လူတစ်မျိုး၏ ယဉ်ကျေးမှု၊ဓလေ့ထုံးစံများကိုလူတစ်မျိုးကသိဖို့လိုပါသည်။သိထားလျှင်၊ကျူးကျော်မှားယွင်းမှုများမဖြစ်နိုင်ဘဲ၊ကူးလူးဆက်ဆံမှုလွယ်ကူ၍ ချစ်ကြည်ရေး တည်မြဲနိုင်ပါသည်။(စာရေးဆရာဒဂုဏ်နတ်ရှင်)ရှမ်းပြည်ကြေးမုံစာအုပ်မှ

Popular Posts

တအာင်းဘာသာတရားတော်


MusicPlaylistRingtones
Create a playlist at MixPod.com

Friday, September 30, 2011

တောင်ပိုင်းစော်ဘွာနှင့်နန်းခမ်းလုံ( ခမ်းရုန်း)


ရှမ်းလူမျိုးအိမ်ကဲ့သို့ မိသားစုများလာသောအခါ အိမ်ကရှည်အောင် ဆောက်ထားကြပါသည်။ တစ်ခါတစ်ရံအားဖြင့် ပေ တစ်ရာ ၀န်းကျင်းလောက် တည်ဆောက်ကြပါသည်။ ထိုအိမ်ရှည် တည်ဆောက်ခြင်းသည် တောင်ပေါ်တွင် အိမ်ဆောက်ဖို့ နေရာရှားဖွေရန်  ခက်ခဲသောကြောင့် မိသားစု စုပေါင်းတည်ဆောက်ခဲ့ခြင်းဖြစ်နိုင်ပါသည်။ ထိုအိမ်သည် အမျိုးမျိုးသောမိသားစုနှင့် ဆွေမျိုးများအတူ နေထိုင်ဖို့ သေချာအောင် မလေ့လာမစီစစ်ခဲ့ပါ။  သို့မဟုတ် ထိုအဆက်အသွယ်များ အဆင်ပြေမှုတစ်ခုသာဖြစ်နိုင်ပါမလား။ သူတို့အိမ်သည် ကန့်လန်ဖြတ်ဖြင့် အမြဲခွဲခြားထားပါသည်။ ထိုနောက် အခန်းများ ကို မျှတစွာ ဖွဲ့ထားကြပါသည်။ အိမ်၏မြေညီထပ်တွင်မူ တစ်ခါတစ်ရံသာအသုံးပြုကြပါသည်။ စပါးများသိုလှောင်ဖို့ရန်သာဖြစ်ကြပါသည်။ သို့သော်လည်း ထင်းများ နှင့် အသုံးအဆောင်ပစ္စည်းများ ထားကောင်း ထားပါလိမ့်မည်။
          ပလောင်အမျိုးသမီများသည် သာမာန်နေ့စဉ်ဝတ်ဆင်သောဝတ်စုံကား မဲပြာရောင်ဖြင့် ဖြတ်ထားသော အင်္ကျီ နှင့်လုံချည်(ထဘီ) ခြေပတ်အပြာရောင်များဖြင့်  ၀တ်ဆင်ထားကြပါသည်။  ၀တ်စုံအပြည်အစုံကိုမူ အရောင်ပိုမို၍ တောက်ပပါသည်။  ကြီးသောခေါင်းခြုံထည်ကိုလည်း ၀တ်ဆင်ထားပါသည်။  ခေါင်းကနေ နောက်ကျောဖက် အထိ နှင့် ပခုံးများ  အပေါ်ထိရောက်အောင် ၀တ်ဆင်ထားပါသည်။ အလှဆင်ထာသည့်အနားသတ်၏အရောင်မှာ အဖြူရောင်နှင့် အပြာရောင်၊နီမြန်းသော  အစိတ်အပိုင်းနှင့် ချည်ထည်ဖြင့် ပြုလုပ်ထားသော ခြုံထည်အရောင်အမျိုးမျိုး ဘောင်ဘီသိုင်းသောကြိုးနှင့်သာမာန် လိုက်ဖက်အောင် သောအရောင်မှာ မီးခိုးရောင်ဖြစ်ပါသည်။ ငွေနားကပ်နှင့် လက်ကောက်များသည် အဆင်တန်ဆာများဖြစ်ကြပါသည်။ ထိုကြောင့် နားကပ်များ အထူးဆင်ယင်ကြပြီး  မည်သို့စေကာမူ သိရသလောက်တော့ အချိုသော ၀တ်စုံများ အကန့်အသတ်ထားပါသည်။ အမျိုးသမီးကြီးများထက် ကလေးများက ပို၍ ၀တ်ဆင်ကြပါသည်။ သို့သော်လည်း စော်ဘွားကတော်များသည် အမျိုးမျိုးများ ၀တ်ဆင်လေ့ရှိကြပါသည်။ ခါးပတ်ကွင်း များကား အမဲရောင်များ  ဖြင့် အရောင်တင်ဆီ ဖြင့်ဝါးနှင့် ကချင်လူမျိုးကဲ့သို့ ပုံစံတူစာရိုက်တူ ပြုလုပ်ထားပါသည်။ တစ်ခါတစ်ရံ ဗြောင်အရောင်နှင့်ငွေစေ့ဖြင့်  (ဒဂါင်္ပြား)တန်ဆာဆင်သည်။ အချို့သောအမျိုးများသည် ထိုကဲ့သို့မ၀တ်ဆင်ကြပါ။
