အကြီးဆုံးသော မင်းရွှေသဲ သည် ကလေးဘ၀မှ နူနား ရောဂါတစ်မျိုးမှ နှိပ်စက်နေသည် ။ သူသည် တောင်ကုန်းနှင့်အေးသောနေရာဒေသတွင်
နှစ်သက်ပါသည်။ထိုကြောင့် စကားပင်၏တောင်ထိပ်ပေါ်တွင်
လွယ်ဆိုင်တောင်ကို စဲတွန်စံ မြို့ကို တည်ဆောက်ခဲ့ပါသည်။ ထိုနေရာ၌ စော်ဘွားအဖြစ် နေထိုင်ခဲ့ပါသည်။ သူထံမှ
ပလောင်အားလုံး(Bo ဗို့) ( သို့မဟုတ်) ရူမိုင်တို့သည် စော်ဘွား ထံမှ ဆင်းသက်လာခဲ့ကြပါသည်။အခြားသော
ဥနှစ်လုံးသည် မြစ်ထဲသို့ ပေါက္ကံပြည်သို့(ပုဂံ) ရောက်သည့်တိုင်အောင် တသွင်သွင်စီးဆင်းနေပါသည်။ ထိုဥ နှစ်လုံးကို ( Dobhi) ဒိုဘိ လင်မယားတို့မှ
ကောက်ယူခဲ့ပါသည်။ ထိုဥနှစ်လုံးကို ရွှေအိုးထဲသို့ ထည့်ထားခဲ့ပါသည်။ ထိုဥသည်လည်း ကလေးအဖြစ် ပေါက်ဖွားလာပါသည်။ ထိုကလေးသည်လည်းပဲ မြင့်မြတ်သောကြောင့် သူကို “ မင်းရာမ” ဟုနာမည်မှည့်ခေါ်ခဲ့ပါသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် ပုဂံပြည်
“ရာမဘုရင်” မိသားစုမှပေါက်ဖွားလာသည်ဟု ထင်ခဲ့ပါသည်။တတိယ ဥ ကိုမူ ကျပ်ပြင် ( မိုးကုတ်မြို့)
ထဲသို့ ကျောက်တုံးနှင့်ထိမှန်၍အထဲမှာရှိသော အရာများကို ပျံကျဲနေခဲ့ပါသည်။ ထိုနေရာသည်
ယနေတိုင်အောင် ပတ္တမြားအမျိုးမျိုး ဖြစ်စေပြီး
နောက် မိုးကုတ် ဟု သိကြပါသည်။ ( မိုး သည် ကျောက် ဂူဒ် သည် လင်းသည် ပလောင်ဘာသာအားဖြင့်
ကျောက်လင်းတော်နေရာဟု အဓိပ္ပါယ်ရသည်။) ဘာသာပြန်သူ။
ထိုအပြင် လွယ်လုံစော်ဘွားသည် တရုပ်ပြည် ၌ ဦးတီးဘွား နှင့် မင်းရာမ သည် ပုဂံဘုရာဖြစ်ခဲ့သောသူ
ညီအကိုများဖြစ်ခဲ့ကြပါသည်။ ထိုသူများသည် နဂါးမင်းသမီး သုစန္ဒီ ထံမှ ဆင်းသက်လာသောသူများဖြစ်ကြပါသည်
။တောင်ပိုင်း စော်ဘွားနှင့် သူ၏ လူများသည် ထိုနဂါးမင်းသုစန္ဒီထံမှ ဆင်းသက်လာခဲ့ပါသည်။ ထိုနောက် ယနေ့ခေတ် ရူမိုင်အမျိုးသမီးများသည် နဂါး၏အရေးခွံကဲ့သို့ ၀တ်ဆင်ကြပါသည်။
ဤပုံပြင်သည် ဗမာ့ပုံပြင်အကြောင်း စာရိုက်
ခပ်ဆန်းဆန်း ရှိပါသည်။ ထိုနောက် ယေဘုယျ အဓိက အားဖြင့် အနီးစပ်ဆုံးအမျိုးအစားနှင့် ထို အကြောင်းအရာများ
