လူတစ်မျိုး၏ ယဉ်ကျေးမှု၊ဓလေ့ထုံးစံများကိုလူတစ်မျိုးကသိဖို့လိုပါသည်။သိထားလျှင်၊ကျူးကျော်မှားယွင်းမှုများမဖြစ်နိုင်ဘဲ၊ကူးလူးဆက်ဆံမှုလွယ်ကူ၍ ချစ်ကြည်ရေး တည်မြဲနိုင်ပါသည်။(စာရေးဆရာဒဂုဏ်နတ်ရှင်)ရှမ်းပြည်ကြေးမုံစာအုပ်မှ

Popular Posts

တအာင်းဘာသာတရားတော်


MusicPlaylistRingtones
Create a playlist at MixPod.com

Monday, February 28, 2011

ပလောင်ရိုးရာအကပဒေသာ



ပန်စရီကျေးရွာ ယာဆင်များ အက (သက်ကြီးပိုင်း) ဖြစ်ပါသည်။ သက်ကြီးသော် လည်း စိတ်အာဟာရ များ ဖြည့်ရန် လိုအပ်ပါသည်။ ထိုကြောင့် သောကကကင်းဝေး နေနိုင်ရန် စိတ်ဖိစီးမှု ပပျောက်အောင် ( သို့မဟုတ်)မိမိကြိုးစားဖြည့်ဆီ နေသော ကုသိုလ်ကောင်းများ အောင်မြင်သောအခါ ၀မ်းမြောက်ပီတိဂွမ်းဆီထိသို့ အလား ပလောင်အဖွားများကသက်ကြီးပိုင်အိုးစည်များနှင့်အတူ စည်းနဲဝါ ကိုက်ညီစွာဖြင့်ကပြနေကြပါသည်။ ထိုကြောင့် သူတို့၏စေတနာ ဖြူစင်နေသော ရတနာသုံးပါးအပေါ် နက်ရှိုင်းစွာယုံကြည်မှု သည်ကာ အင်မတန် မှ ချီးကျူး ဂုဏ်ယူစရာ ပင် ဖြစ်ပါသည်။ အော် ......စေတနာသည် အလုပ်ဟု မြတ်စွာဘုရားရှင်က ဟော်ကြားခဲ့ပေသည်။ အလုပ်ကောင်းသာလုပ်ပါ၊ မုခုကံကောင်းစေရမည်။

Sunday, February 27, 2011

ပလောင်ရိုးရာအကပဒေသာ( နှစ်သစ်ကူးပွဲတော်)



နမ့်တွေကျေးရွာ၊ နမ့်ဆန်မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း။

ပလောင်ရိုးရာအကပဒေသာ(နှစ်သစ်ကုးပွဲတော်)


ဲမြို့သစ်ကျေးရွာ၊ မိုင်ငေါ့ မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း။

