လူတစ်မျိုး၏ ယဉ်ကျေးမှု၊ဓလေ့ထုံးစံများကိုလူတစ်မျိုးကသိဖို့လိုပါသည်။သိထားလျှင်၊ကျူးကျော်မှားယွင်းမှုများမဖြစ်နိုင်ဘဲ၊ကူးလူးဆက်ဆံမှုလွယ်ကူ၍ ချစ်ကြည်ရေး တည်မြဲနိုင်ပါသည်။(စာရေးဆရာဒဂုဏ်နတ်ရှင်)ရှမ်းပြည်ကြေးမုံစာအုပ်မှ

Popular Posts

တအာင်းဘာသာတရားတော်


MusicPlaylistRingtones
Create a playlist at MixPod.com

Wednesday, September 7, 2011

ဓလေ့ ထုံးစံ


ဓလေ့ ထုံးစံ
 ပလောင်လူမျိုးများသည် သူတို၏ အိမ်နားနီးချင်းဖြစ်သော ရှမ်းလူမျိုးများကိုအစားအသောက်  ရိုးရာဓလေ့အလေ့အထနှင့်ဆိုင်သော အပြုအမူ နှင့်ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဖြစ်ကြပါသည်။ မှန်ပါသည် သူတို့ သည် ရှမ်းလူမျိုးများဘ၀ မှ နေထိုင်သောပုံစံ သူတို့ကို အနည်းငယ် နှိုင်းယှဉ်၍  ခွဲခြားပြီ ပွဲလမ်းသဘင် နှင့် မွေးဖွားခြင်း များ ဆက်နွယ်သော ကျင်းပပုံအခမ်းအနားများကို  စာ ရေးသူ၏ သတိထားမိသလောက် ထူးခြားသော ပုံသဏ္ဍာန် မရှိပါ။ ရှေ့ကျသော ကလေးတစ်ယောက်မှ သူ၏အနာဂတ်ပညာရေး အတွက် ရှေးကျနေသော ဓလေ့ရိုးရာအလေ့အထအယူအဆများ ဖြစ်ကြပါသည်။
 ပလောင်လူငယ်များ၏ အလေ့အကျင့် များ၏အကြောင်း ကို Upper Burma Gazetteer ထဲမှာ ရေးသာဖော်ပြခဲ့သည်။ * ထိုကြောင့် စာရေးသူသည် သေချာဃနစွာသိ ရှိခဲ့ပြီး သို့သော်လည်း ထိုဖော်ပြချက်များကိုသာ နမ့်ဆန် နှင့်သီပေါ အနီးဝန်းကျင် ပြင်သစ်လို (Jeuanesse doree)ဖြစ်ပြီး ဗမာလို “ေ ရွှ လူငယ် ”ဟုခေါ်ဝေါ် အသုံးပြုပါသည်။သာမာန်အားဖြင့် တရားရုံး သည် ရှမ်း နှင့် မြန်မာ့ တို့၏ ကြားတွင် ဖြစ် ပေါ်လာပါသည်။  မည့်သို့ ဖြစ်နေစေကာမူ တစ်ချို့ အမျိုးထဲမှာဖြစ်စေကာမူ အပျို လူငယ်များကို အပြင်သို့ရိုးရာပွဲ ကျင်းပသောအချိန် တွင် ဇရပ် ပေါ် တက်၍( ပါစ် ဆူလ်)  ပွဲမ “က” သေးခင်အထိ လူငယ်များအား တရားရုံးသို့ အပြင်သို့ သွားခွင့်မပြုခဲ့ပါ။ ထိုလူပျို အပျို များ ထွက်လာသည့်အချိန်မှာ   သူကိုယ်တိုင်ပြစ်ကင်းရှင်း သည် ဟု အသိအမှတ်ပြု၍ ချီးမွမ်းထိုက်သောသူ ဖြစ်ြကပါသည်။ ( Debutunt’s)(ဒီဘူတန်) ပလောင် လူငယ်ဘ၀၏  အရွယ်ရောက် သောအခါ အပျိုမယ်နှင့် အတူ နောက်ဆုံးလွပ်လပ်စွာ  ချစ်ရေးဆိုကြပါသည်။
 ပလောင်လူငယ်သည် အနည်းဆုံးတစ်ကြိမ်အဖြစ်  သာသနာဘောင်ထဲသို့  ရှင်သာမဏေအဖြစ် လုပ်ရပါသည်။  နောက်တဖန် အစိတ်အပိုင်းတစ်ခုကာ ချစ်သူအဖြစ်ရောက်ချိန်တွင် မိန်းကလေးက  အခြားအပျိုအဖွဲ့တစ်ခု၏ သူမကို အကြမ်းဖျင်း အမြဲတန်း  ဆက်ဆံကာ နေထိုင်ရပါသည်။ လူပျိုများသည် အိမ်ထောင်ပြုလိုပါက အမျိုးသမီးအိမ်သို့ သွားရောက်ပြောဆို၍သဘောတူမှ လက်ထပ်ရပါသည်။ အထက်ပါ ဓလေ့များသည် ရှေးကျသောအမျိုးများ တစ်ခါတစ်ရံ စာရေးသူက အသေးစိတ်ကိုသိစေချင်၍  ပိုက်ဆံပေးကာ သူတို့သား များအား စုံစမ်းခဲ့ပါသည်။ ဥပမာ - ၁၅ ရူပီ မှ ၁၀၀ ရူ့ပီ အထိ    သူတို့၏ သတိုးသမီးအတွက် ငွေတင်တောင်းရသည်။ ဒါပေမဲ့ ဤအရာများသည် အမြဲလိုလို မမှန်ကန်ပါ။
 အကယ်၍ နွမ်းပါးသော ရည်းစားမောင်မယ်ဖြစ်ပါက (သို့မဟုတ်) အမျိုးသမီး မကြိုက်ခဲ့ပါမူ  လက်ထပ်မင်္ဂလာအား လုပ်ရိုးလုပ်စဉ်အတိုင်းမလုပ်ရပဲ လက်ထပ်စာချုပ်ကို လက်မှတ်ထိုး၍ ပေါင်းသင်း နိုင်ပါသည်။ အကယ်၍ မိန်းမကိုကျူးလွန်း၍ တရားစွဲခံရသော ယောကျာင်္းလေးကို  ဈေးမြင့်၍ ပေးစေလျက် မိန်းကလေးအား ပြန်ရွေးစေပါသည်။
 ယေဘုယျအားဖြင့် ရှမ်းပြည်နှင့် ဗမာ့ပြည်ဓလေ့အရ တစ်လင့်တစ်မယားစနစ် ဖြင့် သာကျင့်သုံးပါသည်။ ထိုသို့သက်သေအထောက်အထားအရ မိမိ၏ လူမျိုးကိုသာလက်ထပ်ရန် တရားဝင်အဖြစ်လက်ခံရပါသည်။ ဆက်လက်ရှင်သန်နေသော ပလောင်ရိုးရာ ဓလေ့အရ မိမိလူမျိုးကိုသာလက်ထပ်ရန် ကို ယနေထိတိုင်အောင် (* Upper Burmar Gezetteer, Part 1, Volume 1 Page, 480)           “Saram”ဇယန်းကျေးရွာ၊ တောင်ပိုင်းနယ် တွင် ယောကျာင်္းပျိုငယ်များက အပြင်ဘက်ကျေးရွာသို့ထွက်၍ လင့်မယားအဖြစ် ရှာဖွေးဖို့ ရန် စိတ်အားသန်းမှုအားနည်းလှ ပါသည်။