ပြန်လည်း၍ စဉ်းစားခဲ့သော အနောရထားဘုရင် က သထုံမြို့ ကို တိုက်ခိုက် ဖျက်ဆီးခဲ့သည့်တိုင်အောင်
ပုဂံပြည်သူများသည် နဂါးကို ရှိခိုးခဲ့ကြသူများ
ဖြစ်ခဲ့ကြပါသည်။ ဦးတီဘွား သည် ရှေးဟောင်းပဝေသဏီ တရုပ်ပြည် ကို ယူနန်ပြည်နယ် ၏ ဘုရင်
(Sen) ဟု သေချာသလောက်ပင်ဖြစ်ခဲ့ပါသည်။ ထိုကြောင့် တိုင်း( Tai ) ဟုလည်း ဖြစ်နိုင်ပါသည်။ ထိုကြောင့် ထိုရူမိုင်မျာသည် တောင်ပိုင်းထဲတွင်
ဖြစ်ခဲ့ကြပုံပေါ်ပါသည်။ ထိုနောက် အခြားရှမ်းပြည်နယ်၏နေရာတစ်နေရာ ဖြစ်နိုင်ပါသည်။ ရှမ်းရှေးဘုရင်
၏ နမ့်ချောင်( Nanchoa) နိုင်ငံတော် အာဏာမဖြုတ်ချခင် အရင်ကတည်းက ဖြစ်နိုင်ပါသည်။ ထိုနောက် (ရှမ်း)တိုင်းလူမျိုးများ ထိုးဖောက်ဝင်ရောက်ခြင်းကြောင့် ပလောင်လူမျိုးများသည် ပျံကျဲကား အဆက်အသွယ်ပြတ်တောက်ခဲ့ပါသည်။
နှစ်ပေါင်း ( ၆၀၀) ထဲမှာ အချိန်အများအပြားကွဲပြားခြားစွာ ပြုလုပ်ဖန်းတီဖို့ရန် ရူမိုင်လူမျိုးများသည်
မွန်အုပ်စုတို့ပါဝင်ခဲ့သလော့ (သို့မဟုတ်) ကရင်လူမျိုးအုပ်စုထဲပါဝင်သလော သူတို့သည် တောင်သူတို့ထက်
ဝလူမျိုးက ပို၍ နီးစပ်ပါလော ဟု ယခုလောလောဆယ်တွင်
ဆုံးဖြတ်ချက်သည်ကား အခက်အခဲဖြစ်စေနိုင်သောအရာတစ်ခုက ဖြစ်ခဲ့ပါသည်။
သူတို့၏ ဘာသာစကားများကို မည်သူတစ်စုံတစ်ယောက်က
လေ့လာသင်ကြားခြင်းမရှိသေးပါ။ ထိုနောက် ထိုအရာများအားလုံးတို့သည်
ဗမာ့( သို့မဟုတ်) ရှမ်းလူမျိုးများ ဆင်းသက်ခဲ့သည် ဟု သိကြပါသည်။ ထိုကြောင့် မလွဲဧကန်သွေးရော(ကပြား)များ
တိုးတက်ဆဲပင်ရှိခဲ့ပါသည်။ ထိုကြောင့် ကွဲပြားခြားနားသော သူတို့၏အကြောင်း အချက်အလက်နှင့်
စာရိုက် လက္ခဏာများ ဖြစ်ကြပါသည်။ ပလောင်လူမျိုးများသည် အုပ်စု အားလုံးထဲမှာ မသဲကွဲသော
အရာတစ်ခုရှိပါသည်။ ပလေးလူမျိုးများမှာမူ ၀တ်စုံ အတန်းအစားခွဲခြမ်းစိပ်ဖြာခြင်း၏ အခြေခံ တစ်ခုနှင့် ဒေသသုံးစကား များရှိကြပါသည်။ သို့သော်ငြားလည်း အမျိုးသားစကား ထက် ဗမာ့လူမျိုးစကား