Tuesday, February 22, 2011

တရားဟောရာ၌ ကျွမ်းကျင်သော သာမဏေငယ်တစ်ပါး



ရှေသရောအခါ၊ အိန္ဒိယတွင် ရာဇဂြိုလ်ပြည်၌ မြင့်မြတ်သောအမျိုးဖြင့် အလွန်လှပသော သမီး တစ်ဦးရှိခဲ့လေသည်။ သူမသည် နုပျိုနေသောအချိန်မှာပင် ဘာသာရေးအလွန်ကိုင်ရှိုင်းသော အမျိုးသမီးလေးတစ်ဦ ဖြစ်ခဲ့ပါသည်။ ထိုနောက် သူမ၏ မိဘနှစ်ပါးအား ဘိက္ခုနီမ ဖြစ်ရန် ခွင့်တောင်းခဲ့ပါသည်။ သို့သော် မိဘများကခွင့်မပြုခဲ့ပါ။ မိဘများ၏၀တ္တရားအတိုင်း မင်းသားတစ်ယောက်နှင့် အိမ်ထောင်ချပေးခဲ့ပါသည်။ အိမ်ထောင်ပြုပြီးသော် မကြာမှီ ခင်းပွန်းထံ ခွင့်တောင်း၍ ခင်းပွန်း၏ခွင့်ပြုချက်ဖြင့် ဘိက္ခုနီမ ၀တ်ခဲ့ပါသည်။ သို့သော် သူမသည် ကိုယ်ဝန်ရရှိနေသည်ကိုလည်း မသိခဲ့ပေ။ သူမ သည် ဒေ၀ဒတ္ထ ဘိက္ခုနီမကျောင်းတွင် ရဟန်းမ၀တ်ခဲ့ပါသည်။ သူမ ဘွဲ့နာမည်မှာဒေ၀ဒတ္ထထေရီ ဖြစ်ပါသည်။ သူမ ကိုယ်ဝန်ရရှိနေသည်ကို အခြားရဟန်းမများက သိခဲ့၍ လူဝတ်လဲ ရန် ထို ရဟန်းမအား အမိန့်ပေးလေသည်။ လူထွက်ပြီးသည်နောက် ထိုအမျိုးသမီးငယ်မည်သူမျှ သူမကို မကူညီခဲ့ပေ။ နေရာမပေးခဲ့ပါ။ ထိုကြောင့် သူမသည် မြတ်စွာဘုရားထံ အကြောင်းစုံးလျှောက်ထား ခဲ့ပါသည်။
မြတ်စွာဘုရားရှင်သည် ၀ိသာခါဘိက္ခုနီကျောင်းသို့ သူမအား ပို့ခဲ့ပါသည်။ ၀ိသာခါ ဟူသည် ဘိက္ခုနီများ၏ ခေါင်းဆောင်ဖြစ်သည်။ ထိုကလေးမသည် ကလေးမ၏အခြေအနေများ စစ်ဆေးရန် ပို့ခဲ့ခြင်းဖြစ်ပါသည်။ ၀ိသာခါနှင့်အခြားရဟန်းမ အတူ သူမအားသေချာ ကိုယ်ဝန်အကြောင်းကိုစစ်ဆေးပြီး၍ သူမ ဘိက္ခုနီမ မ၀တ်ခင်က ရခဲ့သော ကိုယ်ဝန်သာဖြစ်ခဲ့သည်။ ထိုကြောင့် သူမအား အပြစ်မရှိခဲ့ပါ ဟု ရဟန်းမများက သိခဲ့ကြပါသည်။
မြတ်စွာဘုရားက သူမအား ၀ိသာခါဘိက္ခုနီမကျောင်း ကို နေရန် ခွင့်ပြုခဲ့လေသည်။ ထိုနောက် အမျိုးသမီးငယ် လိုအပ်သောအရာမှန်သမျှ ဖြည့်ဆီပေးခဲ့ကြသည်။ ရက်အနည်းငယ် ကြာသောအခါ ထိုကလေးအား မွေးဖွားခဲ့လေသည်။ တစ်နေ့သော်အခါ ဘုရင်ကြီ ကောသလမင်းသည် ဘိက္ခုနီမကျောင်းအနီး ကြွချီတော်မူခဲ့သည်။ ထိုနောက် ရဟန်းမကျောင်းမှ ကလေးငိုးသံကို ကြားရ၍ ထိုအကြောင်းကို စုံးစမ်းခဲ့ပါသည်။ အကြောင်းစုံးသိတော်မူပြီးသည့်အခါ ဘုရင်ကြီးသည် ထိုကလေးငယ်အား နန်းတော်ထဲသို့ မင်းသားအဖြစ် မွေးစားခဲ့ပါသည်။
မိခင်၏နို့ရည်ကို ကောင်းမွန်စွာတိုက်ကျွေးခဲ့ပါသည်။ ထိုကလေး၏ နာမည်ကို “ ကဿပ’’ ဟု မှည့်ခေါ်လိုက်လေသည်။ ထိုနောက် ကဿပ မင်းသားသည် ကြီးပြင်လာသောအခါ သူငယ်ချင်းများအတူစော့ ကစားနေစဉ် သူငယ်ချင်းများက သူတို့၏ မိဘအကြောင်းကိုပြောဆိုခဲ့သည် ကို မင်းသားလေးက ကြားခဲ့ရပါသည်။ မင်းသားလေးသည် တွေးတောကြံစည်၍ နေလေ၏။ “ ကျွန်ုပ်၏မိဘများက အဘယ်သူနည်း “ဟု သိချင်နေလေသည်။ ထိုနောက် ဘုရင်အနီးထံသွား၍ မေးလေ၏။ ဘုရင်းက သားတော် သင့်၏အမေကား ဘိက္ခုနီဖြစ်ပါသည် ဟု ပြောလေ၏။
ထိုကြောင့် မင်းသားလေသည် ရဟန်းဖြစ်ခြင်းကြောင်းကို ဘုရင်မင်းမြတ်ထံ သံတော်ဦးတင်လိုက်လေသည်။ ဘုရင်က ခွင့်ပြုတော်မူခဲ့၍ သာမဏေကို မြတ်စွာဘုရားရှင်က ၀တ်ပေးတော်မူပြီ၍ မြတ်စွာဘုရား၏အနီးတွင် နေထိုင်ခဲ့ပါသည်။ မြတ်စွာဘုရား သည် ထို ရဟန်းငယ်အား မေတ္တာဖြင့် စောင့်ရှောက်တော်မူခဲ့ပါသည်။ ထိုနောက် မြတ်စွာဘုရားရှင် က ထိုရဟန်းငယ်၏ဘွဲ့အမည်ကို ကုမာရကဿပ ဟု မှည့်လိုက်လေသည်။
သာမဏေငယ်ကုမာရကဿပသည် တရားများကို ကောင်းမွန်စာ လေ့လာသင်ယူနေပါသည်။ တရားဟော်ရာ၌လည်းလိမ်မာကျွမ်းကျင်သောသာမဏေငယ်တစ်းပါးဖြစ်ခဲ့ပါသည်။ ထိုကြောင့် ကုမာရကဿပ သည်ရွယ်ငယ်သောအချိန်၌ ရဟန္တာအဖြစ်သို့ရောက်ရှိခဲ့လေသည်။
ဥပမာ။ ။ ဘုရင်မင်းမြတ်က ပါယာသီ က သာမဏေကုမာရကဿပ ၏တရားတော်ကို နားယူခဲ့ပါသည်။ တရားနားယူတော်မူသည့်နောက် ရှင်ဘုရင်မင်းမြတ်သည် မြတ်စွာဘုရားထံတော် သို့ထပ်မံ၍ တရားတော်များကို နားယူခဲ့ပါသည်။ ရဟန်းတော်များအကြားမှ သာမဏေလေး ကုမာရကဿပ က တရားဟောမှု အတော်ဆုံးဆု ကို ပေးအပ်ခြင်းခံခဲ့ရပါသည်။ ရှင် ကုမာရကဿပ တရားဟော်ရာ၌ ပင်တိုင်းဖြစ်လာခဲ့ပါသည်။ နာမည်ကျော်ဖြစ်လာခဲ့ပါသည်။ အချိန်ကြာသော်အခါ သူ၏မယ်တော်ကို တွေ့ခဲ့ပါသည်။ မယ်တော်ကြီးအား တရားရေအေးအမြိုက်တိုက်ကျွေးတော်မူခဲ့၍ သူ၏မယ်တော်ကြီးလည်း ရဟန္တာမ အဖြစ်သို့ရောက်ခဲ့ပါသည်။

Saturday, February 19, 2011

မိဘများကိုရိုင်ပင်ကူညီခြင်းနှင့် ကျေးဇူးသိတက်ခြင်း

ကလေးများအား ယဉ်ကျေးမှု သင်ကြားနေသောရဟန်းငယ်တစ်ပါးရှိပါသည်။ သု ၏ဘွဲ့နာမည်မှာ အရှင် မိလိဒေ၀ ဖြစ်ပါသည်။ ထိုရဟန်းငယ်သည် ကလေးများအား မိဘများကို ကူညီရိုင်ပင်ခြင်းနှင့် မိဘကျေးဇူးသိတက်ရန် သင်ကြာပေးနေပါသည်။ အရှင်မိလိယသည် ရှေ့ဦးစွာကလေးများ အား “ သင့်တို့ အားလုံး ရတနာ သုံးပါး ဂုဏ်တော် ကျေးဇူးတော်ကြောင့် မင်္ဂလာတရားနှင့်ပြည့်စုံပါစေ” ဟု နှတ်ခွန်းဆက်သပါသည်။ ကလေးများ ကလည်း ပြန်လည်းရ် အရှင်အား မင်္ဂလာတရားနှင့်ပြည့်စုံပါစေ ဟု ပြန်ပြောကြပါသည်။
ကောင်းပါပြီး ကလေးတို့အားလုံးထိုင်ကြပါ ရဟန်းငယ်က ပြောဆိုလေသည်။ ထိုပြင် ကျောင်းသို့မလာမီ မိဘများ ရှိခိုးကြရန်နှင့် ထိုကဲ့သို့ပြုလုပ်သော ကလေးများသည် ကောင်းသော လိမ်မာသောကလေးများဖြစ်ကြသည် ဟု ဆက်လက်သင်ကြာပေးပါသည်။
အရှင်မိလိယဒေ၀က ဤကဲံသို့ပြောဆိုခဲ့လေသည်။ “ငါသည် ရဟန်းမ၀တ်ခင်ကတည်းက မိဘများကိုရှိခိုးလေ့ရှိပါသည်။ မိဘများသည် သားသမီးတို့၏အနာဂတ်ဘ၀ သာယာလှပစေရန် ကြိုးစား၍ အလုပ်လုပ်ကိုင်ရပါသည်။ ပြုစုပျိုးထောင်ပေးပါရသည်။ ထို့ကြောင့် မိဘမေတ္တာများသည် အနာဂတ်သားသမီးတို့၏ဘ၀ လှပအောင် ကြိုးစားပေးပါသည်။ အဘယ်ကြောင့်ဆိုသော် ငါ့တို့ မွေးကတည်းက စကားမပြောတက်ခင်မှာ အရာဝတ္ထုများလိုချင်သော်အခါ ငိုး၍သာတောင်းတက်ပါသည်။
ထိုအချိန်တွင် မိဘများက မေတ္တာဖြင့် ချော့သိပ်ပေးခဲ့ပါသည်။ မိမိအညစ်အကြေးများလည်းသုတ်တင်ပေးခဲ့ပါသည်။ မိခင်က ကြီးပြင်လာအောင် နို့ရည်ချိုဖြင့် တိုက်းကျွေးခဲ့ပါသည်။ ဖခင်က မိသားစုစားဝတ်နေရေး ပြေလည်းစေရန် နဖူးမှခြေအထိ ချွေးများ ကျသည့်အထိအလုပ်များကို ကြိုးစားလုပ်ကိုင်ခဲ့ပါသည်။ ဖျားနားခဲ့သော် ဆေးများကိုလည်းကုသပေးခဲံပါ သည် ဟု ရဟန်းက သင်ပြပေးလေသည်။
မဟိလိက “ သူမမူကြိုတန်းကျောင်းတက်စဉ် ကျောင်းသို့ သူမ၏်အမေ လိုက်ပို့ပေးခဲ့သည် “ ဟု ပြောလေသည်။
ထိုနောက် စာသင်ပြိးကျောင်းဆင်ချိန်တွင် သူမ၏အမေ လာကြိုပေးသည် ဟု သီလိနီက ပြောဆိုခဲ့ပါသည်။
မအမောဒကလည်း သူမ၏အဖေ က ကျောင်းဆင်ချိန်တွင် သူမအားလာကြိုပေးခဲ့ပါသည် ဟု ပြောဆိုလေ၏။
ကောင်းပါပြီး ဟု အရှင် က ပြောဆိုကာ ကလေးများတို့ မိဘများ က သင့်တို့အပေါ် ဘာတွေ လုပ်ပေးပါသနည်း ဟု မေးခဲ့ပါသည်။ ထို အချိန်တွင် ကလေးကျောင်းသား၊သူများက အသီးသီ ပြန်ဖြေဆိုကြပါသည်။