 သို့သော် ဤ အရာ သည် ချွတ်ယွင်းချက် တစ်ခုသာ  ဥပဒေ တစ်ခုမဟုတ်ပါ။ ပြီးနောက် ယေဘုယေယျ ပြောရမည်ဆိုလျှင် အိမ်ထောင်ပြုခြင်းနှင့်ပတ်သက်ပြီး တင်းကျပ်မှု  ဓလေ့ ထုံးစံ ပျက်ပယ်ပြီး နောက်ပိုင်းတွင်  အခြားအယူအဆများလွှမ်းမိုးကာ အထက်ဖော်ပြချက်များ ပျက်စီးခဲ့ပြီးဖြစ်ပါသည်။ မိမိမျိုးနွယ်စု များသည်  ရွာငယ်များ စုစည်း၍ နေထိုင်ပြီး မိမိ၏  လူမျိုးကိုသာ အိမ်ထောင်ဘက်ရွေးချယ်၍ စည်းလုံးညီညွတ်စွာ နေထိုင်ကြပါသည်။  တောင်ပိုင်းဘက်စော်ဘွားမျိုး ပလောင်အမျိုးသားများသည် အခြားမျိုးနွယ် ကိုသာမက ရှမ်းမျိုးကိုလည်း အိမ်ထောင်ဖက်ရွေး ကြပါသည်။
 ကာစီ နှင့် အနမ် တို့၏အကြားမှာ အမျိုးသမီးအိမ်ထောင်ဦးစီးမှုစနစ်(သို့မဟုတ်) လူမျိုးနွယ်စု၊ခေါင်းဆောင်အမျိုးသမီး  ဓလေ့ စနစ် ကျင့်သုံးပါသည်။ * ဤ ကဲသို့ အမြင်သည် ရှမ်းပြည်နယ်ရှိသော “Khasis” ကာစီ နှင့် အာစမ် “Assam” တို့၏ ဆက်သွယ်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။  လုံးလကြိုးကုတ်အားထုတ်ခဲ့ပြီး သို့သော် ပလောင်ကြားမှာ အမျိုးသမီးအိမ်ထောင်ဦးစီးစနစ် ဖြစ်ပေါ်သည့်ဖြစ်စေ ၊ သူတို့၏  အမျိုးသမီးအိမ်ထောင်ဦးစီးမှုစနစ် ဖြစ်ပေါ်မှု သေချာဂနစွာ  အိမ်ထောင် အမြင် ဖြစ်ကောင်းဖြစ်လိမ့်မည်။ ဗုဒ္ဓဘာသာ၏ ဓလေ့ထုံးစံ အရ ဆက်လက်ရှင်သန် လိမ့်မယ်ဟု စာရေးသူ ၏  စိတ်ချလက်ချ ကျေနပ် နှစ်သက်မှု မရှိခဲ့။ သူတို့၏ ဓလေ့ထုံးစံတန်းဖို့၏ဘ၀ အလင်းကို သူတို့ကိုယ်တိုင်ထွန်းလင်းအောင် သယ်ဆောင်ပါလိမ့်မည်။
 ထိုနောက် အိမ်ထောင်ပြုပြီးသော သတို့သားလူငယ်များသည် သတို့သမီးနှင့်အတူ မိမိ၏ ရိုးရာဓလေ့များကို  ထိမ်းသိမ်းကြလျက် ရှိပါသည်။  ခင်ပွန်းကွယ်လွန်ခဲ့သော် အကယ်သူမသင့်မြတ်မည်ထင်လျှင် လွတ်လပ်စွာ သူမ၏မိဘဆွေမျိုးများထံသို့ ပြန်၍ အေးချမ်းစွာနေထိုင်ကြပါသည်။
“Upper Burmar Gezetteer” ၏ ညွန်းပြချက်အရ အသုဘ နားရေး နှင့်ပတ်သက်သော အသုံးအဆောင် ပစ္စည်းများ ၏ဓလေ့ ထုံးစံ များသည် ရှမ်းလူမျိုးနှင့် ပလောင်လူမျိုးများ၏ အကြား ကွားပြားမှုမရှိပေ။ ဗမာ့လူမျိုးကဲ့သို့ ယေဘုယျအားဖြင့် ကွယ်လွန်သောအခါ မြေထဲမြှပ် ၍ သင်္ဂြိုလ်ကြပါသည်။ ဘုန်းတော်ကြီးများအား ကြည်ညိုလေးစားသမှု ဂုဏ်ပြုသောအားဖြင့် ဘ၀နတ်ထံပျံလွန်တော်မူသောအခါ မီးဖြင့် သင်္ဂြီိုလ်ကြပါသည်။
အသက်မွေးဝမ်းကြောင်း
 ပလောင်လူမျိုးမျာသည် အထူးသဖြင့် စက်မှုပိုင်းဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်သော အုပ်စုမဟုတ်ပေ။ တောင်ပိုင်းနယ်တစ်ခု လုံး လက်ဖက်လုပ်ငန်းကို အဓိကစီးပွားရေးလုပ်ငန်းနှင့် ကြီးမားသော ထုတ်ကုန်အဖြစ် လုပ်ကိုင်ကြပါသည်။ ပလောင်ကျေးရွာ တိုင်းလိုလို လက်ဖက်ခင်းများ ပြည့်နှက်၍ ဖုံးလွမ်းနေပါသည်။ လက်ဖက်ခူး ရာသီ ရောက်သောအခါ  လက်ဖက်ရွက်စိမ်များ သိုလှောင် နိုင်ရန် အတွက် ထူးထပ်သော ခြံထဲအိမ်များ တည်ဆောက်၍ လက်ဖက်ခူးသောသူများက ထိုခြံအိမ်တဲကို နေထိုင်ကြပါသည်။[1]
 အိမ်၏အောက်ထပ်တွင် လက်ဖက်ခြောက်နေလှန်း ဖို့ရန် ဖျာများ၊ နွေရာသီ ၌ ခြောက်သွေ့သောရာသီ တွင် လက်ဖက်ခြောက် လုပ်ငန်းလုပ်ကိုင်ကြပါသည်။ ထိုလက်ဖက်ခြောက်များကို အိတ်ထဲထုတ်ပိုးပြီ နွားများ နှင့် မြင်းများကို သယ်ယူပို့ဆောင်ရေး အတွက် အသုံးပြု၍ ရထားလမ်းအနီးသို့  သို့မဟုတ် ရထားလမ်း သို့ လက်ဖက်ခြောက်သို့မဟုတ်လက်ဖက်စိုး များ ကို အိတ်များဖြင့်သိုလှောင်၍ ထားပါသည်။ လက်ဖက်သောအခါ  ဈေးကောင်းသောနေရာများသည် ပလောင်ရွာသူ၊သားများ ၀င်ငွေကောင်းပြီ ချမ်းသာကြပါသည်။