          သို့သော်ငြားလည်း အဘယ်ကြောင့်ဆိုသော် သူတို့သည် အဆင်မပြေကြပါ။ (သို့မဟုတ်)  မျိုးနွယ်များသင်္ကေတဖြစ်သောကြောင့် ရည်ညွန်းထားသည် ဟု မသေချာခဲ့ပါ။ ပလေးလူမျိုးအမျိုးသမီးများ ခေါင်းခြုံထည်များကိုမူ အဖြူရောင် တစ်ခုသည်သာ ဖြစ်ကြပါသည်။ မဲပြာသောအင်္ကျီ နှင့်အတူ အလျားလိုက်အစင်းရောင်များနှင့် အနီရောင်၊အပြာရောင် များဖြစ်ကြပါသည်။
          ရူမိုင်၏ဓလေ့ထုံးတမ်းစဉ်လာအရ  လေးစားအားပေးသူများက ပေးပို့သောစာများကို တရားဝင်အားဖြင့်သူ၏ ချိန်ဆိုချက်မှ လက်ခံကြပါသည်။ ထိုနောက် ရုံးထဲမှာသူ ရှိနေသည့်ကာလပတ်လုံး နှင့် သူ၏အလုပ်ကို နှစ်ထောင်းအားရမှု ကို ပေးစွမ်းနိုင်ပါသည်။ တစ်နှစ်တစ်ကြိမ်  စော်ဘွားထံမှ အသစ်တစ်ခုရရှိလာသော စာကို သူလက်ခံပါသည်။ ထိုနှစ်ထောင်းအားပေးမှုများသည် တန်ဖိုးကြီးမာသော ရာထူးတံဆိပ်တစ်ခုဖြစ်ပါသည်။ ဒေသခံ အခေါ်အားဖြင့် ပေါလမ် (Paw Lan) နှင့် လမ်မိုင်( Lam Moung)တို့သည် တောင်ပိုင်း၏ရုံးတော်အတွက်အသုံးပြုကြပါသည်။ ရွှေလီ၏အနောက်ဖက် အချို့နေရာများတွင် သတိမမူကြပေ။ သိရသလောက် ပြောရလျှင်ဝလူမျိုး၏ အိမ်နားနီးချင်း အနောက်ဖက်ပိုင်း ကိုသာ သတိမပြုကြပေ။
          ရူမိုင် ဓလေ့ထုံးတမ်း များ မှတ်စု ၌ ဖော်ပြချက်များနှင့် ( Mr, W.G. Wooster) မစ္စတာ ဒဗလွီ၊ဂျီ ၀ူစတာ၏ သူ၏မှတ်စုမှ  တစ်ယူသန်းခြင်းနှင့် ပါဝင်ပတ်သတ်နေကြပါသည်။…. “ပလောင်” ဟူသော မူလနာမည်သည် ဤကဲ့သို့ ရှင်းပြလေ၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ထူးကဲသော ဘုရင်မ တစ်ပါး ရှိခဲ့လေ၏။  နန်ခမ်းလုံ( နန်ခမ်းရုန်) (Nan Khan Long) သည် တရုပ်ပြည် တစ်နေရာတွင် နေထိုင်ခဲ့ပါသည်။ ထိုနောက် သူမသည် တန်းခိုးရှိသည် ဟု ဆို၏။ သူမသည် ဖောင်စီးပြီး ခရီးထွက်ခဲ့သည်။ သူမအရှေ့တွင် ပင် ရေရှိအောင် ဖန်းတီနိုင်သည်။ ထိုကြောင့် သူမ ရွေးချယ်ပြီးသော မည်သည့်အရပ်မျက်နှာ ခရီးများကို မဆို ရောက်နိုင်ပါသည်။ သူမသည် ခရီးများထွက်ခဲ့ပြီးနောက်ဆုံးတွင် (Loi Hpra) “လွယ်ဖရာ”သို့လာခဲ့ပါသည်။ ထို လွယ်ဖလာသည် တောင်ပိုင်း၌ရှိသော ကြီးမားသောတောင်တန် တစ်ခု၏ ဇယန်းကြီးကျေးရွာ ၏မြောက်ဖက်တွင် တည်ရှိပါသည်။ ထိုနေရာသည် သူမ၏ ဖောင်ဆိုက်ရောက်သော နေရာဖြစ်ပြီး တောင်ပိုင်းစော်ဘွားထံ သွားရောက်လည်ပတ်ခဲ့ပါသည်။

No comments: