလက်ခံ၍  စိုက်ပျိုးခဲ့ရာ “ လက်တစ်ဖက်ပင်” ဟု ခေါ်ကြလေ၏။ ထိုဝေါဟာရ ကို ခုကာလရွေ့ပြောင်း၍ လက်ဖက်ဖြစ်၏။ ကျေးဇူးသခင်သည် ထိုတောင်သူများကို ဤ ကဲ့သို့ပြောဆိုလေ၏။ အကယ်၍ လက်နှစ်ဖက်ဖြင့်လက်ခံခဲ့သော် (လောက၀တ်နှင့် ရိုသေခြင်း လိုအပ်ချက်အရ ) သူတို့သည် ချမ်းသားကြပါလိမ့်မည်။ မည့်သို့ပင်ဆိုစေကာမူ ယခုသူတို့သည်ဆင်းရဲကြသည်။ လွယ်ဆိုင်းတောင်သည် ပလောင်လူမျိုးများအတွက် တကယ့်မြင့်မြတ်သော တောင် ထိမ်းသိမ်းထားပါသည်။  နှစ်စဉ်တပေါင်းလတွင် ဘုရားပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပကြပါသည်။
စေတီတော်များအနက် ကွဲပြားခြားနားစွာ လွယ်ဆိုင်တောင်ပေါ်တွင် တည်ထားကိုးကွယ်ခဲ့ကြ၏။ စေတီတစ်ခုမှာ မှန်ဖြင့်ပြုလုပ်၍ တည်ထားကိုးကွယ်၏။ လက်ဖက်ပင်ကြီးသည် မူလ ယမဒီကေသူ (အလောင်မဏိစည်းသူ) က စိုက်ပျိုးခဲ့သည့်လက်ဖက်ပင်ကို     ယနေ့တိုင်ရှိပါသည်ဟု ဆိုလေ၏။ အချို့ကတော မူလလက်ဖက်ပင်ကို ဗမာ့စစ်သား များက ခုတ်ဖြတ်ခဲ့သည်ဟု ဆိုကြ၏။
ထိုလက်ဖက်ပင်ကြီးကို ပလောင်လူမျိုးများသည် အသက်သခင်ကဲ့သို့ ရိုသေကြ၏။လွယ်ဆိုင်တောင်သည် ရှေးဟောင်း ဓါတ်ပုံအနည်းငယ်ရှိပါသည်။ ထိုတောင်ခြေတွင် နွားတင်ကုန်နှီးရှိသည်။ ပထမဦးဆုံး လက်ဖက်ကုန်သည်အဖြစ် စတင်လုပ်ကိုင်သူကို ရုပ်ထုလုပ်ထားပါသည်။ ရှမ်းဘာသာအမည်အားဖြင့် “ ဆမ်လော” ဟုခေါ်ပါသည်။ ထို နေရာ ၌ပင်နွားတင်လာသည် ကွယ်လွန်ခဲ့သည် ကို ရည်စူး၍ ရုပ်ထုပြုလုပ်ထားခြင်းဖြစ်ပါသည်။
အခြားတစ်ဖက်တွင် ငှက်တစ်ကောင်းက ကျောက်သားဖြစ်နေသည်။ ယမဒီမဒိကေသူ က တည်ဆောက်ပေးခဲ့သည်ဟု သူတို့ပြောဆိုလေ၏။ ယမဒီကေသု( အလောင်းမဏီစည်းသူ) တပ်မန်ဆာကျေးရွာကို စခန်းချ သောအခါ  ပလေးလူမျိုးထဲက ပလောင်တိုင်းရင်းသားများ ( အလောင်းမဏိစည်းသူ)ကို ထမင်းချက်ပြုတ်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ဆံပင်တစ်မျှင် ကို အစားထဲသို့ကျခဲ့၍ ပလေးအမျိုးသမီး များအား ဆံပင်ရိတ်ရမည် ဟု သူက အမိန့်ပေးခဲ့ပါသည်။ ထိုအကျိုးဆက်အားဖြင့် ယနေတိုင်ပလေးအမျိုးသမီးများသည် ဆံပင်တိုးအောင် ရိတ်ထားကြပါသည်။
ကျမ်းညွန်တစ်ခုကို နှိင်ယှဉ်၍ ဝေါဟာရများ သက်သေတစ်ခု ပြည့်စုံခိုင်လုံစွာ ကျောင်းသားများအတွက် ၀ နှင့်ပလောင် ( လာဝူနှင့် (သို့မဟုတ်) ၀ူ ပလောင် (သို့မဟုတ်) ပရောက် တို့၏ ဘာသာစကားတို့သည် နီးစပ်လျှက်ပါသည်။ ချင်းဖော် တို့ထက် ဘာသာစကား အရမ်းကွာခြားမှု မရှိပေ။ ( သို့မဟုတ်) ချင်လူမျိုးဖြစ်ပါသည်။ မည့်သို့ဆိုစေကာမူ ရူမိုင်တို့သည် ရှိလိမ့်မည်မဟုတ်ပေ။ ထိုနောက် အခြားဒေသစကားများ ကို ပယ်ချဖို့ရန်နှင့် သက်သက်ပြဖို့ရန် မစော်ကားပေ။ ၀လူမျိုးတို့သည် မိမိကျေးရွာထဲတွင် ရူမိုင်နှင့်ပလောင် အကြောင်းကို ဗဟုသုတမရှိကြပါ။ သို့သော် သူတို့သည် ဆွေမျိုးပေါက်ဖော် ၏ အစိတ်အပိုင်းဖြစ်ကြသည် ဟု ယုံကြည်ခဲ့ပါသည်။
သို့သော်ငြားလည်း ၀လူမျိုးနှင့် ပလောင်လူမျိုးများသည် ကိုလိုနီများက အင်မတန် အနေခက်အောင် မပြုလုပ်ပေ။ ၀လူမျိုးများနှင့် အတူတကွ ကျိုင်းတုံထဲမှာ နီးကပ်စွာ နေထိုင်ခဲ့ကြသည်။ ထိုနောက် ဆွေးမျိုးများအဖြစ် ငြင်းပယ်ခြင်းမရှိကြပေ။ မစ်စတာ စတီလိုင်း( Mr, Stirling)က ပလောင်လူမျိုးများ အခြေချနေထိုင်ပုံ အချက်အလက်များကို အောက်ပါအတိုင်းဖော်ပြပါသည်…..။
  ကျိုင်းတုံတွင် လူမျိုးစု အနည်းငယ်ရှိပါသည်။ ကျိုင်းတုံပြည် ၌ ရှေးပဝေသဏီက အခြေချနေထိုင်ခဲ့သည်ဟု အများခဲ့ကြပါသည်။ သူတို့သည် သူတို့၏ အဖိုးက တောင်ပိုင်းနယ်မှ လာခဲ့သည်ဟု ယုံကြည်ခဲ့ပါသည်။ သူတို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါသည်။ အနောက်ပိုင်းစရိုက်လက္ခဏာများမူ သူတို့၏ ဘုန်းတော်ကြီးများတွင် သင်ယူခဲ့ကြသည်။ အခြားလူမျိုးခြားများ နှင့် အိမ်ထောင်ပြုခြင်းကို   အင်မတန်ရှားပါးသည်။ အခြားလူမျိုးများ အားအိမ်ထောင်ပြုရန် မငြင်းပယ်ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အမျိုးသမီးများက မလှသောကြောင့်ဖြစ်ပါသည်။ အများအားဖြင့်ဆင်းရဲကြပါသည်။ မိန်းကလေးများကို ငွေကြေးဖြင့်သူမ၏  အမျိုးသားက ချမ်းသာခဲ့သော် မိဘများအား ရူပီ (၇၀) ဖြင့်  တင်းတောင်းရပါသည်။ ထိုနောက်သူမသည် သူမ၏ လင်ယောင်္ကျားမိသားစုက သေဆုံးသည့်တိုင်အောင်ပိုင်ဆိုင်ထားပါသည်။  သက်ကြီးရွယ်အိုးနှင့်ဘုန်းတော်ကြီး ပျံလွန်တော်မူသောအခါ မီးဖြင့် သဂြိုဟ်ကြပါသည်။ အခြားသူများကို  မြေမြှပ်ကြပါသည်။ ပလောင်လူမျိုးများသည် ရိုးရာနတ်ကို ပူဇော်ပသနေမှု ကို ၀မ်းနည်းသည့်ပုံမပေါ်ပေ။ ထိုကြောင့် ဖျားနားသောအခါ မိရိုးဖလားရိုးရာနတ်ကို ပူဇော်ပသပါသည်။ သူတို့သည်လက်ဖြစ် မီးလင်းဖိုးမရှိပါ။ (သို့မဟုတ်) သူတို့အဘိုးဖွားအတွက် နတ်စဉ်မရှိပါ။ သို့သော်ထိုနတ်များသည် ပူဇော်ပသသောသူများ အကြိုက်ဖြစ်ရန် နှင့်အလာတူ ဒေသခံနတ်များလည်းပူဇော်ကြပါသည်။ မိသားစုအများအပြား တစ်အိမ်ထဲပင် နေထိုင်ကြပါသည်။ ကျေးရွာများသည် စည်းကမ်းတင်းကြပ်ကြပါသည်။ အစဉ်အမြဲပင်လယ်မျက်နှာအမြင့်နေထိုင်ကြပါသည်။ သူတို့လယ်ယာအဖြစ် ဘိန်းစိုက်ပျိုးကြ၏။ သူတို့သည်တောင်စောင် လယ် ရှိသော်ငြားလည်း  မိမိဝမ်းစားဖူးလုံရန်အတွက် မစိုက်ပျိုးကြပေ။ရှမ်းလူမျိုးထံမှ ၀ယ်ယူစားသုံးကြပါသည်။ ပလောင်လူမျိုးအင်မတန် ရိုသာကြပါသည်။ အလုပ်ကြိုးစားကြပါသည်။ သူတို့၏ အများဆုံးအခြေချနေထိုင်သောနေရာကား ကြွယ်ဝချမ်းသောသူများကြ၏။”
ပလောင်လူမျိုးမျးသည်များစွာ ခြေဦးတည်ရာသို့ အခြေချနေထိုင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၌ အနည်းငယ်ပျံကျဲစွာ တောင်ကုန်းမြင့်ပေါ်တစ်လျောက်တွင် အခြေချနေထိုင်ခဲ့ကြပါသည်။ သို့သော်ပလောင်လူမျိုးများအားလုံးတို့သည် အမြဲတန်း တောင်ပိုင်းမှ လာခဲ့သည်ဟု လူတိုင်းဝန်ခံခဲ့ကြပါသည်။ ၀လူမျိုးများကို အချိတ်အဆက်ရှိခဲ့ပါသည်။ (သို့မဟုတ်) ရီအာင်းတောင်ပေါ်သားဖြစ်ကြသော.. (Yang Lam)ယမ်လင်(Yang Sek) ၊ယမ်ဆက်နှင့် (Yang Wan Hkun) ယမ်ဝမ်ခွန် တို့ဖြစ်ကြပါသည်။ ၀လူမျိုးများသည် မိမိကိုယ်ကိုယ် “ ဒေသခံတိုင်းရင်း(၀)လူမျိုးများ” ဟု ကြွေးကြော်ထားပါသည်။ ကျိုင်းတုံ၌ရှိသော ၀လူမျိုးများသည် တနည်းအားဖြင့်ပြောရသော် သူတို့သည် ကျိုင်းတုံမှ ထိုင်းနိုင်ငံ၊ ချင်းမိုင် အထိ မူလ၀လူမျိုးများဖြစ်ကြသည်ဟု ပြောဆိုခဲ့ကြပါသည်။ ဤ အချက်သည် ထူးခြားသော ရူမိုင်းမျိုးနွယ်တို့၏ရိုးရာဓလေ့ထုံးတမ်းများနှင့်အတူ ၀လူမျိုးတို့ဆက်နွယ်ပါဝင်ပတ်သက်ပုံကား သူတို့၏ ဘိုးဘေးဘီ၊ဘင်ကတည်းက  သထုံပြည်မှ လာခဲ့ကြခြင်းပင် ဖြစ်ကြပါသည်။ နှာ ၅၂၇။
၉၊၂၃၊၂၀၁၁ ည ၉း၂၀ မိနစ်ရေးသာပြီးသည်။
မေတ္တာဖြင့်
အရှင်ဇ၀န
(ကိုလံဘိုမြို့။ သီရိလင်္ကာနိုင်ငံ)

ရိုးရာနတ်ပွဲကျင်းပပုံ

ဤအချက်သည် ဗမာ့လူမျိုးထံမှ လွမ်းမိုးလာပါသည်။  အနှစ်ချုပ်အားဖြင့် အမျိုးသားထုံးတမ်းဓလေ့သည် အောင်ဘာလေထီကဲ့သို့ အခွင့်အလမ်း ဖြစ်ပါသည်။ သို့မဟုတ်လျှင်  ဖွဲ့စည်းပုံ ရည်မှန်းချက် ကင်းမဲ့ပုံပေါ်ပါသည်။ ထိုကိစ္စ ဖြစ်ပေါ်လာသောအခါ ထိုညသည် ထိုမိန်းကလေးကို လာရောက်ခိုးပြေးယူဖို့ရန်အလိုငှား  သူမအား ရက်စွဲ တပ်ထားရပါသည်။ သူမလက်ခံထားပြီးသော ချစ်သူက သူ၏ ဆွေမျိုးအိမ်သို့ ခေါ်ဆောင်သွားပါသည်။ ထိုနောက် မိန်းကလေး၏ အိမ်သို့ သူမ၏ မိဘများအား ပြန်ပြောပြပါသည်။
မိန်းကလေးသည် ယောင်္ကျားကို လိုက်ဖို့မထွက်ခွာမှီ မိဘများအားရှင်းပြအသိပေးသည့်ပုံစံဖြင့် ဆေးရွက်နှင့် ဆန်အနည်းငယ် ကို မိဘနှစ်ပါး  အတွက် ကန်တော့ခဲ့ပြီးကား အသိပေးခဲ့ပြီး ယောင်္ကျားလေးနောက်သို့ လိုက်သွားပါသည်။ လုပ်ရိုးလုပ်စဉ်အတိုင်း သတိုးသား၏မိဘများ က နောက်နေ့တွင် အကယ်လို့ မသင့်တော် ဘူး ဟု ထင်ခဲ့လျှင် ကြီးမားသောကြေးများဖြင့် (တင်တောင်းမှု) အလိုရှိပါသည်။ မိန်းကလေး မိဘများသည် သူတို့သမီးကို နေရာလွဲပြီး ရှာဖွေပါသည်။ သတိုးသားမိဘများ လာရောက် သူတို့၏သမီးကို တရားဝင် တောင်းဆိုသည့်ထိ အဆင်သင့်ပြင်ဆင်ထားပါသည်။ ထိုဟာသည် မသက်ဆိုင်သောကိစ္စ မပြီးပြတ်သေးသောအခါ တွေ့ရန် ထိုပွဲသည် တားမြစ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိန်းကလေး၏အိမ်လုပ်ငန်းများ အကူအညီ လိုအပ်ခဲ့ပါလျှင်  (သို့မဟုတ်) သတိုးသားဖက် ဖြစ်သော ယောင်္ကျားကအသက်ငယ်ပြီး ဆင်းရဲခဲ့လျှင် လက်ထက်ဖို့ တားမြစ်နိုင်ပါသည်။ တစ်ခါတစ်ရံ လူပျိုသည် မိန်းကလေးသုံးကြိမ်ထိမိန်းကအား လက်မထပ်ခင်  ခိုးကြသည့် အဖြစ်အပျက်များလည်းရှိကြပါသည်။  မည်သို့ဆိုစေကာမူ ထိုဧည့်ခံပွဲကို မည်သူမျှ မတားမြစ်မကန့်ကွက်ထားပေ။  ကျေးရွာအကြီးအကဲများလည်း ပင့်ဖိတ်ခဲ့ပါသည်။ သူတို့သည် ထိုစုံတွဲကို ကောင်းချီသြဘာမင်္ဂလာ ပေးသည်ဟု ဆိုပါသည်။ မိန်းကလေးဘက် မိဘများကိုမူ မလိုအပ်ပါ။ သတိုးသမီးက သတိုးသားဖက်တို့ပေရသော လက်ဖွဲ့ပစ္စည်းများ လဲမလိုအပ်ပါ။