သာသုံးကြပါသည်။
ရာဇ၀င်ထဲဓါတ်ပုံ
သို့ဖြစ်၍ ဤကဲ့သို့ဆိုပါသည်။ ပလေးလူမျိုးများသည်
မြောက်ပိုင်းနှင့် အနောက်ပိုင်းတွင် ခွန်ဟောက်မှ ဇယန်းကြီး အထိ မျဉ်းကြောင်း ပေါ်တွင်
တွေ့ရှိခဲ့သည် ဟု ဆိုပါသည်။ ထိုနောက် မိုင်ဝေး( Man Wai) နှင့် အနောက်ဖက်ခြမ်း ပလောင်လူမျိုးများ တွေ့ရှိခဲ့ကြပါသည်။
မကြာသေးခင်အချိန်တွင် ကချင်လူမျိုးများသည် ရူမိုင်လူမျိုးများကို တောင်ပိုင်း၏ မြောက်ဖက်တစ်ခုလုံး
မောင်းထုတ်ခဲ့ပါသည်။ ထို ရှေး အစိတ်အပိုင်း များ၏ အဟောင်း ကား ရှုပ်ထွေးလေ့ရှိခဲ့ပါသည်။ ယေဘုယျအားဖြင့်ပြောရသော် ပလောင်လူမျိုးများသည် တောင်ကုန်းမြင့်ပေါ်တွင် စိုက်ပျိုးရေးနှင့်
လက်ဖက်စိုက်ပျိုးကြသည်ဟု ပြောဆိုနိုင်ပါသည်။ ပလေးလူမျိုးများသည် အောက်ဖက်ပိုင်းတွင်
အခြေချ နေထိုင်ကြပြီး လက်ဖက်စိုက်ခင်းများထက် လယ်စပါးကို စိုက်ပျိုးကြပါသည်။
အခြားသောအုပ်စုသည်ကား မန်တုံအုပ်စုထဲတွင်
ဟူခင်း (Ho Khun)၊ ဟူမိုင်းနှင့် မုံကွမ်း( Mong Kwang) ပလောင်များသည် အမျိုးသားထက်ကိုယ်ပိုင်
အုပ်ချုပ်စီးမံပါသည်။ သို့သော်ငြားလည်း သူတို့သည်
ဒေသသုံးစကားများ ကွဲပြားခြားနားကြပါသည် ထိုသူများသည်
လူများယုံကြည်ရလောက်အောင် လူမျိုးအနွယ်များ ကွဲပြားခြားသည်ကို သူတို့ကိုယ်တိုင်ပင်
မှတ်သားစေခဲ့ပါသည်။ အိမ်တွင်သာ ပုံပြင်ပြောရမည်အစား သူတို့ကိုယ်တိုင်ပင် ဗန်းစကားများပြောဆိုနိုင်၍
တိုးတက်သောဘာသာစကားများရှိကြပါသည်။
နောက်တစ်ခု အုပ်စုတစ်ခုတွင် ဖော်ပြပါမျိုးနွယ်စုတစ်ခုဖြစ်ပါသည်…..ကဒု(Kadu)
မျိုးနွယ် သည် နမ့်ဆန်မြို့တော် ၏ အနီးတစ်ဝိုက်တွင်နေထိုင်ပါသည်။ ( Padweဲ ) ပဒွယ်မျိုးနွယ်များသည်
မန်လွယ်နှင့် ကွန်ဆာ ( Kong Has) များဝန်းကျင်းတွင် နေထိုင်ကြပါသည်။ ထယောင်ရိုင်မျိုးနွယ်သည်
နမ့်လင် အနီးတစ်ဝိုက်တွင်နေထိုင်ပါသည်။ ( Kyawn Gyawn) ကွမ်ဝမ်း မျိုးနွယ်သည် တောင်မနှင့်တောင်မဲတို့၏ ၀န်းကျင်းနှင့် ကွမ်လဲ( Kwan Leဲ)မျိုးနွယ်သည် ပလေးများ
