Popular Posts
-
A Note on the Palaungs of Hsipaw and Tawngpeng By C.C.Lowis, I.C.S Superintendent, Ethnographical Surve...
-
Ta'Ang Culture Day of Pome
-
ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။ ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည ဣဿရ...
-
ရှေးသရောအခါက ပုဏ္ဏားတစ်ဦး ရှိပါသည်။ သူ ၏လယ်မှာ ကျေးအုပ်များ မကြာခဏ၀င်စားနေပါသည်။ စောင့်ဖမ်းဖို့  ပြင်ဆင်ပါသည် ။ သူ သတိထားမိသော အဲဒီ ထဲက ကျေ...
-
ဓလေ့ ထုံးစံ ပလောင်လူမျိုးများသည် သူတို၏ အိမ်နားနီးချင်းဖြစ်သော ရှမ်းလူမျိုးများကိုအစားအသောက် ရိုးရာဓလေ့အလေ့အထနှင့်ဆိုင်သော အပြုအမူ နှ...
-
ထိုတောင်ပိုင်းစော်ဘွားကြီး ကိုသူမအား လက်ထပ်ရန် တောင်းဆိုခဲ့ပါသည်။ သို့သော်ငြားလည်း “ သူမ၏ရင်သားက အသက်ကြီးရင့်သည်ဟု” အရိပ်နိမိတ်ပြခဲ့သည်။ ...
-
ပလောင်လူမျိုးတို့ ဆင်းသက်လာပုံ မနုဿပညာရှင်တို့က မွန်၊ ၀၊ ပလောင်လူမျိုးတို့သည် ‘မွန်-ခမာ‘ အနွယ်ဖြစ်ပြီး မြန်မာမြေပေါ်တို့ အဦးစောဆုံး ၀င်ရောက်လ...
-
This summary is not available. Please click here to view the post.
တအာင်းဘာသာတရားတော်



Create a playlist at MixPod.com
Wednesday, August 8, 2012
Tuesday, October 25, 2011
Lasvages U.S.A မှတအာင်းဆရာတော်များ၏တရားတော်
အမေရိကန်နိုင်ငံ လပ်စဗေးမြို့မှ တအာင်းဆရာတော်များ၏ တရားဒေသနာ တိုက်ရိုက်ထုတ်လွင့်မှုကို နားကြားတော်မူနိုင်ပါသည်။
Thursday, June 9, 2011
သီလယူခြင်း၏အဓိပ္ပါယ်
အခန်း(၂၀)
သီလယူခြင်း၏အဓိပ္ပါယ်(သို့) ဥပုသ်နေ့
အခလပြည့်နေ့ကို ဥပုသ်နေ့ ဟုသတ်မှတ်ပါသည်။ ထိုနေ့သည် မနက်စောစော မိဘများက ခါတိုင်းထက် စောစောထကြပါသည်။ ဘုန်းကြီးကျောင်းများတွင်လည်း ရွတ်ဖတ်ပွဲရှိပါသည်။ ကျွန်ပ်၏ အစ်ကိုနှင့်အမများ သည် မနက်စောစောတွင် အိပ်ယာထကြပြီး ၊မျက်နှာသစ်ခြင်း ကိုယ်လက်သန့်ရှင်းခြင်း ပြုလုပ်ကာ၊ ခြံထဲရှိ ပန်းများစွတ်ခူးကြပါသည်။ ထိုနောက် ထိုပန်းများနှင့် အုန်းဆီ၊ အမွေးတိုင်စသည်ယူဆောင်က ဘုန်းတော်ကြီးကျောင်း သို့ သွားကြပါသည်။
သီလဆောက်တည်ရန် အ၀တ်ဖြူများကို ၀တ်ဆင်၍ ဘုန်းကြီးကျောင်းသို့သွားကြပါသည်။ ဘုန်းကြီးကျောင်းသို့မသွားခင် မိဘများကန်တော့ပြီး သွားကြပါသည်။ အထူးသဖြင့် ဥပုသ်နေ့တွင် ဘုန်းတော်ကြီးကျောင်းများတွင်လည်း သာသနာ့အလံများကို လှပစွာတန်ဆာဆင်ထားပါသည်။
လူများသည်လည်း ဘုန်းတော်ကြီးကျောင်းတွင် သာသနာ့အလံနှင့်အဆင်တန်ဆာများကို တွေ့သောအခါ စိတ်ထဲတွင် ကြည်နူး၍ နေပါသည်။ ဘုန်းကြီးကျောင်းသို့ရောက်သောအခါ ဘုရားစေတီရင်ပြင်များ၊ ဗောဓိပင်အောက်များ၊ ဘုရားကျောင်းတော်များကို ကုသိုလ်ဖြစ်အောင် တံမြက်စည်းလှည်းကြပါသည်။
ထိုနောက် လက်ခြေများရေ များဖြင့်သုတ်သင်ကာ ဓမ္မာရုံသို့သွားကြပါသည်။ တရားဟော်မည့်ဆရာတော်လည်း ကြွလာပါသည်။ တရားဟော်ရန်ကြွလာသော ဆရာတော် က ဓမ္မာရုံသို့ ရောက်သောအခါ “ ပရိတ်သတ်များက သာဓု သုံးကြိမ်ခေါ်ကြပါသည်။ ဘုရားကို ပန်း၊ဆီမီး၊နံသာမွေးတိုင်းများဖြင့် ပူဇော်ချိန်ကျသောအခါ ရတနာသုံးတို့၏ဂုဏ်တော်များ ရွတ်ဆိုကြပါသည်။
သီလယူရန် သီလများကို သာမဏေတစ်ပါးထံ တောင်းရပါသည်။ သာမဏေ ထံသီလဆောက်တည်ရပါသည်။ ထိုနောက် သာဓုသုံးကြိမ် ကို အသံမြိုင်မြိုင်ဆိုင်ဆိုင်ခေါ်ရပေသည်။ ရှစ်ပါးသီလဥပုသ်သီလကိုဆောက်တည်ရပါသည်။ ယောင်္ကျားလေး၊ မိန်းကလေးများသည် လည်း အချို့က ဓမ္မာရုံ၊ အချို့က ဗောဓိပင်အောက်တွင် တရားထိုင်နေကြပါသည်။ ရဟန်း သို့ သာမဏေများက တရားထိုင်နည်းကိုလည်း ကျွန်ုပ်တို့ကို သင်ပေးပါသည်။ ထိုဥပုသ်နေ့သည် တရားများဆွေးနွေးခြင်း၊ ဇာတ်တော်များ ပြောကြားခြင်း၊ ရှစ်ပါးသီလများကို ရှင်းပြခြင်း ပြုလုပ်ကြပါသည်။
ရှစ်ပါးသီလအဓိပ္ပါယ် များ…..
၁။ သူတစ်ပါး၏အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါမည်။
၂။ သူတစ်ပါး၏ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါမည်။
၃။မမြတ်သောမေထုန်အကျင့်များကို ပြစ်မှားခြင်းမှ ရှောင်ကြဉ်ပါမည်။
၎။ လိမ်ပြောခြင်းမှ ရှောင်ကြဉ်ပါမည်။
၅။ သေရည်အရက်များ သောက်စားမူးယစ်ခြင်းမှ ရှောင်ကြဉ်ပါမည်။
၆။ နေလွဲညစားစားခြင်းမှ ရှောင်ကြဉ်ပါမည်။
ရ။ကခြင်း၊သီချင်းဆိုခြင်း၊ပန်းပန်းခြင်း၊ နံသာလိမ်ခြင်း၊ ရေမွေးသုံးခြင်း တို့ကို ပြုခြင်းမှ ရှောင်ကြဉ်ပါမည်။
၈။ မြင့်သောနေရာ၊ မြတ်သောနေရာ ထိုင်ခြင်း၊လျောင်းခြင်း၊ အိပ်ခြင်းတို့မှ ရှောင်ကြဉ်ပါမည်။
ဥပုသ်သီလဆောက်တည်သော်နေ့သည် အချိန်များကုန်လွန် လွယ်စေပါသည်။ သို့သော် ဥပုသ်သည်များ က ၀မ်းသာကြည်နူးကြရပါသည်။ ညနေပိုင်းတွင် ကိုရင်တစ်ပါးထံကို မူရင်း ငါပါးသီလကိုတောင်းခံပြန်ဆောက်တည်ပါသည်။ ထိုနောက် အိမ်အပြန်တွင် ဥပုသ်နေ့ အကြောင်းတွေးတော ရင် အိမ်သို့ပြန်ခဲ့ပါသည်။
မှတ်ချက်။ ။ သီရိလင်္ကာနိုင်ငံ၏သုံးတန်ကလေးဖတ်စာမှဘာသာပြန်ပါသည်။
Tuesday, March 22, 2011
မပေါင်းသင့်သူများ(၁၄)
(၂) မုသားပြောတတ်သူများ
(၃) ကိုယ်ကျိုးကိုသာ အလိုရှိလို့  ဆည်းကပ်လာသူများ
(၄) အယောင်ဆောင် သူတော်ကောင်းများ
(၅) နှုတ်နဲ့ သာ အဆွေခင်ပွန်းဖွဲ့ တတ်ပြီး ကိုယ်မပါတဲ့သူများ
(၆) နှုတ်ပြောတစ်ခြား အလုပ်တစ်ခြား ပြုမူပြောဆိုတတ်သူများ
(၇) အရှက်အကြောက် မရှိတဲ့သူများ
(၈) ကျေးဇူးကို မသိတတ်သူများ
(၉) မုန်းလွယ် ချစ်လွယ်သော စိတ်ရှိသူများ
(၁၀) အန္တရာယ်ပြုရအောင် ပေါင်းဖော်လာသူများ
(၁၁) စကားမတည်၊ ဒုစရိုက်အလုပ်တွေကို ပြုလုပ်ပြီး တွေ့ သမျှသတ္တ၀ါတွေကို
ညှင်းဆဲတတ်သူများ
(၁၂) စကားသာပြေပြစ်ပြီး စိတ်မပါပဲ ဟန်ဆောင်ပေါင်းကာ အခွင့်အရေးရှာတတ်တဲ့ သူများ
(၁၃) မြင်မြင်သမျှကို လိုချင်မက်မောတတ်တဲ့အပြင် မိတ်ဆွေကိုပါ ဖျက်ဆီးသွားတတ်သူများ
(၁၄) နှုတ်ကသာချိုသာပြီး စိတ်ကောက်တတ်တဲ့ သူများ။
(ကိုယ်ကျင့်မင်္ဂလာ - အရှင်ကုမာရ)
Tuesday, February 22, 2011
တရားဟောရာ၌ ကျွမ်းကျင်သော သာမဏေငယ်တစ်ပါး

ရှေသရောအခါ၊ အိန္ဒိယတွင် ရာဇဂြိုလ်ပြည်၌ မြင့်မြတ်သောအမျိုးဖြင့် အလွန်လှပသော သမီး တစ်ဦးရှိခဲ့လေသည်။ သူမသည် နုပျိုနေသောအချိန်မှာပင် ဘာသာရေးအလွန်ကိုင်ရှိုင်းသော အမျိုးသမီးလေးတစ်ဦ ဖြစ်ခဲ့ပါသည်။ ထိုနောက် သူမ၏ မိဘနှစ်ပါးအား ဘိက္ခုနီမ ဖြစ်ရန် ခွင့်တောင်းခဲ့ပါသည်။ သို့သော် မိဘများကခွင့်မပြုခဲ့ပါ။ မိဘများ၏၀တ္တရားအတိုင်း မင်းသားတစ်ယောက်နှင့် အိမ်ထောင်ချပေးခဲ့ပါသည်။ အိမ်ထောင်ပြုပြီးသော် မကြာမှီ ခင်းပွန်းထံ ခွင့်တောင်း၍ ခင်းပွန်း၏ခွင့်ပြုချက်ဖြင့် ဘိက္ခုနီမ ၀တ်ခဲ့ပါသည်။ သို့သော် သူမသည် ကိုယ်ဝန်ရရှိနေသည်ကိုလည်း မသိခဲ့ပေ။ သူမ သည် ဒေ၀ဒတ္ထ ဘိက္ခုနီမကျောင်းတွင် ရဟန်းမ၀တ်ခဲ့ပါသည်။ သူမ ဘွဲ့နာမည်မှာဒေ၀ဒတ္ထထေရီ ဖြစ်ပါသည်။ သူမ ကိုယ်ဝန်ရရှိနေသည်ကို အခြားရဟန်းမများက သိခဲ့၍ လူဝတ်လဲ ရန် ထို ရဟန်းမအား အမိန့်ပေးလေသည်။ လူထွက်ပြီးသည်နောက် ထိုအမျိုးသမီးငယ်မည်သူမျှ သူမကို မကူညီခဲ့ပေ။ နေရာမပေးခဲ့ပါ။ ထိုကြောင့် သူမသည် မြတ်စွာဘုရားထံ အကြောင်းစုံးလျှောက်ထား ခဲ့ပါသည်။
မြတ်စွာဘုရားရှင်သည် ၀ိသာခါဘိက္ခုနီကျောင်းသို့ သူမအား ပို့ခဲ့ပါသည်။ ၀ိသာခါ ဟူသည် ဘိက္ခုနီများ၏ ခေါင်းဆောင်ဖြစ်သည်။ ထိုကလေးမသည် ကလေးမ၏အခြေအနေများ စစ်ဆေးရန် ပို့ခဲ့ခြင်းဖြစ်ပါသည်။ ၀ိသာခါနှင့်အခြားရဟန်းမ အတူ သူမအားသေချာ ကိုယ်ဝန်အကြောင်းကိုစစ်ဆေးပြီး၍ သူမ ဘိက္ခုနီမ မ၀တ်ခင်က ရခဲ့သော ကိုယ်ဝန်သာဖြစ်ခဲ့သည်။ ထိုကြောင့် သူမအား အပြစ်မရှိခဲ့ပါ ဟု ရဟန်းမများက သိခဲ့ကြပါသည်။
မြတ်စွာဘုရားက သူမအား ၀ိသာခါဘိက္ခုနီမကျောင်း ကို နေရန် ခွင့်ပြုခဲ့လေသည်။ ထိုနောက် အမျိုးသမီးငယ် လိုအပ်သောအရာမှန်သမျှ ဖြည့်ဆီပေးခဲ့ကြသည်။ ရက်အနည်းငယ် ကြာသောအခါ ထိုကလေးအား မွေးဖွားခဲ့လေသည်။ တစ်နေ့သော်အခါ ဘုရင်ကြီ ကောသလမင်းသည် ဘိက္ခုနီမကျောင်းအနီး ကြွချီတော်မူခဲ့သည်။ ထိုနောက် ရဟန်းမကျောင်းမှ ကလေးငိုးသံကို ကြားရ၍ ထိုအကြောင်းကို စုံးစမ်းခဲ့ပါသည်။ အကြောင်းစုံးသိတော်မူပြီးသည့်အခါ ဘုရင်ကြီးသည် ထိုကလေးငယ်အား နန်းတော်ထဲသို့ မင်းသားအဖြစ် မွေးစားခဲ့ပါသည်။
မိခင်၏နို့ရည်ကို ကောင်းမွန်စွာတိုက်ကျွေးခဲ့ပါသည်။ ထိုကလေး၏ နာမည်ကို “ ကဿပ’’ ဟု မှည့်ခေါ်လိုက်လေသည်။ ထိုနောက် ကဿပ မင်းသားသည် ကြီးပြင်လာသောအခါ သူငယ်ချင်းများအတူစော့ ကစားနေစဉ် သူငယ်ချင်းများက သူတို့၏ မိဘအကြောင်းကိုပြောဆိုခဲ့သည် ကို မင်းသားလေးက ကြားခဲ့ရပါသည်။ မင်းသားလေးသည် တွေးတောကြံစည်၍ နေလေ၏။ “ ကျွန်ုပ်၏မိဘများက အဘယ်သူနည်း “ဟု သိချင်နေလေသည်။ ထိုနောက် ဘုရင်အနီးထံသွား၍ မေးလေ၏။ ဘုရင်းက သားတော် သင့်၏အမေကား ဘိက္ခုနီဖြစ်ပါသည် ဟု ပြောလေ၏။
ထိုကြောင့် မင်းသားလေသည် ရဟန်းဖြစ်ခြင်းကြောင်းကို ဘုရင်မင်းမြတ်ထံ သံတော်ဦးတင်လိုက်လေသည်။ ဘုရင်က ခွင့်ပြုတော်မူခဲ့၍ သာမဏေကို မြတ်စွာဘုရားရှင်က ၀တ်ပေးတော်မူပြီ၍ မြတ်စွာဘုရား၏အနီးတွင် နေထိုင်ခဲ့ပါသည်။ မြတ်စွာဘုရား သည် ထို ရဟန်းငယ်အား မေတ္တာဖြင့် စောင့်ရှောက်တော်မူခဲ့ပါသည်။ ထိုနောက် မြတ်စွာဘုရားရှင် က ထိုရဟန်းငယ်၏ဘွဲ့အမည်ကို ကုမာရကဿပ ဟု မှည့်လိုက်လေသည်။
သာမဏေငယ်ကုမာရကဿပသည် တရားများကို ကောင်းမွန်စာ လေ့လာသင်ယူနေပါသည်။ တရားဟော်ရာ၌လည်းလိမ်မာကျွမ်းကျင်သောသာမဏေငယ်တစ်းပါးဖြစ်ခဲ့ပါသည်။ ထိုကြောင့် ကုမာရကဿပ သည်ရွယ်ငယ်သောအချိန်၌ ရဟန္တာအဖြစ်သို့ရောက်ရှိခဲ့လေသည်။
ဥပမာ။ ။ ဘုရင်မင်းမြတ်က ပါယာသီ က သာမဏေကုမာရကဿပ ၏တရားတော်ကို နားယူခဲ့ပါသည်။ တရားနားယူတော်မူသည့်နောက် ရှင်ဘုရင်မင်းမြတ်သည် မြတ်စွာဘုရားထံတော် သို့ထပ်မံ၍ တရားတော်များကို နားယူခဲ့ပါသည်။ ရဟန်းတော်များအကြားမှ သာမဏေလေး ကုမာရကဿပ က တရားဟောမှု အတော်ဆုံးဆု ကို ပေးအပ်ခြင်းခံခဲ့ရပါသည်။ ရှင် ကုမာရကဿပ တရားဟော်ရာ၌ ပင်တိုင်းဖြစ်လာခဲ့ပါသည်။ နာမည်ကျော်ဖြစ်လာခဲ့ပါသည်။ အချိန်ကြာသော်အခါ သူ၏မယ်တော်ကို တွေ့ခဲ့ပါသည်။ မယ်တော်ကြီးအား တရားရေအေးအမြိုက်တိုက်ကျွေးတော်မူခဲ့၍ သူ၏မယ်တော်ကြီးလည်း ရဟန္တာမ အဖြစ်သို့ရောက်ခဲ့ပါသည်။
Saturday, January 8, 2011
မြတ်စွာဘုရားနာဂဒီပကျွန်းသို့ကြွတော်မူခြင်း
မြတ်စွာဘုရားနာဂဒီပကျွန်းသို့ကြွတော်မူခြင်း
တန်းခူးလပြည့်နေ့သည်နေ့ထူးနေ့မြတ်ဖြစ်သည်ဟုသီရိလင်္ကာနိုင်ငံမှာရှိသောဗုဒ္ဓဘာသာများက ယုံကြည်ပါသည်။
ို့ဒေသစာရီကြွတော်မူခဲ့ပါသည်။ ပထမအကြိမ်တွင် ဓာတုရူသို့ပြာသိုလ်လ အတွင်းကြွတော်မူခဲ့ပြီ၊ဘုရားဖြစ်ပြီ(ရ) လပြည့်မြောက်မဟီရင်္ဂနသို့ကြွခဲ့ပါသည်။သို့သော်နာဂဒီပကျွန်းတွင်ဘီးလူးများအားတရားရေးအေး
အမြိုက်ဆေးတိုက်ကျွေးရန်ကြွရောက်ခဲ့ခြင်းဖြစ်ပါသည်။
မြတ်စွဘုရားနာဂဒီပကျွန်းသို့ကြွရခြင်းရည်ရွယ်ချက်မှာ နာဂါနှစ်ကောင်းစိန်ဖြင့်စီခြယ်ထားသောနေရာအတွက်ရန်ပွဲငြိမ်းရန်ကြွရောက်ခဲ့ခြင်းဖြစ်ပါသည်။
အမှားနှင့်အမှန် အငြင်းပွားမှုနှူစ်ရပ်ကို တရားသူကြီးလုပ်သူ မဟောဓရဖြစ်ပါသည်။နာဂဒီပကျွန်းဘုရင် ဆူလေးဓရအမသားဖြစ်ပါသည်။ယနေ့ခေတ်တွင် ဂျဖနာကျွန်းတစ်ခုလုံးကစစ်ဖြစ်ခဲ့သောနေရာဖြစ်ပါသည်။စစ်ပွဲပြီးနောက်ပိုင်းတွင်ဗုဒ္ဒဘာသာများဘုရားဖူးရန်
သွားရောက်လည်းပတ်သောနေရာဖြစ်ပါသည်။ သို့သော်(.Dr, G.P. Malakera) ကရေးသားသော ပါဠိအဘိဓာန်အထောက်အထားနှင့်အကထာအလိုအရ မဟောသဓသည် သီရိလင်္ကာနိုင်ငံမြောက်ပိုင်းတွင်အုပ်ချုပ်ခဲ့သောဘုရင်တစ်ပါးဖြစ်ခဲ့သည်။ထိုနာဂဒီပကျွန်းက