ထိုဓလေ့ထုံးတမ်းများသည် သက်သေအားဖြင့် လက်ထပ်ခြင်း   ၏ ကိုယ်တွေ့မှတ်တမ်အရ   ဖမ်းဆီးသည် ဟု ဆိုပါသည်။ ဥပမာ။  ။ ( Wale) ဝေလ်မှာရှိသော ကျေးလက်တောဒေသ ဓလေ့ထုံးတမ်းထဲတွင် ဇာစ်မြစ်ကိုလိုက် ရန် စပါတာ( Sparta) နှင့် ခရီတေ ( Crete) ကဲ့သို့ဖြစ်ပါသည်။ နှာ ၅၂၅
ပလေးလူမျိုးများ၏ ကြားတွင် ဥပဒေ ကွာခြားပါသည်။ ယောင်္ကျားလေးသည် အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားလျှင် သူ၏ သတိုးသမီးကို (တင်တောင်မည့်)ဈေးဆစ်ရသည်။ ထိုနောက်သူမသည်  တစ်ရာ ရူပီ နှင့် ငါးဆယ်ရူပီ လောက်သာ ကုန်ကျလေ့ရှိပါသည်။  ငွေဖြင့်ဖြစ်စေ၊ (သို့မဟုတ်) ပစ္စည်းဖြင့်ဖြစ်စေ၊ ထုတ်ကုန်ပစ္စည်းတစ်ခုခု ဖြစ်စေ ပေးနိုင်ပါသည်။ ပလောင်လူမျိုးများ ကွယ်လွန်သောအခါ အနီးစပ်ဆုံးသော မိသားစုနှင့် ဆွေမျိုးသားချင်းက လာရောက်မှု မရှိခဲ့လျှင် သူတို့အား ချက်ချင်း အကြောင်းကြားရပါသည်။ သူသည် အသုဘ ကိစ္စ လာရောက်ဆောင်ရွက်ရပါမည်။ လိုအပ်သောငွေကြေးကုန်ကျခံပေးရပါသည်။ အသုဘအလောင်းကို မည်မျှထားမည် (သို့မဟုတ်) အသုဘချမည် ကို အချိန်အကန့်အသတ် မရှိပေ။ သို့သော် ကျေးရွာအကြီးအကဲ က မည်မျှထားမည်၊ချရမည်ကို ဆုံးဖြတ်ပေးပါသည်။
သေဆုံးသောပုဂ္ဂိုလ်၏ နောက်ဆုံးလကုန်ခါနီးတွင် သေဆုံးပါက အလောင်းကိုချက်ချင်းပင် မြေချရပါသည်။ သို့မဟုတ်လျှင် ကျေးရွာကို ခိုက်နိုင်သည် ၊ မကောင်းကျိုးများ ကျရောက်တက်သည်၊ကျေးရွာမီးလောင်တက်သည် ၊ (သို့မဟုတ်) ကပ်ရောဂါ နှင့် လူသတ်မှုခင်းများဖြစ်နိုင်သည်  ဟု ပလောင်လူမျိုးများ ယုံကြည်ကြ ပါသည်။ အလောင်းကောင်း ရှိနေသည့်ကာလပတ်လုံး  ကျေးရွာထဲမှာ ရွာသူ၊ရွာသားများ (သို့မဟုတ်) အခြားသောရွာသား၊သူများ အားလုံး ဧည့်ခံကျွေးမွေးရပါသည်။ ရွာသားများသာ အခေါင်းတလား ကို ကူညီပြီး ပြုလုပ်ပေးပါသည်။ မြေကြီး ကို ကျင်းတူပေးပါသည်။ မြေကြီး လေးပေးခန့် နက်အောင်တူးရပါသည်။ အလောင်း၏ခေါင်းကို ရွာဖက်သို့ တစ်ပေအကွာတွင် ထားပါသည်။ ဗုဒ္ဓဘာသာနိုင်ငံအများထဲတွင် ဘုန်းကြီးတော်များ၏ ရုပ်ကလာပ်ကိုမူ မီးဖြင့်ပူဇော်ကြပါသည်။ ထိုအပြင် စော်ဘွား နှင့် မိသားစုများလည်း မီးဖြင့် သဂြိုလ်ကြပါသည်။
ပလောင်လူမျိုးများသည် ဗုဒ္ဓဘာသာကို ထက်သန်စွာ ကိုးကွယ်သောလူမျိုးများဖြစ်ကြပါသည်။ သို့သော် သူတို့သည် နတ်ကို လည်းယုံကြည်ကြပါသည်။ နတ်သည်သစ်ပင်ကြီးထဲတွင် နေထိုင်သည်။ တောင်ကုန်းပေါ်၊ကျောက်တုံးကြီးများ (သို့မဟုတ်)ထင်ရှာသော သဘာဝလက္ခဏာများကဲ့သို့တည်း။ နတ်ထီး၊နတ်မ များရှိကြပါသည်။ သူတို့အားလုံး နာမည်ကိုယ်စီရှိကြသည်။ တန်ခိုးအကြီးဆုံးသောနတ်သည် လွယ်ဆိုင်တောင်ပေါ် နေထိုင်ပါသည်။ “ တာကလု” ဟု ခေါ်ပါသည်။ ဤနေရာတွင် အများဆုံးသော အခြားသောမှတ်စုများမှာ “ Taru –rheng” တာရု ရိုင် သည် ဇယန်းကြီးကျေး၏စေတီတော်အများ အနီးတွင် နေထိုင်သောနတ်ဖြစ်ပါသည်။ ( Peng  Mong) ပန်မုံနတ်သည် တောတောင်ထူထပ်သော ဇယန်းကြီးကျေးရွာ အနီး အနောက်ဖက် ၏အကြီးဆုံးတောင်တွင် အမြဲနေလေ့ရှိပါသည်။(တာကလွတ်) “တာခူလောင်”နတ်သည် ဘုရားကြီး၏ရှေးဟောင်းစေတီအပျက်နေရာတွင်နေထိုင်လေ့ရှိပါသည်။ ( သို့မဟုတ်) ဆဲလန်ကျေးရွာ မည်သို့ဖြစ်စေကာမူ  သူသည်များစွာ ဥပေက္ခာအပြုခံရပြီး သူကိုယ်တိုင် အရိုအသေပေးဖို့ရန် တောအုပ်တစ်အုပ်ထဲမှာ နမ့်ဆန်မြို့၏အရှေ့ဂိတ်တွင် စော်ဘွား၏ ဟော်တော်(နန်းတော်) ကို သူအား ပင့်ဖိတ်ခဲ့ပါသည်။  လွယ်နမ့်နတ်သည် မိုးမိတ်မြို့တောင်အနီးတွင်နေထိုင်ပါသည်။ ထိုအပြင် နတ်များစွာ ရှိပါသေးသည်။ နှာ ၅၂၆။
တော်သလင်းလ (စက်တင်ဘာမှအောက်တိုဘာလအထိ) နမ့်ဆန်မြို့တော်တွင် ရိုးရာနတ်ပွဲစည်းကား သိုက်မြိုက်စွာ ဒမဒ စော်ဘွားကြီးက ဦးဆောင်၍ နှစ်စဉ်ကျင်းပပါသည်။  “ဒမဒ ”စော်ဘွား နတ်၏ရိုးရာအမွေးဆက်ခံသော နတ်ဆရာ တစ်ယောက်ဖြစ်ပါသည်။ သူသည် အသက်ကြီးသော လူနှစ်ယောက်အကူခန့်အပ်ထားပါသည်။ တာဝိုင်လောင် နှင် ဆေရိုင် တို့ဖြစ်ပါသည်။ သူတို့သည် ရူမိုင်မျိုးနွယ်တို့၏ခေါင်းဆောင်(သို့မဟုတ်) ထိုမိသားစုနာမည် များကို ခန့်အပ်ထားပါသည်။ အထူး ရက်စွဲ များ ကိုမူ အခါပေးဗေဒင်ဆရာ တွက်ချက်ပေးပါသည်။ ထိုရက်စွာများ အခါပေးဗေဒင်ဆရာများက သေချာတွက်ပြီးသောအခါ “ဒမဒ ”စော်ဘွားကြီး က တာဝိုင်လောင် နှင်ဆေရိုင်တို့ကို နတ်ပွဲ ကျင်းပဖို့ရန် စနစ်တကျ သတ်မှတ်ပေးပါသည်။ ယေဘုယျအားဖြင့် အရင် နေ့စွဲသတ်မှတ်ရန် ကြိုတင်လုပ်ရပါသည် ။ “ “ဒမဒ” စော်ဘွားဟော်တော်ကို သန့်ရှင်းရေး လုပ်ဆောင်ရပါသည်။ ကန့်လန့်ကာနှင့် များချိတ်ဆွဲထားရပါသည်။ ဖျားများ ဖြန့်ခင်းထားခြင်း၊ နတ်ဟော်များ စက္ကူများကပ်ခြင်း၊ နတ်ဟော်များပြင်ဆင်ခြင်းစသည် ပြုလုပ်ရပါသည်။