အချိုကလေးများက ရေချိုပေးနေပါသည်။ အချို့သောကလေးများက အ၀တ်လျော်ပေးနေပါသည်။ ခေါင်ဖီးပေးနေပါသည် ကျောင်းသွားရန် အစားအသောက် နှင့်မုန့်များကိုလည်း မိဘများကပြင် ဆင်ပေးခဲ့ပါသည်ဖခင်သည် လည်းအရုပ်များ၊ကစားစရာများ၊ ၀ယ်ပေးခဲ့ပါသည် ဟု အတန်းထဲရှိကလေးများအသီးသီးက ပြန်လည်ဖြေဆို ကြပါသည်။
ရဟန်းငယ်က ဆက်လက်ပြီး ကလေးများအား သင်ကြားပေးလေ၏။ အပြော၊အဆို၊ ယဉ်ကျေးရန်၊ အ၀တ်များကို သပ်ယပ်စွာ ၀တ်ဆင်ရန်၊ အစားအသောက် အစရှိသည်များကို မိဘများက လက်ဦးဆရာများဖြစ်ကြပါသည်။ ထိုအပြင် ဘုရားကို ပန်းကပ်တက်အောင်သင်ပေးခြင်း၊ အပြောအဆို၊အနေအထိုင်များ၊ သားသမီးများအား လိမ်မာရေခြား ရှိလာစေရန် သင်ပေးကြပါသည်။
ထိုကြောင့် ကလေးတို့… မိဘများသည် မည်မျှတန်းဖိုးကြီးသနည်း။ မိဘဂုဏ်ကျေးဇူးကြီးမာကြောင်းကို ရ ဟန်း ငယ်က သင်ကြားပေးပါသည်။
ရဟန်းငယ်က..ငါသည် မိဘများအား ပန်းဖြင့် ကန်တော့လေ့ရှိပါသည်။ ပြီးနောက် အိပ်ယာမ၀င်ခင် မိဘတို့ဂုဏ်ရည်မှန်းရ် ရှိခိုးပြီးမှ အိပ်ယာဝင်လေ့ရှိပါသည်။ မိဘများ၏ ဂုဏ်များကို အမြဲအောက်မေ့သတိရနေသောသားသမီးများသည် ဘေးအတန်တန် ရန်အသွယ်သွယ် အန္တရာယ် ဟူသမျှ တို့သည် ကင်းရှင်ပပျောက်လိမ့်မည်။ ကလေးတို့. ကောင်းသော ကိုယ်အမူအရာ၊နှုတ်အမူအရာ နှင့် စိတ်အမူအရာများ ရေးပြခဲ့ပါသည်။ ကလေးတို့အားလုံး မိဘတို့အပေါ် ကျေးဇူးတရားသိတက်ရမည်။
အချို့ကလေးများက ကုလားထိုင်ပေါ်ထိုင်နေစဉ် မိဘများ ၀င်လာသောအခါ နေရာထပေးခြင်း၊
နေရာပေးခြင်း စသည် မိဘများကိုရိုသေရပါမည်။ မိဘများ စိတ်ဆင်းရဲစေမည့် အပြောအဆို၊ အနေအထိုင်စသည်များကို ရှောင်ရှာရပါမည်။
အောက်ပါအတိုင်းကလေးများ အားလုံးလိုက်နာရမည်..
၁။ မိဘစကားများကို နာထောင်ရမည်။
၂။ အိမ်တွင်းနှင်အိမ်အပြင်ဘက် မိဘများအား ၀ိုင်းဝန်ကုညီလုပ်ကိုင်ရမည်။
၃။မိမိ က မိဘများကို စိတ်ချမ်းသာအောင် နေထိုင်ရပါမည်။
၎။မိမိ ကြောင့်အခြားသူများအား စိတ်ဆင်းရဲမှုမဖြစ်အောင် နေထိုင်ရပါမည်။
အထက်ဖော်ပြပါ အမူအရာများ ပြည့်စုံသောကလေးများသည် ကောင်းမွန်မြင့်မြတ်သော ဗုဒ္ဒဘာသာဝင် ကလေးများ ဖြစ်ကြပါသည်။
မှတ်ချက။် သီရိလင်္ကာနိုင်ငံ၏ ဓမ္မစာသင်ကျောင်း(ဆန်ဒေးစကူး)တတိယတန်း သင်ခန်းစာ(၉)များကို မြန်မာဘာသာဆီလျောအောင်ပြန်ဆိုထားပါသည်။