 ထိုနည်းတူစွာ လက်ဖက်ဈေးမကောင်းသောနေရာ မှာတော့ ၀င်ငွေ ဆုတ်ယုတ်ကား နွမ်းပါးကြပါသည်။ ခမောက်များ ဟိုနားဒီနား အတွေ့များခဲ့လျှင် ပလောင်လူမျိုးများက လယ်လုပ်သော အချိန်ကာလ ဖြစ်၍ လယ်ထွန်း ပျိုးကြဲ၊ ကောက် စိုက်ကြပါသည်။ ဒါပေမဲ့ (Taungya) တောင်ယကျေးရွာသည် ယေဘုယျအားဖြင့် လက်ဖက်စိုက်ပျိုးရေး တစ်ခုတည်းကို သာ အစားထိုး၍ စပါး စသော စိုက်ပျိုးရေး တို့တွင်မူ ငွေကြေးအနေဖြင့် ၀င်အားနည်းဟု ဆိုသည်။
 ပလောင်ကျေးရွာ များသည် လက်ဖြစ် ယက်ကန်း အထည်ချုပ်ဆိုင်မှအပ စက်မှုနှင့်ဆိုင်သော စက်ရုံအလုပ်ရုံစသည် မရှိပါ။ မိန်းကလေးများ၏ အထောက်အပံလုပ်ငန်းမျှသာဖြစ်ပါသည်။ ပလောင်ရိုးရာ အ၀တ်အစား ပါဝင်သောအရာများမှာ ငွေထည်ပစ္စည်းအမျိုမျိုး၊ နာဋောင်း၊လိမ့်အား (Torques) လက်ကောက်စသသည်တို့ဖြစ်ပါသည်။ ဒါပေမဲ့ သူတို့လက်ဝက်လက်စာ များတစ်ခုလုံးကို ရှမ်းပန်ထိမ်းသည်များ၏လက်ရာအဖြစ် အဖြင့်ထုတ်လုပ်သည့်ပုံပေါ်ပါသည်။
           ဘာသာရေးကို ကြည်ညိုသော ပလောင်လူမျိုးများသည် ဘုန်းကြီးကျောင်း၊ စေတီ စသည်တို့ကို ပြုပြင်မွမ်းမံ၍ အစဉ်မပြတ် ဆောက်လုပ်လှူဒါန်းလေ့ရှိပါသည်။ သို့သော် သူတို့ကိုယ်တိုင် ပန်းရံ လက်သမားလုပ်ငန်းများကို ပါဝင်ဆောင်ရွက် လုပ်နိုင်စွမ်းမရှိပါ။ ထိုအလုပ်များသည် ကျွမ်းကျင်သောအလုပ်သမားဖြစ်သည့် ဗမာလူမျိုးကိုသာ အလုပ်ရှင်များက အလိုရှိပါသည်။ သူတို့၏ လက်ဖြစ် ဗိသုကာတစ်ခုကတော့ ၀ါးအိမ်တည်ဆောက်သောအခါ ၀ါးများကို လိုင်းများတိုင်တာမှု၌ ကျွမ်းကျင်ခြင်းသည် သူတို့၏ပင်ကိုယ်အရည်အသွေးဖြစ်ကြ ပါသည်။ ယင်းလုပ်ငန်းကို   မကျွမ်းကျင်သော သူတောင်မှ  တစ်ခါတစ်ရံစဉ်းစား ဥာဏ်သုံး၍ လုပ်တက်ကြပါသေးသည်။
 တရုပ်လူမျိုးများသည် ဆောင်ရာသီရောက်သောအခါ ပလောင်ကျေးရွာ များကို နှစ်စဉ်လာ၍ အလုပ်လာလုပ်ကြပါသည်။ သစ်များလွှများဖြင့်တိုက်ခြင်း၊ လမ်းဖောက်ခြင်းစသည်လုပ်ငန်းများ ကို ပလောင်ဒေသတွင် များအား အလုပ် လာလုပ်ကြပါသည်။ပလောင်လူမျိုးများသည် ပျော်ပွဲရွင်ပွဲ အပျော်ဟူသောအချိန်မရှိသလောက်ဖြစ်ပါသည်။ ရှမ်းပြည်နယ် နှင့် မြန်မာ့ပြည် အနှံအပြားတွင် လေ့လွင့်နေသောကလေးများကို  ဘုန်းကြီးကျောင်းသို့ ပို့ဆောင်အပ်နှံထားပြီး (Gonyinto) ဗုဒ္ဓ၏အဆုံးအမကိုသင်ယူကာ ကစားပြီ သူတို့ကိုယ်တိုင်ပျော်ရွင်စေသည်။ ဘုန်းကြီးကျောင်းသို့နေပြီး တစ်နှစ်လွန်ပြီသောအခါ လိမ်မာရေခြားရှိလာပြီး နောက်ပိုင်းတွင် အိမ်သို့ အချိန် အနည်းငယ်သာပျော်ရွင်စရာ ရှိပါသည်။ ကျေးရွာများသည် စုစည်းပြီ လှေလုပ်ခြင်း၊ နွားလှည်း နှင့် မြင်းလှည်းများ အပြေးပြိုင်ခြင်း။ ပြုလုပ်စေကာ ခြင်းလုံး ကစားနည်းကိုမူ ပြိုင် ပွဲဖြစ်ဖို့အတွက် ဆွဲဆောင်မှု အပိုင်းမှာ မရှိသလောက်ပင်ဖြစ်ပါသည်။
          ရုပ်သေးပြပွဲကို တော့ မြန်မာပြည်မှာ ၀င်ရောက်ခြင်းမရှိသေးပေ။  အက သည် နမ့်ဆန်မြို့၏ အနီးပတ်ဝန်းကျင်းကျေးရွားများ၌ သေချာမှုတစ်ခုကာ ထိုဖြေဖျော်မှုသည် ကြိုက်နှစ်သက်ကြပါသည်။  ထိုအက များသည် အပျော်တမ်းတစ်ခုနှင့် ယောကျာင်္း အကများသည် မပြောင်းလဲပဲ ထာဝရ တူနေပါသည်။
           ယောကျာင်္း လေးများသည် တစ်ဦးချင်း ထုံးစံအားဖြင့် ထွက်ပြီးကပြရန် လက်ခြေဟန်အနေအထား ထားခြင်း နှင့် သာမာန်ထဲမှာ ကခုံမြူးထူးသော ဗမာအက ဖက်ရှင် ရည်ရွယ်ချက် ၏အမြင်များမှာ  ကပြဖြေဖျော် ရန် ခ န္ဓာကိုယ်ကို နှင့် လက်မောင်းများ လက်များဘယ်လောက်ချိုးပြနိုင်သည် ကိုသာ အဓိက ဖြစ်ပါသည်။
           အချို့သော ပါဝင်ကပြသောသူသည် အမြင့်ဆုံး(၉၉)ဒီဂရီထိ ပျော့ပျောင်းခြင်းပင်ဖြစ်သည်။ ထိုနောက် စာရေးသူသည် နမ့်ဆန်မြို့ပေါ် တွင်လူငယ်တစ်ယောက်  မြင်ဘူးပါသည်  သူသည် ခန္ဓာကိုတွန့်လိမ့်အောင်လုပ်ပြ၍ အများဆုံးသော(၉၉)ဒီဂရီထိ ပင်ကိုယ် ပုံပျက်သွားအောင် တွန့်လိမ့်ကောက်ကွေးသော အကဖြင့်အသက်မွေးဝမ်းကျောင်း ပြုလုပ်နေ သောသူနှင့်အတူနှိုင်းယှဉ်ကာ ဥရောပ ၌ အက စင်မြင့်ပေါ်ကသကဲ့သို့ပင်ဖြစ်ပါသည်။
          ထိုအကများသည် ဆိုင်းဝိုင်းဗုံ၊မောင်း တို့ နှင့် တွဲ၍ တင်ဆက်ရပါသည်။ အိုးစည်း ဟူသည် ဒေသအခေါ်အားဖြင့် (khrung) ခရုအွန်း အများအားဖြင့် သိကြပါသည်။ ခေါင်းလောင်းပုံသဏ္ဍာန်၊ အောက်ခြေမှ စ၍ သုံးပေလောက် အဆုံးအထိ ခပ်ရှည်ရှည် ရှိပါသည်။ ထိုအိုးစည်းသည် ညာဘက် ပခုံးဖြင့်လွယ်ကာ လက်နှစ်ဖက်စလုံး တီးရပါသည်။ သူတို့သည် မိမိလိုချင်သော အသံလှိုင်း များရအောင် အိုးစည်း၏ ထိပ်ဖက်ကို ကောက်ညှင်းထမင်းကိုအသုံးပြု၍ ပလာစတာအဖြစ် သားရေး၏အလယ်ဗဟိုချက်မ ကို ကပ်လိုက်ပါသည်။ ထိုကြောင့် အိုးစည်းတီးသောအခါ တီးကြည့်သောသူ၏ ရယ်စရာ ဖြစ်အောင် တီးပြ တက်ပါသည်။
          မောင်းသည် ကြေးဖြင့်ပြုလုပ်ထားပါသည်။ ပုံသဏ္ဍာန်အာဖြင့် ၀ိုင်း၍ ဆိုက်မျိုးစုံးရှိပါသည်။ တူရိယာ အများထဲမှာ ပလောင်တူရိယာသည် ဘာသာရေးပွဲတော်များတွင် အသုံးပြုပါသည်။(သို့မဟုတ် ) အခြားပွဲငယ်တွင်သာမကပဲ အခြားဘုန်းတော်ကြီးပျံပွဲတွင် လည်း အသုံးပြုကြပါသည်။ ဘုန်းတော်ကြီးပျံလွန်တော်မူသောအခါ  ဘုန်းတော်ကြီး၏ ရုပ်ကလာပ်စံကျောင်းတော်ကို သေတ္တာထဲ ထည့်ပြိး နှစ်ဖက် လွန်ဆွဲကာ ပွဲအဖြစ်ကျင်းပကြပါသည်။
          ထိုဘုန်းတော်ကြီးပျံလွန်တော်မူသည့်ပွဲတွင် လောင်ကစားခြင်း၊ မီးပန်းဖောက်ခြင်း နှင့် အခြားဇာတ်ပွဲများထည့်၍ ပျော်ပွဲရွင်ပွဲ များအဖြင့်ဖြစ် ပူဇော်ကြပါသည်။