ရှေးခေတ်တအာင်းလူမျိုးများချစ်တင်စကားပြောကြပုံ


ထိုတောင်ပိုင်းစော်ဘွားကြီး ကိုသူမအား လက်ထပ်ရန် တောင်းဆိုခဲ့ပါသည်။ သို့သော်ငြားလည်း “ သူမ၏ရင်သားက အသက်ကြီးရင့်သည်ဟု”  အရိပ်နိမိတ်ပြခဲ့သည်။ ထိုနောက်စော်ဘွားက  လက်ထပ်ဖို့ရန်  မ၀ံမရဲ့ဖြစ်၍ သူမအား ရှောင်ပြေးခဲ့သည်။ ထိုကြောင့်စော်ဘွားသည် ပရိတ်သတ်ရှေ့တွင် သူ၏ ဇနီးများစွာရှိခဲ့သည်ဟု ကြေငြာခဲ့ပါသည်။ သူမသည် ဖောင်ကိုစီးပြီး နေရပ်သို့ ပြန်ခဲ့ပါသည်။ သို့သော်ငြားလည်း သူမ၏ဖောင်ကို အချို့သောလူငယ်များက မီးဖြင့် ရှို့ ဖျက်ဆီးခဲ့သည်။
ထိုကြောင့် နန်ခမ်းလုံက “ဖောင် မီးလောင်သည် ”ဟု အော်ဟစ်ခဲ့သည်။ သို့သော်ငြားလည်း တရုပ်မင်းသမီးက ဗမာ့စကားသိခဲ့၏။ ရူမိုင်လူမျိုး ထိုအဆိုကို လက်မခံခဲ့ပေ။ သူတို့သည် ဖောင်လောင် ဟူသောစကားကို မှတ်ထားခဲ့၏။ ထို ဖောင်မီးလောင်ကို မူရင်းပြောင်းသွားခဲ့ရာ မှ  ပလောင်ဟု ဖြစ်လာပြီး၍ ထိုနောက် သူတို့၏ထိုသူ၏နာမည်ကို လက်ခံခဲ့ပါသည်။ ထိုပုံပြင်သည် သိသာထင်ရှားစွာ ဗမာ့ လူမျိုးတို့၏အကောင်းဆုံးသော ဝေါဟာရ(ရင်းမြစ်)  သမိုင်း ပုံစံ ဖြစ်သည်။  
မည်သို့ဆိုစေကာမူ ပလောင်လူမျိုးများ ယုံကြည်ရန် အလိုငှား သရုပ်သဏ္ဍာန်ကို အစစ်ပုံဖော်ခြင်း ဖြစ်ခဲ့ပါသည်။ အကယ်၍ ပလောင်စောဘွားက နန်ခမ်လုံကို( Nan Khin Long) လက်ထပ်ထိမ်မြားခဲ့သော် နမ္မတူမြစ်သည် နမ့်ဖရာမြစ်ထဲ သို့စီးဆင်းနေမည်ဖြစ်ပါသည်။ ထိုနေရာသည် တောင်ကုန်းတောင်တန် မဟုတ်တော့ပဲ မြေပြန့်ဖြစ်ပါမည်။ မင်းသမီးသည် အမျိုးသမီးပေါ်ညှာတာ ထောက်ထားသော အိမ်နားနီးချင်း ဖြစ်သော လက်ရှိနမ္မတူ မြစ် မှ သီပေါ  ဆီသို့ ယူဆောင်စီးဆင်း စေပြီး စော်ဘွားနှင့်အတူခေတ္တ နေထိုင်ခဲ့ပြီး နောက် အင်းဝ သို့ ဆက်လက်ခရီးဆက်ခဲ့ပါသည်။ နမ္မတူ မြစ်သည် ဗမာ့စကားလို မြစ်ငယ်ဟု ခေါ်ဆိုပါသည်။ မင်းသမီး၏ လမ်းကြောင်းခရီ အမှတ်သင်္ကေတ ဖြစ်ခဲ့သည်။ မှန်ပါသည် ထိုခရီးများကို သူမက ဖန်တီခဲ့ပါသည်။
ဤသမိုင်းအမှန်သည် နမ့်ဖရာမှ ရှိသော စေတီတော်၏ သက်သက်သာဓက ပင်ဖြစ်ခဲ့သည်။ တရုပ်မင်းသမီး က ထိုစေတီကို တည်ထားခဲ့၍ ရူမိုင်လူမျိုးများက ယနေ့တိုင်အောင် ဆက်လက် ကိုးကွယ်ခဲ့ကြပါသည်။ ပလောင်လူမျိုးများသည် မိမိကိုယ်ပိုင် ဗျည်း နှင့်အက္ခရာ ရေးသာမှုမရှိခဲ့ပေ။ မည်မျှပင်ဖြစ်စေကာမူ ပလောင် လူမျိုးများ၏ကလေးများကို နာမည်ပေးနည်း ရှိခဲ့ပါသည်။ ယခုအခါ ပလောင်လူမျိုးများသည် ရက်၊လ၊ သတ္တပတ်စသည် ဗမာ့လူမျိုးများထံမှ  မွေးစားခဲ့သည်။  မည်သို့ဖြစ်စေကာမူ အနည်းငယ် အစီအစဉ်မကျပဲ အောက်ပါအတိုင်းဖြစ်ပါသည်………..။
တနင်္လာနေ့..    က၊ ခ ၊ဂ၊ ဃ……
ယောင်္ကျားလေး….ကျော်သာ။ ကျော်သိန်း
မိန်းခလေး……….အေးကျား။ အေးကေ  နှာ ၅၂၃
အဂါၤေန့……….စ ၊ဆ၊ ဇ စ် ၊ည
ယောင်္ကျားလေး……..ဆန်ဆ၊ သွေလှ
ဗုဒ္ဓဟူးနေ့……. ဟ၊လ၊ ဝ
ယောကျာင်္းလေး….မောင် လှ၊
မိန်းကလေး………အီ လှု ၊ အီထွေး
ကြာသပတေးနေ့……..ပ၊ ဖ၊ ဗ၊ဘ၊မ
ယောင်္ကျားလေး………အိုက်ပန်၊ ပန်ဖြူ
မိန်းကလေး……………မ ဖေ၊ အီ ဖေါင်၊ ပိုင် စန်
သောကြာနေ့…………သ၊ဟ
ယောင်္ကျား………….အိုက်သွေ၊ ရွှေအောင်
မိန်းကလေး………….အီစော၊ အီ စီ၊အီစန်
စနေနေ့……………..သ၊ထ၊ န
ယောင်္ကျားလေး…….သန်းလှ၊ နေထွန်း
မိန်းကလေး………..အီ ထီ၊ အီနု၊ အီထွမ်း
အီ ဟူသော စကားလုံးသည် မိန်းကလေး များ၏ နာမည်ရှေ့ဆုံးအသုံးပြုထားသောပုံစံဖြစ်ပါသည်။  သို့သော်ငြားလည်း ဗမာ့လူမျိုးနှင့် ရှမ်းလူမျိုးများတို့၏ ပုံစံများမှ စောလျင်စွာ မွေးစားထားပါသည်။ အိမ်ထောင်ပြုသောဓလေ့ရိုးရာသည် မျှတပုံပေါ်ပါသည် တစ်မူထူးခြားသော ဗမာ့လူမျိုး၏ဖက်ရှင်များနှင့် အမျိုးသားရိုးရာဓလေ့များ ရောထွေးမှုများ ဖြစ်နိုင်ပါသည်။ တစ်နှစ်လျှင် တစ်ကြိမ်၊ ဒေသခံ အခါပေးဆရာက ရက်စွဲ စသည်တို့ကို သတ်မှတ်ပေးပါသည်။ လူငယ်များအားလုံး အိမ်ထောင်ပြုဖို့ အရွယ်ရောက်လာသောအခါ အခါပေးဆရာကို တွေ့ဆုံကြပြီး လက်ထပ်မည့်ရက် ကို  သတ်မှတ်ကျင်းပကြပါသည်။