ိုဂျဖနာပင်နီဆူလာဟလဲခေါ်ပါသည်။သီရိလင်္ကာအနောက်မြောက်ပိုင်းတွင် တည်ရှိပါသည်။မြတ်စွာဘုရားကြွတော်မူခဲ့သော အချိန်မှာ ဘုရားဖြစ်ပြီး သုံးနှစ်မြောက်ဖြစ်သည်။ လွန်ခဲ့သော (၂၅၉၇)ခုနှစ်ဖြစ်သည်။ ထိုကျွန်းကနာဂဒီပဟုခေါ်ကာ တမီလ်ဘာသာအားဖြင့် (ရန်နိုင်နတီဂူ)ဖြစ်သည်။ ပင်နီဆူလာနေရာအစိတ်အပိုင်းတစ်ခုလည် ဖြစ်သည်။ ပင်လယ်ကျွန်းနှင့်နီးကပ်စွာတည်ရှိပါသည်။ သမိုင်းအရ နာဂဒီပကျွန်းက သီရီလင်္ကာနိုင်ငံတော်ပိုင်ဖြစ်သည်ဟုတမီလ်လူမျိုးများမရောက်ခင်ကတည်းကပင်ဖြစ်ခဲ့သည်။ ဒဏ္ဍာရီအရ ဘုရင် ၀ိဇယသည် အခြားလူမျိုးများကြားတွင်နေထိုင်ခဲ့သည်။ တိုင်းရင်းသားသုံးမျိုရှိရာတွင် ၁။ယက္ခ ၂။ရာကရှ ၃။နာဂဖြစ်ကြသည်။
ဝံသကထာနှင့်သုတ်တော်များ၊အထကထာများအရ..နာဂလူမျိုးများသည် ကျွန်းအနောက်မြောက်ပိုင်းတွင်အုပ်စိုးခဲ့ပါသည်။ကလျာဏီမြစ်နှင့် ကျွန်းဝအထိ အုပ်စိုးခဲ့ပါသည်။နိုင်မလဒမ( Nainamadama)မြို့နှင့်တိုင်းအဆင့်ထိရှိကြပါသည်။ မဒန ဟုသည် ခရီးသွားသောသူများအတွက် အနားယူဖို့ရန်လုပ်ထားသောနေရာ(ဇရပ်) ဖြစ်နိုင်ပါသည်။ နာဂလူမျိုးမျာသည် တောင်နှင့်မြောက်ခရီးစဉ် တည်းခိုစရာတစ်ခုပင်ဖြစ်သည်။ ဆူသောဓရ အဖေ သည်ဝဒမန တောင်ပေါ်တွင် နေထိုင်ခဲ့ပါသည်။ ထိုအခါတွင် တော ကျောက်တောင်ဟု မရှိသေးပေ။ Medawachchi အနီးတိုင်အောင် မရှိခဲ့ပေ။ မြတ်စွာဘုရား ကြွရောက်ခဲ့စဉ်က မဏီယက္ခီစစ်ပွဲဖြစ်နေသောကာလဖြစ်သည်။ စိန်မျက်လုံး ဟုခေါ်သည်။ မဟောဓရ ရဲ့ဦးလေးတော်သည်။ ၄င်းများ နိုင်ငံတွင် ကလျာဏီမြစ် တောင်ပိုင်း တွင်တည်ရှိသည်။ သူ့ အမျိုးများနှင့်အတူ နောက် ၁၅ ရာစု တိုင်အောင်နာဂလူမျိုးများ သည် ကလျာဏီမြစ်အနီးတွင်နေထိုင်ခဲ့ပါသည်။ ကဗျာတစ်ခု အထောက်အထားအရ.. နာဂလူပျိုးများသည် မြစ်ကမ်းစပ်တွင်ထိုင်ပြီး မြတ်စွာဘုရားဂုဏ်တော်ကိုထုံးမွမ်းကာ တေးသီးချင် သီးဆိုနေကြသည်။ နဂါးလူမျိုးများသည် တစ်ကယ့်လူသားအစစ်များဖြစ်ကြသည်။ အန္ဒိယ အရှေ့တောင်ပိုင်း တွင်ယနေ့အထိဆက်လက်နာဂတိုင်းရင်းသားလူမျိုးအဖြစ် ရှိပါသေးသည်။ နာဂဒီပကျွန်းစစ်ပွဲ ဖြစ်နေစဉ်တွင် ရုတ်တစ်ရက် မြတ်စွာဘုရား ကောင်းကင်ခရီးကြွခဲ့ကာ ရွေတ၀င်းဝင်းလင်းလက်ဖြာထွက်လာခဲ့သည်။ တိုင်းသူပြည်သားအပေါင်းအံသြဖွယ်အတိဖြင့်ဖူးမျော်နေခဲ့သည်။
မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်ခဲ့သူကာ ရာဇရတန သစ်ပင်အနီးရပ်လျက်ဂိတ်စောင့်နေသော နတ်သားတစ်ယောက်ဖြစ်သည်။ မြတ်စွာဘုရားနှင့်အတူလိုက်ပါကာ ထီး မိုးပေးခဲ့သူဖြစ်ခဲ့သည်။ နာဂလူမျိုးများ ဘုရားရှင်ဖူးမြင်ရန်နောက်တွင်ကျန်ရစ်ခဲ့သည်။
ဘုရားရှင်သည် နာဂလူမျိုးများအား တရားရေအေး အမြိုက်ဆေးတိုက်ကျွေးနေစဉ်တွင် သာယာသောအသံ၊ နုညံသောအသံများဖြင့် အားရုံးဖမ်းစားစေခဲ့သည်။ သို့မဟုတ် တရားအားရုံးစိုက်လာအောင် စွဲဆောင်ခဲ့သည်။ ထိုလူမျိုးများကလည်း တရားတော်ကို ရိုသေစွာ နားယူးမှတ်သားခဲ့သည်။ မြတ်စွာဘုရား က စစ်ဖြစ်ခြင်းသည် အချည်းနှီးသာဖြစ်သည်။ အချိန်သာကုန်စေသည်။ နာဂလူမျိုးများ၏ဘုရင်ကာ မဏိယက္ခီပင်ဖြစ်သည်။
မြတ်စွာဘုရား၏တရားတော် နားယူးပြီ နန်းတော်ထဲသို့ကြွတော်မူရန်ပင့်လျှောက်ခဲ့သည်။ ဘုရားရှင် က နှုတ်တော်ဆိတ်ဆိတ်ဖြင့် လက်ခံတော်မူခဲ့သည်။ မဟာဝံသကထာနှင့် စမင်တပါသာတီကာ အလိုအရ . ကလိနိယသို့ မိရိုးဖလားယုံကြည်သည့်အားလျောစွာ ကဆုန်လပြည့်နေ့ ကြွခဲ့သည်။ အထက်ပါ မဟာဝံသကထာနှင့် စမင်တပါသာဋီကာ ကာ လပြည့်ကျော်တစ်ရက်နေ့ကြွခဲ့သည်ဟုဆိုသည်။
ဝံသကထာ မှတ်တမ်းအရ နာဂဒီပကျွန်း သည် ဘုရားဖူးမျှော်ရန်နေရာအများအပြားရှိကြသည်။ တိသကျောင်း ကို ဒေ၀ါနံပီယတိသ ဘုရင်က ဆောက်လုပ်လှူဒါန်းပါခဲ့ သည်။ ဇမ္ဘူက လောက ဆိပ်ကမ်းအနီးတွင် တည်ရှိပါသည်။ သီလပဗ္ဖတ စေတီ၊ ရာဇရတန ၊ ဓာတု စေတီ၊ များအားမြတ်စွာဘုရားကြွရောက်ခဲ့သည့်အထိမ်းအမှတ်ဖြင့် အဂ္က ကောစိ ဘုရင်က တည်ထားကိုယ်ကွယ်ခဲ့သည်။
သီရိလင်္ကာနိုင်ငံသည် အနုရာဓပူရ မြို့ တွင် ရာဇယတန စေတီတည်ရှိသည်။ မြတ်စွာဘုရားသာသနာကွယ်ခါနီး စွယ်တော် ဓါတ်တော်များ၊ မဟာစေတီထဲသို့စုဝေးကြမည်။ ရာဇယတန စေတီမှ မဟာဗောဓိစေတီ သို့စုဝေးကြမည် ဟု ၀ိဘင်းအထကထာ များတွင် ဆိုကြသည်။
အချို့သော သုတေသီ ပညာရှင်များက မြတ်စွာဘုရား သီရိလင်္ကာနိုင်ငံသို့ ( ၃) ကြိမ်တိုင်တိုင် ကြွရောက်ခဲ့ခြင်းသည် ဒဏ္ဍာရီမျှသာဖြစ်သည်ဟု ဆိုသည်။ တိပိဋက ကျမ်းစာထဲတွင် သက်သေအထောက်အထား မတွေ့ရပေ။ မည့်သည်ပုဂိုလ်နှင့်နေရာ မဖော်ပြခဲ့ပါ ။ သို့သော် မြတ်စွာဘုရားရှင် ( ၄၅) နှစ်ကာလပတ်လုံး လူရော နတ်ပါ ဗြဟ္မမကြွင်း တရားရေအေး အမြိုက်ဆေး ကို တိုက်ကျွေးခဲ့ကာ လမ်းမှားမှ လမ်းမှန်သို့ ပို့ဆောင်တော်မူခဲ့ပါသည်။ တိပိဋက ကျမ်းစာထဲတွင် အရှင်အာနန္ဒာက မြတ်စွာဘုရားဤကဲ့သို့ ဟော်ကြားတော်မူခဲ့သည်ဟုသာပါရှိ ပါသည်။ ဒဏ္ဍာရီ ဟူသည် အချည်းနှီးမျှသာဖော်ပြခဲ့ မဟုတ်ပါ။ သို့သော် တဆင့် စကား တဆင့်နားသို့ ချဲ့ကာပြီး ရေးသာခဲ့ခြင်းဖြစ်ပါသည်။
မူရင်းဆောင်းပါးရှင် သုမနစပရမဒု( ၂၀၀၈၊ ၀၄၊ ၁၉) သတင်းစာမှ မြန်မာဘာသာကိုဆီလျော်အောင်ပြန်ဆိုထားပါသည်။
Saturday, October 9, 2010
ဆီူပ် ငဲ ဖိုန်(ကဗျာ လင်္ကာ) တြာမှိုမ်ဆံဝေ( အဆက်)
၃၂။ ။ဆဲင်အေး ပမာ သာသနာ လိုရာဒဲ;ဒိုည်,ယာ့်။
၃၃။ ။တာန်ဖို ဒါရိုန် ဇိုဝ်;ကာဘိုန် လိုဆောန်ကျိုဂျာယာ့်။
၃၄။ ။အန္ဓ=ဒါ;ဖြာ ကာကွဲပြား အာရ်ပါနာမ်+ယုယာ့်။
၃၆။ ။ပါင်အိုဝ်,လျှံရ်;စီ
၃၇။ ။အေရထုပ်
၃၈။ ။ယု+နာမ္ခႏၶာ
၃၉။ ။ဖေသံသရာ စံပ်ဒီခွါ ဆူတ်ဟာနိဗ္ဗာန်ယာ့်။
၄၀။ ။တယဲအများ မေတ္တာပွား ဇေန်ဇာခံတ်ဇ်ုယာ့်။
Monday, October 4, 2010
သံဝေဂ ကဗျာလင်္ကာ အဆက်
၁၂။ ။ဗျံတ်ညှံမ်က်ုရ်ဘဲ ကာမ်ပြီမ်အယ် က်ုရ်မဲပျုထဲင်ယာ့်။
၁၃။ ။ဖေမျိုမှိုမ်ယော ကာတွေးတော စံမ်ပျောဒါ့်ရျံန်ယာ့်။
၁၄။ ။အဝိဇ္ဇာ=အံပ် ဖလူမ်စံပ် ကာနံပ်လောင်လာည်ယာ့်။
၁၅။ ။ဟာအော၊မိုဝ်;အော အတ္တအော အွည်ဖေါ်ကောပ်စွဲယာ့်။
၁၆။ ။စံမ်မောင် စံမ်ထာင် လောင်လ ဒါင် ဒါ့်ထာင်မောယံမ်ယာ့်။
၁၇။ ။အာရုံဖံန်ပါ တွ တဏှာ လိုက်စား ဇောမ်ညှို;ယာ့်။
၁၈။ ။လောဘ=အလို ဆိုရ်မြင့်မိုရ် တိုဝ်,ထိုကာနံပ်ယာ့်။
၁၉။ ။ရိုန်ခြီရ်အုက်စာ ယိုဝ်ယိုဝ်,ကြွား ပျိုဝ်,ပွားမာနယာ့်။
၂၀။ ။အောအီူဝ် လ်ုပ်လှ အောအီူဝ်ကျ မာနဒါင်ဇာရ်ယာ့်။၁၁။ ။ ဘံင်ဘို;ငံရ်ရာယ်(ငရဲ) တွပူန်အာရ် ပိုဝ်;ဂွည်အူန်ပဲတ်ယာ့်။
စဝ်ဦးနာဂသေန ဒါ လင်္ကာ တဲမ် ဒဲ;( တြာ မှိုမ်သံဝေ )တအယ်တွံန်ကူ
၂။ ။ဘဝဇာတ်အယ် တွကာဘဲ လည်နဲပဲန်ဒိုည်,ယာ့်။
၃။ ။နု သံသရာ တွံန်ကံမ်ဖာ လွံင်ညာစေ့ဒိုည်,ယာ့်။
၎။ ။ခိုည်ဗဖ်ုရ်ဂေင် ဆူတ်ကာဆေင် ဇောမ်ဒေင်တဏှာယာ့်။
၅။ ။အပါယ်ဟွည်,ခါမ် မိုင်ဖီစာမ် ဟွည်,ဘ္လံမ်လည်နဲယာ့်။က
၆။ ။တွံန်ဇာတ်တွံန်ပါန် ကာတီတံ့(တာန်) ဖောက်ပျန်ဘ်ုပ်လူယာ့်။
၇။ ။ဇာတိ ဇရာ ပါည်ရောဂါ နစ်နာယာမ်ဘ်ုပ်ယာ့်။
၈။ ။ဖေရာန်တွံန်နဲ က်ုရ်ဗျံရ်အယ် ဘို်ည်ခြဲကာလောတ်ယာ့်။
၉။ ။ကောပ်ဟောမ်ကောပ်ဒါ ကောပ်ကွံန်ဗါ ရှားပါးလည်နဲယာ့်။
၁၀။ ။ဒုစရိုက်ဖေ ကိလေသာမျို အကုဆို စံပ်တိုခိုည်ဂြူယာ့်။
ပေးပို့သော ဆရာတော်ဦးမာဃိန္ဒ( U.S.A.) အား အထူးကျေးဇူးတင်ပါသည်။
Sunday, September 26, 2010
ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
ဘာကြောင့် ကိုးကွယ်ရသလဲ။
ဂေါတမဘုရားရှင်ဟာ လူတွေရဲ့ ကောင်းကျိုးဆိုးကျိုးကို သူ့ရဲ့ တန်ခိုးဣဒ္ဓိပါဒ်နဲ့ မဖန်တီး မပြုလုပ်နိုင်ပါဘူး။ ဂေါတမဗုဒ္ဓဟာ တို့ကို မçစလိမ့်မယ်၊ ကယ်တင်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကိုးကွယ်ဖို့  မဟုတ်ပါဘူး။ ဘုရားရှင်ဟာ ဒီပြင်လူတွေ မတွေ့ မသိသေးတဲ့ တရားတွေကို အမှားနဲ့အမှန် ခွဲခြားသိမြင်ခဲ့တယ်။ မကောင်းကျိုးကို ပေးတတ်တဲ့ အကုသိုလ်အမှားတရားနဲ့ ကောင်းကျိုးကိုပေးတတ်တဲ့ ကုသိုလ် အမှန်တရားတွေကို ခွဲခြားပြီး ဟောကြားခဲ့တယ်။ ဒီလို ကြံစည်ပြောဆို လုပ်ဆောင်မှုဟာ ကောင်းတဲ့ဘ၀ကို ရောက်စေနိုင်တဲ့ သုဂတိလမ်းကောင်း၊ ဒီလို ကြံစည်ပြောဆို လုပ်ဆောင်မှုဟာ မကောင်းတဲ့ဘ၀ ရောက်စေနိုင်တဲ့ ဒုဂ္ဂတိ လမ်းဆိုး ဖြစ်တယ်လို့ လမ်းကောင်းနဲ့ လမ်းဆိုး၊ လမ်းမှန်နဲ့ လမ်းမှားကို ကွဲကွဲပြားပြား
ပြတ်ပြတ်သားသား ညွှန်ကြားခဲ့တယ်။ အဲဒီလို ကောင်းဆိုးလမ်းများကို ညွှန်ကြားခဲ့တဲ့ လမ်းညွှန် ပုဂ္ဂိုလ်မြတ်ကြီး တစ်ပါးအနေနဲ့ ကိုးကွယ် ဆည်းကပ် ၀တ်ပြုပူဇော်ကြခြင်း ဖြစ်တယ်။ တစ်ဘ၀အတွက် သိသင့် သိထိုက်တဲ့ အသိပညာ အတတ်ပညာတွေကို သွန်သင်ပြသတဲ့ ဆရာ ဆရာမတွေရဲ့ ဂုဏ်ကျေးဇူးကို လေးစားမြတ်နိုး ရှိခိုးပူဇော်တဲ့ သဘောသာဖြစ်တယ်။ ဗုဒ္ဓဘာသာ ကိုးကွယ်မှုဟာ ကြောက်ရွံ့တဲ့သဘော၊ ကိုယ်လိုချင်တဲ့အကျိုးကို ရအောင် မçစ စေလိုတဲ့သဘော လုံးဝမပါဘူးဆိုတာကို အထူးသတိပြုထားရမယ်။
-------------------------------
ကျွန်တော် ဆရာဦးသောင်းလွင်ရေးတဲ့ မိရိုးဖလာလွန် ဗုဒ္ဓဘာသာ စာအုပ်ထဲက
ကောက်နုတ်တင်ပြခြင်းပါခင်ဗျာ။
source: myanmarcupid
ပထမရွှေကျင်ဆရာတော်ကြီးရဲ့ ဩ၀ါဒ
၁။ ယစ်မသည် ဥအတွက်အသေခံသည်။
၂။ စာမရီသားကောင်သည် အမြီးအတွက် အသေခံသည်။
၃။ ရဟန်းသည် သီလအတွက် အသေခံသည်။
၎။ သစ်ပင်အားနည်းလျှင် လေမုန်တိုင်း တိုက်လှဲသည်။
၅။ ရဟန်းသမာဓိနည်းလျှင် ကိလေသာမုန်တိုင်း တိုက်လှဲသည်။
၆။ စိတ်သည် တောမျောက်ကဲ့သို့ လော်လည်ဧ။် ။ အလိုမလိုက်ရာ။
၇။ ကာလကို လူ-မစားလျှင် လူကို ကာလ စားသည်။
၈။ သည်းခံခြင်း လက်နက်ဆောင်လျှင် ဒေါသမီး မလောင်။
၉။ တုတ်လက်နက်ဆောင်လျှင် ခွေးဟောင်သည်။
၁၀။ ဦးခေါင်းပြောင်ရိတ်ခြင်းသည် မာနကိုလည်း ရိတ်သည်မည်ဧ။် ။
၁၁။ ဦးချိုကျိုးသော နွားသည် မာနလည်းကျိုးသည်။
၁၂။ မြွေဆိုး ပါးပျဉ်းထောင်လျှင် လူရိုက်ခံရသည်။
၁၃။ ရန်မထောင်မှ ရန်အောင်သည်။ ရန်ထောင် ရန်လှောင်မိတတ်သည်။
၁၄။ ရန်မလိုမှ ရန်ပြိုသည်။ ရန်လို ရန်ပိုတတ်လှသည်။
၁၅။ သလေးနှံ အဆံမရှိခင် ထောင်သည်။ အဆံပြည့်လျှင် ညွတ်သည်။
၁၆။ ဂါရ၀ကင်းသူ ဂုဏ်သတင်းမပြူ။ နွားစာငုတ်တိုနှင့်တူသည်။
၁၇။ သူတစ်ပါးလှေကို ဖာနိုင်လျှက် မိမိလှေကို မဖာလျှင် ရေနစ်တတ်သည်။
၁၈။ ဥဒေါင်းငှက် အက ကောင်းသော်လည်း စအိုပေါ်၍ အဆိုအမည်ခံရသည်။
၁၉။ ရေကန်၌ မှော်ကိုဖယ်၍ သောက်ရေခတ်ရသည်။
၂၀။ မသူတော်၌ အပြစ်ကိုဖယ်၍ ဂုဏ်ကောင်းရှာရသည်။
၂၁။ တုံးတတားလျှောက်စဉ် အရပ်တစ်ပါးမကြည့်နှင့် ချောက်သို့ကျလိမ့်မည်။
၂၂။ သံသရာတံတားလျှေက်စဉ် သူတစ်ပါးအပြစ်မကြည့်နှင့် သံသရာချောက်သို့ ကျလိမ့်မည်။
၂၃။ တရားပွဲကား လူကျဲတဲ၊ ရပ်ရွာပျော်ပွဲ တသဲသဲ။
၂၄။ ရိုသေစွာ ခစားလျှင် မင်းခစားပင် မင်းကိုနိုင်သည်။
၂၅။ အဆင်းလှလျှင် အိမ်သူဇနီးပင် လင်ကိုနိုင်သည်။
၂၆။ ကျင့်ဝတ်မချွှတ်လျှင် တပည့်ပင် ဆရာကိုနိုင်သည်။
၂၇။ မြင်းနိုင်လို ဇက်ဆွဲ၊ လှေနိုင်လို တက်ဆွဲ၊ ဆရာနိုင်လို ကျင့်ဝတ်ရိုသေမြဲ။
၂၈။ အပြစ်ပြ၍ ဆုံးမသူကို ရွှေအိုးပေးသူဟု ဆည်းကပ်ရမည်။
၂၉။ ပန်းပဲဆရာ အထုမခံသော သံတုံး လက်နက်မဖြစ်။
၃၀။ ကျောက်ဆစ်ဆရာ အဖြတ်မခံသော ကျောက်တုံး အရုပ်မဖြစ်။
၃၁။ ဆရာကောင်းအဆုံးအမ မခံသောတပည့် သူကောင်းမဖြစ်။
၃၂။ ရေနက်ရာသို့ ပြေးဝင်သော ငါး ကျီးငှက်အစာမဖြစ်။
၃၃။ အဆုံးအမသို့ ပြေးဝင်သောတပည့် မာရ်နတ်အစာမဖြစ်။
၃၄။ နွားကျောင်းသားသည် နွား-ခြင်မကိုက်အောင် မီးခိုးတိုက်သည်။
၃၅။ ဆရာသည် တပည့် ကိလေသာခြင် မကိုက်အောင် တရားမီးခိုးတိုက်သည်။
၃၆။ မြေခွေးသည် ခြင်္သေ့စားကြွင်းဖြင့် မာန်တက်သည်။
၃၇။ ပုထုဇဉ်သည် အရိယာစားကြွင်းဖြင့် မာန်တက်သည်။