ပြီးစီးအောင်မြင်သောဆောက်ရွက်ချက်များ

 သူတို့လက်ဖက်ခြံ၏ ပိုင်ရှင်များနှင့် တောင်မ မှာနေထိုင်သောသူများသည် ကျွဲနွားများကို အသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထွန်းယက်ကြသည်။ အချို့ကမူ ပေါက်တူးဖြင့် မြေကြီး ပေါက် ၍ စိုက်ပျိုးကြပါသည်။ da (ထယ်) သည် ရှမ်းပြည်နယ်အားလုံးနီးပါး အလုပ်အတွက်အသုံးပြုကြပါသည်။လေးထောင့်ဖြင့်အ၀တ်ချုပ်ထားသောလွယ်အိတ်ကိုပခုံးနှင့်သိုင်းပြီးလွယ်ရသည်။  ထိုလွယ်အိတ်သည် ရှမ်းလွယ်အိတ်ကဲ့သို့အရောင်းမတောက်ပပါ။ ထိုအိတ်သည် ဆံကျစ်လည်းမပါ ပြီးနောက် ပန်းလဲမထိုးထားပါ။ ကချင် လူမျိုး ၏ အ၀တ်တန်ဆာသွင်ပြင်လက္ခဏာများ သည် ပလောင်လူမျိုး၏တို့၏ဒေသ မြောက်နှင့်အနောက်တို့တွင် နေထိုင်သော အနီးအနားကျေးရွာလည်းပဲ  အသုံးပြုခဲ့ပါသည်။ လွတ်အိတ်((ရပျို) ထဲ မဆန့်သော၊ကြီးသောအရာဝတ္ထုကို ပလိုင်းဖြင့် ( ခရိုင်) ဖြင့် ထဲထည့်၍ နဖူးပေါ် ကြိုးဖြင့်ရစ်သိုင်းကာ သယ်ဆောင်ကြပါသည်။

အစားအသောက် ၊ မူးယစ် စသည်

 ထိုအရာမှ ကြဉ်ဖယ်ထား၍ (အထူးသဖြင့် အမျိုးသမီးများ) သူတို့သည် ဗုဒ္ဓဘာ သာနှင့်ဆိုင်သော မကောင်းမှုမှရှောင်ရှားစေသောကိုယ်ကျင့်တရားသိက္ခာစောင့်စည်းမှု၌  အကြောင်း  အားသန်သောအားဖြင့် တိရိစ္ဆာန်အသား စားခြင်းကို သာမာန်လူတို၏ နေထိုင်သောသူတို့၏ထက် ပလောင်လူမျိုးသည် ရှမ်းလူမျိုးကဲသို့ပင် တိရိစ္ဆာန်များ၏အသားမစားကြပါ။ ဆန်ကိုအဓိက  ပင်တိုင်း အစားအစားအဖြင့် စားသုံးကြပြီ လက်ဖက်ရည်ကြမ်းကို လွတ်လပ်စွာသောက်သုံးကြပါသည်။ ယမကာများကိုမူ ရှောင်ကြည်၍၊ ဒါပေမဲ့  ဘိန်းစွဲသောသူများက သူတို့၏ ဘိန်းသောက်မှု သူတို့ဘိန်းစွဲမှုတို့၌ မပြတ်နိုင်ပါ။ ဆေးပြင်းလိပ်ကိုတော့ ဗမာလူမျိုးကဲ့သို့ သောက်သောအကျင့်မရှိ။ ဒါပေမဲ့ ပလောင်လူမျိုးများသည် အားလုံးနီးပါ ကွမ်းစားသောသူများဖြစ်ကြပါသည်။
သူတို့သည် ထုံး၊ကွမ်းရွက် နှင့် သစ်ခေါက်တစ်မျိုးမျိုးကို  အမြဲ ထည့်၍ သာမာန်အားဖြင့်အသုံးပြုကြပါသည်။ အထူးသဖြင့် ထုံးသည် သွားများကို ပျက်စီးစေသည်။ ပထမတစ်ခု ကတော့ လူများမြင်တွေ့ နိုင်သောအရာ ကား ကွမ်းစားသောအကျင့် ရှိသောကြောင့် ချီမွမ်းချင် စရာမရှိသော သူတို၏ သွားများကို မည်းနေအောင် ပြုလုပ်၍  သူတို၏အတွေးအခေါ်က လုံးဝသွားမည်းမှုမှာ  ဂုဏ်ရှိသည်ဟု ထင်မှတ်ကြပါသည်။ ခွာမရအောင်လုပ်ထားပါသည်။ ထိုသူသည် အင်မတန်ရုပ်ဆိုး ပြီ ကွမ်းစားသော အမျိုးသမီးတစ်ယောက် ဖြစ်ပါသည်။ 