သူတို့သည် အဖွဲ့ရှိကြပါသည်။ ထိုနောက် လက်ထပ် ရန် အရွယ်ရောက်ပြီးသော မိန်းကလေးများအိမ်သို့ သူတို့ကို  ဆွဲခေါ် ပါသည်။ ထိုနောက်  သင့်လျော်လျောက်ပတ်သော၊  ယဉ်ကျေးသောလူမှုရေးကျင့်ဝတ် ထုံတမ်းအတိုင်း သူတို့ကို ဆွဲခေါ်ရပါသည်။ အပျိုတို့၏မိဘများက  အိပ်ယာဝင်ပြီးမှ လူပျိုများက ချစ်တင်စကား ပြောဆိုကြပါသည်။ လူပျိုအဖွဲ့များသည် အရာရာတိုင်း စည်းကမ်းတင်းကြပ်ထားသည်ကို တိကျစွာ လိုက်နာရပါမည်။ ယောင်္ကျားကလေး က အပျိုလှည့်ရန် ပြင်ဆင်ထားပြီးဟု ပြောဆိုပြီးနောက် သုံးရက်အလွန်တွင် အပျို နှင့်တွေ့ရန် ချိန်ဆိုခြင်း ပြုလုပ်ပါသည်။  အပျိုလှည့်ရန် များစွာ ပင်ပန်းလှပါသည်။ လူပျို၏နာမည်နှင့် လူပျိုနာမည် နှစ်ခုလုံးကို စာရွက်တစ်ပေါ်တွင်ရေးပြီး သူတို့သည်စုံတွဲလိုက် စကားပြောပြီး နောက်ညလုံးပေါက်  လူပျိုအပျိုများက ပင်ပန်းကြပါသည်။နှာ ၅၂၄
နောက်သုံးရက်မြောက်အလွန်တွင် အတွေ့အကြုံ နှင့် အပြောကျွမ်းကျင်သော မိန်းကလေး ရှိသောအခါ လူငယ်သည် ချစ်ရေးဆိုသောနည်းကို ဆရာထံမှ သင်ယူရပါသည်။ တတိယမြောက်ရက်တွင် မိန်းကလေးအား ချစ်ရေးဆို ရန် ယောင်္ကျားလေက ငွေလက်ကိုင်ပုဝါ နှင့် ငွေကွမ်းအစ် ပို့ထားရပါသည်။ ထိုကွမ်းအစ်အဖုံပေါ်တွင် ကြည့်လိုက်ခြင်းအားဖြင့် ထိုအပျို နာမည်ကို ရေးထားခဲ့ပါသည်။ နောက်သုံးရက်အလွန် မိန်းကလေး က ယောင်္ကျားလေး အပျိုကို ပန်းဖွားအ၀တ် ပြန်ပို့ရပါသည်။ မျက်နှာသုတ်ပ၀ါနှင့် ပန်းဖွား တို့၏သဘော သူတို့နှစ်ဦးကို ချိန်ဆက်ထားသည့်သဘောပင်ဖြစ်ပါသည်။ သူမကိုယ်တိုင်လုပ်ထားသော ခါးပတ် ပန်းဖွား ကိုလည်း အပျိုကို လက်ဆောင်ပေးရပါသည်။ ထိုလူပျို၏နောက်မှာ ကြားခံအောင်သွယ်ပေးသောသူ တစ်ယောက်လွတ်လပ်စွာ ထားရှိပြီး ထိုသူသည် မိန်းကလေးအိမ်သို့ အပျိုလှည့်ချင်ပါမူ ကြားခံအောင်သွယ်ပေးသောသူက ည( ၉)နာရီလောက် မိန်းကလေးအား ကြို တင် ပြောထားရပါသည်။ ပထမည တွင် လူပျိုက စကားပြောကျွမ်းကျင်သောနည်းပြနှင့်အဖော်ပြုကာ  အနည်းငယ် ချစ်တင်စကား ဆိုပါသည်။
မိန်းကလေးဖက်သည်းလည်း ချစ်တင်စကားလုနိုင်အောင် သူမ၏ချစ်ရေးကျွမ်းကျင်သောနည်းပြအမျိုးသမီးထံမှ   အကူအညီယူရပါသည်။ အကယ်၍ မိန်းကလေး အိပ်ယာဝင်ခဲ့လျှင် သူမကို နိုးယူ၍ ချစ်ရေး ဆိုနိုင်သောထုံးစမ်းရှိပါသည်။  သူတို့သည် မီးဖိုး ၏ အခြားတစ်ဖက်တွင် ထိုင်ရပါသည်။ မိန်းမလိုက်စားသောသူအဖို့ ထိုအခြေအနေတစ်ရပ်သည်ထိ ခွင့်ပြုထားပါသည်။  သူတို့၏နည်းပြဆရာများလည်း သူတို့ကို ကောင်းမွန်စွာ သင်ကြားပေးခဲ့ပါသည်။
စိတ်အေးစေရန် အားပေးထားသည့်သဘောပင်ဖြစ်ပါသည်။ အကယ်၍ မိန်းကလေးက ယောကျာင်္းလေးရ ရန် နှင့် သူမ၏ အချစ်ထီပေါက်ဖို့၇န် ချစ်ရည် စကား မဖြစ်မနေသင်ကြားရမည်။သို့သော်  စီးပွားရေးသမား ကဲ့သို့ မဟုတ်ပါ။  သူမသည် သူမသဘောကျသောသူကို အချစ်ရေး အောင်မြင်ပါလိမ့်မည်။  ချစ်ရည်လာဆိုကြသူများထဲမှာ သူမက ထိုသူများကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိပါသည်။ နှာ ၅၂၅

တောင်ပိုင်းစော်ဘွာနှင့်နန်းခမ်းလုံ( ခမ်းရုန်း)


ရှမ်းလူမျိုးအိမ်ကဲ့သို့ မိသားစုများလာသောအခါ အိမ်ကရှည်အောင် ဆောက်ထားကြပါသည်။ တစ်ခါတစ်ရံအားဖြင့် ပေ တစ်ရာ ၀န်းကျင်းလောက် တည်ဆောက်ကြပါသည်။ ထိုအိမ်ရှည် တည်ဆောက်ခြင်းသည် တောင်ပေါ်တွင် အိမ်ဆောက်ဖို့ နေရာရှားဖွေရန်  ခက်ခဲသောကြောင့် မိသားစု စုပေါင်းတည်ဆောက်ခဲ့ခြင်းဖြစ်နိုင်ပါသည်။ ထိုအိမ်သည် အမျိုးမျိုးသောမိသားစုနှင့် ဆွေမျိုးများအတူ နေထိုင်ဖို့ သေချာအောင် မလေ့လာမစီစစ်ခဲ့ပါ။  သို့မဟုတ် ထိုအဆက်အသွယ်များ အဆင်ပြေမှုတစ်ခုသာဖြစ်နိုင်ပါမလား။ သူတို့အိမ်သည် ကန့်လန်ဖြတ်ဖြင့် အမြဲခွဲခြားထားပါသည်။ ထိုနောက် အခန်းများ ကို မျှတစွာ ဖွဲ့ထားကြပါသည်။ အိမ်၏မြေညီထပ်တွင်မူ တစ်ခါတစ်ရံသာအသုံးပြုကြပါသည်။ စပါးများသိုလှောင်ဖို့ရန်သာဖြစ်ကြပါသည်။ သို့သော်လည်း ထင်းများ နှင့် အသုံးအဆောင်ပစ္စည်းများ ထားကောင်း ထားပါလိမ့်မည်။
          ပလောင်အမျိုးသမီများသည် သာမာန်နေ့စဉ်ဝတ်ဆင်သောဝတ်စုံကား မဲပြာရောင်ဖြင့် ဖြတ်ထားသော အင်္ကျီ နှင့်လုံချည်(ထဘီ) ခြေပတ်အပြာရောင်များဖြင့်  ၀တ်ဆင်ထားကြပါသည်။  ၀တ်စုံအပြည်အစုံကိုမူ အရောင်ပိုမို၍ တောက်ပပါသည်။  ကြီးသောခေါင်းခြုံထည်ကိုလည်း ၀တ်ဆင်ထားပါသည်။  ခေါင်းကနေ နောက်ကျောဖက် အထိ နှင့် ပခုံးများ  အပေါ်ထိရောက်အောင် ၀တ်ဆင်ထားပါသည်။ အလှဆင်ထာသည့်အနားသတ်၏အရောင်မှာ အဖြူရောင်နှင့် အပြာရောင်၊နီမြန်းသော  အစိတ်အပိုင်းနှင့် ချည်ထည်ဖြင့် ပြုလုပ်ထားသော ခြုံထည်အရောင်အမျိုးမျိုး ဘောင်ဘီသိုင်းသောကြိုးနှင့်သာမာန် လိုက်ဖက်အောင် သောအရောင်မှာ မီးခိုးရောင်ဖြစ်ပါသည်။ ငွေနားကပ်နှင့် လက်ကောက်များသည် အဆင်တန်ဆာများဖြစ်ကြပါသည်။ ထိုကြောင့် နားကပ်များ အထူးဆင်ယင်ကြပြီး  မည်သို့စေကာမူ သိရသလောက်တော့ အချိုသော ၀တ်စုံများ အကန့်အသတ်ထားပါသည်။ အမျိုးသမီးကြီးများထက် ကလေးများက ပို၍ ၀တ်ဆင်ကြပါသည်။ သို့သော်လည်း စော်ဘွားကတော်များသည် အမျိုးမျိုးများ ၀တ်ဆင်လေ့ရှိကြပါသည်။ ခါးပတ်ကွင်း များကား အမဲရောင်များ  ဖြင့် အရောင်တင်ဆီ ဖြင့်ဝါးနှင့် ကချင်လူမျိုးကဲ့သို့ ပုံစံတူစာရိုက်တူ ပြုလုပ်ထားပါသည်။ တစ်ခါတစ်ရံ ဗြောင်အရောင်နှင့်ငွေစေ့ဖြင့်  (ဒဂါင်္ပြား)တန်ဆာဆင်သည်။ အချို့သောအမျိုးများသည် ထိုကဲ့သို့မ၀တ်ဆင်ကြပါ။