၃၈။ ဖားငယ်သည် ဆောင့်ကြောင့်ထိုင်လျှက် ခြင်္သေ့မာန်တက်လျှက် ကျီးချီသောအခါ ပီယတ်ပီယတ်မြည်သည်။
၃၉။ ပုထုဇဉ်သည် လာတ်ပေါလျှင် သူဌေးမာန်တက်လျှက် ဖျားနာသောအခါ တအင်အင်ညည်းသည်။
၄၀။ ကြာပင်အောက်ကဖား ကြာဝတ်ဆံမစား ရွှံ့စားသည်။
ပိတုံးကား အဝေးမှကြာဝတ်ဆံ လာစားသည်။
၄၁။ သာသနာတွင်းသား သာသနာဝတ်ဆံမစားလျှင် ပိတုံးအား ရှက်သင့်သည်။
၄၂။ သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလှဲမချင်း အရိပ်ဖြင့် အေးစေဧ။် ။
၄၃။ နံ့သာတုံးသည် မီးရှို့သူကို မကျွှမ်းမခြင်း အနံ့ဖြင့် မွှေးစေဧ။် ။
၄၄။ သူတော်ကောင်းသည် ညှင်းဆဲသူကိုသော်လည်း မသေမချင်း အကျိုးဆောင်ဧ။် ။
၄၅။ တောမီးသည်သစ်ရွက်ခြောက်ကို လောင်လွယ်ဧ။် ။ သစ်ရွက်စိုကို မတတ်နိုင်။
၄၆။ မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်ဧ။် ။ မေတ္တာဖြန်းသူကို မတတ်နိုင်။
၄၇။ ဆေးဆရာသည် လူနာနှင့်ပြိုင်၍ အသက်မထွက်ကောင်း။
၄၈။ အကောင်းသည် အရူးနှင့်ပြိုင်၍ အ၀တ်မလစ်ကောင်း။
၄၉။ သူတော်ကောင်းသည် မသူတော်နှင့်ပြိုင်၍ ဒေါသမဖြစ်ကောင်း။
၅၀။ ကျားကြောက်၍ ပြေးစဉ် ခွေးဟောင်သည်ကို အရေးမယူရ။
၅၁။ ငရဲကြောက်၍ သီလစောင့်စဉ် မသူတော်ညှင်းသည်ကို အရေးမယူရ။
၅၂။ ရန်သူကို မီးခဲ ကိုင်ပစ်လျှင် မိမိလက် ရှေးဦးစွာ လောင်ဧ။် ။
၅၃။ ရန်သူကို အမျက်ထွက်လျှင် မိမိဂုဏ် ရှေးဦးစွာ ပျက်၏ ။
၅၄။ ရန်သူလာဆဲ၍ ပြန်ဆဲလျှင် မိမိလည်း အရှက်ကွဲ၏ ။
၅၅။ မာရ်နတ်ပစ်သော လက်နက်သည် သည်းခံသော ဘုရားရှေ့၌ ပန်းကုံးအသွင်ဖြင့် အဖူးအမျှော်ဝင်ဧ။် ။
၅၆။ သမုဒ္ဒရာရေ မီးကြောင့် မကျွှမ်း၊ မြင်းမိုရ်တောင် လေကြောင့် မလှုပ်၊ ကျောက်ခဲ ရေကြောင့် မကြေ၊ သူတော်ကောင်း မသူတော်ကြောင့် မတုန်လှုပ်။
၅၇။ မသူတော် အမျက်ကြောင့် သူတော်ကောင်းဂုဏ်ပျက်မခံ။
၅၈။ သူတော်ကောင်း အမျက်ထွက်လျှင် မသူတော် အလိုပြည့်သည်။
၅၉။ ရန်သူညှင်းဆဲခြင်းသည် မိမိ၏ ရှေးကံ ရှေးဥစ္စာပင်တည်း။
၆၀။ မိမိကံကြောင့် မိမိ ဒုက္ခတွေ့သည် ဘယ်သူမပြု မိမိမှု။
၆၁။ ညဥ့်အခါ သားကို ခွေးထင်၍ သတ်သော အဘသည် သား၏ ရန်သူလော။
၆၂။ သစ်ပင်မှ ကျသေလျှင် သစ်ပင်သည် ထိုသူ၏ ရန်သူလော။
၆၃။ စစ်သူရဲသည် ပြင်ပရန်သူကို နိုင်သော်လည်း အတွင်း ရန်သူမှ ရှုံး၏ ။
၆၄။ အမျက်ထွက်သူကို အမျက်မထွက်သူ အမြဲ နိုင်၏ ။
၆၅။ မကောင်းပြောသူကို အကောင်းပြောသူ အမြဲ နိုင်၏ ။
၆၆။ စေးနှဲသူကို ပေးကမ်းသူ အမြဲ နိုင်၏ ။
၆၇။ မုသားဆိုသူကို သစ္စာဆိုသူ အမြဲ နိုင်၏ ။
၆၈။ သိကြားမင်း လက်နက်ကား မိုးကြိုး။
၆၈။ ယမမင်း လက်နက်ကား မျက်စောင်း။
၆၉။ ဝေဿ၀ဏ် လက်နက်ကား အစွယ်။
၇၀။ မသူတော်လက်နက်ကား ဒေါသ။
၇၁။ သူတော်ကောင်း လက်နက်ကား ခန္တီ။(သည်းခံခြင်း)
၇၂။ ဗီလုံးငှက်သော်လည်း ကျွဲခြေရာခွက်ကို အမှီရလျှင် ဂဠုန်နှင့်တူ၏ အန္တရာယ်မရှိ။
၇၃။ ပုထုဇဉ်သော်လည်း သီလရှိလျှင် အရိယာနှင့်တူ၏ ။ အပါယ်မရောက်။
၇၄။ ရေရှိမှ ကြာပွားသည် သီလရှိမှ သမာဓိ များသည်။
၇၅။ ဗဟုဿုတရှိလျှက် သီလမရှိလျှင် ရေမတည်သော ကန်နှင့်တူ၏ ။
၇၆။ ပညာရှိလျှက် သီလမရှိလျှင် အသီးမရှိသော သစ်ပင်နှင့်တူ၏ ။
၇၇။ သီလရှိမှ ဒါနနှင့် ဘာဝနာအကျိုးပေးသန်သည်။
၇၈။ ပင်လယ်ကူးလိုလျှင် လှေသင်္ဘောတည်။ နတ်ပြည်တက်လိုလျှင် သီလလှေကားထောင်။
၇၉။ ပင်လယ်ကူးလိုလျှင် သင်္ဘောလုံအောင်ဖာ။သံသရာကူးလိုလျှင် သီလလုံအောင်ဖာ။
၈၀။ လောကီဥစ္စာစောင့်လျှင် တစ်သက်ချမ်းသာဧ။် ။
၈၁။ သီလစောင့်လျှင် ဘ၀အဆက်ဆက် ချမ်းသာဧ။် ။
၈၂။ ဆီမီးသည် လင်းခိုက် လူလယ်တင့်၏ ။ ငြိမ်းလျှင် မှောင်၏ ။ ညှော်နံ့ထွက်၏ ။
၈၃။ သီလသည် စောင့်ထိန်းခိုက် လူလယ်တင့်၏ ။ ပျက်လျှင် မှောက်၏ ။ ညှော်နံ့ထွက်၏ ။
၈၄။ တောအုပ်၌ မိဘကင်းသော သားသမီး ကျားစာဖြစ်၏ ။
၈၅။ သာသနာ၌ ဩ၀ါဒကင်းသော ရဟန်း မာရ်နတ်အစာဖြစ်၏ ။
၈၆။ ပေါက်ဖက်သော်လည်း မြလေးပန်းမှီ၍ လူဦးခေါင်းထက် ရောက်သည်။
၈၇။ မြေခွေးသော်လည်း ခြင်္သေ့မင်းခစား၍ ကျားမကိုက်နိုင်။
၈၈။ သူကန်းသော်လည်း ခြေသံနားထောင်လျှက် လိုရာအရပ် ရောက်သေးသည်။
၈၉။ ခြင်္သေ့သည် ကျားကိုနိုင်၏ ကိုယ်တွင်း ခွေးလေးသန်းကို မနိုင်။
၉၀။ မသူတော်သည် သူတော်ကောင်းကိုနိုင်၏ ။ ကိုယ်တွင်းအကုသိုလ်ကို မနိုင်။
၉၁။ ကျင်ကြီးသည် နွေးသည်ဖြစ်စေ အေးသည်ဖြစ်စေ အဆင်းလှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံဘွယ်သာတည်း။
၉၂။ မသူတော်သည် အမျက်ထွက်သည်ဖြစ်စေ မထွက်သည်ဖြစ်စေ စကားလှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံဘွယ်သာတည်း။
၉၃။ မီးခဲသည် ပူသောအခါ လက်လောင်၏ အေးသောအခါ လက်မဲ၏ ။
၉၄။ မသူတော်သည် ဒေါသအခါ ကြောက်စရာ လောဘအခါ ရွံစရာဖြစ်၏ ။
၉၅။ ခွေးရူးကိုက်လျှင် ထိုသူရူး၏ ။ ထိုသူကိုက်လျှင် နောက်လူ ရူး၏ ။
၉၆။ ခွေးရူးသည် လူကောင်းအဆက်ဆက်ကို ရူးစေ၏ ။
၉၇။ မသူတော်သည် လူကောင်းအဆက်ဆက်ကို ယုတ်မာစေ၏ ။
၉၈။ ပဒုမ္မာကြာရိုးသည် ထက်ပိုင်းပြတ်သော်လည်း အမျှင်မပြတ်။
၉၉။ သူတော်ကောင်းသည် အဆက်ပြတ်သော်လည်း မေတ္တာမပြတ်။
၁၀၀။ အဆင်းမှီ၍ အကျင့်ပျက်လျှင် ထိုအဆင်းသည် ရွံဘွယ်တည်း
၁၀၁။ပညာမှီ၍ မာန်တက်လျှင် ထိုပညာသည် ရွံဘွယ်တည်း။
မှတ်ချက် ။ ။ forward mail မှကူးယူဖော်ပြပါသည်။
Thursday, September 23, 2010
"လူသားများ အိုမင်းလာသော် ခန္ဓာမသေ ဇီဝိန်မခြွေသေးဘဲ သူ၏ ပဋိသန္ဓေ၀ိညာဉ်က ခန္ဓာသစ်သို့ကပ်ပြီး ၀င်စွဲ၍ လူသားအဖြစ် မွေးဖွားလာလေကြောင်း၊ အဘိုးအိုက သူ၏ ပဋိသန္ဓေ၀ိညာဉ် ၀င်စားခဲ့သော လူသားကလေးကို ချီပွေ့ထိန်းကျောင်းလ ပေးလျက်ရှိကြောင်း၊ မသေသေးသူ သက်ကြီးရွယ်အိုများက လူဝင်စား၍ ပဋိသန္ဓေ လူသားအဖြစ် ပြန်ဖြစ်လျက်ရှိကြောင်း..." တို့ကို အများအားဖြင့် လက်ခံယုံကြည်သူတွေ များစွာ ရှိပါသည်။ ဤအဖြစ်မျိုးကို "သုတ္တန်ဒေသနာမှာ ဒီဘ၀မှာ လူမသေသေးသော်လည်း အကြောင်းကံဆိုက်လာရင် ပဋိသန္ဓေစိတ် ဖြစ်ပေါ်ပြီး လူသားကလေးအဖြစ် မွေးဖွားလာပါသည်" ဟု ပါရှိသည်။
ထို့ကြောင့် "အဘိုးအိုက သူဝင်စားခဲ့သော (ပဋိသန္ဓေ-မွေးဖွားပြီးသော) မြေးငယ်ကလေးကို ပြန်၍ ချီပွေ့ယုယ ထိန်းကျောင်းပေးပါသည်" ဟူ၍ တချို့ပညာရှင်များက ဆိုကြပါသည်။ ကျွန်တော် သိရှိသလောက်ကတော့ "ဘုရားဟော အဘိဓမ္မာ တရားတော်တွင် ကမ္မ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ထင်ရှားဖြစ်ပေါ်လာမှ စုတိစိတ်ကျ ခန္ဓာကိုယ် သေဆုံးချုပ်ငြိမ်းပြီး ပဋိသန္ဓေစိတ်လည်း ကာလမခြားဘဲ ဆက်စပ်လျက် ဖြစ်ပေါ်လာသည်၊ ဘ၀သစ် ခန္ဓာသစ် ဖြစ်ပေါ်လာသည်" ဟူ၍သာ ဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ မနှံ့စပ် မကျွမ်းကျင်သေးသော ဉာဏ်ရှိနေသူ ကျွန်တော့်အား ကျမ်းဂန်အထောက်အထားများဖြင့် ဖြေကြားရှင်းလင်း ပေးပါရန်
ရိုသေလေးမြတ်စွာ အနူးအညွတ် လျှောက်ထားတင်ပြအပ်ပါသည်။ အဖြေကို ဓမ္မရံသီမဂ္ဂဇင်းတွင် ထည့်သွင်းပေးစေလိုပါသည်။
မောင်သိန်းဦး (ခေးနင်း) လားရှိုး-(ရှမ်း-မြောက်)
အထက်ပါမေးခွန်းစာသည် အောက်တိုဘာလ ၂၀၀၈-လောက်ကတည်းက ဓမ္မရံသီမဂ္ဂဇင်းတိုက်သို့ ရောက်ရှိပြီး စာရေးသူလက်ထဲသို့ ကူးလာသည်မှာလည်းကြာလှပေပြီ။ မဖြေဘဲထားမည်ဟုလည်း စိတ်ကူးမိပါသည်။ မေးခွန်းရှင်မောင်သိန်းဦးသည် ပြောပြလာသူ (တချို့ပညာရှင်) တို့ကို "သုတ္တန်ဒေသနာမှာ အကြောင်းဆိုက်လာလျှင် လူအိုကြီးက မသေသေးဘဲ လူကလေးအဖြစ် ပဋိသန္ဓေဖြစ်ကြောင်း" ဆိုလေရာ "ဘယ်သုတ္တန်နည်း"၊ "ဘယ်ကျမ်းမှာပါသည့် သုတ္တန်နည်း"၊ "ဘယ်သူ့အား ဟောပြထားသည့်သုတ္တန်နည်း"၊ "ထေရ၀ါဒပိဋကတ်လာ သုတ္တန်လား"၊ "မဟာယာန ပိဋကတ်ခေါ် ၀ိဘာသာကျမ်းများနှင့် ထွေထွေရာရာ ကျမ်းတွေထဲမှာပါသည့် သုတ္တန်လား" စသည်ဖြင့် စေ့စေ့စပ်စပ် ပြန်လည်မေးစစ်သင့်ပါသည်။
ထိုသို့ မေးသင့်သည်ကို မမေးသောကြောင့် အားမလိုအားမရ ဖြစ်မိပါသည်။ ဖြေဆိုရန်လည်းလက်တွန့်နေမိပါသည်။ သို့သော် မောင်သိန်းဦး၏စာထဲတွင် "ထိုသို့ ပဋိသန္ဓေစိတ် ဖြစ်ပေါ်ကြောင်းကို လက်ခံယုံကြည်သူတွေ များစွာရှိပါသည်" ဟူ၍လည်း ပါရှိနေပြန်သည်။ ထို့ကြောင့် ဖြေသင့်သောစာဟူ၍လည်း ယူဆရပြန်ပါသည်။ဤသို့ဖြင့် ဖြေရအံ့လော-မဖြေဘဲထားရအံ့လောဟူ၍ ထားနေလိုက်ရာ တစ်လနီးပါးမျှပင် ကြာသွားပါသည်။ လိုရင်းအဖြေချုပ်မှာ-မောင်သိန်းဦး သိထားသည့်အတိုင်းသာ အမှန်ဖြစ်သည်။ သုတ္တန်နှင် အဘိဓမ္မာတို့သည် အကျဉ်းနှင့်အကျယ်မျှသာ ကွာပါသည်။ အဘိဓမ္မာတွင် ခန္ဓာကိုယ်၌ ဖြစ်ပေါ်ချုပ်ပျက်သမျှ တရားစဉ်တို့ကို အပြည့်အစုံ၊ အကြွင်းအကျန်မရှိ သိမြင်လောက်အောင် စေ့စေ့စပ်စပ် ဟောပြထားပါသည်။ ရုပ်ရှင်ကားကြီး တစ်ခုလုံး ပြသထားခြင်းနှင့် တူ၏။ သုတ္တန်တွင်ကား တရားနာယူသူအနေဖြင့် သိမြင်နိုင်လောက်သည့် တကွက်ကောင်း တစ်ချက်ကောင်းတို့ကို အထူးပြု၍ ထင်ရှားအောင် ကောက်နှုတ်ဆွဲထုတ် ဟောပြထားသည်။ အကယ်ဒမီဆုရကွက်ကို ရွေးထုတ်ပြသခြင်းနှင့် တူ၏။ ထို့ကြောင့် အပြည့်အစုံဟောပြထားသည် အဘိဓမ္မာဒေသနာတို့တွင် မပါလျှင် မည်သည့်သုတ္တန်မှာမှ ပါနိုင်မည် မဟုတ်ပေ။ တချို့ပညာရှင်ဆိုသူတို့က မောင်သိန်းဦးနှင့် ယုံလွယ်သူများကို လိမ်နေကြသည်ဟူ၍သာ သိမှတ်ကြပါ။ နောင်အခါမှာ ပြောလာလျှင် ပြန်၍ မေးပါ။ ကျမ်းစာအုပ်ကိုပါ ပြခိုင်းပါ။ ၎င်းကပြလျှင် ကျမ်းအမည်၊ စာမျက်နှာနံပါတ်၊ သုတ်အမည် စသည်တို့ကို မိတ္တူကူး၍ဖြစ်စေ၊ ရေးကူး၍ဖြစ်စေ မဂ္ဂဇင်းတိုက်သို့ ပို့ပေးစေလိုပါသည်။ ဤကား လိုရင်းတည်း။မေးခွန်းရှင် မောင်သိန်းဦးက အထက်ပါအတိုင်း ဟောပြလာသူတို့ကို ပညာရှင်ဟူ၍ပင် ထင်ထားရှာသေးသည်။ မောင်သိန်းဦးထင်သည့်အတိုင်း ပညာရှင်များမဟုတ်ကြောင်းကို ဆက်လက် ရှင်းပြရပါဦးမည်။ ၎င်းတို့သည် ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာအမည်ခံ သာသနာဖျက်ဂိုဏ်းကြီးထဲက ပိဋကတ်ဒေသနာတို့ကို ဖျက်ဆီးနေကြသူများသာလျှင် ဖြစ်ကြပါသည်။
၎င်းဂိုဏ်းကြီးကို တည်ထောင်သူမှာ ဓမ္မ၀ိဟာရီ ရှင်ဉာဏ-မိုးပြာ(အမည်ပေါင်း ၁၂-မျိုးခန့်ရှိသူ) ဖြစ်၍ ၁၉၈၃-ခုနှစ်မှာ စတင်တည်ထောင်သည်။ ယခုအခါ ဂိုဏ်းသက်တမ်း ၂၅-နှစ်ကျော် ရှိပြီဖြစ်၍ ဂိုဏ်းဝင်များနှင့်လက်ခံသူများလည်း များစွာရှိနေကြပြီ ဖြစ်ပါသည်။ ၎င်းဂိုဏ်းကြီးက ထုတ်ဝေထားသည့် ခွင့်ပြုချက်အမှတ် မပါသောစာအုပ်ပေါင်း ၆၀-ကျော်တို့တွင်လူ့အမြင့်ဆုံး ဂုဏ်ရည်သိက္ခာကို ပေးစွမ်းနိုင်သော အသိအမြင် (ဥတ္တရိမနုဿဓမ္မဒဿန) ရှေ့နောက်ဘ၀ အယူမှားများအကြောင်း သဲလွန်စများနှင့် ဦးနှောက်၏ မှားယွင်းဖောက်ပြန်မှုများ" (ဥတ္တရိမနုဿ ဓမ္မစာစဉ်-၂) ဟူ၍လည်းတစ်အုပ်ပါရှိသည်။
၎င်းစာအုပ်၏ (စာ-၃၇-၄၄) တို့၌ -
(၁) ၀င်စားမည့်သူ မသေဘဲ လူဝင်စားမှုမျိုး
(၂) လူတစ်ယောက်သေပြီး နှစ်ယောက်ဝင်စားမှုမျိုး
(၃) လူဝင်စား ကိုယ်ဝန်အဖြစ်ရောက်မှ ၀င်စားမည့်သူ သေမှုမျိုးဟု အစချီကာ
(၁) ဧရာဝတီမြစ်ရိုး ရွာတစ်ရွာမှ မိန်းမတစ်ယောက်အကြောင်း (လင်နောက်
လိုက်သွား။ ၎င်းကပင် ရွာထဲမှာ လူဝင်စားဖြစ်။ ၎င်းမိန်းမသည် လင်နှင့်အတူ အသက်ရှင်လျက် နေထိုင်ဆဲ။)
(၂) မြို့တစ်မြို့က ကျောင်းတစ်ကျောင်းနေ ကျောင်းထိုင်ဘုန်းကြီး တစ်ပါးအကြောင်း (ဘွဲ့တော် ဦးဉာဏော။ သက်ရှိကျောင်းထိုင်။ တစ်နေ့တွင်၎င်းထံသို့ မိခင်နှင့်ကလေးငယ် ရောက်လာ။ ကလေးက 'သူဟာ အရင်ကဒီကျောင်းမှာ ကျောင်းထိုင်ဆရာတော်' ဟု ပြောပြ။ ဘွဲ့မေးတော့ ဦးဉာဏောဟု ဖြေ။ အသက်ရှင်လျက်ရှိသူက ၀င်စားသည်ဟူ၏။)
(၃) အင်္ဂလိပ်အစိုးရလက်ထက် ထီးလင်းမြို့ တောခေါင်းတစ်ယောက်အကြောင်း။ (ထင်းခုတ်သမားတွေက ဓားဖြင့်ဝိုင်းခုတ်တာခံရ။ မသေ။ ဆေးရုံရောက်။ အသက်ရှင်နေသူပင်။ ထီးလင်းမြို့မှာ ကလေးတစ်ယောက် မွေးလာ။ ဓားဒဏ်ရာတွေနှင့် မွေး။ ထိုကလေးက တောခေါင်းဝင်စားဟု ပြော။)