ပုဂ္ဂိုလ်နှင်ဆိုင်သောပုံပန်သဏ္ဍာန်  နှင့် အ၀တ်အစား

 ပလောင်အမျိုးသမီးများ၏ ၀တ်စားဆင်ယင်းမှုမှာ အခြားအမျိုးသမီးများနှင့် ကွဲပြားခြားနားရခြင်း၏ အကြောင်းအမျိုးမျိုးကာ ကိုယ်ကိုကြည့်လှအောင် ၀တ်ဆင်ဖို့ အင်မတန် နည်းပါးသည်။ ၎င်းအပြင် မည်းနေသောအပေါ်နှင့်အောက်သွား ဆံကေသာကို အတိုးမထား ပဲ အရှည်ထာပြီး သည်နှင့် ငွေထည်သွန်းလုပ်ထားသောနားဋောင်းကြီးနှင့်အတူ သူမကို အကြည်းတန်းစေပါသည်။
(ဆံပင်ညှပ်သောအလေ့အထရှေ့သို ထားပြီး * (Upper Burma Gezetteer) မှ ရည်ညွန်း၍ ဤကသို့ အင်မတန်ထူးဆန်းကောင်းစွာ ရှင်းပြပါသည် ထိုရှင်းပြချက်သည် အမှန်တကယ် မူလစာရေးဆရာက အနည်းငယ်ဘာသာရေးကိုင်ရှိုင်းခဲ့ခြင်း၏ လက်ခံခဲ့ဖူးဖြစ်မည်။) ထိုကဲ့သို့ ရှည်ဝေးစွာ ပြောဖို့ ဆံပင်တိုး ထားခြင်းသည် အမျိုးသမီးများအား အရိုအသေပေးဖို့ရန် အတွက် နှင့် တောထွက်၍ သီလရှင် ၀တ်ခဲ့သည် ဟု ဖြစ်ကောင်းဖြစ်လိမ့်မည်။( ထိုဖော်ပြချက်သည် ပလောင်အမျိုးသမီးကြီးအဖြစ်သို့ ၀င်ရောက်၍ ရိုးရာထိမ်းသိမ်းသည့်သဘော) ဒါပေမဲ့  သံသယဖြစ်စရာမလိုပါ။
 ထိုမူလစည်းကမ်းအရ လက်တွေ့နယ်ပယ်မှာပုဂ္ဂိုလ်တစ်ယောက်၏ ပုံသဏ္ဍာန် ပျက်စီးစေသကဲသို့ထိုသီလရှင်ဖြစ်ခြင်းနှင့် ပတ်သက်သောအလေ့အထ နှင့်ကုသိုလ်ဖြစ်ဖို့စိတ်ထဲ၌ နှစ်သိမ့်ခြင်း၏အတွေးအခေါ်ကို မရှင်းလင်းခဲ့ပေ။ ထိုထုံးစံအားဖြင့် ပလောင်အမျိုးသမီးတစ်ယောက်ဟာ အခြားအဖွဲ့အစည်းနှင့်ဘယ်တော့အမှားမပြုနိုင်ချေ။ တကယ် လက်တွေ့အားဖြင့် ပလောင်အမျိုးသားက ရှမ်းလူမျိုး  နှင့် ခွဲခြား ပြီး ဘာမှမဟုတ်ပါ။
 ကလေးတစ်ယောက်သည် ဘုန်းကြီးကျောင်း၌ ကြီးပြင်းလာသောအခါ ရှမ်းလူမျိုးများ၏ အတွေးအခေါ် ပြုမှုနေထိုင်ပုံကို အတုယူပြီး ဆေးမှင်ကြောင်းဒူးကို မှ ခါးအထိထိုးခြင်း၊ ခေါင်းပေါင်း ၀တ်ခြင်း နှင့် ချည်ဘောင်းဘီ ၀တ်ခြင်း၊ အရောင်မှိန်းသော အင်္ကျီ ၀တ်ခြင်း၊ စသည်ရှမ်းများကဲသို့ ပြည့်နှက်နေပါသည်။
 တနည်းအားဖြင့် အမျိုးသမီးအ၀တ်အစား သည် သူမနှင့် ရှမ်းအမကြားမှာ အတူတကွ အပြင်ထွက်ခဲ့သော်အ၀တ် ကွဲပြားခြားနားပါသည်။  တစ်နေရာမှတစ်နေရာ(သို့မဟုတ်) အမျိုးတစ်မျိုးပြီးမှ တစ်မျိုး ကဲသို့ အသေးစိပ် ဖော်ပြခြင်းမှာထိုအမျိုးသမီးများ၏  ကွဲပြားခြားနားခြင်း၏အကြောင်းများကို နောက်ဆောင်းပါး တစ်ခု ရေးသားဖို့ အုပ်စုခွဲပြီရေးသား ရန်အလုံအလောက်ရှိပါသည်။
 ဤမှာပြည့် စုံစွာပြောရမည့်အရာကတော့ ရှေ့ခေတ်အ၀တ်အစား ဆင်ယင်းသော်အခါ သူတို့၏ ခါးနှင့် ခြေကျင်း များငွေထည်ဖြင့်ပြုလုပ်ထားသော နားဋောင်းစသော အဆင်တန်ဆာအားလုံး အဆင့်မြင့်ပြီး ပေါ်လွင်ပါပေသည်။  ဤဆောင်းပါး မျှသာ အမျိုးသမီးများသည် မ၀တ်ဆင်ပဲ အခြားသူများနှင့်မတူအောင်  (သို့မဟုတ် )ရှမ်းပြည်၌ အခြားသောအိမ်နားနီး များကဲသို့ ချင်းလုံချည်      နှင့် ခေါင်းကို ၀တ်ဆင် ထားပါသည်။ ၀တ်စားဆင်းယင်းထုံးကာ မေးခွန်းအများကြီးမေးပြီး သာမာန်အမျိုးသမီး ထက် ပို၍ စိတ်ဝင်စားစရာ ပြည့်နှက်နေပါသည်။
 ထိုဝတ်စာဆင်းယင်းထုံးဖွဲ့မှုသည် သူတို၏ဓလေ့ရိုးရာအား ပထမအနေအားဖြင့် ကြည့်ရှုသောသူများ၏ အားရုံ ဖမ်းစားနိုင်စေသောဆင်ယင်ထုံးဖွဲ့မှုများကို  ပလောင်အမျိုးသမီး များ၌သာဖြစ်ကြပါသည်။ ထိုနောက် အခြားသူများက သူတို့၏ ၀တ်စုံများကို ပို၍  ဂရုတစ်စိုက်ပေးခြင်းခံရပါသည်။ သူတို့၏ရိုးရာ ၀တ်စုံများကို ပတ်ဝန်းကျင်းများအား အားရုံစူးစိုက်အောင်ဖမ်းစားထားပါသည်။
 အောက်ပါဖော်ပြသော မျိုးနွယ်တို့၏ ကွဲပြားခြားနားသော ရိုးရာဆင်ယင်ထုံးဖွဲ့မှုကို မလိုအပ်သော စကားမချဲ့ကားပဲ  သိသလောက်နဲ့သာ ဖော်ပြကြပါသည်။ ဒါပေမဲ့  သူတို့၏  အရေးကြီးသောအချက်ကို စပြီးကြည့်ဖို့ရန် နှင့်ပလောင်အမျိုးသမီးများအား အသေးစိပ် ဂယနစွာ စိတ်ဝင်စား စရာအကောင်းဆုံးကတော့ အတိက်မှာ သူတို့၏၀တ်စုံများကို သူတို့ကိုယ်တိုင် ပုံဖော်ပြီ တန်ဆာဆင်ခဲ့ပြီ နောက် ထိုအရာသည် နိဂုံးသို ရောက်ဖို့ ရှောင်လွဲဖို့ရန်မဖြစ်နိုင်ချေ။ အနည်းဆုံးထိုကိစ္စကိုသူတို့လက်ခံလာရန် စာနယ်ဇင်းထဲ၌် ခုခေတ်ပေါ် ဆင်ယင်ထုံးဖွဲ့မှု ဖက်ရှင် အဖြစ် လက်ခံ  ရေးသားဖော်ပြခဲ့ရမည်။
           ရိုးရာဓလေ့ တစ်ခု၏ မွန်အာနမ်လူမျိုးတို့သည် ဗမာပြည်ကို အခြေချနေနေထိုင်ပါသည်။ ရှမ်းပြည်နယ်သည် နဂါးမျိုး နွယ်မှ (Naga) ဆင်းသက်သည်ဟု အများက လက်ခံထားသည့်အဆိုရှိပါသည်။
 သီဟရာဇာ ဒဏ္ဍာရီ ဆန်းသော သထုံပြည်ကို တည်ထောင်သောဘုရင် နှင့် တလိုင်းလူမျိုးထက်အစောဆုံး အုပ်စိုး ၍ နဂါးမတစ်ကောင်း ထံ မှ ဥတစ်လှုံပေါက်ဖွားလာကာ ထိုနဂါးမသည် ပင်လယ်ကြီးဘေးမှာ လဲလျောင်းနေခဲ့ပါသည်။ * ထိုနောက် The Upper Burma Gezetter ထဲတွင် ပါဝင်သော နဂါးမင်းသမီး သုစန္ဒီ သည် မိုးကုတ်တောင်၌ နတ်ရေကန် ထဲနေထိုင်ခဲပြီ နောက် ဥသုံးလုံး ဥခဲ့ပါသည်။ ထိုဥ သုံးလုံးထဲတွင် တစ်လုံးက ကလေးတစ်ယောက်ပေါက်ဖွားပြီး ထိုပေါက်ဖွားလာသောကလေးဟာ နမ့်ဆန်မျိုးနွယ်ဟု အခိုင်အမာ ပြောဆိုကြသည်။* ဤ စာပိုဒ်သည် ကား အောက်ပါအတိုင်းဖြစ်သည်….