          သို့သော်ငြားလည်း အဘယ်ကြောင့်ဆိုသော် သူတို့သည် အဆင်မပြေကြပါ။ (သို့မဟုတ်)  မျိုးနွယ်များသင်္ကေတဖြစ်သောကြောင့် ရည်ညွန်းထားသည် ဟု မသေချာခဲ့ပါ။ ပလေးလူမျိုးအမျိုးသမီးများ ခေါင်းခြုံထည်များကိုမူ အဖြူရောင် တစ်ခုသည်သာ ဖြစ်ကြပါသည်။ မဲပြာသောအင်္ကျီ နှင့်အတူ အလျားလိုက်အစင်းရောင်များနှင့် အနီရောင်၊အပြာရောင် များဖြစ်ကြပါသည်။
          ရူမိုင်၏ဓလေ့ထုံးတမ်းစဉ်လာအရ  လေးစားအားပေးသူများက ပေးပို့သောစာများကို တရားဝင်အားဖြင့်သူ၏ ချိန်ဆိုချက်မှ လက်ခံကြပါသည်။ ထိုနောက် ရုံးထဲမှာသူ ရှိနေသည့်ကာလပတ်လုံး နှင့် သူ၏အလုပ်ကို နှစ်ထောင်းအားရမှု ကို ပေးစွမ်းနိုင်ပါသည်။ တစ်နှစ်တစ်ကြိမ်  စော်ဘွားထံမှ အသစ်တစ်ခုရရှိလာသော စာကို သူလက်ခံပါသည်။ ထိုနှစ်ထောင်းအားပေးမှုများသည် တန်ဖိုးကြီးမာသော ရာထူးတံဆိပ်တစ်ခုဖြစ်ပါသည်။ ဒေသခံ အခေါ်အားဖြင့် ပေါလမ် (Paw Lan) နှင့် လမ်မိုင်( Lam Moung)တို့သည် တောင်ပိုင်း၏ရုံးတော်အတွက်အသုံးပြုကြပါသည်။ ရွှေလီ၏အနောက်ဖက် အချို့နေရာများတွင် သတိမမူကြပေ။ သိရသလောက် ပြောရလျှင်ဝလူမျိုး၏ အိမ်နားနီးချင်း အနောက်ဖက်ပိုင်း ကိုသာ သတိမပြုကြပေ။
          ရူမိုင် ဓလေ့ထုံးတမ်း များ မှတ်စု ၌ ဖော်ပြချက်များနှင့် ( Mr, W.G. Wooster) မစ္စတာ ဒဗလွီ၊ဂျီ ၀ူစတာ၏ သူ၏မှတ်စုမှ  တစ်ယူသန်းခြင်းနှင့် ပါဝင်ပတ်သတ်နေကြပါသည်။…. “ပလောင်” ဟူသော မူလနာမည်သည် ဤကဲ့သို့ ရှင်းပြလေ၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ထူးကဲသော ဘုရင်မ တစ်ပါး ရှိခဲ့လေ၏။  နန်ခမ်းလုံ( နန်ခမ်းရုန်) (Nan Khan Long) သည် တရုပ်ပြည် တစ်နေရာတွင် နေထိုင်ခဲ့ပါသည်။ ထိုနောက် သူမသည် တန်းခိုးရှိသည် ဟု ဆို၏။ သူမသည် ဖောင်စီးပြီး ခရီးထွက်ခဲ့သည်။ သူမအရှေ့တွင် ပင် ရေရှိအောင် ဖန်းတီနိုင်သည်။ ထိုကြောင့် သူမ ရွေးချယ်ပြီးသော မည်သည့်အရပ်မျက်နှာ ခရီးများကို မဆို ရောက်နိုင်ပါသည်။ သူမသည် ခရီးများထွက်ခဲ့ပြီးနောက်ဆုံးတွင် (Loi Hpra) “လွယ်ဖရာ”သို့လာခဲ့ပါသည်။ ထို လွယ်ဖလာသည် တောင်ပိုင်း၌ရှိသော ကြီးမားသောတောင်တန် တစ်ခု၏ ဇယန်းကြီးကျေးရွာ ၏မြောက်ဖက်တွင် တည်ရှိပါသည်။ ထိုနေရာသည် သူမ၏ ဖောင်ဆိုက်ရောက်သော နေရာဖြစ်ပြီး တောင်ပိုင်းစော်ဘွားထံ သွားရောက်လည်ပတ်ခဲ့ပါသည်။

ပုဂံပြည်နှင့်တအာင်းသမိုင်းဆက်စပ်ပုံ

အကြီးဆုံးသော  မင်းရွှေသဲ သည် ကလေးဘ၀မှ နူနား  ရောဂါတစ်မျိုးမှ နှိပ်စက်နေသည် ။ သူသည် တောင်ကုန်းနှင့်အေးသောနေရာဒေသတွင် နှစ်သက်ပါသည်။ထိုကြောင့်   စကားပင်၏တောင်ထိပ်ပေါ်တွင် လွယ်ဆိုင်တောင်ကို  စဲတွန်စံ မြို့ကို တည်ဆောက်ခဲ့ပါသည်။  ထိုနေရာ၌ စော်ဘွားအဖြစ် နေထိုင်ခဲ့ပါသည်။ သူထံမှ ပလောင်အားလုံး(Bo ဗို့) ( သို့မဟုတ်) ရူမိုင်တို့သည် စော်ဘွား ထံမှ ဆင်းသက်လာခဲ့ကြပါသည်။အခြားသော ဥနှစ်လုံးသည် မြစ်ထဲသို့ ပေါက္ကံပြည်သို့(ပုဂံ) ရောက်သည့်တိုင်အောင်  တသွင်သွင်စီးဆင်းနေပါသည်။  ထိုဥ နှစ်လုံးကို ( Dobhi) ဒိုဘိ လင်မယားတို့မှ ကောက်ယူခဲ့ပါသည်။ ထိုဥနှစ်လုံးကို ရွှေအိုးထဲသို့ ထည့်ထားခဲ့ပါသည်။  ထိုဥသည်လည်း ကလေးအဖြစ် ပေါက်ဖွားလာပါသည်။ ထိုကလေးသည်လည်းပဲ  မြင့်မြတ်သောကြောင့် သူကို “ မင်းရာမ” ဟုနာမည်မှည့်ခေါ်ခဲ့ပါသည်။
          အဘယ်ကြောင့်ဆိုသော် သူတို့သည် ပုဂံပြည် “ရာမဘုရင်” မိသားစုမှပေါက်ဖွားလာသည်ဟု ထင်ခဲ့ပါသည်။တတိယ ဥ ကိုမူ ကျပ်ပြင် ( မိုးကုတ်မြို့) ထဲသို့ ကျောက်တုံးနှင့်ထိမှန်၍အထဲမှာရှိသော အရာများကို ပျံကျဲနေခဲ့ပါသည်။ ထိုနေရာသည် ယနေတိုင်အောင် ပတ္တမြားအမျိုးမျိုး  ဖြစ်စေပြီး နောက်  မိုးကုတ် ဟု သိကြပါသည်။   ( မိုး သည် ကျောက် ဂူဒ် သည် လင်းသည် ပလောင်ဘာသာအားဖြင့် ကျောက်လင်းတော်နေရာဟု အဓိပ္ပါယ်ရသည်။) ဘာသာပြန်သူ။