(၄) အင်္ဂလိပ်အပြေး ဂျပန်အ၀င်ခေတ်။ မြိုင်မြို့နယ်၊ ခေါင်းကွဲရွာ၌ဓားပြတိုက်ကြရာ ဓားပြဗိုလ် ကျဆုံး။ (အမျိုးသမီးတစ်ယောက်က ထိုအလောင်းကိုတွေ့။ ထိုအမျိုးသမီးက ကလေးမွေး။ ကလေးသည် 'သူကဓားပြဗိုလ်' ဟု ပြော။) စသည်ဖြင့် အများအပြား ပါရှိကြသည်။ ထို့ကြောင့် မောင်သိန်းဦး၏ ရေးစာပါ ပညာရှင်များဟူသည် အဆိုပါဂိုဏ်းဝင် မိစ္ဆာဒိဋ္ဌိက=အယူမှားရှိသူများသာ ဟူ၍ အတိအကျ ဖော်ပြလိုက်ရပါသည်။
၎င်းဂိုဏ်းကြီးက လက်ရှိပိဋကတ်တော်တို့နှင့် လက်ရှိသံဃာတော်တို့ကို ဖျက်ဆီးထားချက်များအရ ၎င်းတို့ကို စောဒနာထားကြသည့် စွဲဆိုချက်များ သက်ဆိုင်ရာသို့ ရောက်ရှိနေကြပြီ ဖြစ်ပါသည်။ စွဲဆိုချက် ပြုစုသူများတွင် ဤစာရေးသူလည်း အပါအ၀င်ဖြစ်၍ သိရခြင်းပင်တည်း။ တရားစစ် တရားမှန်တို့ကို ဖျက်ဆီးနေကြသူ (ပညာရှင်) များအတွက် အဖြေသစ်များနှင့် ရလဒ်သစ်များ ထွက်ပေါ်လာကြတော့မည်။
မောင်သိန်းဦးသိရှိထားတိုင်း မှန်ကန်ကြောင်းတို့ကိုလိုရင်းတိုကျဉ်းဖြေရှင်းပြခဲ့ပြီး ဖြစ်ပါသည်။ အကျယ်သိလိုပါက သင်္ဂြိုဟ်ဘာသာဋီကာကျမ်း (၀ီထိမုတ်ပိုင်း) စသည်တို့မှာ ဖတ်ရှုနိုင်ပါသည်။ ပဋ္ဌာန်းအရကောက်ကျမ်း စသည်တို့မှာလည်း ဖတ်ရှုနိုင်ပါသည်။ တစ်ခေါက်မျှ၊ တစ်မျက်နှာမျှ ဖတ်ကြည့်ပြီး နားမလည်ဟုဆိုကာ မဖတ်ဘဲနေလျှင်တော့ မတတ်နိုင်ပါ။ ကြိုးစားဖတ်မှ နားလည်နိုင်မည်။ ရှေးဘ၀ဖြစ်စဉ် သံသရာတစ်ခွင်မှာ ဘုရားရှင်၏ တရားများကို နာကြားခွင့် အလွန်နည်းခဲ့ပါသည်။ အရပ်သူအရပ်သားတို့၏ စကားများကိုသာ ကြားနာခွင့် များခဲ့ပါသည်။ ထို့ကြောင့် အရပ်စကားများကို နားလည်လွယ်သကဲ့သို့ ဘုရား၏ စကားများကိုမူကား လွယ်လွယ်ဖြင့် နားလည်မည် မဟုတ်ပေ။ အကြားများကနားလည်မည်။ အကြားနည်းလေ၊အဖတ်နည်းလေ၊မသိလေ ဖြစ်မည်။
၂၀၀၉-ခုနှစ်၊ ဇူလိုင်လ၊ ဓမ္မရတနာမဂ္ဂဇင်း
Monday, September 20, 2010
သမထဖြစ်စေ၊ ၀ိပဿနာဖြစ်စေ ဘာဝနာတစ်မျိုးမျိုး အားထုတ်မည့်ပုဂ္ဂိုလ်သည်
သီလလုံခြုံပြီးသူ ဖြစ်ရမည်။ သီလ၀ိသုဒ္ဓိဖြစ်မှသာ စိတ္တ၀ိသုဒ္ဓိ၊
ဒိဋ္ဌိဝိသုဒ္ဓိတို့ ဖြစ်နိုင်သည်။ သီလမစင်ကြယ်ဘဲ ဘာဝနာအားထုတ်လျှင်
မည်သည့်ဉာဏ်မျှမရနိုင် ဟူသော ဖတ်တရား၊ နာတရားတို့သည် ကျွန်မနားတွင်စွဲကာ
လက်ခံယုံကြည်ပြီးလည်း ဖြစ်ပါသည်။
သို့သော် လယ်တီဆရာတော်ကြီး၏ ဗောဓိပက္ခိယဒီပနီတွင် `သောတာပတ္တိမဂ်၏
ရှေ့အဖို့၌ သီလ၀ိသုဒ္ဓိ စသော ပဋိပတ်ကျင့်စဉ်များကို ပြဆိုရခြင်းမှာ
နေယျပုဂ္ဂိုလ်၊ ပဒပရမပုဂ္ဂိုလ် နှစ်မျိုးတို့၏ အကျိုးငှါ ထားတော်မူအပ်သော
ကျင့်စဉ်ဖြစ်သည်။ အနာထပိဏ် ၀ိသာခါတို့သည် သောတာပတ္တိမဂ်၏ ရှေ့အဖို့၌
သီလ၀ိသုဒ္ဓိ၊ စိတ္တ၀ိသုဒ္ဓိ အစရှိသော ပဋိပတ်ကျင့်စဉ်များကို
ကျင့်ကြသည်မရှိကုန်ပြီ´ ဟု ဖတ်ရှုရပါသည်။
ထို့ကြောင့် သီလ၀ိသုဒ္ဓိသည် မည်သို့သောပုဂ္ဂိုလ်များအတွက်
မည်သို့လိုအပ်သည်ကို ရှင်းလင်းစွာသိလိုပါသည်။
ဒေါ်ဝင်းဝင်းသူ
ဝိသုဒ္ဓိကျင့်စဉ်များ လို,မလို ပြဆိုချက်
`လေးမျိုးသော ပုဂ္ဂိုလ်တို့တွင် ဥဂ္ဃါဋိတညူပုဂ္ဂိုလ်မျိုး,
ဝိပဉ္စိတညူပုဂ္ဂိုလ်မျိုးတို့သည် ၀ိသာခါ, အနာထပိဏ် တို့ကဲ့သို့
တရားဒေသနာကို ကြားနာကာမျှဖြင့်ပင် သောတာပတ္တိဉာဏ် စသည်ကို ရနိုင်ကြကုန်၏၊
သီလ၀ိသုဒ္ဓိ, စိတ္တ၀ိသုဒ္ဓိ အစရှိသော ပဋိပတ်ကျင့်စဉ်များကို ရှေးအဖို့၌
ကျင့်ကြသည်မရှိကုန်ပြီ၊ ခပ်သိမ်းသော နတ်ဗြဟ္မာတို့ ကျွတ်ကြရာ၌လည်း ဤနည်းတူ
သိကြလေ။
ထို့ကြောင့် သောတာပတ္တိမဂ်၏ ရှေ့အဖို့၌ ကျမ်းဂန်တို့တွင် ယခုရှိကြသော
သီလ၀ိသုဒ္ဓိ, စိတ္တ၀ိသုဒ္ဓိ အစရှိသော ပဋိပတ်ကျင့်စဉ်များသည်ကား
နေယျပုဂ္ဂိုလ်, ပဒပရမပုဂ္ဂိုလ် နှစ်မျိုးတို့၏အကျိုးငှါ ထားတော်မူအပ်သော
ပဋိပတ်ကျင့်စဉ်ဖြစ်သည်ဟူ၍ မှတ်အပ်၏။
အထက်မဂ်, အထက်ဖိုလ်တို့၏ ရှေး၌မူကား ပုဂ္ဂိုလ်သုံးမျိုးနှင့်ပင် ဆိုင်၏၊
ရဟန္တာဖြစ်ပြီးသော ကာလ၌လည်း ထိုအကျင့်တို့နှင့် ပြည့်စုံပြီးဖြစ်ကြ၍
ဒိဋ္ဌဓမ္မသုခ ၀ိဟာရကိစ္စ၌ ထိုအကျင့်တို့ကို အသုံးချကြကုန်၏။´
အထက်ပါ ကောက်နှုတ်ချက်သည် မေးခွန်းရှင်ညွှန်းဆိုသော ဗောဓိပက္ခိယဒီပနီမှ
ကောက်နှုတ်ချက်ဖြစ်၏။ လယ်တီဆရာတော်ကြီး၏ ဆိုလိုချက်မှာ ဥဂ္ဃါတိတညူ,
ဝိပဉ္စိတညူ, နေယျ, ပဒပရမ-ဟု ပုဂ္ဂိုလ်လေးမျိုးရှိရာတွင် ဥဂ္ဃါတိတညူ,
ဝိပဉ္စိတညူ-ပုဂ္ဂိုလ် နှစ်မျိုးအတွက် သီလ၀ိသုဒ္ဓိ,စိတ္တ၀ိသုဒ္ဓိစသော
ပဋိပတ်ကျင့်စဉ်များ အစဉ်အတိုင်း ကျင့်နေစရာ မလိုအပ်ဘဲ နေယျ, ပဒပရမ-ဟူသော
ပုဂ္ဂိုလ်နှစ်မျိုးသာ အစဉ်အတိုင်းကျင့်နိုင်မှ တရားရနိုင်သည်ဟု ဖြစ်၏။
သီလ,သမာဓိ, ပညာ-ဟု သိက္ခာသုံးရပ်ရှိရာတွင် ဘုရားရှင်လက်ထက်က
သရဏာနိဥပါသကာ, မဟာနာမသာကီဝင်-စသော ရှေ့ပိုင်းက သီလမစင်ကြယ်သော
ပုဂ္ဂိုလ်များ တရားရမှုနှင့် စပ်၍ ရှေးဆရာတော်ကြီးများ ဖြေရှင်းကြရာတွင်
အချို့က ပစ္ဆိမဘ၀ိကဖြစ်သောကြောင့်ဟု အကြောင်းပြပြီး၊ အချို့က
ဥဂ္ဃါဋိတညူပုဂ္ဂိုလ်မျိုးဖြစ်သောေ
`ရှေးအဖို့က သီလ မစင်ကြယ်ခြင်းမှာ ရဟန်းတို့အားသာ အန္တရာယ်ဖြစ်၍ လူတို့အား
အန္တရာယ်မဖြစ်´ဟု ဆုံးဖြတ်တော်မူ၏။
ထိုကိစ္စနှင့် ပတ်သက်၍ မဟာစည်ဆရာတော်ဘုရား ၀ိနိစ္ဆယသင်္ဂဟ-ကျမ်းတွင်
အပြည့်အစုံ ဖြေရှင်းပြထားပြီး ဖြစ်သောကြောင့် ထိုဖြေရှင်းချက်များကို
ကောက်နှုတ်ဖော်ပြပါမည်။
မဂ်ဖိုလ်မရအောင် တားမြစ်တတ်သော ကမ္မန္တရာယ်, ကိလေသန္တရာယ်, ၀ိပါကန္တရာယ်,
အရိယူပ၀ါဒန္တရာယ်, အာဏာဝီတိက္ကမန္တရာယ်-ဟု အန္တရာယ်ငါးပါးရှိရာ
အာဏာဝီတိက္ကမန္တရာယ်ကို ဖွင့်ပြရာ၌-
`(၅) အာဏာဝီတိက္ကမန္တရာယ်။ ။ရဟန်းမှာသိလျက် လွန်ကျူးသော အာပတ် ၇-ပါးသည်
အာဏာ ၀ီထိက္ကမန္တရာယ်မည်၏။ သဂ္ဂန္တရာယ်, မဂ္ဂန္တရာယ် ၂-ပါးလုံး ဖြစ်၏၊
သို့သော်ဝိနည်းနှင့်အညီ ကုစားပြီးသောအခါ ၎င်းအန္တရာယ်မှ လွတ်ကင်းလေ၏။
တေပိ ယာဝ ဘိက္ခုဘာဝံ ၀ါ ပဋိဇာနာတိ န ၀ုဋ္ဌာတိ ၀ါ န ဒေသေတိ ၀ါ၊ တာဝဒေ၀၊ န
တတော ပရံ။ (မ-ဋ္ဌ-၂-၉)
`ယာဝဒေ၀၊ အကြင်မျှလောက် ကာလပတ်လုံး။ ဘိက္ခုဘာဝံ ၀ါ ပဋိဇာနာတိ၊ ပါရာဇိကသို့
ရောက်လျက် ရဟန်းအဖြစ်ကို ၀န်ခံ၍သော်လဲ နေငြားအံ့။ န ၀ုဋ္ဌာတိ ၀ါ၊
ဂရုကအာပတ်မှ ထမြောက်အောင်သော်လဲ မပြုငြားအံ့။ န ဒေသေတိ ၀ါ၊
လဟုကအာပတ်ကိုသော်လဲ မပြောကြားငြားအံ့။ တာဝဒေ၀၊ ထိုကာလအတွင်း၌သာလျှင်။
တေပိ အာပတ္တိက္ခန္ဓာ၊ ထိုအာပတ်အဖို့ ၇-ပါး တို့သည်လည်း။ အန္တရာယိကာ၊
နတ်ရွာမဂ်ဖိုလ် ၏အန္တရာယ်ကို ပြုတတ်ကုန်၏။ တတော၊ ထိုကာလမှ။ ပရံ၊ နောက်၌။
ဝါ၊ လူ, သာမဏေဟု ၀န်ခံသော ကာလ, အဗ္ဘာန်သွင်းပြီးသော ကာလ, ဒေသနာ
ပြောကြားပြီးသော ကာလ၌။ နအန္တရာယိကာ၊ အန္တရာယ်ကို မပြုတတ်ကုန်ပြီ။
အထက်ပါ အန္တရာယ်ငါးပါးနှင့် တိုက်ဆိုင်၍ ကြည့်လျှင် လူတို့၏
သာမန်သီလပျက်မှုသည် မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်သော အန္တရာယိက ဓမ္မတို့၌
မ၀င်ကြောင်း ထင်ရှား၏၊ ထို့ကြောင့်ပင်လျှင် ရှေးအဖို့က သီလမစင်ကြယ်သော
သန္တတိအမတ်ကြီး, အရိယမည်သောသူ, ခါးပိုက်နှိုက် သူခိုးတဦး, သာကီဝင်
မင်းမျိုးဖြစ်သော သရဏာနိ ဥပါသကာ-ဤသို့အစရှိသော သူတို့သည် မဂ်ဖိုလ်ကို
ရကြပေသည်။
အမတ်ကြီး ရဟန္တာဖြစ်ပုံ။ ။အောင်ပွဲရသည့်အတွက် သန္တတိအမတ်ကြီးအား
ကောသလမင်းကြီးက ၇-ရက်ပတ်လုံး မင်းအဖြစ်ကို ပေး၏၊ အမတ်ကြီးသည်
၇-ရက်ပတ်လုံး အရက်မူးလျက် မင်း၏စည်းစိမ်ကို ခံစား ပျော်ပါး၍ နေရ၏။
၇-ရက်မြောက်သောနေ့၌ အခြွေအရံတို့နှင့်တကွ ရေဆိပ်သို့ ထွက်သွားစဉ်
မြတ်စွာဘုရားနှင့် တွေ့၍ ဆင်ပေါ်မှ ခေါင်းညိတ်လျက် အရိုအသေပေး၏၊ ထိုအခါမှာ
မြတ်စွာဘုရားက `ဤအမတ်ကြီးသည် ယနေ့ပင် ငါ၏ထံ၌ ဂါထာတပုဒ်ကို
ကြားနာပြီးလျှင် ရဟန္တာဖြစ်လိမ့်မည်၊ လူဝတ်လူစားနှင့်ပင်
ပရိနိဗ္ဗာန်ပြုလိ့မ်မည်´ ဟု မိန့်တော်မူ၏၊ ထိုစကားကို ကြား၍ တိတ္ထိတို့က
ဤသို့ ကဲ့ရဲ့ကြ၏ `ဤမျှလောက် အရက်မူးနေတဲ့သူဟာ ယနေ့ပင် တရားနာပြီး
လူဝတ်လူစားနှင့် ပရိနိဗ္ဗာန်ပြုလိမ့်မည်-တဲ့၊ ဟုတ်နိုင်ပါမည်လော၊
ဂေါတမဘုရားကို ယနေ့ပင် မုသာဝါဒဖြင့် နှိမ်ရပေတော့မည်´
ဟုကဲ့ရဲ့ပြောဆိုကြ၏၊ ထိုနေ့ ညနေခင်း၌ အမတ်ကြီး၏ ချစ်လှစွာသော
မိန်းမငယ်သည် အမတ်ကြီးအား ဖျော်ဖြေနေစဉ်မှာပင် လတ်တလော သေဆုံးရှာလေ၏၊
ထိုအခါ အမတ်ကြီးမှာ ဖြေမဆည်နိုင်အောင် အလွန်ပြင်းထန်သော ပူပန်သောက ဖြစ်၍
ထိုသောကကို ငြိမ်းစေရန် ဘုရားထံသို့ သွားရောက်လေရာ မြတ်စွာဘုရားက
အောက်ပါဂါထာကို ဟောတော်မူ၏---
ယံ ပုဗ္ဗေ တံ ၀ိသောသေဟိ၊ ပစ္ဆာ တေ မာဟု ကိဉ္စနံ။
မဇ္ဈေ စေ နော ဂဟေဿသိ၊ ဥပသန္တော စရိဿသိ။ (သုတ္တနိပါတ် ၄၂၅)
ပုဗ္ဗေ၊ ရှေးလွန်ခဲ့ပြီး ချုပ်ခဲ့ပြီးသော ရုပ်နာမ်သင်္ခါရတို့၌။ ယံ ယေ
ကိလေသာ၊ အကြင်ကိလေသာ တို့သည်။ ဥပ္ပဇ္ဇေယျုံ၊ ဖြစ်နိုင်ကုန်၏,
ဖြစ်ထိုက်ကုန်၏။ တံ ကိလေသေ၊ အတိတ်သင်္ခါရတို့ကို စွဲ၍ဖြစ်ထိုက်သော
ထိုကိလေသာတို့ကို။ ၀ိသောသေဟိ၊ ခြောက်သွေ့ပါစေလော့။ (၀ိသောဓေဟိဟု
ဒန္တဇစတုတ္ထက္ခရာနှင့် ရှိသောပါဌ်မှာ သုက္ခာပေဟိ ၀ိသုက္ခာပေဟိ ဟုဖွင့်သော
နိဒ္ဒေသပါဠိတော်နှင့် မညီ။) ပစ္ဆာ၊ နောက် ဖြစ်လတံ့သော ရုပ်နာမ်သင်္ခါရတို့၌။
တေ၊ သင့်အား။ ကိဉ္စနံ၊ ရာဂစသောကြောင့်ကြမှုသည်။ မာ အာဟု၊ မဖြစ်စေလင့်။
မဇ္ဈေ၊ အလယ် ပိုင်း ရုပ်နာမ် ပစ္စုပ္ပန် သင်္ခါရတို့ကို။ စေ နော ဂဟေဿသိ၊ အကယ်၍
တဏှာဒိဋ္ဌိတို့ဖြင့် မစွဲယူငြားအံ့။ ဧ၀ံ သတိ၊ ဤသို့ ဖြစ်လတ်သော်။ တွံ၊
သင်သည်။ ဥပသန္တော၊ ကိလေသာ အပူမီး ငြိမ်းအေးပြီးသည် ဖြစ်၍။ စရိဿသိ၊
နေထိုင်ရပေလတံ့။ (နိဒ္ဒေသပါဠိတော်နှင့်အညီပင်)
သန္တတိ အမတ်ကြီးသည် ဤဂါထာကို ကြားနာရ၍ ရဟန္တာဖြစ်ပြီးလျှင် မြတ်စွာဘုရား၏
အမိန့်တော်အတိုင်း လူတို့၏ယုံမှားကို ပယ်ဖျောက်ရန်
ထန်းခုနစ်ဆင့်ခန့်မြင့်သော အရပ်သို့ တန်ခိုးဖြင့် ပျံတက်ပြီးလျှင်
လူဝတ်လူစားနှင့်ပင် ပရိနိဗ္ဗာန်ပြုလေသည်ဟု ဓမ္မပဒ-စသည်တို့၌ဆို၏။
ဂါထာကို ကြားနာပြီးလျှင် ရဟန္တာဖြစ်သည်ဟုဆိုသော ဤအရာ၌၎င်း၊ အလားတူဖြစ်သော
တပါးသော အရာတို့၌၎င်း ရုပ်နာမ်တို့ကို မရှုမမှတ်ပဲ တရားနာရုံမျှဖြင့်
မဂ်ဖိုလ်ကို ရသည်ဟူ၍ကား မမှတ်အပ်၊ တရားနာစဉ်မှာ ရုပ်နာမ်တို့ကို ရှုမှတ်၍
ဝိပဿနာဉာဏ်, မဂ်ဖိုလ်ဉာဏ် အစဉ်အားဖြင့်သာလျှင် သောတာပန်, သကဒါဂါမ်,
အနာဂါမ်, ရဟန္တာ ဖြစ်သွားသည်ဟူ၍သာ မှတ်အပ်၏။ ထို့ကြောင့်
သတိပဋ္ဌာန်သုတ်အဖွင့် အဋ္ဌကထာတို့၌ အောက်ပါအတိုင်း မိန့်ဆိုတော်မူသည်---
ယသ္မာ ပန ကာယဝေဒနာ-စိတ္တ ဓမ္မေသု ကိဥ္စိ ဓမံ္မ အနာမသိတွာ ဘာဝနာ နာမ နတ္ထိ။ တသ္မာ
တေပိ ဣမိနာဝ မဂ္ဂေန သောကပရိဒေဝေ သမတိက္ကန္တာတိ ဝေဒိတဗ္ဗာ။ (ဒီ၊ ဋ္ဌ၊ ၂။ ၃၃၉)
အဓိပ္ပါယ်ကား။ ။ဂါထာကိုနာရ၍ သန္တတိအမတ်ကြီး ရဟန္တာဖြစ်သည်, ပဋာစာရာလဲ
သောတာပန် ဖြစ်သည်ကား မှန်ပေ၏၊ သို့သော်လဲ ရုပ်အပေါင်း ကာယ, ဝေဒနာ, စိတ်,
သဘော ဟူသော ဤ ၄-မျိုးထဲက တခုခုကိုမျှ မရှုပဲ ၀ိပဿနာပညာ, မဂ်ပညာတို့ကို
ပွါးစေခြင်း ဘာဝနာ မည်သည် မရှိချေ၊ ထို့ကြောင့် ၎င်းအမတ်ကြီးနှင့်
ပဋာစာရာတို့ သည်လည်း ဤကာယ, ဝေဒနာ, စိတ်, သဘောတို့ကို မှတ်မှု သတိတည်းဟူသော
သတိပဋ္ဌာန် မဂ်ဖြင့်သာလျှင် အရဟတ္တဖိုလ်, သောတာပတ္တိဖိုလ်တို့သို့
ရောက်ပြီးလျှင် သောက, ပရိဒေ၀တို့ကို အပြီးတိုင် လွန်မြောက်သွားကြသည်ဟု
သိရမည် ဟူလို။
အထက်ပါဝတ္ထု၌ `၇-ရက်ပတ်လုံး တရားနာခါနီးအထိ အရက်မူးနေသည်´ဟု ဆိုသောကြောင့်
ရှေးအဖို့က သီလ၀ိသုဒ္ဓိမပြည့်စုံပဲ မဂ်ဖိုလ်သို့ရောက်သွားကြောင်း
ထင်ရှား၏၊ ပစ္ဆိမဘ၀ိက ဖြစ်သောကြောင့်သာ ဤသို့ရောက်နိုင်သည်ဟူ၍လဲ
မဆိုအပ်ပေ၊ အဘယ့်ကြောင့်နည်း ဟူမူ- ပစ္ဆိမဘ၀ိကပင်ဖြစ်သော်လဲ