နှင့်အလာတူ တူညီကြပါသည်။ ရူမိုင် ဘာသာစကားထဲတွင် ပလေးဟူသောအဓိပ္ပါယ်သည် “ အနောက်ပိုင်း
လူမျိုးနွယ်စု ” ဟု ဖြစ်ပုံပေါ်ပါသည်။ အခြားအမျိုးနာမည်သည် “ Pa to Ru
” “ ဗဟိုမျိုးနွယ်စု ” များဖြစ်ကြပါသည်။
ဟူမိုင် သည် (အနောက်ပိုင်းမျိုးနွယ်စု)နှင့် အုမ္မကော့ ( Om ko ) သည် ( မြစ်ဟိုဘက်ကမ်းမျိုးနွယ်)
သည် နမ္မတူ (သို့မဟုတ်) မြစ်ငယ် ဟု အဓိပ္ပါယ်အသီးသီး ဖြစ်ပုံပေါ်ပါသည်။ ပတိုရူသည် သူတို့ကိုယ်တိုင်
“ရူမိုင်”စစ်စစ် ဟု ကြုံဝါးခဲ့ပါသည်။ ထိုနောက် သူတို့၏ တောင်မ ကျေးရွာ နှင့် မြို့တော်နမ့်ဆန်၏
တောင်ဖက် တွင် သူတို့ကိုယ်တိုင်ပင် နာမည်ကြီးသောအကြီးဆုံးမြို့တော်ဖြစ်သည်
ဟု ကြုံဝါးထားပါသည်။ ထိုဟာသည် မူလ မျိုးနွယ်စုတစ်ခုတည်းသောအိမ်ကိုအုပ်ချုပ်သော
ဆွေမျိုးများဖြစ်ခဲ့ကြ၍ ထိုသူများသည် အထူးမနာလိုသ၀န်တို
သူများ ဆက်လက်တည်ရှိနေပါသည် ဟု ရဲရဲတင်းတင်းအခိုင်အမာ
ပြောဆိုပါသည်။ ထိုနောက် သူတို့၏ မျိုးနွယ်များကို အိမ်ထောင်ပြုလေ့မရှိကြပါ။ သူတို့သည်
ချက်ချင်ပင် “ယင်တလဲ” (Yintaleဲ) (သို့မဟုတ် ) ယင်တလိုင်း အနားရင်သော ကရင်နီဖြစ်သည်
ဟု ပြန်လည်းအမှတ်ရစေပါသည်။ သိသာထင်ရှားစွာ ပတိုရူ( PatoRu) သည် တစ်ချိန်တစ်ခါတွင် အမျိုးမျိုးအဖုံဖုံသောအခွင့်အရေး တစ်ခုနှင့် အတန်အစားအလိုက် ရရှိသောသူများဟု အခိုင်အမာဆိုသည်။
သူတို့သည် ရူမိုင်အမျိုးသားများက ၀တ်စုံများကို
(တစ်ရောင်) တစ်မျိုးတည်းသာ ၀တ်ဆင်ကြပါသည်။
အခြားသောမျိုးနွယ်စုများကိုမူ ရိုးရိုးအနက်ရောင်နှင့်အဖြူရောင် ၀တ်ဆင်ရမည်ဟု စည်းကမ်းတင်းကြပ်ထားပါသည်။ မည်သို့ပင်ဖြစ်စေကာမူ ယနေ့ခေတ်တွင် ထိုကွဲပြားခြားနားမှုသည်ကား
ကွယ်ပျောက်ခဲ့ပါသည်။ ထိုစည်းကမ်းတင်းကြပ်ခြင်းကဲ့သို့ မရှိတော့ပါ။ ထိုနောက် မျိုးနွယ်စုဝင်အားလုံး က မျိုးမတူဇာတ်ခြား
လက်ထပ်ထိမ်းမြားခြင်း ကို လွပ်လပ်စွာ လက်ထပ်ကြ၍
ရှေးဟောင်းစည်းကမ်းတင်းကြပ်မှုများ ပျောက်ကွယ်ခဲ့ပါသည်။ ပလောင်အမျိုးသားတို့၏ ၀တ်စုံများကိုမူ ရှမ်းလူမျိုးတို့၏