Wednesday, February 16, 2011

ဘဝပျော်ရွှင်နည်းများ

ဘဝပျော်ရွှင်နည်းများ

(၁) ပျော်ရွှင်တဲ့အရာတွေကို စုဆောင်းပါ

ပျော်ရွှင်ခြင်းဆိုတာ ကိုယ့်ကိုယ်ကို ချစ်ခြင်းတစ်မျိုးပါပဲ။ ကိုယ့်အတွက် ပျော်ရွှင်တဲ့အရာတွေကို စုဆောင်းပါ၊ သိုလှောင်ပါ။ ဒီနေ့မှာဖြစ်ပျက်ခဲ့တဲ့ ပျော်ရွှင်စရာငါးခုကို မှတ်သားပါ။ မှတ်သားထားတဲ့ ပျော်ရွှင်ခြင်းတွေကို မှတ်စုစာအုပ်မှာ ညှပ်ထားပါ။ စိတ်ညစ်ဝမ်းနည်းတဲ့အခါ ဒါမှမဟုတ် လိုအပ်တဲ့အခါ ပျော်ရွှင်ခြင်းမှတ်စုကို ထုတ်ဖတ်ပါ။ နွေးထွေးတဲ့ ပျော်ရွှင်ခြင်းတွေကို အသစ်တဖန် ပြန်ခံစားမိပါလိမ့်မယ်။

(၂) ကြည်နူး၊ ဂရုစိုက်တဲ့ စကားကိုပြောပါ

လူတိုင်းလူတိုင်း ကြည်နူးတဲ့စကား၊ ဂရုစိုက်တဲ့စကားကို နှစ်သက်ကြတယ်၊ လိုအပ်ကြတယ်။ ဂရုစိုက်စကားတစ်ခွန်းဟာ သဲကန္တာရက အိုအေစစ်နဲ့တူတယ်။ ထိခိုက်ဒဏ်ရာရတဲ့ စိတ်ဝိညာဉ်ကို နှစ်သိမ့်ပေးနိုင်သလို လူ့စိတ်ကိုလည်း လန်းဆန်းပျော်ရွှင်စေတယ်။

(၃) လမ်း ကွေ့ပတ်သွားပါ

ပတ်ဝန်းကျင်အသစ်က သစ်လွင်တဲ့အတွေးတွေကို ရစေတယ်။ တစ်ခါမှ မမြင်ဖူးခဲ့တဲ့ ရှုခင်းမြင်ကွင်းတွေက ထူးဆန်းအံ့သြမှုတွေ အများဆုံးပေးနိုင်တယ်။ လမ်းသွယ်၊ လမ်းမြောင်ထဲ ကွေ့ပတ်ဝင်ကြည့်ပါ။ အဝေးပြေးလမ်းမကို စွန့်ခွာပြီး အရောင်စုံတဲ့ မြို့လမ်းလေးတွေထဲ လျှောက်ကြည့်ပါ။ သွားမယ့်နေရာရဲ့ တစ်ကီလိုမီတာအလိုမှာ ကားရပ်ပြီး လမ်းဆင်းလျှောက်ကြည့်ပါ။ လမ်းဘေးက လှပတဲ့ရှုခင်းတွေကို ခံစားမိပါလိမ့်တယ်။

(၄) အရေးမပါတဲ့ အလုပ်ကို တမင်လုပ်ပါ

တကယ်လို့ သင်လမ်းလျှောက်တတ်ရင် သင်ကတတ်ပါလိမ့်မယ်။ တကယ်လို့ သင်စကားပြောတတ်ရင် သင်သီချင်း ဆိုတတ်လိမ့်မယ်။ ဘဝဆိုတာ အရေးမပါ၊ ငြီးငွေ့တဲ့အရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါပေမယ့် အဲဒီအရာတွေကို နှစ်သက်တဲ့စိတ်ခံစားချက်နဲ့ ခံစားခဲ့ရင် သာမန်လွန်းတယ်ဆိုတဲ့ အရာမှာတောင် သစ်လွင်ခြင်းတွေ ရှိနိုင်ပါတယ်။