ရဟန်းဖြစ်ပါမူကား ရှေးအဖို့က သီလ မစင်ကြယ်မှုသည် မဂ္ဂန္တရာယ် ဖြစ်သည့်အတွက်
မဂ်ဖိုလ်သို့ မရောက်နိုင်သောကြောင့်ပေတည်း။ ဤအနက်ကို ပစ္ဆိမဘ၀ိက ဥတ္တိယ
ရဟန်းအား ဆုံးမပုံဖြင့် သိအပ်၏။
အရှင်ဥတ္တိယကို ဆုံးမပုံ။ ။တသ္မာတိဟ တွံ ဥတ္တိယ (ပ) သတိပဋ္ဌာနေ ဘာဝေယျာသိ။
(ဤသို့ စသည် သတိပဋ္ဌာနသံယုတ် သံ၊၃။ ၁၄၄)
ဥတ္တိယ၊ ဥတ္တိယရဟန်း။ တသ္မာ၊ တရား အားထုတ်လိုပါသည် အကျဉ်းအားဖြင့်
ဟောတော်မူပါဟု သင်က ထိုသို့တောင်းပန်သောကြောင့်။ တွံ၊ သင်သည်။ ကုသလေသု
ဓမ္မေသု၊ ကုသိုလ်တရားတို့တွင်။ အာဒိမေ၀၊ အစကိုသာလျှင်။ ၀ိသောဓေဟိ၊
သုဓ်သင်လေဦး။ ကုသလာနံ ဓမ္မာနံ၊ ကုသိုလ်တရားတို့၏။ အာဒိ၊ ရှေးဦးစွာ
သုဓ်သင်ရမည့် အစဟူသည်။ ကော၊ အဘယ်ပါနည်း ဟူမူ။ သုဝိသုဒံ္ဓ၊ ကောင်းစွာ
စင်ကြယ်သော။ သီလဉ္စ၊ ပါတိမောက္ခသံဝရ သီလသည်၎င်း။ ဥဇုကာ၊ ဖြောင့်မတ်သော။ ဒိဋ္ဌိ
စ၊ ကံနှင့် ကံ၏ အကျိုးရှိသည်ဟု ယုံကြည် ယူဆသော သမ္မာဒိဋ္ဌိသည်၎င်း။ အာဒိ၊
ရှေးဦးစွာ သုဓ်သင်ရမည့် အစပေတည်း။ ဥတ္တိယ၊ ဥတ္တိယရဟန်း။ ယတောခေါ၊
အကြင်အခါ၌ကား။ တေ၊ သင်၏။ သီလဉ္စ၊ ပါတိမောက် သီလသည်လည်း။ သုဝိသုဒံ္ဓ၊
ကောင်းစွာ စင်ကြယ်သည်။ ဘ၀ိဿတိ၊ ဖြစ်လတံ့။ ဒိဋ္ဌိ စ၊ ကမ္မဿကတာ
သမ္မာဒိဋ္ဌိသည်လည်း။ ဥဇုကာ၊ ဖြောင့်မတ်သည်။ ဘ၀ိဿတိ၊ ဖြစ်လတံ့။ ဥတ္တိယ၊
ဥတ္တိယရဟန်း။ တတော၊ ထိုအခါ၌။ တွံ၊ သင်သည်။ သီလံ နိဿာယ၊ ပါတိမောက်သီလကို
မှီ၍။ သီလေ ပတိဋ္ဌာယ၊ ပါတိမောက်သီလ၌ တည်၍။ စတ္တာရော သတိပဋ္ဌာနေ၊ လေးပါးသော
သတိပဋ္ဌာန်တို့ကို။ ဘာဝေယျာသိ၊ ပွါးစေလော့။
ဤပါဠိတော်၌ သီလဟု သာမည ဟောသော်လဲ ဈာန၀ိဘင်း ပါဠိတော်နှင့်
ကင်္ခါဋီကာသစ်တို့၌ ဖွင့်ပြသည်နှင့်အညီ ပါတိမောက်သီလဟုဖော်၍
အနက်ပြန်လိုက်သည်၊ ဤသြ၀ါဒ၌ `ပါတိမောက်သီလ စင်ကြယ်သော အခါမှာ
သတိပဋ္ဌာန်တို့ကို ပွါးလေ´ ဟူ၍သာ ဆုံးမ၏၊ မည်မျှ ကြာမြင့်စွာ
စင်ကြယ်စေနှင့်ရမည်- ဟူ၍ကား မဆုံးမချေ၊ ဤအချက်ကို လေးနက်စွာ
သတိပြုမိပါစေ၊ ထို့ပြင် သတိပဋ္ဌာန်တပါးပါးကိုသာ ပွါးစေရမည်ဟုမဟောမူ၍
သတိပဋ္ဌာန်လေးပါးတို့ကို ပွါးစေရန် ညွှန်ကြားတော်မူသောကြောင့် သတိပဋ္ဌာန်
လေးပါးလုံးကို ရောပြွမ်း ပွါးစေခြင်းကိုလဲ `ဘုရား၏ အဆုံးအမတော်ပင်´ ဟု
သိအပ်၏။
အရှင်ဥတ္တိယမထေရ်သည် အထက်ပါအဆုံးအမအတိုင်းအားထုတ်၍ မကြာမီပင် ရဟန္တာဖြစ်
သွားကြောင်း ထိုပါဠိတော်၌ လာ၏၊ သို့ဖြစ်၍ ဤမထေရ်သည် ပစ္ဆိမဘ၀ိကပင်တည်း၊
သို့သော်လဲ ရဟန်း၏ သီလမစင်ကြယ်မှုသည် အန္တရာယ်ဖြစ်သောကြောင့်
၎င်းကိုရှေးဦးစွာ သုဓ်သင်စေရန် ဆုံးမတော်မူသည်၊ နိယတမိစ္ဆာဒိဋ္ဌိအဖြစ်သို့
ရောက်လျှင် အန္တရာယ်ဖြစ်သောကြောင့် ဒိဋ္ဌိကိုလဲ ဖြောင့်မတ်စေရန်
ဆုံးမတော်မူသည်၊ သို့ဖြစ်၍ ဤမထေရ်အား ဆုံးမပုံနှင့် သန္တတိအမတ်ကြီး၏
ဝတ္ထုတို့ကို စပ်၍ကြည့်လျှင် `ပစ္ဆိမဘ၀ိက ပင်ဖြစ်သော်လဲ ရဟန်း၏
သီလပျက်မှုသည် မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်၏၊ လူ၏ သီလပျက်မှုသည်ကား
အန္တရာယ်ကို မပြုတတ်´ဟူသော အနက်သည် ထင်ရှားလှပေ၏၊ ထို့ကြောင့်
`ပစ္ဆိမဘ၀ိကဖြစ်၍သာ ရှေးအဖို့က သီလမစင်ကြယ်ပဲ မဂ်ကို ရနိုင်သည်´ဟူ၍ကား
မဆိုအပ်သည်သာတည်း။
ငါးမျှားနေသူ တရားထူးရပုံ။ ။တနေ့သ၌ မြတ်စွာဘုရားသည် အရိယမည်သော
ငါးမျှားသမား၏ ဥပနိဿယကို မြင်တော်မူ၍ သာဝတ္ထိမြို့၏ မြောက်တံခါးအနီးရွာ၌
ဆွမ်းခံပြီးလျှင် ရဟန်းသံဃာနှင့်တကွ ပြန်ကြွလာတော်မူလေ၏၊ ထိုအခါ၌
ငါးမျှားချိတ်ဖြင့် ငါးမျှားလျက်နေသော အရိယသည် သံဃာတော်နှင့်တကွ
ဘုရားကိုမြင်၍ ငါးမျှားတံကို ချပြီးလျှင် ရပ်လျက်နေ၏၊ သင်အဘယ်
အမည်ရှိသနည်းဟု မြတ်စွာဘုရားက မေးတော်မူလျှင် `အရိယ မည်ပါသည်´ဟု
လျှောက်ထား၏၊ ထိုအခါ `သင်ကဲ့သို့ ညှဉ်းဆဲ သတ်ဖြတ်တတ်သော သူသည် အရိယ မမည်၊
အရိယာဟူသည်မှာ မညှဉ်းဆဲတတ်´ ဟု မိန့်တော်မူပြီးလျှင် အောက်ပါ ဂါထာကို
ဟောတော်မူ၏---
န တေန အရိယော ဟောတိ၊ ယေန ပါဏာနိ ဟိံသတိ။
အဟိံသာ သဗ္ဗပါဏာနံ၊ အရိယောတိ ပ၀ုစ္စတိ။ (ဓမ္မပဒ-၂၇၀)
ယေန၊ အကြင် ဒေါသ စသော အကြောင်းကြောင့်။ ပါဏာနိ၊ သတ္တ၀ါတို့ကို။ ဟိံသတိ၊
ညှဉ်းဆဲသတ်ဖြတ်၏။ တေန၊ ထိုဒေါသ စသောအကြောင်းကြောင့်။ န အရိယော၊ အရိယာ
မမည်သည်။ ဟောတိ၊ ဖြစ်၏၊ သဗ္ဗပါဏာနံ၊ ခပ်သိမ်းသော သတ္တ၀ါတို့ကို။ အဟိံသာ၊
ညှဉ်းဆဲမှုကင်းခြင်းကြောင့်။ အရိယောတိ၊ အရိယာဟူ၍။ ပ၀ုစ္စတိ၊ ခေါ်ဆိုအပ်၏။
ဤဒေသနာတော် အဆုံး၌ ငါးမျှားသမား အရိယသည် သောတာပန် ဖြစ်သွားသည်ဟု ဓမ္မပဒ
အဋ္ဌကထာ (၂-၂၅၀) ၌ ဆို၏။
ဂဏ္ဌိဘေဒက စောရ၀တ္ထု။ ။တနေ့သ၌ ဇေတ၀န်ကျောင်းတော်တွင် မြတ်စွာဘုရား
တရားဟောစဉ် ပရိသတ်ထဲ၌ ခါးပိုက်နှိုက်သူခိုး ၂-ဦးလဲ ပါဝင်လျက်ရှိလေ၏၊
ထိုနှစ်ဦးတို့တွင် တယောက်သောသူသည် တရားကို ရိုသေစွာနာ၍ သောတာပန်
ဖြစ်လေ၏။ အခြားတယောက်မှာ နှိုက်ချွတ်ခိုးယူခဲ့၍ ငါးပဲမျှ ရခဲ့၏၊ ထိုသူက
အိမ်သို့ရောက်သောအခါ သူ့မိတ်ဆွေကို ဤသို့ ပြောင်လှောင်၏ `မိတ်ဆွေ သင့်မှာ
အလွန်လိမ္မာတဲ့ အတွက် ထမင်းဖိုးကိုမျှ မရခဲ့တာပဲ´ ဟု ဆို၏။ ထိုအခါ
သောတာပန်ဖြစ်ပြီးသော သူက ဤသို့သင့်တော်စွာ ဆင်ခြင်လေ၏ `သူ မသိရှာလို့
သူ့ကိုယ်သူ လူလိမ္မာပညာရှိဟု ထင်မှတ်နေရှာပေသည်´ ဟူ၍ အောက်မေ့ပြီးလျှင်
ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်လေ၏၊ မြတ်စွာဘုရားက
အောက်ပါဂါထာကို ဟောတော်မူလေသည်---
ယော ဗာလော မညတိ ဗာလျံ၊ ပဏ္ဍိတော ၀ါပိ တေန သော။
ဗာလောဝ ပဏ္ဍိတမာနီ၊ သ ဝေ ဗာလောတိ ၀ုစ္စတိ။ (ဓမ္မပဒ-၆၃)
ယော ဗာလော၊ မလိမ္မာသော အကြင်သူသည်။ ဗာလျံ၊ မိမိ၏ မသိ မလိမ္မာခြင်းကို။
မညတိ၊ သိ၏။ သော၊ ထိုသူသည်။ တေန၊ ထိုသို့ မသိ မလိမ္မာသေးသည်ကို
သိခြင်းကြောင့်။ ပဏ္ဍိတော ၀ါပိ၊ ပညာရှိသော်လဲ ဖြစ်နိုင်သေး၏။ ယော ပန၊
အကြင်သူသည်ကား၊ ဗာလောဝ၊ မသိ မလိမ္မာသူဖြစ်ပါလျက်။ ပဏ္ဍိတမာနီ၊ ငါ ပညာရှိဟု
ထင်မှတ်၏။ သော၊ ပညာရှိ မဟုတ်ပါပဲလျက် ပညာရှိဟု အထင်ရောက်သော ထိုသူကို။
ဝေ၊ စင်စစ်။ ဗာလောတိ၊ လူမိုက်ဟူ၍။ ၀ုစ္စတိ၊ ခေါ်ဆိုအပ်၏။
အဓိပ္ပါယ်ကား။ ။မသိမလိမ္မာသော လူမိုက်ပင်ဖြစ်စေကာမူ `ငါ မသိတတ်ဘူး
မိုက်တယ်´ ဟု သိလျှင် တော်သေး၏။ ကိုယ့်ထက် တတ်သိ လိမ္မာသော သူတို့၏
အဆုံးအမကို နာခံ၍ လူလိမ္မာ ပညာရှိတယောက် ဖြစ်နိုင်သေး၏၊ မတတ်သိ မလိမ္မာသော
လူမိုက်ဖြစ်ပါလျက် `ငါဟာ ပညာရှိပဲ ငါသိတယ် နားလည်တယ်´ ဟု ထင်မှားလျက်
နေသောသူသည်ကား လူမိုက်အစစ်ပေတည်း၊ မိမိလောက် တတ်သိနားလည်တဲ့လူ မရှိဘူးဟု
အောက်မေ့လျက် မည်သူ၏ သြ၀ါဒကိုမျှ မနာခံသောကြောင့် ထိုသို့သောသူမှာ
လူမိုက် ဘ၀မှ တက်လမ်းမရှိပြီ၊ လူလိမ္မာ ပညာရှိ မဖြစ်နိုင်တော့ပြီ၊
ထို့ကြောင့် ထိုလူမျိုးကို `လူမိုက်အစစ်´ ဟု ခေါ်ရမည်ဟူလို။
သရဏာနိဥပါသကာ။ ။သာကီဝင်မင်းမျိုး ဦးသရဏာနိ သေဆုံးသွားသောအခါ
မြတ်စွာဘုရားက ၎င်းဦးသရဏာနိသည် သောတာပန်ဖြစ်၍ အပါယ်မှလွတ်မြောက်ကြောင်း
မိန့်ကြားတော်မူ၏၊ ထိုအခါသာကီဝင် မင်းမျိုးများက ဤသို့ ကဲ့ရဲ့ပြောဆိုကြ၏၊
ကဲ့ရဲ့ပုံ သံယုတ်ပါဠိတော်ကား---
`အစ္ဆရိယံ ၀တ (ပ) မဇ္ဇပါနံ အပါယီတိ။ (ရှေ့သုတ်) သရဏာနိ သက္ကော သိက္ခာယ
အပရိပူရကာရီတိ။ (နောက်သုတ်၌ အထူး)
အံ့စရာကောင်းပါပေရဲ့ မောင်တို့၊ ထူးဆန်းပါပေရဲ့ မောင်တို့၊ ယခု
ဒီလူတွေထဲမှာ ဘယ်သူဟာ သောတာပန် မဖြစ်ပဲ နေပါတော့မလဲ၊ ဘာကြောင့်လဲဆိုလျှင်
သေဆုံးသွားလေတဲ့ ဦးသရဏာနိကို မြတ်စွာဘုရားက မိန့်ကြားတော်မူသည်မှာ
ဦးသရဏာနိဟာ သောတာပန်ကြီးတဲ့၊ အပါယ်မကျတော့ဘူးတဲ့၊ မဂ်ဖြင့်
ခိုင်မြဲနေပြီတဲ့၊ အထက်မဂ်များကို ဧကန်ရောက်တော့မတဲ့ မောင်တို့၊
သာကီဝင်မင်းမျိုး ဦးသရဏာနိဟာ အကျင့်သိက္ခာဘက်မှာ အားနည်းနေတာပဲ၊
သေရည်အရက်ကို သောက်စားနေတာပဲ၊ သီလသိက္ခာကို ပြည့်စုံအောင်
ကျင့်လေ့မရှိဘူး၊ ဒါတောင်မှ သောတာပန် ဖြစ်သေးသတဲ့ မောင်တို့ဟူ၍
ကဲ့ရဲ့ပြောဆို ကြ၏။ ထိုအကြောင်းကို မဟာနာမ်မင်းက လျှောက်ထားလေရာ
မြတ်စွာဘုရားက ပုဂ္ဂိုလ်အမျိုးမျိုး ရှိကြောင်းကို ကရုဏာဖြင့် ဝေဘန်၍
ဟောတော်မူ၏၊ ဟောပုံအကျယ်ကို အလိုရှိပါလျှင် သောတာပတ္တိ သံယုတ် သရဏာနိဝဂ်
(သံ-၃-၃၂၆-၃၃၁) မှာ ကြည့်ရှုပါလေ။
ထို့ပြင် ကျောက်စရစ် သစ်ငုတ်ထူထပ်သော ကျတ်တီးပြင် လယ်မြေညံ့၌ ပုပ်ဆွေးသော
မျိုးစေ့, မအောင်မြင်သော မျိုးစေ့ကို စိုက်ပျိုးလျှင် ထိုမျိုးစေ့မှ
အပင်မပေါက်နိုင်, မကြီးပွါးနိုင်သကဲ့သို့ ထို့အတူပင် မမှန်သော
တရားနည်းလမ်းအတိုင်း ကျင့်မှု, အားထုတ်မှုဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို
မရနိုင်ဟူ၍၎င်း, အကောင်းဆုံးမြေလယ်၌ အောင်မြင်နေသော မျိုးစေ့ကို
စိုက်ပျိုးလျှင် ထိုမျိုးစေ့မှ ထွားကျိုင်းစွာ အပင်ပေါက်၍
စည်ပင်ကြီးပွါးနိုင်သကဲ့၎င်း ထို့အတူပင် သမ္မာသမ္ဗုဒ္ဓ ဘုရားဟောအပ်သော
တရားနည်းလမ်းအမှန်အတိုင်း ကျင့်မှု အားထုတ်မှုဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို
ဧကန် ရနိုင်သည်ဟူ၍၎င်း ဟောတော်မူပြီးလျှင် နည်းလမ်းမှန်အတိုင်း အားထုတ်သော
သရဏာနိဥပါသကာကို အဘယ့်ကြောင့် သောတာပန် မဖြစ်စေနိုင်ပဲ ရှိအံ့နည်းဟု
အောက်ပါအတိုင်း ဒေသနာတော်ကို အဆုံးသတ်တော် မူလေသည်----
ကိမင်္ဂံ ပန သရဏာနိံ သကံ္က၊ သရဏာနိ မဟာနာမ သက္ကော မရဏကာလေ သိက္ခာယ ပရိပူရကာရီတိ။
သရဏာနိံ သကံ္က၊ သာကီဝင်မျိုး သရဏာနိ ဥပါသကာကို။ ကိမင်္ဂံ ပန၊
အဘယ့်ကြောင်းကြောင့် သောတာပန်မဖြစ်စေနိုင်ပဲရှိအံ့
အို-မဟာနာမ်။ သရဏာနိ သက္ကော၊ သာကီဝင်မျိုး သရဏာနိ ဥပါသကာသည်။ မရဏကာလေ၊
သေခါနီးကာလ၌။ သိက္ခာယ၊ သီလအကျင့်၌။ ပရိပူရကာရီ၊ အပြည့်အစုံ ပြုကျင့်လေ၏။
ဣတိ၊ ဤသို့ ဟောတော်မူ၏။
ဤသုတ်ဖြင့် `သရဏာနိ ဥပါသကာသည် ရှေးအဖို့က သီလမစင်ကြယ်´ ဟူ၍၎င်း၊
`သေခါနီးကာလကျမှ သောတာပန်ဖြစ်၍ သီလသိက္ခာ ပြည့်စုံသွားသည်´ ဟူ၍၎င်း
ထင်ရှားသိရ၏။
ဆိုခဲ့ပြီးသော အရိယမည်သောသူ, ခါးပိုက်နှိုက်သမား, သရဏာနိ ဥပါသကာတို့သည်ကား
သောတာပန်မျှသာ ဖြစ်သောကြောင့် ပစ္ဆိမဘ၀ိက မဟုတ်ကုန်၊ ထို့ကြောင့်
`ပစ္ဆိမဘ၀ိကဖြစ်၍ ရှေးအဖို့က သီလ မစင်ကြယ်ကြပဲ မဂ်ဖိုလ်ကို ရနိုင်သည်ဟူ၍
ဆိုဘွယ်ကား မရှိတော့ပြီ၊ သို့သော်လဲ အချို့က ဤသို့ ဆိုပြန်သေး၏၊
`အရိယ-စသော ထိုသူတို့မှာ ဥဂ္ဃဋိတညူ, ၀ိပဥ္စိတညူ ပုဂ္ဂိုလ်များ
ဖြစ်သောကြောင့်သာ ထိုသို့ ဖြစ်နိုင်ကြသည်၊ နေယျပုဂ္ဂိုလ်တို့မှာကား
ရှေးအဖို့က ကြာမြင့်စွာ သီလစင်ကြယ်မှသာလျှင် မဂ်ဖိုလ်ကို ရနိုင်သည်´ဟု
ဆိုကြပြန်သေး၏၊ ထိုစကားသည်လည်း ပါဠိ, အဋ္ဌကထာ, ဋီကာတို့၌ မရှိသောကြောင့်
ထင်မြင်ချက်မျှဖြင့် ပြောဆိုအပ်သော စကားများသာတည်း။ နေယျပုဂ္ဂိုလ်၏
အားထုတ်စဉ်ကို အောက်တွင် ကြည့်ပါလော့---
ကတမော စ ပုဂ္ဂလော နေယျော၊ (ပ) အယံ ၀ုစ္စတိ ပုဂ္ဂလော နေယျော။ (ပုဂ္ဂလပညတ် ပါဠိ-၁၄၇)
နေယျော၊ နေယျပုဂ္ဂိုလ်သည်။ ကတမော စ ပုဂ္ဂလော၊ အဘယ်ပုဂ္ဂိုလ်ပါနည်းဟူမူ။
ဥဒ္ဒေသတော၊ ကမ္မဋ္ဌာန်းဆိုင်ရာ ပါဠိကို သင်ယူလျက်။ ပရိပုစ္ဆတော၊
အနက်အဓိပ္ပါယ်ကို မေးမြန်းလျက်။ ယောနိသော မနသိကရောတော၊ သင့်လျော်စွာ
နှလုံးသွင်းလျက်။ ကလျာဏမိတ္တေ၊ ညွှန်ပြဆုံးမနိုင်သော မိတ်ဆွေကောင်းတို့ကို။
သေ၀တော၊ မှီဝဲလျက်။ ဘဇတော၊ ချဉ်းလျက်။ ပယိရုပါသတော၊ ဆည်းကပ်လျက်။ ဧ၀ံ
အနုပုဗ္ဗေန၊ ဤသို့သောအစဉ်ဖြင့်။ ယဿ ပုဂ္ဂလဿ၊ အကြင်ပုဂ္ဂိုလ်၏။ ဓမ္မာဘိသမယော၊
သစ္စာလေးပါးတရား ကို သိခြင်းသည်။ ဟောတိ၊ ဖြစ်၏။ အယံ ပုဂ္ဂလော၊
ဤပုဂ္ဂိုလ်ကို။ နေယျော၊ နေယျပုဂ္ဂိုလ်ဟူ၍။ ၀ုစ္စတိ၊ ခေါ်ဆိုအပ်၏။
ဤပါဠိတော်၌ မည်သည့်ဘ၀နှင့်မဆို ကမ္မဋ္ဌာန်းကို သင်ယူခြင်းသည် ဥဒ္ဒေသမည်၏၊