ရိုးရာဝတ်စုံမှ ဆင်းသက်ပါသည်။ ထိုနောက် ထိုပလောင်အမျိုးသမီး၏ရိုးရာဝတ်စုံ
ထိုလူမျိုးထံမှ မပေါ်ပေါက်ခဲပေ။ သို့သော်လည်း
ရှမ်းရိုးရာဝတ်စုံနှင့် ကချင်ရိုးရာဝတ်စုံ တို့မှကွဲပြားခြားနားပြီး ရှေးဟောင်းဝတ်စုံ
အတန်အစားများကို ဆက်လက် ထိမ်းသိမ်းစောင့်ရှောက်ခဲ့ကြပါသည်။
အဆင့်အတန်းရှိသောအမျိုးသမီးများသည် ကျယ်ပြန့်သော
ခါးပတ်အပြားများကို ၀တ်ဆင်ခဲ့ကြပါသည်။ ထိုလူမျိုးကဲ့သို့ အေးချမ်းသောလူမျိုးများနှင့်
ဇွဲလုံလကြီးသောလူမျိုးဖြစ်ကြပါသည်။ သို့သော်လည်း
ကြမ်းတမ်းသည် ။ ၀တ်စုံ ဖက်ရှင် မဖြစ်ပါ။ ထိုဝတ်စုံများသည် တိုးကြပါသည်။ ခိုင်ခံအောင်ချုပ်ထားပါသည်။
အသားအရောင်လဲ သင့်တော်ပါသည်။ မီးခိုးရောင် မရှိပါ။ ( သို့မဟုတ်) တောက်ပသော အညိုရောင်မျက်လုံးမရှိပါ။
နှားခေါင်းပြားသည်။ နှားခေါင်းပေါက် ထူးခြားစွာ ကျယ်ပါသည်။ သူတို့တစ်ယူသန်းသောသူများဖြစ်ကြပါသည်။
မည်သို့ဖြစ်စေကာမူ တစ်ချိန်ထဲမှာပင် ဗုဒ္ဓဘာသာကို
အလွန်လေးစားကိုင်ရှိုင်းသော လူမျိုးများဖြစ်ကြပါသည်။
ကျေးရွာတစ်ရွာတွင် အိမ်ခြေပေါင်း လေးငါးအိမ်ရှိစေကာမူ
ဘုန်းကြီးကျောင်းတစ်ကျောင်းရှိပါသည်။ သူတို့၏အိမ်များသည် ရှမ်းလူမျိုးတို့၏အိမ်အစိတ်အပိုင်းနှင့်တူညီကြပါသည်။ ၀ါး၊ သစ်၊စသည်ဖြင့်အိမ်ကို တည်ဆောက်ခဲ့ကြပြီး မြေကြီးပေါ်မှ
အမြင့်ဆုံးခြောက်ပေလောက် မြင့်ထားပါသည်။ အိမ်၏အမိုးများကား
သစ်ကယ်ဖြင့် မိုးထားပါသည်။ ရှမ်းလူမျိုးအိမ်ကဲ့သို့ နှီဖြင့် အမိုးများကို ရစ်ချည်ထားပါသည်။
ကချင်လူမျိုးများအိမ်ကဲ့သို့အမျှင်ပါးပါး ကဲ့သို့မဟုတ်ပေ။ သူတို့အိမ်များသည် အောက်ထပ်တွင် ဖွင့်ထားလေ့ရှိပါသည်။ တစ်ခါတစ်ရံ အပေါ်ထပ်နှင့်အောက်ထပ် နှစ်ခုစလုံးဖွင့်ထားလေ့ရှိပါသည်။
ထိုနောက် ထောင့်တွင် ထိုအိမ်၏ဘုရားခန်း အလာတူပါသည်။ တစ်အိမ်ထည်တွင် မိသာစုးများစုပေါင်းနေထိုင်ကြပါသည်။
No comments:
Post a Comment