ဥပမာ--- မနက်အိပ်ရာထချိန် ကိုယ့်ဘေးပတ်ဝန်ကျင်က လူကို "ကောင်းသော မနက်ခင်းပါ"လို့ နှုတ်ဆက်မယ်။ သွားတိုက်ချိန်မှာ မှန်ထဲက ကိုယ့်ပုံရိပ်ကို ပြုံးပြမယ်။ ဒါမှမဟုတ် အရေးမပါတဲ့ အိမ်အလုပ်တွေကို နှစ်နှစ်သက်သက်နဲ့ လုပ်မယ်။

(၅) မှတ်စုရေးပါ

တွေးတောခြင်းဆိုတာ အဖိုးတန်တဲ့ရတနာလို့ သင်ထင်မိမှာ မဟုတ်ဘူး။ သင့်စိတ်ထဲက အရာတွေကို ချရေးပြီး ထွက်ပေါက်ပေးပါ။ ကဗျာတိုလေးဖြစ်ဖြစ်၊ ရိုးရှင်းတဲ့ဝါကျဖြစ်ဖြစ် သင်တွေးတောမိတာတွေကို ချရေးပါ။ သင်နှစ်သက်တဲ့ ပုံစံအတိုင်း စိတ်ကြိုက်ရေးပါ။ နေ့စဉ်ဘဝကို ရေးမှတ်ခြင်းဖြစ် သင့်တွေးတောမှုတွေ ပိုတိုးတက်လာပါလိမ့်မယ်။

(၆) မလိုတဲ့ပစ္စည်းတွေကို လက်ဆင့်ကမ်းပါ

ဆုံးရှုံးသွားတဲ့အရာတွေကို ပြန်လိုချင်စိတ်ရှိမရှိ စာရင်းတစ်ခုပြုပါ။ မလိုအပ်တဲ့ပစ္စည်း.. ဥပမာ... ဘောလ်ပင်၊ ပိုစတာ၊ စက္ကူပုံး၊ လိပ်စာကတ်... စတာတွေကို သပ်သပ်စီခွဲပြီး သိမ်းထားသင့်တာ သိမ်းထား၊ ပြုပြင်စရာကို ပြုပြင်၊ ပစ်သင့်တာကိုပစ်ပါ။ မလိုအပ်တဲ့ပစ္စည်းတွေကို လက်ဆင့်ကမ်း၊ ပေးဝေတာဟာလည်း အနုပညာတစ်မျိုးဖြစ်တယ်။

(၇) မိဘတွေနဲ့ မိသားစုသမိုင်းအကြောင်း စကားလက်ဆုံပြောပါ

သင့်ဘေးက နီးကပ်တဲ့ဆွေမျိုးသားချင်းကို ဂရုစိုက်ပါ။ အချင်းချင်းကြားက သံယောဇဉ်ကို တန်ဖိုးထားပါ။ မိသားစုအသိုင်းအဝိုင်းကို ချစ်ခင်ပါ။ မိသားစုသမိုင်းအကြောင်း ပြောဆိုမေးမြန်းပါ။ မိသားစုနဲ့ ပတ်သက်တဲ့ ရုပ်ပုံတွေကို ပုံဖော်ရေးဆွဲပါ။ မိဘတွေရဲ့ဓာတ်ပုံ၊ ငယ်ဘဝပုံတွေကို ကူးယူပြီး လွယ်ကူတဲ့စကားလုံးတွေနဲ့ ပုံဖော်ပါ။ မိသားစုအချင်းချင်း ပိုနီးကပ် တွယ်တာပါလိမ့်မယ်။