၎င်းနည်း၌ နားမလည်သော အနက်အဓိပ္ပါယ်ကို မေးခြင်းသည် ပရိပုစ္ဆာမည်၏၊
နည်းလမ်းကျကျ နှလုံးသွင်း အားထုတ်ခြင်းသည် ယောနိသောမနသိကာရမည်၏။
အားထုတ်စဉ်၌ ယုံမှားမှု ဖြစ်သော အခါ ထိုယုံမှားမှုကို ပယ်ဖျောက်ရန် ၀ီရိယ,
သဒ္ဓါ, ဆန္ဒ ယုတ်လျော့သောအခါ ၎င်းတို့ကို တိုးတက်စေရန် ဤသို့ စသော အကျိုးအတွက်
နည်းပေးလမ်းပြ ဆုံးမ ဟောပြောနိုင်သော ဆရာသမားတို့ထံသို့ သွားရောက်
မေးမြန်းခြင်း, နည်းသစ်ခံယူခြင်း စသည်တို့သည် ကလျာဏမိတ္တသေ၀န, ဘဇန,
ပယိရူပါသန မည်ကုန်၏၊
ဤအစဉ်ဖြင့် အားထုတ်၍ မဂ်ဖိုလ်ကို ရသောသူသည် နေယျပုဂ္ဂိုလ်မည်၏။ ဤမျှသာ
ဆိုချေသည်၊ တရားအားမထုတ်မီက မည်၍ မည်မျှ ကြာအောင် သီလကို စင်ကြယ်စေရမည်
ဟူ၍ကား မဆိုချေ။
ဥဂ္ဃဋိတညုဿ (ပ) အဓိပညာသိက္ခာ စ။ (နေတ္တိအဋ္ဌကထာ ၂၁၂-၂၁၃)
ဥဂ္ဃဋိတညုဿ၊ ဥဂ္ဃဋိတညူအား။ သမထပုဗ္ဗင်္ဂမာ၊ သမထရှေ့သွားရှိသော။ ၀ိပဿနာ၊
ဝိပဿနာသည်။ သပ္ပါယော၊ လျောက်ပတ်၏။ နေယျဿ၊ နေယျအား။ ၀ိပဿနာ ပုဗ္ဗင်္ဂမော၊
ဝိပဿနာ ရှေ့သွားရှိ သော။ သမထော၊ သမထသည်။ သပ္ပါယော၊ လျောက်ပတ်၏။
ဝိပဥ္စိတညုဿ၊ ၀ိပဥ္စိတညူအား။ ယုဂနဒ္ဓါ၊ အစုံဖွဲ့အပ်သော။ သမထ ၀ိပဿနာ၊
သမထ၀ိပဿနာသည်။ သပ္ပါယာ၊ လျောက်ပတ်၏။ ဥဂ္ဃဋိတညုဿ၊ ဥဂ္ဃဋိတညူအား။ အဓိပညာသိက္ခာ၊
အဓိပညာသိက္ခာ သည်။ သပ္ပါယာ၊ လျောက်ပတ်၏။ ၀ိပဥ္စိတညုဿ၊ ၀ိပဥ္စိတညူအား။
အဓိစိတ္တသိက္ခာ စ၊ အဓိစိတ္တသိက္ခာသည်၎င်းင်း။ အဓိပညာသိက္ခာ စ၊ အဓိပညာ သိက္ခာသည်၎င်း။
သပ္ပါယာ၊ လျောက်ပတ်ကုန်၏။ နေယျ ဿ၊ နေယျပုဂ္ဂိုလ်အား။ အဓိသီလသိက္ခာ စ၊
အဓိသီလသိက္ခာသည်၎င်း။ အဓိစိတ္တသိက္ခာ စ၊ အဓိစိတ္တသိက္ခာသည်၎င်း။ အဓိပညာသိက္ခာ စ၊
အဓိပညာသိက္ခာသည်၎င်း။ သပ္ပါယာ၊ လျောက်ပတ်ကုန်၏။
ဤအဋ္ဌကထာ၌လည်း သင့်လျော်သည်ကိုသာ ပြဆို၏၊ ထိုသင့်လျော်သော သိက္ခာတို့ကို
မုချ ပြည့်စုံစေရမည်ဟု ပြလိုရင်းမဟုတ်၊ ထို့ကြောင့် `နေယျပုဂ္ဂိုလ်အား
သိက္ခာ ၃-ပါးလုံး သင့်လျော်သည်´ ဟု ဆိုရာ၌ `နေယျပုဂ္ဂိုလ်တိုင်း
သီလနှင့်သမထဈာန်တို့ကို ရှေးအဖို့ကပင် မုချပြည့်စုံစေရမည်´ ဟူ၍ကား
မယူအပ်သည် သာတည်း၊ ထိုသို့ယူခဲ့လျှင် ၀ိပဥ္စိတညူနှင့်
နေယျပုဂ္ဂိုလ်ဟူသမျှကိုလဲ `ရှေးအဖို့ကပင် ဈာန်ရချည်း´ဟူ၍ ဆိုရလိမ့်မည်၊
ထိုသို့ကား မဖြစ်နိုင်သည်သာတည်း။ ထို့ပြင် ဥဂ္ဃဋိတညူ, ၀ိပဥ္စိတညူတို့၏ အရာ၌
သီလ သိက္ခာကို လျောက်ပတ်သည်ဟု မဆိုသောကြောင့် ဥဂ္ဃဋိတညူ, ၀ိပဥ္စိတညူ
ဖြစ်ထိုက်သော ရဟန်း၏ အာပတ်ကိုလဲ `အာဏာဝီတိက္ကမန္တရာယ် မဖြစ်´ဟု
ဆိုရလိမ့်မည်၊ သို့သော် ရဟန်း၏ သစိတ္တကအာပတ်ဟူသမျှသည် အန္တရာယ်ပြုတတ်သည်
ချည်းသာတည်း၊ သို့ဖြစ်၍ `နေယျပုဂ္ဂိုလ်အား သီလ, သမထ ၂-ပါးလုံးပင်
ရှေးအဖို့က ပြည့်စုံပါလျှင် ၀ိပဿနာပညာ, မဂ်ပညာတို့အား အထူးကျေးဇူးများ
တတ်သောကြောင့်သာလျှင် သိက္ခာ ၃-ပါးလုံး သင့်လျော်သည်ဟု ပြဆိုတော်မူသည်´
ဟူသော ဤအနက် အဓိပ္ပါယ်ကိုသာ မှတ်ယူအပ်၏။
သင့်လျော်ပုံကား။ ။ဥဂ္ဃဋိတညူအား အကျဉ်းချုပ်တရားကို နာကြားစဉ်အတွင်း၌
အလွန်လျင်မြန်စွာ ၀ိပဿနာဉာဏ်, မဂ်ဉာဏ်များ ဖြစ်ပေါ်ကြ၏၊ ထို့ကြောင့်
သမထဈာန်ကို အကြိမ်ကြိမ် ၀င်စားခွင့် မရပြီ၊ အကြိမ်ကြိမ် ၀င်စား၍
အားပေးရန်လဲ မလိုပြီ၊ ဥဂ္ဃဋိတညူ, ၀ိပဥ္စိတညူ ၂-ပါးလုံးတို့အား
တရားနာစဉ်တွင် ၀ိပဿနာဉာဏ်, မဂ်ဉာဏ်များ ဖြစ်ပေါ်လာကြသောကြောင့် မိမိသီလကို
ဆင်ခြင်၍ အားပေးရန်မလိုပြီ၊ ဟောသော ပုဂ္ဂိုလ်နှင့် ဟောအပ်သော တရား၌
ကြည်ညိုသောသဒ္ဓါဖြင့်ပင် ပါမောဇ္ဇ, ပီတိစသည်ကို ဖြစ်စေလျက် အားတက်စေနိုင်၏၊
သို့ဖြစ်၍ `ဥဂ္ဃဋိတညူအား သီလသမထတို့ကို, ၀ိပဥ္စိတညူအား သီလကို
အထူးကျေးဇူးများသည်၊ အထူးသင့်လျော်သည်´ဟု မဆိုအပ်ကုန်ပြီ။
နေယျသည်ကား ကြာမြင့်စွာ အားထုတ်ရသောကြောင့် ရံခါ မိမိ၏သီလကို ဆင်ခြင်မိ၏၊
ချွတ်ယွင်းသည်ကို တွေ့လျှင် နှလုံးမသာဖြစ်၏၊ ကုက္ကုစ္စအားကြီးသော
အချို့သူမှာ ထိုအခိုက်၌ စင်ကြယ်သော်လဲ ရှေးက လွန်ကျူးမိသည်ကို သတိရ၍
စိတ်ပူပန်တတ်သေး၏၊ မပယ်ဖျောက်နိုင်လျှင် ထိုနှလုံးမသာမှု
စိတ်ပူပန်မှုကြောင့် ၀ိပဿနာ ပျက်တတ်၏၊ ရှည်မြင့်စွာသော ကာလပတ်လုံးဖြစ်စေ,
ကမ္မဋ္ဌာန်းဝင်သည်မှ စ၍ြုဖစ်စေ သီလစင်ကြယ်သည်ကို တွေ့မြင်ရလျှင်ကား
စိတ်နှလုံးရွှင်သာ ၀မ်းမြောက်ခြင်း ဖြစ်တတ်၏၊ အားရကျေနပ်ခြင်း ပါမောဇ္ဇ,
ပီတိတို့ ဖြစ်တတ်ကုန်၏၊ စိတ်အေးချမ်းမှု ပဿဒ္ဓိဖြစ်တတ်၏၊ စိတ်ချမ်းသာမှု သုခ
ဖြစ်တတ်၏၊ စိတ်ချမ်းသာခြင်းကြောင့် သမာဓိ, ပညာတို့ ထက်သန်စွာ
ဖြစ်တတ်ကုန်၏၊ ထို့ကြောင့် ရှေးအဖို့ ကြာမြင့်စွာကဖြစ်စေ,
ကမ္မဋ္ဌာန်းဝင်သောကာမှဖြစ်စေ အစပြု၍ စင်ကြယ်သောသီလသည် နေယျပုဂ္ဂိုလ်အား
အထူးကျေးဇူးများပေ၏။
သမထ၏ ကျေးဇူးများပုံ။ ။ယဿ ဟိ သမာဓိပိ (ပ) ဗဟူပကာရာ သမာပတ္တိ။ (မ-ဋ္ဌ-၁-၃၁၈)
မြန်မာပြန်။ ။အကြင်ယောဂီအား ၀ိပဿနာသမာဓိလဲ နုသေး၏၊ ၀ိပဿနာပညာလဲ နုသေး၏၊
ထိုယောဂီအား ရှုမှတ်မှု ၀ိပဿနာကို ဖြစ်စေ၍ အလွန်ကြာမြင့်စွာ ထိုင်နေလျှင်
ကိုယ်ပင်ပန်း၏၊ ကိုယ်တွင်း၌ မီးထသကဲ့သို့ ဖြစ်တတ်၏၊ (မီးလောင်သကဲ့သို့
တကိုယ်လုံး ပူတတ်သည်ဟူလို၊) လက်ကတီးကြားတို့မှ ချွေးများထွက်တတ်ကုန်၏။
(တကိုယ်လုံးမှလဲ ချွေးကျတတ်သည်ပင်၊) ဦးခေါင်းထက်မှ အခိုးအငွေ့
ထောင်းထောင်းထနေသကဲ့သို့ ဖြစ်တတ်၏၊ စိတ်သည် မချုပ်တည်းနိုင်အောင်
ပင်ပန်းတုန်လှုပ်တတ်၏၊ ထိုအခါ၌ ထိုယောဂီသည် တဖန် ဈာန်သမာပတ်ကိုဝင်စား၍
ထိုကိုယ်စိတ်ပင်ပန်းမှုကို သိမ်မွေ့နူးညံ့စေလျက် သက်သာငြိမ်းစေပြီးလျှင်
ရှုမှတ်မှု ၀ိပဿနာကို တဖန် ဖြစ်စေပြန်၏၊ ထိုယောဂီအား တဖန် ကြာမြင့်စွာ
ရှုမှတ်လျက် ထိုင်နေပြန်လျှင်နည်းတူပင် ကိုယ်စိတ်ပင်ပန်းပြန်၏၊
ထိုအခါထိုယောဂီသည် တဖန်ဈာန်သမာပတ်ကို ၀င်စား၍ နည်းတူပင် ပြုရပြန်၏၊
သို့ဖြစ်၍ ဈာန်သမာပတ်သည် ၀ိပဿနာအား ကျေးဇူးများပေ၏။
ဤအဋ္ဌကထာ၌ မိန့်ဆိုသည့်အတိုင်းပင် ရှေးအဖို့က သမထဈာန်ကို ရပြီးသော
နေယျပုဂ္ဂိုလ်သည် `ကြာမြင့်စွာ ရှုမှတ်လျက် နေခြင်းကြောင့်
ကိုယ်စိတ်ပင်ပန်းမှု ဖြစ်ပေါ်တိုင်း´ ဈာန်ကို ၀င်စား၍ အပန်းပြေစေပြီးလျှင်
တဖန် ရှုမှတ်ရလေသည်၊ ဤသို့ ရှုမှတ်၍ ၀ိပဿနာ သမာဓိ, ပညာတို့ကို
ရင့်ကျက်စေရ၏၊ သမာဓိ, ပညာရင့်သောကာလ၌ကား ကိုယ်စိတ်၏ ပင်ပန်းမှု မရှိပြီ၊
တနေ့လုံး တညဥ့်လုံးသော်လဲ အစဉ်မပြတ် တစပ်တည်း ရှုမှတ်နိုင်လေ၏၊
ထို့ကြောင့် သမထဈာန်သည်လည်း နေယျပုဂ္ဂိုလ်အား အထူးပင် ကျေးဇူးများပေ၏။
ယခုအခါကာလ ၀ိပဿနာယာနိကယောဂီတို့သည်လည်း အထက်ပါအတိုင်း ကိုယ်စိတ်၏
ပင်ပန်းမှုကို အများအားဖြင့်တွေ့ရတတ်၏၊ ထိုအခါ ဈာန်မရှိသောကြောင့်
ရှုမှတ်နေကျ နိုင်နင်းသော မှတ်စဉ်အတိုင်းသာ ရှုမှတ်လျက်
အပန်းဖြေစေပြီးလျှင် ၀ိပဿနာရင့်သန်ခြင်းသို့ ရောက်စေကြရလေတော့သည်။
ဤသို့ဖြစ်၍ ပြခဲ့သည့်အတိုင်း သီလ, သမထတို့သည်
အထူးကျေးဇူးများကြသောကြောင့် သာလျှင် `နေယျ-အား သိက္ခာ ၃-ပါးလုံး
သင့်လျော်သည်´ ဟု နေတ္တိအဋ္ဌကထာ၌ ဆိုလေသည်၊ ရှေးအဖို့ ရှည်မြင့်စွာသော ကာလက
မုချပြည့်စုံစေအပ်သောကြောင့် ဆိုသည်ကား မဟုတ်ဟူ၍ မြဲမြံစွာ မှတ်သားအပ်၏။
ထို့ပြင် ပြခဲ့ပြီးသော သရဏာနိ ဥပါသကာကိုလဲ `သေခါနီး၌ နှလုံးသွင်း
အားထုတ်၍ သောတာပန်ဖြစ်သွားသော `နေယျပုဂ္ဂိုလ်´ဟူ၍သာ ဆိုထိုက်၏၊
မည်သူဟောအပ်သော မည်သည့်တရားကို နာကြား၍ သောတာပန်ဖြစ်သည်ဟု
ပါဠိ,အဋ္ဌကထာတို့၌ မဆိုအပ်သောကြောင့် `ဥဂ္ဃဋိတညူ, ၀ိပဥ္စိတညူ´ဟူ၍ကား
မဆိုနိုင်သည်သာတည်း၊ ထို့ကြောင့် `နေယျပုဂ္ဂိုလ်တို့မှာ ရှေးအဖို့က
ကြာမြင့်စွာ သီလစင်ကြယ်မှသာလျှင် မဂ်ဖိုလ်ကို ရနိုင်သည်´ ဟု ဆိုသော
စကားမှာ ထင်မြင်ချက်မျှဖြင့် ဆိုအပ်သော စကားသာတည်း။
ယခုဘ၀တွင် မဂ်ဖိုလ်သို့ မရောက်နိုင်သော သူအားသော်လဲ ရှေးအဖို့က
သီလမစင်ကြယ်ပဲ ၀ိပဿနာဉာဏ် အလုံးစုံ ဖြစ်နိုင်သေး၏၊ ဖြစ်နိုင်ပုံကို
တမ္ဗဒါဌိက၏ ၀တ္ထုဖြင့် သိအပ်၏။
လူသတ်ဗိုလ်ကြီးနှင့် အနုလောမဉာဏ်။ ။ရာဇဂြိုဟ်မြို့၌ နှုတ်ခမ်းမွေး
နီသောကြောင့် တမ္ဗဒါဌိကဟု တွင်သောသူကို ဘုရင်မင်းမြတ်က ခိုးသူသတ်
ဗိုလ်မှူးအဖြစ် ခန့်ထား၏၊ ဖမ်းဆီး၍ရသော ဓားမြ သူခိုး လူဆိုးဟူသမျှကို
တမ္ဗဒါဌိကအား သတ်စေ၏၊ နေ့စဉ်နေ့တိုင်း တယောက်, နှစ်ယောက်, သုံးယောက်
စသည်ကို သတ်ဖြတ်လျက် တမ္ဗဒါဌိကသည် ၅၅-နှစ်ပတ်လုံး မင်းမှုထမ်းနေ၏၊
၅၅-နှစ်ကြာသောအခါ ထိုရာထူးမှ နှုတ်ထွက်ရ၏၊ နှုတ်ထွက်သောနေ့မှာပင်
ခိုးသူသတ်ဗိုလ်မှူး ဖြစ်စဉ်က သုံးဆောင်ခွင့်မရသောအရာတို့ကို
သုံးဆောင်လိုသောကြောင့် နွားနို့နှင့်ရောသော ယာဂုကို ကျိုစေ၏၊ နံ့သာဖြင့်
လိမ်းကျံ၏၊ မြတ်လေးပန်းကိုပန်၏၊ အသစ်စက်စက် အ၀တ်များကို ၀တ်ဆင်၏၊ ထိုသို့
ချယ်လှယ်ပြုပြင်ပြီးလျှင် နွားနို့ယာဂုကိုသောက်ရန်
အဆင်သင့်ထိုင်လျက်ရှိ၏၊ ထိုအခါမှာ အရှင်သာရိပုတြာသည်
သနားတော်မူသောကြောင့် ဆွမ်းရပ်တော်မူလေ၏၊ တမ္ဗဒါဌိကသည် မထေရ်ကို မြင်လျှင်
ဝမ်းမြောက်လျက် ပင့်လျောက်၍ ထိုင်နေစေပြီးလျှင် မိမိစားသောက်မည့် ယာဂုကို
ဆက်ကပ်၏၊ ယာဂုဘုဉ်းပေးပြီးလျှင် အရှင်သာရိပုတြာက အနုမောဒနာတရားဟော၏၊
၅၅-နှစ်ပတ်လုံး ပြုခဲ့သော မကောင်းမှုကို သတိရ၍ တမ္ဗဒါဌိကမှာ
စိတ်မငြိမ်မသက်ပဲ ရှိနေ၏။
ထိုအခါ အရှင်သာရိပုတြာက သိတော်မူ၍ ဒါယကာ-ထိုမကောင်းမှုတွေကို
သင့်အလိုအတိုင်း ပြုသလော၊ သို့မဟုတ် သူတပါးက ခိုင်း၍ ပြုသလောဟု မေး၏၊
ဘုရင်မင်းမြတ်က ခိုင်း၍ ပြုရပါသည်ဟု လျှောက်သောအခါ ဒါယကာသို့ဖြစ်လျှင်
သင်၏ မကောင်းမှု ဟုတ်ပါမည်လောဟု မေးတော်မူ၏၊ ထိုအခါ တမ္ဗဒါဌိကသည်
ဘုရင်မင်းမြတ်၏ မကောင်းမှု ချည်သားတည်း၊ ငါ့မှာ မကောင်းမှု မရှိဟု
အောက်မေ့ပြီးလျှင် စိတ်အေးချမ်းစွာနှင့် တရားနာနိုင် နှလုံးသွင်းနိုင်၍
အနုလောမခန္တိခေါ်သော သင်္ခါရုပေက္ခာဉာဏ်သို့ ရောက်သွားလေ၏။
သော ထေရေ အနုမောဒနံ ကထေန္တေ ဧကဂ္ဂစိတ္တော ဟုတွာ ဓမံ္မ သုဏန္တော သောတာပတ္တိ မဂ္ဂဿ
သြရတော အနုလောမိကံ ခန္တိံ နိဗ္ဗတ္တေသိ။ (ဓမ္မပဒ -ဋ္ဌ-၁-၄၀၇)
ထေရေ၊ အရှင်သာရိပုတြာမထေရ်သည်။ အနုမောဒနံ ကထေန္တေ၊ အနုမောဒနာတရားကို
ဟောတော်မူစဉ်။ သော၊ ထိုတမ္ဗဒါဌိကသည်။ ဧကဂ္ဂစိတ္တော ဟုတွာ၊ တည်ကြည်သော
စိတ်ရှိသည်ဖြစ်၍။ ဓမံ္မသုဏန္တော၊ တရားကို နာလျက်။ သောတာပတ္တိမဂ္ဂဿ သြရတော၊
သောတာ ပတ္တိမဂ်၏ ဤမှာဘက်အောက်ဘက်၌။ အနုလောမိကံ၊ မဂ်ဉာဏ်အား လျော်သော။
ခန္တိံ၊ သင်္ခါရုပေက္ခာဉာဏ်ကို။ နိဗ္ဗတ္တေသိ၊ ဖြစ်စေပြီ။ (၀ိပဿနာဉာဏ် သာမန်ကိုလဲ
အနုလောမိက ခန္တိဟု ခေါ်နိုင်၏၊ သို့သော်လဲ ဤ၌ သောတာပတ္တိမဂ္ဂဿ သြရတောဟု
ဆိုသောကြောင့် မဂ်နှင့်နီးကပ်သော သင်္ခါရုပေက္ခာကိုသာ ယူသင့်ပေသည်)။
တရားဟောပြီး၍ ကြွသွားတော်မူသော အရှင်သာရိပုတြာကို လိုက်၍ ပို့ပြီးနောက်
အပြန်တွင် ရန်ငြိုးရှိသော ဘီလူးမက နွားမယောင်ဆောင်၍ ဝှေ့သတ်သောကြောင့်
တမ္ဗဒါဌိကသည် သေ၍ တုသိတာနတ်ပြည်၌ ဖြစ်လေ၏၊ ထိုအခါ တရားသဘင်၌ ရဟန်းတို့သည်
ဤသို့ ဆွေးနွေးပြောဆိုကြ၏၊ `တမ္ဗဒါဌိကသည် ၅၅-နှစ်ပတ်လုံး
အလွန်ကြမ်းကြုတ်သော အမှုကိုပြု၏၊ ယနေ့ပင် ထိုအမှုမှ လွတ်၏၊ ယနေ့ပင်
အရှင်သာရိပုတြာအား ဆွမ်းလှူ၏၊ ယနေ့ပင် သေရှာလေပြီ၊ အဘယ်မှာ ဖြစ်ရှာလေသည်
မသိ´ ဟု ဆိုကြကုန်၏၊ ထိုစကားနှင့် စပ်၍ မြတ်စွာဘုရားက အောက်ပါ ဂါထာကို
ဟောတော်မူ၏။
သုဘာသိတံ သုဏိတွာန၊ နဂရေ စောရဃာတကော။
အနုလောမခနိံ္တ လဒ္ဓါန၊ မောဒတိ တိဒိဝံ ဂတော။ (ဓမ္မပဒ-ဋ္ဌ-၁-၄၀၇)
နဂရေ၊ ရာဇဂြိုဟ်မြို့၌။ စောရဃာတကော၊ ခိုးသူသတ်ဗိုလ်ကြီး တမ္ဗဒါဌိကသည်။
သုဘာသိတံ၊ အရှင်သာရိပုတြာ ကောင်းစွာ ဟောအပ်သော တရားစကားကို။ သုဏိတွာန၊
နာကြားရ၍။ အနုလောမခနိံ္တ၊ မဂ်ဉာဏ်အားလျော်သော သင်္ခါရုပေက္ခာဉာဏ်ကို။ လဒ္ဓါန၊