“ လွယ်လုံ၏စောဘွား ၊ တရုတ်ပြည်မှ ဦးတီးဘွား နှင့် ရာမဘုရင် တို့က ပုံဂံပြည်ရှင်မင်း ဖြစ်လာခဲ့ပါသည်။ သူတို့အားလုံး ညီအကိုများဖြစ်ခဲ့ကြပါသည်။ သုစန္ဒီ နဂါးမင်းသမီးထံမှ အခိုင်အမာဆင်းသက်လာခဲ့ကြပါသည်။ တောင်ပိုင်းစော်ဘွားနှင့် ပြည်သူများသည် သူမ၏မျိုးနွယ်မှ ဆင်းသက်ပြီ နောက် ရူမိုင်ပလောင်အမျိုးသမီးတို့သည် ယနေ့တိုင်အောင် နဂါးအရေးခွံအရောင်းကဲသို့ ၀တ်ဆင်ကြပါသည်။  ” 

အထက်ပါဖော်ပြချက်သည် အနှစ်ချုပ်ထဲတွင် ပါဝင်ပြီ ပလောင်အမျိုးသမီး ၀တ်စုံများ၏ ဘာသာရေးနှင့်ဆိုင်သော “inwardnees” အတွင်းစိတ်သန္တာန် များ နှင့် ဆက်နွယ်သောလေ့လာချက်များကို စာရေးသူက ကျေနပ်ခဲ့သည်။ ထိုလေ့လာချက်သည် အသေးစိပ်ပြင်ဆင်ရသည်ကို အဓိပ္ပါယ်ကင်းမဲ့ပုံရသည်။ တစ်ချိန်တစ်ခါတည် ပုံအမှတ်သညာဖြင့် ပုံဖော်မှုကို ထပ်ခါတလဲလဲ ဖော်ပြ ခဲဘူးပြီ ဖြစ်ရမည်။
 ထိုအချက်သည် ဆက်လက် စစ်ဆေးဖို့ရန်လိုအပ်သည် ။ သံသယမရှိပါ။  ဒါပေမဲ့ ထိုအရာသည်သေချာစွာ ပဋိသန္ဓေတည်ပုံသည် အင်မတန် အံ့သြဖွယ်ကောင်းသောအရာမှာ  “မွန်အာနမ်” “ကူမ” တို့၏ နှင့် ပြင်သစ် အင်ဒို ချိုင်းနားတို့ ၏  “  မြွေးသားစားသော  သူတို့ကို အသားစားကြူးသော သူများ၏ စားသောက်ပုံကို ကြိုက်နှစ်သက်ပြီ ကျော်ကြားသောလူများဖြစ်ကြပါသည်။ ” +
 ခရစ်ယာန်ဓမ္မမင်္ဂလာဆိုင်ရာ ရှေ့ကျသော ခေတ်ဦးမှ ရှင်သန်သော သူဖြစ်နိုင်ပါသည်။ပလောင်အမျိုးသမီး၏၀တ်ဆင်ထားသော အရစ် နှင့်အစပ်နှင့်လည်းပင်း၌ ဆင်းယင်းထားသော ၀ိုင်းသော သံကွင်းများ ၊ နဖူးများ ၊ခါး နှင့် ခြေထောင့်များ၊ စိန်ပြာကဲ့သို့ အင်္ကျီ ထဲတွင်ငွေထည်ဖြင့်ပြုလုပ်၍ ဆင်းယင်းမှုများ၊  ထိုအရာများသည်  နဂါး ကိုယ်နှင်ဆက်စပ်သော အတိုင်းအဆ  တစ်ချိန်တစ်ခါ က ဆက်နွယ်ခြင်း ရှိခဲ့ဘူးသည်ဟု ဖြစ်နိုင်သည်။
 ပလောင်လူမျိုး များ၏ ရိုးရာ ဓလေ့ များ ကို လူများ၏ အားရုံကိုဖမ်းစားနိုင်ဆုံးကတော့ [2] သူတို့၏ ဘ၀ကို  သရုပ်ခွဲပြနိုင်ခဲ့ပြီးသည် နှင့်အတူ  ထူးခြားသော လက္ခဏာများ  မှာ  မြွေးအချို့အကြောက်ဆုံး ဖြစ်နိုင်ပြီ အတိက်ကာလ၏ ထိုမြွေး နှစ်သက်မြတ်နိုးမှုကို ရှိခိုးသောသူများအား ယခုအခါ တဖြည်းဖြည်းမှေးမှိန်လာခဲ့ပါသည်။