(၈) ကိုယ့်ကိုယ်တိုင်အတွက် အလုပ်တစ်ခုလုပ်ပါ

ဘယ်လို အကြောင်းပြချက်နဲ့ဖြစ်ဖြစ် သင့်နေ့စဉ်ဘဝကို ပျော်ရွှင်ခြင်းသံစဉ်တွေနဲ့ ပြည့်နေပါစေ။ ကိုယ့်ကိုယ် ထူးဆန်းအံ့သြအောင် လုပ်ပါ။ ကိုယ့်ကိုယ်ကို ပွေ့ဖက်ပါ။ ထိုးထွင်းဉာဏ်ရှိရင် ပျော်ရွှင်ခြင်းဆိုတာရှိပါတယ်။ ကိုယ့်ကိုယ်တိုင်အတွက် လုပ်ချင်တာတွေကို စာရင်းပြုပါ။ ဥပမာ--- စိတ်ဝင်စားစရာကောင်းတဲ့ လှုပ်ရှားမှုတစ်ခုခုကို အားလပ်ချိန်ရှိတာနဲ့ လုပ်တာမျိုး၊ နေ့တိုင်း ကိုယ့်ကိုယ် လက်ဆောင်တစ်ခုပေးတာမျိုး (ဥပမာ-- ရေစိမ်တာပဲဖြစ်ဖြစ်၊ နှစ်သက်တဲ့သီချင်းခွေကို နားထောင်တာပဲဖြစ်ဖြစ်) ဒါမှမဟုတ် ကိုယ်အမှားလုပ်ခဲ့မိတာကို ကိုယ်တိုင်ခွင့်လွှတ်တာမျိုးဖြစ်ဖြစ်...

(၉) တစ်မိနစ်အချိန်နဲ့ လှပတဲ့အရာကို ခံစားပါ

စိတ်ကိုဖြေလျော့ပြီး တစ်မိနစ်အချိန်နဲ့ ဘဝထဲက တိုတောင်းသေးငယ်တဲ့အရာတွေကို ခံစားကြည့်ပါ။ ဥပမာ--- ပန်းရနံ့ကို ရှုရှိုက်တာမျိုး၊ ကြည်လင်တဲ့ ကန်ရေပြင်ကို ကြည့်တာမျိုး၊ နေဝင်နေထွက်ချိန်ကို ခံစားတာမျိုး၊ တောအုပ်ရဲ့ရနံ့၊ နွေးထွေးတဲ့နေရောင်ခြည်၊ အေးမြတဲ့ လေပြေ၊ လှပတဲ့သက်တန့် စတာတွေကို ခံစားကြည့်ဖို့ ကိုယ့်ကိုယ် အချိန်တစ်မိနစ်ပေးပါ။

(၁ဝ) နေ့ရက်တိုင်းကို ဆန်းသစ်ပါ

အရာရာကို ဆန်းသစ်နိုင်ပါတယ်။ စိတ်ခံစားချက်နောက်လိုက်ပြီး နှုတ်ခမ်းနီကို အရောင်ပြောင်းဆိုးနိုင်တယ်၊ ရေမွှေးပြောင်းသုံးနိုင်တယ်၊ ဆံပင်ပုံ ပြောင်းနိုင်တယ်။ ဒါမှမဟုတ် အဝတ်အစားကို တခြားစတိုင် ပြောင်းလဲဝတ်ဆင်တာမျိုး လုပ်နိုင်ပါတယ်။

***မူရင်းမှာရေးထားတာက ပျော်ရွှင်နည်း(၅ဝ)ပါ။ (၅ဝ)ထဲကနေ ကျွန်မကြိုက်နှစ်သက်တာ၊ သင့်လျော်တာကို ရွေးချယ်ဘာသာပြန်ပါတယ်။ ကျန်နေတဲ့အချက်တွေကို ဆက်လက်ဘာသာပြန်ပါဦးမယ်။

မူရင်း-- http://space.atmovies.com.tw/space/space.cfm?action=data&type=clist&CID=GB&sid=156223&mid=0&page=32

နိုင်းနိုင်းစနေ ဘာသာပြန်သည်

မှတ်ချက်။ ။ နိုင်းနိုင်းစနေဘလောက်မှကူးယူဖြော်ပပါသည်။