ရပြီး၍။ တိဒိဝံ ဂတော၊ နတ်ပြည်သို့ ရောက်လျက်၊ မောဒတိ၊ ၀မ်းမြောက်ရလေ၏။
ထိုအခါ ရဟန်းတို့က မကျေနပ်၍ `အရှင်ဘုရား-သူပြုအပ်သော အကုသိုလ်က
အလွန်ကြီးမားပါသည်၊ အနုမောဒနာတရားက အာမကြီးလှပါ၊ ဤမျှလောက်ဖြင့်
ဉာဏ်အထူးကို အဘယ့်ကြောင့် ဖြစ်စေနိုင်ပါသနည်း´ ဟု မေးလျှောက်ကြပြန်၏၊
ထိုအခါ မြတ်စွာဘုရားက `ရဟန်းတို့-ငါဘုရား၏ တရားတော်ကို နည်းသည်,
များသည်ဟု စံချိန်မထိုးကြလေနှင့်၊ တခွန်းတည်းပင် ဖြစ်သောလဲ
အကျိုးစီးပွါးနှင့်ဆိုင်သော စကားသည် မြင့်မြတ်သည်သာ´ ဟု
မိန့်တော်မူပြီးလျှင် အောက်ပါဂါထာကို ဟောတော်မူ၏။
သဟဿ မပိ စေ ၀ါစာ၊ အနတ္ထပဒသံဟိတာ။
ဧကံ အတ္ထပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။ (ဓမ္မပဒ-၁၀၀)
အနတ္ထပဒသံဟိတာ၊ အကျိုးကို မပြတတ်သော ပုဒ်တို့ဖြင့် ဖွဲ့စပ်ဆို အပ်သော။
ဝါစာ၊ စကားသည်။ သဟဿံ စေပိ၊ တထောင် နှစ်ထောင်စသည် ထောင်သင်္ချာ
အပိုင်းအခြားအားဖြင့် များပြားစေကာမူ။ ပါပိကာ ဧ၀၊ ယုတ်ညံ့သည်သာတည်း။ ယံ၊
အကြင်ပုဒ်ကို။ သုတွာ၊ ကြားနာရ၍။ ဥပသမ္မတိ၊ ကိလေသာငြိမ်း၏။ တာဒိသံ၊
ထိုသို့သဘောရှိသော။ အတ္ထပဒံ၊ ခန္ဓာ, အာယတန, ဓာတ်, သတိပဋ္ဌာန်စသောအကျိုးကို
ပြတတ်သောပုဒ်သည်။ ဧကံပိ၊ တခွန်းတည်း, တပုဒ်တည်းပင် ဖြစ်သော်လဲ။ သေယျော၊
မြင့်မြတ်ပေ၏။
ဤတမ္ဗဒါဌိကသည်ကား မျက်မှောက်ဘ၀၌ မဂ်ဖိုလ်ကို မရသောကြောင့် နေယျပုဂ္ဂိုလ်မျှ
မမည်သေး၊ ဥဂ္ဃဋိတညူ, ၀ိပဥ္စိတညူဟု ဆိုရန်ကား အလျှင်းပင် မရှိပြီ၊
သို့ပါလျက် ရှေးအဖို့ ကြာမြင့်စွာက သီလစင်ကြယ်ခြင်း မရှိသေးပဲ
တမ္ဗဒါဌိကအား ပဋိပဒါဉာဏဒဿန၀ိသုဒ္ဓိ၏ ဆုံးခါနီးဖြစ်သော သင်္ခါရုပေက္ခာဉာဏ်
ဖြစ်ပေါ်သည်မှာ အဘယ့်ကြောင့်နည်းဟု စဉ်းစားရာ၏၊ လူတို့၏ ရှေးအဖို့က
သီလပျက်မှုသည် အန္တရာယ် မပြုတတ်သောကြောင့်ပင် မဟုတ်ပါလော။
မျက်မှောက်ဘ၀တွင် မဂ်ဖိုလ်ကို မရခြင်းမှာကား အကြောင်း ၂-ပါး ရှိ၏၊ ထို
၂-ပါးတို့တွင် ပါပမိတ္တတာ= ယုတ်ညံ့သော မိတ်ဆွေကို မှီဝဲခြင်းတည်းဟူသော
အကြောင်းကြောင့် အဇာတသတ်မင်း မဂ်ဖိုလ်ကို မရလေသည်၊ `အရှင်ဒေ၀ဒတ်
စကားကိုနာခံ၍ ပြုမိသော ပိတုဃာတက ကမ္မန္တရာယ်ကြောင့် မဂ်ဖိုလ်ကို မရ´ဟူလို၊
အန္တရာယ်ရှိသောသူအား မဂ်ဖိုလ်သာမဟုတ်သေး ဥဒယဗ္ဗယဉာဏ်များလဲ မဖြစ်ပေါ်တော့
သည်သာတည်း။
ကျင့်မှုဟောမှုလို၍ တရားထူး မရ။ ။ကျင့်မှု ဟောမှုလိုခြင်းဟူသော `ကိရိယ
ပရိဟာနိ´ကြောင့် မဂ်ဖိုလ်မရသည်လဲရှိ၏၊ မဇ္ဈိမပဏ္ဏာသ ကရန္ဒကသုတ်၌ လာသော
ပေဿ-မည်သောသူသည် နှလုံးသွင်း အားထုတ်မှု လိုခြင်းကြောင့် မဂ်ဖိုလ်ကို
မရလေသည်၊ ထိုသူသည် အတ္တန္တပစသော ပုဂ္ဂိုလ် ၄-မျိုးတို့ကို အကျယ်ဝေဘန်၍ဟောသော
တရားတို့ကို အဆုံးတိုင်အောင် နာလျှင် သောတာပန်ဖြစ်ထိုက်ပါလျက်
တရားမဆုံးမီ ထသွားသောကြောင့် မဂ်ဖိုလ်မှ ဆုံးရှုံးစေရချေသည်၊ ယခုကာလ၌
မဂ်ဖိုလ်ကို ရထိုက်သော သူတို့တွင် နည်းလမ်းမှန်ကို ရပါလျက်
အလျှင်းအားမထုတ်၍ ဖြစ်စေ, အားထုတ်ချိန် မပြည့်စုံ၍ဖြစ်စေ မဂ်ဖိုလ်ကိုမရပဲ
တဘ၀ ဆုံးသွားရသော သူများမှာ ၎င်းပေဿ-မည်သော သူကဲ့သို့ပင် `ကိရိယပရိဟာနိ=
နှလုံးသွင်းအားထုတ်မှု လိုခြင်းကြောင့် အကျိုး စီးပွါးမှ
ဆုံးရှုံးကြရရှာလေသည်။
ထို့ပြင်- ဓနဉ္စာနီပုဏ္ဏားကြီးအား သေခါနီး၌ အရှင် သာရိပုတြာက ၀ိပဿနာကို
မဟောမူ၍ သမထကိုသာ ဟော၏၊ ထို့ကြောင့် ပုဏ္ဏားကြီးသည် သမထဈာန်ကိုပွါးစေ၍
သေလေလျှင်ဗြဟ္မာ့ပြည်သို့ ရောက်လေ၏၊ အကယ်၍ ၀ိပဿနာကို ဟောခဲ့ပါလျှင်
ပုဏ္ဏားကြီးသည် လူ့ဘ၀၌ပင် မဂ်ဖိုလ်ကို ရလေရာ၏၊ သို့ဖြစ်၍ ဤဓနဉ္စာနီ၏
မဂ်ဖိုလ်ကို မရခြင်းမှာ ဟောပြောမှု လိုခြင်းကြောင့်ပင်တည်း၊
ထို့ကြောင့်ပင် မြတ်စွာဘုရားက အရှင်သာရိပုတြာအား အပြစ်တင်ပြီး
ဗြဟ္မာ့ပြည်သို့ လိုက်၍ တရားဟောရန် မိန့်တော်မူလေသည်၊
အရှင်သာရိပုတြာသည်လည်း ချက်ခြင်းကြွသွား၍ တရားဟောရပြန်လေသည်၊ ထိုအခါမှစ၍
အရှင်သာရိပုတြာသည် တရားဟောလျှင် သစ္စာလေးပါးနှင့် မကင်းမူ၍သာ
ဟောတော်မူသတတ်၊ ယခုကာလ၌ မဂ်ဖိုလ်ကို ရထိုက်သူဖြစ်ပါလျက် ၀ိပဿနာ
နည်းမှန်ကို မရသောကြောင့် မဂ်ဖိုလ်မမှီး အချည်းနှီး ဘ၀ဆုံးသွားရသူများမှာ
ဤဓနဉ္စာနီကဲ့သို့ပင် `ကိရိယပရိဟာနိ=ဟောပြောမှု လိုခြင်း´ကြောင့်
အကျိုးစီးပွါးမှ ဆုံးရှုံးကြရရှာလေသည်။
တမ္ဗဒါဌိက၏ မဂ်ဖိုလ်မရခြင်းမှာ နှလုံးသွင်း အားထုတ်မှု လိုခြင်းတည်းဟူသော
`ကိရိယပရိဟာနိ´ကြောင့်သာလျှင်
ရောက်သည်ကို ထောက်ဆ၍ `ဟောပြောမှုလဲ မလိုပါ၊ ပါပမိတ္တနှင့် စပ်၍ဖြစ်သော
အန္တရာယ်လဲ မရှိ´ ဟု သိအပ်၏။
ဤမျှလောက်သော ၀တ္ထုသာဓကဖြင့် ပစ္ဆိမဘ၀ိက, ဥဂ္ဃဋိတညူ, ၀ိပဥ္စိတညူ
ပုဂ္ဂိုလ်ဟုတ်ခြင်း, မဟုတ်ခြင်း တို့သည် အကြောင်းမှန် မဟုတ်ကုန်၊
ရှေးအဖို့က သီလ မစင်ကြယ်ခြင်းမှာ ရဟန်းတို့အားသာ အန္တရာယ်ဖြစ်၍ လူတို့အား
အန္တရာယ်မဖြစ်ဟူသော ဤအချက်သည်သာလျှင် အကြောင်းမှန်ဟု
ဆုံးဖြတ်နိုင်လောက်ပေပြီ၊ သို့သော်လည်း သီလ၀ိသုဒ္ဓိမရှိလျှင် ၀ိပဿနာဉာဏ်,
မဂ်ဉာဏ်ကို မဖြစ်နိုင်ရာသောကြောင့် သန္တတိအမတ်ကြီးစသည်တို့၏
သီလ၀ိသုဒ္ဓိဖြစ်ပုံကို ဤသို့မှတ်အပ်၏။
တရားနာခါနီးမှာ ဖြစ်စေ တရားနာစဉ်မှာ ဖြစ်စေ မိမိတို့ ပြုလုပ်မြဲဖြစ်သော
မကောင်းမှုမျိုးကို မပြုလုပ်တော့ပါဘူးဟု ကြံစည်ဆုံးဖြတ်ခြင်း ဖြစ်ခဲ့ပါမူ
ထိုကြံစည် ဆုံးဖြတ်မှုဖြင့်ပင် သီလ၀ိသုဒ္ဓိ ပြီးသည်ဟု မှတ်အပ်၏၊
ကြံစည်ဆုံးဖြတ်မှု မရှိခဲ့ပါမူကား ရှုမှတ်မှု ဘာဝနာ စိတ္တုပ္ပါဒ်ဖြင့်
သီလ၀ိသုဒ္ဓိပြီးသည် ဟူ၍သာ ဆိုရန် ရှိတော့ပေသည်။´ (၀ိနယ၀ိနိစ္ဆယသင်္ဂဟကျမ်းမှ)
သီလက္ခန်ပါဠိတော်၊ သောဏဒဏ္ဍသုတ်တွင် --
`ပုဏ္ဏား ပညာကို သီလဖြင့် ဆေးကြောရ၏၊ သီလကို ပညာဖြင့် ဆေးကြောရ၏။ အကြင်
ပုဂ္ဂိုလ်၌ သီလရှိ၏၊ ထိုပုဂ္ဂိုလ်၌ ပညာရှိ၏။ အကြင်ပုဂ္ဂိုလ်၌ ပညာရှိ၏၊
ထိုပုဂ္ဂိုလ်၌ သီလရှိ၏။ သီလရှိသောသူအား ပညာရှိ၏၊ ပညာရှိသော သူအား သီလရှိ၏၊
သီလနှင့် ပညာကို လောက၌ အမြတ်ဆုံးဟု ဆိုအပ်၏။ ပုဏ္ဏား လက် (တစ်ဖက်) ဖြင့်
လက် (တစ်ဖက်) ကို ဆေးကြောရာသကဲ့သို့ လည်းကောင်း၊ ခြေ (တစ်ဖက်) ဖြင့် ခြေ
(တစ်ဖက်) ကို ဆေးကြောရာသကဲ့သို့ လည်းကောင်း ပုဏ္ဏား ဤအတူပင် ပညာကို
သီလဖြင့် ဆေးကြောရ၏၊ သီလကို ပညာဖြင့် ဆေးကြောရ၏။ အကြင် ပုဂ္ဂိုလ်၌ သီလ
ရှိ၏၊ ထိုပုဂ္ဂိုလ်၌ ပညာ ရှိ၏။ အကြင် ပုဂ္ဂိုလ်၌ ပညာရှိ၏၊ ထိုပုဂ္ဂိုလ်၌
သီလရှိ၏။ သီလရှိသော သူအား ပညာရှိ၏၊ ပညာရှိသော သူအား သီလရှိ၏၊ သီလနှင့်
ပညာကို လောက၌ အမြတ်ဆုံးဟု ဆိုအပ်၏။´-ဟု ဟောပြောချက်ရှိ၏။
ထိုပါဠိတော်၏ အဖွင့်အဋ္ဌကထာတွင် -`ပညာကို သီလဖြင့် ဆေးကြောရ၏၊ သီလကို
ပညာဖြင့် ဆေးကြောရ၏။´ ဟူသောအပိုဒ်ကို ဖွင့်ရာ၌ `အဘယ်သို့လျှင် သီလဖြင့်
ပညာကို ဆေးကြောနိုင်ပါသနည်း။ အကြင်ပုထုဇဉ်ပုဂ္ဂိုလ်၏ သီလသည်
အနှစ်ခြောက်ဆယ်, အနှစ်ရှစ်ဆယ်တို့ပတ်လုံး မကျိုးမပြတ်တည်၏။ ထိုပုထုဇဉ်သည်
သေခါနီးအခါ၌လည်း ကိလေသာအားလုံးတို့ကို ပယ်သတ်၍ သီလဖြင့် ပညာကို ဆေးကြော၍
အရဟတ္တဖိုလ်ကို ယူနိုင်၏။ အဘယ်ပုဂ္ဂိုလ်ကဲ့သို့နည်းဟူမူကား
ကန္ဒရသာလပရိဝုဏ်၌နေသော ၀ါတော်ခြောက်ဆယ်ရပြီးသော မဟာထေရ်ကဲ့သို့တည်း။
(အကျယ်ဆိုရလျှင် မထေရ်သည် သေရာညောင်စောင်း၌ လဲလျောင်း၍
အားကြီးသောဝေဒနာကြောင့် ငြီးတွားနေစဉ် တိဿမည်သော မဟာရာဇာသည် `မထေရ်ကို
ဖူးမြင်အံ့´ဟု ကြံ၍ ကျောင်းသို့သွားကာ ပရိဝုဏ်တံခါး၌ ရပ်တည်၍
ထိုညည်းသံကို ကြားရလျှင် `ဤအသံကား အဘယ်သူ၏ အသံနည်း´ဟု မေးလေ၏။ `မထေရ်၏
ညည်းသံပါ။´ဟု ပြောကြားကုန်လတ်သော် `ရဟန်းအဖြစ်အားဖြင့်
ဝါတော်ခြောက်ဆယ်ရပြီး ဖြစ်ပါလျက် ဝေဒနာကို သိမ်းဆည်းကြောင်း
ကမ္မဋ္ဌာန်းကိုမျှလည်း မပြုအပ်သေး၊ ယခုအခါ၌ ထိုမထေရ်ကို ရှိမခိုးတော့အံ့´ဟု
ပြောဆို၍ ပြန်လှည့်ကာ မဟာဗောဓိကို ရှိခိုးခြင်းငှါ သွားလေ၏။
ထိုအခါတွင် အလုပ်အကျွေးရဟန်းငယ်သည် `အရှင်ဘုရား တပည့်တော်တို့ကို
အဘယ်ကြောင့် အရှက်ရစေပါကုန်သနည်း၊ သဒ္ဓါတရားကောင်းသော မင်းသော်မှလည်း
အရှင်ဘုရားတို့၏ ညည်းသံကို ကြားရခြင်းကြောင့် ပြန်သွားပါပြီ´ဟု မထေရ်ကို
လျှောက်ထားလေ၏။
`ထိုသို့ဖြစ်လျှင် ငါ့အား တရားနှလုံးသွင်းခွင့်ကို ပြုကြကုန်လော့´ဟု
ပြောဆို၍ ဝေဒနာကို ခွါကာ အရဟတ္တဖိုလ်သို့ ရောက်၍ `ငါ့ရှင်၊ လိုက်သွားလော့၊
ယခုအခါ မဟာရာဇာကို ငါတို့ကို ရှိခိုးစေလော့´ ဟု ရဟန်းငယ်အား အမှတ်သညာ
ပေးလေ၏။
ရဟန်းငယ်သည် လိုက်သွားပြီးလျှင် `ယခုအခါ မထေရ်ကို ရှိခိုးကုန်တော့တဲ့´ဟု
ပြောဆိုလေ၏။ တိဿဘုရင်သည် မိကျောင်းကဲ့သို့ ၀မ်းလျားမှောက်ကာ မထေရ်ကို
ရှိခိုးလျက် `တပည့်တော်သည် အရှင်ဘုရား၏ ရဟန္တာ၏အဖြစ်ကို
ရှိခိုးသည်မဟုတ်ပါ၊ ပုထုဇဉ်အဖြစ်၌တည်၍ စောင့်ရှောက်အပ်သော သီလကိုသာ
ရှိခိုးပါ၏´ ပြောဆိုလျှောက်ထားလေ၏။
ဤသို့လျှင် သီလဖြင့် ၀ိပဿနာစသော ပညာကို ဆေးကြောသည် မည်၏။)
(အဘယ်သို့လျှင် ပညာဖြင့် သီလကို ဆေးကြောပါသနည်း။)
အကြင်ပုဂ္ဂိုလ်၏ ကိုယ်တွင်း၌ စောင့်စည်းကြောင်း သီလမရှိ၊ ထိုသို့
သီလသံဝရပင် မရှိပါသော်လည်း ဥဂ္ဃတိတညူပုဂ္ဂိုလ်၏ အဖြစ်ကြောင့် လေးပါဒရှိသော
ဂါထာ၏အဆုံး၌ ၀ိပဿနာပညာဖြင့် သီလကို ဆေးကြော၍ ပဋိသမ္ဘိဒါတို့နှင့်တကွ
အရတ္တဖိုလ်သို့ ရောက်နိုင်၏။ ဤပုဂ္ဂိုလ်သည် ပညာဖြင့် သီလကို ဆေးကြောသည်
မည်၏။ အဘယ်သူကဲ့သို့နည်းဟူမူကား-- သန္တတိအမတ်ကြီးကဲ့သို့တည်း။ (ဒီ-ဋ္ဌ၊၁၊
၂၆၀)
`အထက်ပါ အဋ္ဌကထာဖွင့်ဆိုချက်အရ လယ်တီဆရာတော်ကြီး၏ --`လေးမျိုးသော
ပုဂ္ဂိုလ်တို့တွင် ဥဂ္ဃါဋိတညူပုဂ္ဂိုလ်မျိုး,
ဝိပဉ္စိတညူပုဂ္ဂိုလ်မျိုးတို့သည် ၀ိသာခါ, အနာထပိဏ် တို့ကဲ့သို့
တရားဒေသနာကို ကြားနာကာမျှဖြင့်ပင် သောတာပတ္တိဉာဏ် စသည်ကို ရနိုင်ကြကုန်၏၊
သီလ၀ိသုဒ္ဓိ, စိတ္တ၀ိသုဒ္ဓိ အစရှိသော ပဋိပတ်ကျင့်စဉ်များကို ရှေးအဖို့၌
ကျင့်ကြသည်မရှိကုန်ပြီ၊ ခပ်သိမ်းသော နတ်ဗြဟ္မာတို့ ကျွတ်ကြရာ၌လည်း ဤနည်းတူ
သိကြလေ။´ ဟူသော ရေးသားချက်သည် ကျမ်းဂန်လွတ် မိမိ၏ထင်မြင်ချက်သက်သက်ဖြင့်
ရေးသားခြင်းမဟုတ်ဟု မှတ်ပါလေ။´
မည်သို့ပင်ဖြစ်စေ သီလကို စင်ကြယ်နိုင်သမျှ စင်ကြယ်အောင်ကြိုးစား၍
အားထုတ်ပါမှ သမာဓိရလွယ်ကာ ပညာစခန်းသို့ တက်လှမ်းဖို့
လွယ်ကူနိုင်မည်ဖြစ်သောကြောင့် မဟာနာမ် သာကီဝင်-စသည်တို့၏ အဖြစ်မျိုးနှင့်
ချိန်ထိုးနှိုင်းယှဉ်ကာ ကိုယ်ကျင့်သီလကို အလေးမထားပဲ အားမထုတ်သင့်သလို၊
မိမိ အသက်မွေးဝမ်းကျောင်းအလုပ်က မုဆိုးတံငါ-စသည့် အလုပ်မျိုးဖြစ်သဖြင့်
သီလမစင်ကြယ်နိုင်သည့်တိုင် သမာဓိ ပညာအရာမှာ အထုံပါနိုင်ရန်
ကြိုးစားအားထုတ်သင့်သည်ဟု အကြံပြုလိုပါသည်။
အရှင်ကောဝိဒ (ယော)
Sunday, September 19, 2010
ရပ်ပြစ်ရှစ်ပါး
မောင်ကောင်းစံ (တောင်ကြီး)
ဤ၌ ရပ်ပြစ်-ဟူသော စကားလုံးအသုံးအနှုန်းကြောင့် သံသယ၀င်ခြင်းဖြစ်၏။၎င်းရပ်ပြစ်-ဟူသော စကားလုံးသည် အက္ခဏ-ဟူသောစကားလုံးကို ဘာသာပြန်ဆိုထားခြင်းဖြစ်၏။ သာသာပြန်ဆိုရာ၌လည်း တိုက်ရိုက်ဘာသာပြန် မဟုတ်။တိုက်ရိုက်ဘာသာပြန်လျှင် အခွင့်ကောင်း (အချိန်အခါကာလကောင်း)မဟုတ်-ဟူသောအနက်ထွက်၏။ ဘာအတွက် အခွင့်ကောင်းမဟုတ်သနည်း? လောကီစီပွားချမ်းသာအတွက်အခွင့်ကောင်းမဟုတ်ခြင်းလော -ဟူမူ မြတ်သောအကျင့်ကို ကျင့်သုံးရန်
အခွင့်ကောင်းမဟုတ်ခြင်းကို ဆိုလို၏။အဂုင်္တ္တိုရ်ပါဠိတော်၊ အဋ္ဌကနိပါတ်၊ ဂဟပတိဝဂ်တွင် ၎င်းအက္ခဏသုတ် ပါရှိ၏။
ဘုရားရှင် ဤသို့ အစချီကာ ဟောပြတော်မူ၏။---`ရဟန်းတို့ `လောကသည် ပြုအပ်သော အခွင့်ရှိ၏၊ လောကသည် ပြုအပ်သောအခွင့်ရှိ၏´ ဟု အကြားအမြင် မရှိသော ပုထုဇဉ်သည် ပြောဆို၏၊ ထိုပုထုဇဉ်သည်