ပလေး ပလောင်တို့၏ နယ်နိမိတ်အပိုင်းအခြား

 မျိုးနွယ်စု နှင့်ပတ်သက်ပြီး ခွဲခြားမှု မစခင်မှာ ပလေးပလောင်တို့၏ နယ်နိမိတ်အပိုင်းအခြား အကြောင်းကို စကားအနည်းငယ် ပြောရပါလိမ့်မည်။ ပလောင်တို့၏ နယ်နိမိတ်အကြောင်းကို “Upper Burma Gazetteer” ဤ ကဲ့သို့ပြောဆိုလေ၏။..*
ပလောင်ပလေးထဲမှာ ယေဘုယျအားဖြင့်နယ်နိမိတ်အပိုင်းအခြားကို  လုံးလောက်စွာ အချက်အလက်ရေးသာဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ထိုနောက် သူတို့ အခြေခံ ၀တ်စားဆင်းယင်း ထုံးဖွဲ့မှု ဓလေ့၊ ခု ခေတ်ပေါ်ဝတ်စုံများနှင့် ဗမာစကားထက်  ဒေသန္တရ စကားကို သာ အမျိုးသာစကား ဖြစ်ခဲ့၏။ ခုချိန်ထိတိုင်အောင် ပြောခဲ့ကြစမြဲအဆိုတစ်ခု ကတော့ ပလေးတို့သည် အနောက်နှင့် မြောက် တောက်လျှောက် ခွန်ဟောက်မှ ( Saram)ဇယန်း အထိတွေ့ရှိခဲ့ကြပါသည်။ ထိုနောက် ( Man Wai) မိုင်ဝီ နှင့် အရှေ့ပိုင်းတွင် ပလောင်လူမျိုးများတွေ့ရှိခဲ့ပါသည်မှာ ဖြစ်နိုင်ချေရှိပါသည်။ ပေါ်လွင်အောင်ပြောရမည်ဆိုလျှင် ပလောင်လူမျိုးများသည် တောင်ကုန်းအမြင့်ပေါ်တွင် နေထိုင်လေ့ရှိသည်ဟု ဤ ကဲ့သို့ပြောနိုင်ခဲ့ ပါသည်။ အနည်းငယ် စိုက်ပျိုးရေ လုပ်ကြပါသည်။ သို့သော် လက်ဖက် ပို၍ စိုက်ပျိုးကြသည်။  ပလေးတို့သည် အောက်ဖက်သို့ အခြေချ ၍ နေသောအခါ လက်ဖက်ထက် လယ်စပါး ကို ပို၍ အမြဲ စိုက်ပျိုးလုပ်ကိုင်ကြပါသည်။ ”
 မှန်ပါသည်။ ထို “ ပလောင် “ နှင့် “ ပလေး “ ဟူသောဝေါဟာရ သည် မူလ တိုင်းရင်း မဟုတ်ကြပေ။ ထိုခွဲခြားစိပ်ဖြာခြင်းကို အကျိုးအမြတ် အနည်းအများ မရှိ ဟု ကြားဝင်စေ့စပ်ကြပါသည်။ ထိုအချိန်မှာပင် နည်းလမ်းအများကြီး အဆင်ပြေ ပါသည်။ ပြီးနောက် ပလောင်များ ကို ကိုယ်တိုင် မိမိတို့ ကိုယ်တိုင် ရှင်းလင်းစွာ မှတ်မိ ပါသည်။ ထို တောင်ပိုင်း နှင့် သီပေါ ပလောင် အကြောင်း ပြည့်စုံစွာ ဖော်ပြခြင်း မရှိပါ။ ထိုဖော်ပြချက် များကိုလည်း ရည်ညွန်းချက်အထောက်အထားမပါဝင်ပါ။
 တကယ့် ပလောင် များ ပြောရမည် ဆိုလျှင် ပလောင်လူမျိုးများသည် မင်းမျိုးစိုးနွယ်ဝင် စပ်လျဉ်းသော မှတ်စုများရှိကြပါသည်။ သူတို့သည် တောင်ပိုင်းမြို့တော် အနီးဝန်းကျင် တွင် ဆက်လက်နေထိုင်ခဲ့ကြပါသည်။ သူတို့၏ ဒေသခံစကား နီးစပ်စွာ ပြောဆို ကြပါသည်။ ခက်ခဲစွာစိုက်ပျိုးကြပါသည်။ သို့သော် လက်ဖက် အရည်အသွေး ကောင်းမွန် သည် ဖြစ် ၍ ဤဒေသတစ်ခုလုံး ၏အဓိက  ထုတ်ကုန်ပစ္စည်းဖြစ်လေသည်။
 ပလောင်လူမျိုးတို့၏ဧရိယာနယ်ပယ်ထဲတွင် အနည်းငယ်အခြေချနေထိုင်သော သူများမှာ “မွန်အနမ်” လူမျိုးဖြစ်၍   ရှင်းလင်းစွာ အမှန်အတိုင်းပြောရမည်ဆိုလျှင်  ပလေးများ ဖြစ်ကြပါသည်။ ပလောင်များသည် ပလေးများကို အထင်အမြင်သေးကြသည်။ ဒါပေမဲ့ ငွေရေးကြေးရေး အနေနဲထည့်သွင်းစဉ်စားရမယ်ဆိုလျှင် ရှေးခေတ်လူကြီးများ၏ ယူဆချက် မခိုင်မာပုံပေါ်သည်။ အသေချာဆုံးတော့ ပလောင်လူမျိုးများသည် မည့်ကဲ့သို့ အုပ်ချုပ်သော လူအတန်းအစား ကို မျိုးနွယ်စုအဖြစ်လက်ခံနိုင်ချေရှိသည်။  စင်ကြယ်သော်မျိုးနွယ်ကဲ့သို့ “မွန်အနမ်” တို့၏သဘောထားကိုထင်ဟပ်သော မျိုးနွယ်အုပ် စုဝင်များ၏ နောက်သို့ သူတို့သည် ဆင်းရဲသောသူဖြစ်သည်  ဟု မဆိုလိုပါ။ ထိုနောက်   ပိုမို၍ အနောက်မျိုးနွယ်များကို  အထင်အမြင်သေးသည်ဟု ပြောဆိုပါသည်။ 