          ထိုအပြင် လွယ်လုံစော်ဘွားသည်  တရုပ်ပြည် ၌ ဦးတီးဘွား နှင့် မင်းရာမ သည် ပုဂံဘုရာဖြစ်ခဲ့သောသူ ညီအကိုများဖြစ်ခဲ့ကြပါသည်။ ထိုသူများသည် နဂါးမင်းသမီး သုစန္ဒီ ထံမှ ဆင်းသက်လာသောသူများဖြစ်ကြပါသည် ။တောင်ပိုင်း စော်ဘွားနှင့် သူ၏ လူများသည် ထိုနဂါးမင်းသုစန္ဒီထံမှ ဆင်းသက်လာခဲ့ပါသည်။  ထိုနောက် ယနေ့ခေတ် ရူမိုင်အမျိုးသမီးများသည် နဂါး၏အရေးခွံကဲ့သို့  ၀တ်ဆင်ကြပါသည်။  
          ဤပုံပြင်သည် ဗမာ့ပုံပြင်အကြောင်း စာရိုက် ခပ်ဆန်းဆန်း ရှိပါသည်။ ထိုနောက် ယေဘုယျ အဓိက အားဖြင့်  အနီးစပ်ဆုံးအမျိုးအစားနှင့် ထို အကြောင်းအရာများ ပြန်လည်း၍ စဉ်းစားခဲ့သော အနောရထားဘုရင် က သထုံမြို့ ကို တိုက်ခိုက် ဖျက်ဆီးခဲ့သည့်တိုင်အောင် ပုဂံပြည်သူများသည် နဂါးကို  ရှိခိုးခဲ့ကြသူများ ဖြစ်ခဲ့ကြပါသည်။ ဦးတီဘွား သည် ရှေးဟောင်းပဝေသဏီ တရုပ်ပြည် ကို ယူနန်ပြည်နယ် ၏ ဘုရင် (Sen) ဟု သေချာသလောက်ပင်ဖြစ်ခဲ့ပါသည်။ ထိုကြောင့် တိုင်း( Tai ) ဟုလည်း ဖြစ်နိုင်ပါသည်။  ထိုကြောင့် ထိုရူမိုင်မျာသည် တောင်ပိုင်းထဲတွင် ဖြစ်ခဲ့ကြပုံပေါ်ပါသည်။ ထိုနောက် အခြားရှမ်းပြည်နယ်၏နေရာတစ်နေရာ ဖြစ်နိုင်ပါသည်။ ရှမ်းရှေးဘုရင် ၏ နမ့်ချောင်( Nanchoa) နိုင်ငံတော် အာဏာမဖြုတ်ချခင် အရင်ကတည်းက ဖြစ်နိုင်ပါသည်။  ထိုနောက် (ရှမ်း)တိုင်းလူမျိုးများ ထိုးဖောက်ဝင်ရောက်ခြင်းကြောင့်  ပလောင်လူမျိုးများသည် ပျံကျဲကား အဆက်အသွယ်ပြတ်တောက်ခဲ့ပါသည်။ နှစ်ပေါင်း ( ၆၀၀) ထဲမှာ အချိန်အများအပြားကွဲပြားခြားစွာ ပြုလုပ်ဖန်းတီဖို့ရန် ရူမိုင်လူမျိုးများသည် မွန်အုပ်စုတို့ပါဝင်ခဲ့သလော့ (သို့မဟုတ်) ကရင်လူမျိုးအုပ်စုထဲပါဝင်သလော သူတို့သည် တောင်သူတို့ထက် ၀လူမျိုးက ပို၍ နီးစပ်ပါလော ဟု  ယခုလောလောဆယ်တွင် ဆုံးဖြတ်ချက်သည်ကား  အခက်အခဲဖြစ်စေနိုင်သောအရာတစ်ခုက   ဖြစ်ခဲ့ပါသည်။
          သူတို့၏ ဘာသာစကားများကို မည်သူတစ်စုံတစ်ယောက်က  လေ့လာသင်ကြားခြင်းမရှိသေးပါ။ ထိုနောက် ထိုအရာများအားလုံးတို့သည် ဗမာ့( သို့မဟုတ်) ရှမ်းလူမျိုးများ ဆင်းသက်ခဲ့သည် ဟု သိကြပါသည်။ ထိုကြောင့် မလွဲဧကန်သွေးရော(ကပြား)များ တိုးတက်ဆဲပင်ရှိခဲ့ပါသည်။ ထိုကြောင့် ကွဲပြားခြားနားသော သူတို့၏အကြောင်း အချက်အလက်နှင့် စာရိုက် လက္ခဏာများ ဖြစ်ကြပါသည်။ ပလောင်လူမျိုးများသည် အုပ်စု အားလုံးထဲမှာ မသဲကွဲသော အရာတစ်ခုရှိပါသည်။  ပလေးလူမျိုးများမှာမူ   ၀တ်စုံ အတန်းအစားခွဲခြမ်းစိပ်ဖြာခြင်း၏  အခြေခံ တစ်ခုနှင့် ဒေသသုံးစကား များရှိကြပါသည်။  သို့သော်ငြားလည်း အမျိုးသားစကား ထက် ဗမာ့လူမျိုးစကား သာသုံးကြပါသည်။
ရာဇ၀င်ထဲဓါတ်ပုံ
          သို့ဖြစ်၍ ဤကဲ့သို့ဆိုပါသည်။ ပလေးလူမျိုးများသည် မြောက်ပိုင်းနှင့် အနောက်ပိုင်းတွင် ခွန်ဟောက်မှ ဇယန်းကြီး အထိ မျဉ်းကြောင်း ပေါ်တွင် တွေ့ရှိခဲ့သည် ဟု ဆိုပါသည်။ ထိုနောက် မိုင်ဝေး( Man Wai)  နှင့် အနောက်ဖက်ခြမ်း ပလောင်လူမျိုးများ တွေ့ရှိခဲ့ကြပါသည်။ မကြာသေးခင်အချိန်တွင် ကချင်လူမျိုးများသည် ရူမိုင်လူမျိုးများကို တောင်ပိုင်း၏ မြောက်ဖက်တစ်ခုလုံး မောင်းထုတ်ခဲ့ပါသည်။ ထို ရှေး အစိတ်အပိုင်း များ၏ အဟောင်း ကား ရှုပ်ထွေးလေ့ရှိခဲ့ပါသည်။  ယေဘုယျအားဖြင့်ပြောရသော်  ပလောင်လူမျိုးများသည် တောင်ကုန်းမြင့်ပေါ်တွင် စိုက်ပျိုးရေးနှင့် လက်ဖက်စိုက်ပျိုးကြသည်ဟု ပြောဆိုနိုင်ပါသည်။ ပလေးလူမျိုးများသည် အောက်ဖက်ပိုင်းတွင် အခြေချ နေထိုင်ကြပြီး လက်ဖက်စိုက်ခင်းများထက် လယ်စပါးကို စိုက်ပျိုးကြပါသည်။
          အခြားသောအုပ်စုသည်ကား မန်တုံအုပ်စုထဲတွင် ဟူခင်း (Ho Khun)၊ ဟူမိုင်းနှင့် မုံကွမ်း( Mong Kwang) ပလောင်များသည် အမျိုးသားထက်ကိုယ်ပိုင် အုပ်ချုပ်စီးမံပါသည်။ သို့သော်ငြားလည်း  သူတို့သည် ဒေသသုံးစကားများ ကွဲပြားခြားနားကြပါသည်  ထိုသူများသည် လူများယုံကြည်ရလောက်အောင် လူမျိုးအနွယ်များ ကွဲပြားခြားသည်ကို သူတို့ကိုယ်တိုင်ပင် မှတ်သားစေခဲ့ပါသည်။ အိမ်တွင်သာ ပုံပြင်ပြောရမည်အစား သူတို့ကိုယ်တိုင်ပင် ဗန်းစကားများပြောဆိုနိုင်၍ တိုးတက်သောဘာသာစကားများရှိကြပါသည်။