အခွင့်ဟုတ်သည်ကို လည်းကောင်း၊ အခွင့်မဟုတ်သည်ကို လည်းကောင်း သိကားမသိရှိလေ။ ရဟန်းတို့ မြတ်သော အကျင့်ကို ကျင့်သုံးရန် အခွင့်အခါ
မဟုတ်ခြင်းတို့သည် ဤရှစ်မျိုးတို့တည်း။အဘယ်ရှစ်မျိုးတို့နည်းဟူမူ - ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော၊(ပ) မြတ်စွာဘုရားသည်လည်း လောက၌ ပွင့်ထွန်းတော်မူ၏၊ ကိလေသာမီးငြိမ်းခြင်းကို ရွက်ဆောင်တတ်သော၊ ကိလေသာ ငြိမ်းခြင်းကို ပြုတတ်သော၊လေးပါးသော မဂ်ဉာဏ်သို့ ရောက်စေတတ်သော၊ မြတ်စွာဘုရားတို့သာ အပြားအားဖြင့်သိစေအပ်သော (သစ္စာလေးပါး) တရားကိုလည်း ဟောကြားတော်မူအပ်၏၊ ဤပုဂ္ဂိုလ်သည်ကားငရဲဘုံ၌ ဖြစ်၏။ ရဟန်းတို့ ဤသည်ကား မြတ်သော အကျင့်ကို ကျင့်သုံးရန်ပဌမအခွင့်အခါ မဟုတ်ခြင်းတည်း။ (၁)ရဟန်းတို့ နောက်တစ်မျိုးကား။ပ။ ဤပုဂ္ဂိုလ်သည်ကား တိရစ္ဆာန်မျိုး၌ ဖြစ်၏။ပ။ (၂)ရဟန်းတို့ နောက်တစ်မျိုးကား။ပ။ ဤပုဂ္ဂိုလ်သည်ကား ပြိတ္တာဘုံ၌ ဖြစ်၏။ပ။ (၃)
ရဟန်းတို့ နောက်တစ်မျိုးကား။ပ။ ဤပုဂ္ဂိုလ်သည်ကား တစ်ခုသော ရှည်သောအသက်ရှိသော (အသညသတ်) ဗြဟ္မာ့ဘုံ၌ ဖြစ်၏။ပ။ (၄)ရဟန်းတို့ နောက်တစ်မျိုးကား။ပ။ ဤပုဂ္ဂိုလ်သည်ကား အစွန်အဖျားကျသောဇနပုဒ်တို့၌ ဖြစ်ရ၏၊ ထိုပုဂ္ဂိုလ်သည်လည်း အလွန်အသိဉာဏ် နည်းပါးကုန်သောလူရိုင်းမျိုးတို့၌ ဖြစ်ရ၏၊ ယင်းအရပ်တို့၌ ရဟန်း ရဟန်းမိန်းမ ဥပါသကာဥပါသိကာမတို့၏ ဖြစ်ခြင်းသည် မရှိ။ပ။ (၅)ရဟန်းတို့ နောက်တစ်မျိုးကား။ပ။ ဤပုဂ္ဂိုလ်သည်ကား မဇ္ဈိမဒေသတို့၌ ဖြစ်၏၊ထိုပုဂ္ဂိုလ်သည်လည်း `ပေးလှူအပ်သော အလှူ၏ အကျိုးသည် မရှိ၊
ယဇ်ကြီးပူဇော်မှုသည် မရှိ၊ ယဇ်ငယ်ပူဇော်မှုသည် မရှိ၊ ကောင်းမှုမကောင်းမှုတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤလောကသည် မရှိ၊ တစ်ပါးသော လောကသည်မရှိ၊ အမိသည် မရှိ၊ အဖသည် မရှိ၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တ၀ါတို့သည်မရှိကုန်၊ ဤလောကကိုလည်းကောင်း၊ တမလွန်လောက ကိုလည်းကောင်း၊ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက် ပြု၍ ဟောကြားနိုင်ကုန်သောအညီအညွတ် ကောင်းသော အကျင့်ကို ကျင့်ကြကုန်သော သမဏဗြာဟ္မဏတို့မည်သည် လောက၌မရှိကုန် ဟု မှားသော အယူ(အမြင်)ရှိသူ ဖြစ်၏။ပ။ (၆)ရဟန်းတို့ နောက်တစ်မျိုးကား။ပ။ ဤပုဂ္ဂိုလ်သည်ကား မဇ္ဈိမဒေသတို့၌ ဖြစ်၏၊ထိုပုဂ္ဂိုလ်သည်လည်း ပညာမရှိ၊ မိုက်မဲ၏၊ ဆွံ့အ၏၊ ကောင်းသော စကား,မကောင်းသော စကား၏ အနက်ကို သိရန် မစွမ်းနိုင်။ ရဟန်းတို့ ဤသည်ကား မြတ်သောအကျင့်ကို ကျင့်သုံးရန် သတ္တမ အခွင့်အခါ မဟုတ်ခြင်းတည်း။ (၇)
ရဟန်းတို့ နောက်တစ်မျိုးကား ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (ပ)မြတ်စွာဘုရားသည် လောက၌ မပွင့်ပေါ်။ ကိလေသာမီး ငြိမ်းခြင်းကိုရွက်ဆောင်တတ်သော၊ (ပ) (သစ္စာလေးပါး) တရားကိုလည်း မဟောကြားအပ်၊ဤပုဂ္ဂိုလ်သည်ကား မဇ္ဈိမဒေသတို့၌ ဖြစ်၏၊ ထိုပုဂ္ဂိုလ်သည်လည်း ပညာရှိ၏၊မမိုက်မဲ၊ မဆွံ့အ၊ ကောင်းသော စကား, မကောင်းသော စကား၏ အနက်ကိုသိရန်စွမ်းနိုင်၏။ ရဟန်းတို့ ဤသည်ကား မြတ်သော အကျင့်ကို ကျင့်သုံးရန် အဋ္ဌမအခွင့်အခါ မဟုတ်ခြင်းတည်း။ ရဟန်းတို့ မြတ်သော အကျင့်ကို ကျင့်သုံးရန်အခွင့်အခါ မဟုတ်ခြင်းတို့သည် ဤရှစ်မျိုးတို့တည်း။ (၈)(အကျဉ်းချုပ်ဆောင်ပုဒ်ကား `ဘုရားပွင့်ခါ၊ ပါယ်သုံးရွာနှင့်၊ ဒီဃာယုနတ်၊ဖြစ်လတ်ပစ္စန်၊ မိစ္ဆာဉာဏ်ရှိ၊ ဉာဏ်မရှိသား၊ ဉာဏ်ရှိငြားလည်း၊ ဘုရားမဖြစ်၊ကျမ်းဂန်လှစ်သည်၊ ရပ်ပြစ်ရှစ်ပါး သရုပ်တည်း´။)အထက်ပါ ပါဠိတော်မြန်မာပြန်အတိုင်း အခွင့်အခါ (အချိန်ကာလ) အထိမှတ်သားနိုင်လျှင် သံသယဖြစ်စရာမရှိပါ။ ရှေးဆရာတို့ကား ငရဲဘုံ၊ပြိတ္တာဘုံ-စသည်ဖြင့် အရပ်ဒေသများ များစွာပါဝင်သောကြောင့်ရပ်ပြစ်ရှစ်ပါး-ဟု နားလည်လွယ်အောင် ဟောပြော ရေးသားခဲ့ကြဟန်ရှိ၏။သို့ရာတွင် ရပ်ပြစ်ရှစ်ပါး-ဟူ၍ ဆိုခြင်းကြောင့် အပြစ်ရှိသောအရပ်ရှစ်မျိုး-ဟု နားလည်ကြကာ ငရဲဘုံ၊ ပြိတ္တာဘုံ-စသော ဒုဂ္ဂတိဘုံတို့ကိုအပြစ်ရှိသောအရပ် -ဟု သဘောကျနားလည်နိုင်ကြသော်လည်း အရူပဘုံစသော သုဂတိများပါဝင်လာခြင်းကို နားမလည်နိုင်ဖြစ်ကြ၏။ (ထိုသို့တွက်လျှင် ၅-မှ-၈နံပါတ်အထိ လူ့ဘုံနှင့် ဆိုင်၏။)အမှန်မှာ ဘုံတွင်မကပဲ ထိုဘုံ၌ ဖြစ်ခြင်းအထိ မှတ်ယူရမည်ဖြစ်၏။ ငရဲဘုံ,တိရိစ္ဆာန်ဘုံ, ပြိတ္တာဘုံတို့၌ ဖြစ်သောသူတို့သည် ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်များဖြစ်သောကြောင့် ဘုရားရှင် ပွင့်တော်မူသော အခိုက်နှင့်ကြုံသည့်တိုင်၊တရားတော်ကို နာကြားခွင့် ရသည့်တိုင် မြတ်သောအကျင့်ကို ကျင့်သုံးခွင့်မရနိုင်ကြပါ။ အသညသတ်နှင့် အရူပဗြဟ္မာများလည်း
ဘုရားရှင်ပွင့်တော်မူရာကာလနှင့် ကြုံသည့်တိုင် တရားနာခွင့် မရသဖြင့်မြတ်သောအကျင့်ကို ကျင့်သုံးခွင့် မရကြကုန်။ (အလောင်းတော်ဘုရားဖြစ်ခါနီးမှ ကပ်၍ အရူပရောက်သွားကြသော အာဠာရ၊ ဥဒက-ရသေ့တို့၏ အဖြစ်ကိုသတိရပါ။)အထူးသတိပြုရန်မှာ ဤသုတ်သည် ပုထုဇဉ်များအတွက်သာ ရည်ညွှန်း၏။ သောတာပန်စသောအရိယာပုဂ္ဂိုလ်များကား နောက်ထပ်တရားဒေသနာ နာကြားခွင့် မရသည့်တိုင်ကျင့်သုံးတတ်ပြီးဖြစ်၍ မြတ်သောအကျင့်ကို ကျင့်သုံးခွင့်မှမဆုံးရှုံးကြကုန်။တနည်းအားဖြင့် ဤအက္ခဏသုတ်တွင် လေးနံပါတ် အက္ခဏအရ `အညတရံ ဒီဃာယုကံ ဒေ၀နိကာယံဥပပန္နော ဟောတိ´ `တစ်ခုသော ရှည်သော အသက်ရှိသော (အသညသတ်) ဗြဟ္မာ့ဘုံ၌ဖြစ်၏´ဟူရာတွင် `ဒီဃာယုက ဒေ၀နိကာယ= ရှည်သော အသက်ရှိသော(အသက်တမ်းရှည်ကြာသော) ဗြဟ္မာဘုံအရ အသညသတ်ဗြဟ္မာဘုံကို ယူရမည်ဖြစ်ကြောင်းအဋ္ဌကထာဆရာ ဖွင့်ပြ၏။ (အညတရံ ဒေ၀နိကာယန္တိ ဣဒံ အသညံ ဒေ၀နိကာယံ သန္ဓာယ ၀ုတ္တံ။)ထိုအဋ္ဌကထာအလို အရူပဘုံ မပါဝင်ပါ။ ထို့ကြောင့် မြန်မာပြန် ဆရာများကလည်းအသညသတ်ဘုံကိုသာ လက်သည်းကွင်းတွင်ထည့်၍ ဘာသာပြန်ပြကြ၏။ဒီဃနိကာယ်၊ သုတ်ပါထေယျ၊ သင်္ဂီတိသုတ်အဋ္ဌကထာတွင်ကား (အညတရန္တိ အသညဘ၀ံ ၀ါအရူပဘ၀ံ ၀ါ။) (တရားနာခွင့် မရကြသောကြောင့်) အသညသတ်ရော အရူပဘုံပါယူရမည်ဖြစ်ကြောင်း ဖွင့်ဆိုထား၏။ထူးခြားချက်မှာ ထိုသင်္ဂီတိသုတ်တွင် အသုရကာယ်ဘုံပါ ထည့်သွင်း၍ (မြတ်သောအကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော) အက္ခဏ ကိုးမျိုး- ဟောထား၏။အင်္ဂုတ္တိုရ်လာ အက္ခဏသုတ်တွင်ကား အသုရကာယ်ဘုံကို ပြိတ္တာဘုံ၌သွင်းယူရမည်ဖြစ်ကြောင်း အဋ္ဌကထာ ဖွင့်ပြထား၏။ (ပေတ္တိဝိသယေနေ၀ အသုရကာယော
ဂဟိတောတိ ဝေဒိတဗ္ဗော။) ဝေနေယျဇ္ဈာသယအားလျော်စွာ (၈-ပါးတစ်မျိုး၊ကိုးပါးတစ်မျိုး) ဟောတော်မူသည်ဟု မှတ်သင့်ပါသည်။ ရှစ်မျိုးဟောရာ၌အသုရကာယ်ကို ပြိတ္တာဘုံ၌ သွင်းယူကြောင်း၊ အရူပဘုံကိုထည့်သွင်းယူကြခြင်းမှာလည်း အများသဘောကျသော သမာန၀ါဒဖြစ်ကြောင်းမှတ်သားသင့် ပါသည်။မှန်၏။ ဘုရားပွင့်နေခိုက်နှင့် ကြုံသည့်တိုင် အရူပဘုံသို့ရောက်ရှိသွားသော (ရောက်ရှိနေသော) ပုထုဇဉ် ပုဂ္ဂိုလ်သည် မည်သို့လျှင်တရားနာခွင့် ရနိုင်တော့မည်နည်း။ အသက်တမ်းလည်း ရှည်ကြာလွန်းသဖြင့်ဘုရားရှင် ပရိနိဗ္ဗာန်မစံခင် ထိုဘုံမှ စုတေကာ လူ့ပြည်နတ်ပြည်တွင်ဖြစ်ဖို့ရာလည်း ခဲယဉ်းလွန်း၏။ တရားမှနာခွင့်မရလျှင်လည်း နည်းလမ်းတကျအားထုတ်ဖို့၊ သစ္စာသိဖို့ မည်သို့ ဖြစ်နိုင်ပါအံ့နည်း။ဒုတိယအချက်အနေဖြင့် မေးခွန်းရှင်သံသယဖြစ်သည်မှာ အရူပဘုံသည် သုဂတိဘုံဖြစ်သော်လည်း အယူအဆမှားယွင်းမှု တစ်စိတ်တစ်ဒေသ ပါဝင်သောကြောင့်ရောက်ရခြင်း ဖြစ်ရကား အပြည့်အ၀ မကောင်းသောသဘောရှိ၏။ ထိုကြောင့်အရိယာပုဂ္ဂိုလ်များ ဖြစ်သွားပါက ထိုဘုံများမှ အခြားပို၍ကောင်းသောဘုံများသို့ ပြောင်းရွှေ့ခွင့် မရနိုင်ဘူးလား- ဟူ၍ ဖြစ်၏။အရူပဘုံသို့ လူ့ဘ၀စသည်မှ အရူပဈာန်ကို ရရှိသော တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်လည်းရောက်ရှိနိုင်သောကြောင့် အရူပဘုံတွင် တိဟိတ်ပုထုဇဉ်လည်း ရှိ၏။ထိုပုဂ္ဂိုလ်သည် တရားနာခွင့် မရသောကြောင့် အရူပဘုံ၌ အရိယာဖြစ်ဖွယ် မရှိ။
လူ့ဘ၀စသည်မှ သောတာပတ္တိဖိုလ်ကို ရရှိထားသောသူသည်လည်း အရူပဘုံသို့ရောက်ရှိနိုင်၏။ ထိုပုဂ္ဂိုလ်ကား ထိုအရူပဘုံသို့ ရောက်ပြီးမှပင်ဆက်လက်ရှုပွားနိုင်သဖြင့် တရားသားတက်ကာ အထက်မဂ်ဖိုလ်များ ရရှိနိုင်၏။
သို့သော်လည်း နတ်ပြည်ရှိနတ်များ အနာဂါမ်ဖြစ်ခဲ့သော်ကာမဂုဏ်အာရုံတောကြီးဖြစ်သော ထိုနတ်ပြည်တွင် ကြာရှည်မနေနိုင်ကြပဲသုဒ္ဓါဝါသဗြဟ္မာ့ ပြည်သို့ ပြောင်းရွှေ့ကြသကဲ့သို့ အရူပဘုံမှ သက်တမ်းမစေ့မီပြောင်းရွှေ့ဖွယ် မရှိပါ။ဤ၌ `ဘုံပြောင်းဘုံခွာ သံပေါက်´ကဗျာလေးကို ဖော်ပြပါမည်။
၁။ အပါယ်ဘုံမှ၊ စုတိကျ၊ ကာမသန္ဓေဖြစ်။
၂။ လူ့ဘုံ နတ်ဘုံ၊ ကုသိုလ်ကုန်၊ ဘယ်ဘုံမဆိုဖြစ်။
၃။ သုဒ္ဓါဝါသ၊ စုတိကျ၊ သုဒ္ဓအထက်ဖြစ်။
၎။ အသညသတ်၊ စုတိပြတ်၊ ကောင်းမြတ်ကာမ ဖြစ်။
၅။ ကြွင်းဘုံရူပ၊ ကံကုန်က၊ ပါယကြည်၍ဖြစ်။
၆။ အရူပမှ၊ ထက်ဘုံကြွနှင့်၊ ကာမသုဂတိ၊ ဘုံမိမိ၊ စွဲဘိသန္ဓေဖြစ်။
၁။ အပါယ်လေးဘုံမှ စုတိကျသော သတ္တ၀ါများသည် ကာမတစ်ဆယ့်တစ်ဘုံ၌ ဖြစ်နိုင်၏။
(ဈာန်မရနိုင်သောကြောင့် ဗြဟ္မာ့ပြည်တို့သို့ မရောက်နိုင်ကြကုန်။)
၂။ လူ့ဘုံနှင့် နတ်ပြည်ခြောက်ထပ်မှ စုတေသူတို့သည် ၃၁-ဘုံအတွင်း
မည်သည့်ဘုံမှာ မဆို ကံအားလျော်ဈာန်အားလျော်စွာ ဖြစ်နိုင်ကြကုန်၏။
၃။ သုဒ္ဓါဝါသဘုံတွင် အနာဂါမ်ပုဂ္ဂိုလ်နှင့် အရဟတ္တမဂ္ဂဋ္ဌာန်၊ အရဟတ္တဖလဋ္ဌာန်
ပုဂ္ဂိုလ်များသာ ရှိသောကြောင့် ထိုဘုံမှ စုတေသော အနာဂါမ်ပုဂ္ဂိုလ်သည်
အထက်သုဒ္ဓါဝါသဘုံ ၌သာ ဖြစ်၏။
၎။ အသညသတ်ဘုံမှစုတေသော (သုဂတိအဟိတ်)ပုဂ္ဂိုလ်သည် ကာမသုဂတိ ၇-ဘုံ
တစ်ဘုံဘုံတွင် ဖြစ်နိုင်၏။
၅။ သုဒ္ဓါဝါသ ၅-ဘုံနှင့် အသညသတ်ဘုံမှတစ်ပါး ကြွင်းရူပ ၁၄-ဘုံမှ စုတေသော
ရူပဗြဟ္မာများသည် အပါယ်လေးဘုံကြဉ် ၂၇-ဘုံတွင် ဖြစ်နိုင်ကြ၏။
၆။ အရူပဘုံမှ ဗြဟ္မာများသည် စုတေသောအခါ မိမိဘုံတွင်လည်း ပြန်၍ဖြစ်နိုင်၏။
အထက်အရူပဘုံသို့လည်း ပြောင်းနိုင်၏။ ကာမသုဂတိ ၇-ဘုံတွင်လည်း ဖြစ်နိုင်၏။
သို့ရာတွင် အထက်ပါသံပေါက်လင်္ကာမှာ ပုထုဇဉ်နှင့် အရိယာပုဂ္ဂိုလ်များရောနှောပြထားခြင်းဖြစ်၏။ ဗြဟ္မာပြည်ရောက် အရိယာများကား ကာမဘုံသို့ပြန်မလာတော့ပြီ။ သောတာပန်၊ သကဒါဂါမ်များပင် ဖြစ်စေကာကာမူ ဈာနအနာဂါမ်(ဈာန်ရသောကြောင့် ကာမဘုံသို့ ပြန်မလာသူများ) ဟု ခေါ်၏။ ထို့ကြောင့်အရူပဘုံမှ အရိယာများ ထိုဘုံ၌ ရဟန္တာ မဖြစ်ခဲ့သော် အထက်ဘုံ၌ဖြစ်နိုင်ပါသည်။ ရူပဈာန်ကို ပြန်လည်အားထုတ်မှု မရှိသောကြောင့်ရူပဘုံသို့ကား မသွားရောက်နိုင်ပါဟု မှတ်သားပါလေ။ဤမျှဖြင့် မေးခွန်းရှင်၏ သံသယများ ပြေပျောက်လောက်ပြီဟု ယူဆပါသည်။ ယခုအခါဘုရားရှင်၏ သာသနာတော်လည်း မကွယ်သေး၊ ဘုရားရှင်ဟောတော်မူခဲ့သည့်အတိုင်းမှန်ကန်တိကျသော တရားတော်တို့ကို နာယူလေ့လာခွင့်ရရာ မြန်မာပြည်တွင်လူဖြစ်ခွင့်ရသော မိမိတို့သည် ဗုဒ္ဓုပ္ပါဒ န၀မက္ခဏ-ဟု ဆိုအပ်သောဘုရားပွင့်ရာ ကိုးခုမြောက် အခွင့်ကောင်း´နှင့် ကြုံကြိုက်နေကြပါသည်။မိမိတို့သည် `အခွင့်အရေးဆိုတာ နှစ်ခါမလာဘူး´ဟုမကြာခဏပြောဆိုလေ့ရှိကြသော်လည်း တကယ့်အခွင့်ကောင်း၊ အစစ်အမှန်အခွင့်အရေးတို့ကိုကား မကြာခဏ လက်လွှတ်လိုက်ကြသည်သာ များပါသည်။ဤတွင် `ခွင့်သာဆဲမှ၊ မခဲချင်လျှင်၊ အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။ခွင့်သာခိုက်မှ၊ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။ခွင့်သာတုန်းမှ၊ မရုန်းချင်လျှင်၊ အရှုံးနင့်ပြင်ရှိသေးလေလိမ့်လား။´-ဟူသော လယ်တီဆရာတော်ဘုရားကြီး၏ ဆုံးမစာကိုသတိရမိပါသည်။ ကြုံခဲဘိတောင်း အခွင့်ကောင်းကို ကောင်းကောင်းကြီးအသုံးချနိုင်ကြပါစေ။
အရှင်ကောဝိဒ (ယော)