          နောက်တစ်ခု အုပ်စုတစ်ခုတွင် ဖော်ပြပါမျိုးနွယ်စုတစ်ခုဖြစ်ပါသည်…..ကဒု(Kadu) မျိုးနွယ် သည် နမ့်ဆန်မြို့တော် ၏ အနီးတစ်ဝိုက်တွင်နေထိုင်ပါသည်။ ( Padweဲ ) ပဒွယ်မျိုးနွယ်များသည် မန်လွယ်နှင့် ကွန်ဆာ ( Kong Has) များဝန်းကျင်းတွင် နေထိုင်ကြပါသည်။ ထယောင်ရိုင်မျိုးနွယ်သည် နမ့်လင် အနီးတစ်ဝိုက်တွင်နေထိုင်ပါသည်။ ( Kyawn Gyawn) ကွမ်ဝမ်း မျိုးနွယ်သည် တောင်မနှင့်တောင်မဲတို့၏  ၀န်းကျင်းနှင့် ကွမ်လဲ( Kwan Leဲ)မျိုးနွယ်သည် ပလေးများ နှင့်အလာတူ တူညီကြပါသည်။ ရူမိုင် ဘာသာစကားထဲတွင် ပလေးဟူသောအဓိပ္ပါယ်သည် “ အနောက်ပိုင်း လူမျိုးနွယ်စု ” ဟု ဖြစ်ပုံပေါ်ပါသည်။ အခြားအမျိုးနာမည်သည် “  Pa to Ru    “ ဗဟိုမျိုးနွယ်စု ” များဖြစ်ကြပါသည်။ ဟူမိုင် သည် (အနောက်ပိုင်းမျိုးနွယ်စု)နှင့် အုမ္မကော့ ( Om ko ) သည် ( မြစ်ဟိုဘက်ကမ်းမျိုးနွယ်) သည် နမ္မတူ (သို့မဟုတ်) မြစ်ငယ် ဟု အဓိပ္ပါယ်အသီးသီး ဖြစ်ပုံပေါ်ပါသည်။ ပတိုရူသည် သူတို့ကိုယ်တိုင် “ရူမိုင်”စစ်စစ် ဟု ကြုံဝါးခဲ့ပါသည်။ ထိုနောက် သူတို့၏ တောင်မ ကျေးရွာ နှင့် မြို့တော်နမ့်ဆန်၏ တောင်ဖက် တွင် သူတို့ကိုယ်တိုင်ပင်  နာမည်ကြီးသောအကြီးဆုံးမြို့တော်ဖြစ်သည် ဟု  ကြုံဝါးထားပါသည်။  ထိုဟာသည် မူလ မျိုးနွယ်စုတစ်ခုတည်းသောအိမ်ကိုအုပ်ချုပ်သော ဆွေမျိုးများဖြစ်ခဲ့ကြ၍  ထိုသူများသည် အထူးမနာလိုသ၀န်တို သူများ  ဆက်လက်တည်ရှိနေပါသည် ဟု   ရဲရဲတင်းတင်းအခိုင်အမာ ပြောဆိုပါသည်။ ထိုနောက် သူတို့၏ မျိုးနွယ်များကို အိမ်ထောင်ပြုလေ့မရှိကြပါ။ သူတို့သည် ချက်ချင်ပင် “ယင်တလဲ” (Yintaleဲ) (သို့မဟုတ် ) ယင်တလိုင်း အနားရင်သော ကရင်နီဖြစ်သည် ဟု ပြန်လည်းအမှတ်ရစေပါသည်။ သိသာထင်ရှားစွာ ပတိုရူ( PatoRu) သည် တစ်ချိန်တစ်ခါတွင် အမျိုးမျိုးအဖုံဖုံသောအခွင့်အရေး  တစ်ခုနှင့် အတန်အစားအလိုက်   ရရှိသောသူများဟု အခိုင်အမာဆိုသည်။
         
          သူတို့သည် ရူမိုင်အမျိုးသားများက ၀တ်စုံများကို (တစ်ရောင်)   တစ်မျိုးတည်းသာ ၀တ်ဆင်ကြပါသည်။ အခြားသောမျိုးနွယ်စုများကိုမူ ရိုးရိုးအနက်ရောင်နှင့်အဖြူရောင်  ၀တ်ဆင်ရမည်ဟု စည်းကမ်းတင်းကြပ်ထားပါသည်။  မည်သို့ပင်ဖြစ်စေကာမူ ယနေ့ခေတ်တွင် ထိုကွဲပြားခြားနားမှုသည်ကား ကွယ်ပျောက်ခဲ့ပါသည်။ ထိုစည်းကမ်းတင်းကြပ်ခြင်းကဲ့သို့  မရှိတော့ပါ။ ထိုနောက် မျိုးနွယ်စုဝင်အားလုံး က မျိုးမတူဇာတ်ခြား လက်ထပ်ထိမ်းမြားခြင်း ကို  လွပ်လပ်စွာ လက်ထပ်ကြ၍ ရှေးဟောင်းစည်းကမ်းတင်းကြပ်မှုများ  ပျောက်ကွယ်ခဲ့ပါသည်။  ပလောင်အမျိုးသားတို့၏ ၀တ်စုံများကိုမူ ရှမ်းလူမျိုးတို့၏ ရိုးရာဝတ်စုံမှ ဆင်းသက်ပါသည်။  ထိုနောက် ထိုပလောင်အမျိုးသမီး၏ရိုးရာဝတ်စုံ ထိုလူမျိုးထံမှ မပေါ်ပေါက်ခဲပေ။  သို့သော်လည်း ရှမ်းရိုးရာဝတ်စုံနှင့် ကချင်ရိုးရာဝတ်စုံ တို့မှကွဲပြားခြားနားပြီး ရှေးဟောင်းဝတ်စုံ အတန်အစားများကို ဆက်လက် ထိမ်းသိမ်းစောင့်ရှောက်ခဲ့ကြပါသည်။
          အဆင့်အတန်းရှိသောအမျိုးသမီးများသည် ကျယ်ပြန့်သော ခါးပတ်အပြားများကို   ၀တ်ဆင်ခဲ့ကြပါသည်။  ထိုလူမျိုးကဲ့သို့ အေးချမ်းသောလူမျိုးများနှင့် ဇွဲလုံလကြီးသောလူမျိုးဖြစ်ကြပါသည်။  သို့သော်လည်း ကြမ်းတမ်းသည် ။ ၀တ်စုံ ဖက်ရှင် မဖြစ်ပါ။ ထိုဝတ်စုံများသည် တိုးကြပါသည်။ ခိုင်ခံအောင်ချုပ်ထားပါသည်။ အသားအရောင်လဲ သင့်တော်ပါသည်။ မီးခိုးရောင် မရှိပါ။  ( သို့မဟုတ်) တောက်ပသော အညိုရောင်မျက်လုံးမရှိပါ။ နှားခေါင်းပြားသည်။ နှားခေါင်းပေါက် ထူးခြားစွာ ကျယ်ပါသည်။ သူတို့တစ်ယူသန်းသောသူများဖြစ်ကြပါသည်။ မည်သို့ဖြစ်စေကာမူ တစ်ချိန်ထဲမှာပင်  ဗုဒ္ဓဘာသာကို အလွန်လေးစားကိုင်ရှိုင်းသော လူမျိုးများဖြစ်ကြပါသည်။
         
          ကျေးရွာတစ်ရွာတွင် အိမ်ခြေပေါင်း လေးငါးအိမ်ရှိစေကာမူ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိပါသည်။ သူတို့၏အိမ်များသည် ရှမ်းလူမျိုးတို့၏အိမ်အစိတ်အပိုင်းနှင့်တူညီကြပါသည်။  ၀ါး၊ သစ်၊စသည်ဖြင့်အိမ်ကို တည်ဆောက်ခဲ့ကြပြီး မြေကြီးပေါ်မှ အမြင့်ဆုံးခြောက်ပေလောက် မြင့်ထားပါသည်။  အိမ်၏အမိုးများကား သစ်ကယ်ဖြင့် မိုးထားပါသည်။ ရှမ်းလူမျိုးအိမ်ကဲ့သို့ နှီဖြင့် အမိုးများကို ရစ်ချည်ထားပါသည်။ ကချင်လူမျိုးများအိမ်ကဲ့သို့အမျှင်ပါးပါး ကဲ့သို့မဟုတ်ပေ။  သူတို့အိမ်များသည် အောက်ထပ်တွင် ဖွင့်ထားလေ့ရှိပါသည်။  တစ်ခါတစ်ရံ အပေါ်ထပ်နှင့်အောက်ထပ် နှစ်ခုစလုံးဖွင့်ထားလေ့ရှိပါသည်။ ထိုနောက် ထောင့်တွင် ထိုအိမ်၏ဘုရားခန်း အလာတူပါသည်။  တစ်အိမ်ထည်တွင် မိသာစုးများစုပေါင်းနေထိုင်ကြပါသည်။