သူတို့၏် ရုပ် ပိုင်းဆိုင်ရာလက္ခဏာများသည် ရှေ့ကျသော အမြင့်ဆုံးနို့တိုက်သတ္တ၀ါ (ပရိုင်းမိတ် ) မှဆင်းသက်လာသည့်ပုံစံပေါ်ပေါက်ပုံရှိပြီး  တစ်ခုသည်သာလျှင် ရှမ်းလူမျိုးများနှင့်  ရောစပ်၍ သို့မဟုတ် နိုင်ငံခြားသွေးနှင့် အချို့သောကိစ္စစပ်လျဉ်း၍  နွယ်မျိုးများ၏  ၀တ်စာဆင်ယင်ထုံးဖွဲ့ မှု အမှတ်အသား ၏အတူ  သာမာန်ထဲတွင် နေထိုင်သောသူများနှင့် ဆက်နွယ်၍  ချစ်ခင်ရင်းနှီးသကဲ့သို့ သေချာဆုံးဖြစ်နိုင်သည်ကာ  သန့်စင်စယ်ကြယ်သောမျိုးရိုးဖြစ်သည်ဆိုတာကတော့  မည်သည့်စောဒက မျှ မတက်နိုင်ပါ။ ယေဘုယျအားဖြင့် ပြောရမည် ဆိုလျှင် စစ်မှန်သောပလောင်လူမျိုးများသည် မှန်သောနာမည် ရှိသော လူမျိုးများအဖြစ် ဘ၀တစ်ခုကိုတိုးတက်အောင် ရုန်းကန်ဖို့ခက်ခဲသည်ဟု  မည်သူမျှ ငြင်းပယ်နိုင်လိမ့်မဟုတ်ပါ။
တောင်ပိုင်းအလယ်ဗဟိုချက်မ၏ တောင်ကြောတစ်လျောက် အခြေချနေထိုင်ကြသော (Saram) ဇယန်းကျေးရွာ မှ မြို့တော် နမ့်ဆန်အထိ မြောက်ပိုင်းတောက်လျှောက် တွင် ၊ လွယ်ဆိုင်တောင်ရှိ တောင်ပိုင်းနှင့်အခြား ကျေးရွာများသည် အနောက် ဖက်ဆူဆူ တောင်ကြောဆီ သို့ မှီတင်လဲလျောင်နေပါသည်။
 အထက်ပါလေ့လာခဲ့ သကဲ့သို့ ပလောင်လူမျိုးဟု ခေါ်တွင်နိုင်သောဤ မှတ်စု၏ရည်ရွယ်ချက် အတွက် အပေါ်ကြည့်သကဲ့သို့ ပလေး နှင့် အချို့သောပလေးမျိုးနွယ်စုများသည် အစောတလျင် ပလောင်နယ်မြေဧရိယာ၏ အိမ်နားနီးချင်း ဖြစ်လိမ့်မည်။ ထိုနောက် သိရသလောက်ကတော့ မိမိတို့ပလောင်မျိုးနွယ် အဖြစ် သူတို့အား  ပလောင်အဖွဲ့အစည်းများ က အဆက်မဖြတ်ခြင်းကိုသေချာစွာငြင်းပယ်လိမ့်မည်မဟုတ်ပေ။
 ထိုကြောင့်စာရေးသူသည် သေချာစွာ ဒေသခံတို့၏စကား တိကျစွာရဖို့ရန် နှင့် ထိုဒေသခံစကားများ၏ကြားမှာ ပလောင်စင်စစ် နှင့် ထိုပလေး မျိုးနွယ်စုများအား ရေးဆွဲ တင်ပြ နိုင်ပါလိမ့်မည်။ သို့သော်လည်း ၀တ်စုံကွဲပြားခြားနားခြင်း ကာ ပို၍တောင်တိကျပါသည်။ထိုနောက် ကျွနုပ်တို့ ဆက်လက်စဉ်စားဖို့လိုအပ်ပါမည်။
 ဘ၀တစ်ခုတည်းရှိခြင်း အခြေခံအမျိုးသမီးများအတွက် ထင်ပေါ်ကျော်ကြားမှု၌၀တ်စုံ နှစ်ခုရှိကြပါသည် ဟု  ပြန်လည် အနှစ်ချုပ်ခြင်း ပင်ဖြစ်ပါသည်။ ထိုနှစ်စုံးတို့သည် ကျွန်ုပ်တို့ ပလေးတို့အား အများအားဖြင့် ရှေးခေတ် ရိုးရာ ၀တ်စုံးများအား ဆင်မြန်းစေပါသည်။ ပြီးနောက် ပလောင်ရိုးရာဝတ်စုံထဲမှာ အခြားအဆင့်မှလူမျိုးများနှင့် တူသောပုဂ္ဂိုလ် မရှိသောအရာကာ အမျိုသမီးလုံချည် ဖြစ်ပါသည်။ အနီရောင် အစင်း နှင့် အပြာရောင် [3]* မျဉ်း မျက်နှာပြင် ညီ သောလိုင်း နှင့် ကြိမ် နှင့်ဝါးများ  (သို့မဟုတ)် ခါး၌ ၀တ်ဆင်ထားသော ကွင်းများ ဟန်ချက်ညီအောင် သချာစွာ စည်းထားပါသည်။
  သီပေါနယ် ၌ အများအားဖြင့် ပလေးမျိုးနွယ်စုများ၏ ကြားမှာ မိုင်းလုံ နှင့် အနောက်တောင် တောင်ပိုင်း ( နောက်ပိုင်းတွင် အနောက်ပလေး ဟု ခေါ်ကြသည်) အမျိုးသမီး များ ၀တ်ဆင်ကြသည့် အကျီင်္အသေး နှင့်အတိုတစ်ခုအခြားသူများထက် ပိုနေပါသည်။ ပြီးနောက်  ပွဲလမ်းသဘင်၌ ခါးတွင် အနီရောင် နှင့် အပြာရောင် ခန့်မှန်းခြေအားဖြင့် ခန္ဓာကိုယ်နှင့် ပုံသဏ္ဍာန် တူညီစွာ ၀တ်ဆင်းကြပါသည်။
ထိုအမျိုးသမီးလုံချည်သည် သေးငယ်သော အရွယ်အစား အမျိုးမျိုးရှိပါသည်။ အချို့သောမျိုးနွယ်များ ၀တ်ဆင်သောလုံချည်အနီရောင်အစင်းရှိပြီ အခြားသောသူများထက် ကျယ်ပါသည်။ သို့သော် ကွဲပြားခြားသည့်ပုံက ဆန်းကြယ် ၍ မျက်စိမယဉ်းပါးသောသူလောက်သာ အထူးဖြစ်နေပါသည်။
  ခါး    ၌ ၀တ်ထားသော သာမာန်အားဖြင့် အဖြူရောက်ဖြစ်ပြီ အင်္ကျီလည်း ရိုးရိုးပင်။ အလုပ်အတွက် ၀တ်ဆင်းထားသော အင်္ကျီအပြာရောင်နီးပါးဖြစ်သည်။ ခြေကျင်း ၀တ်ဖုံးသောအရောင်ကာ အပြာရောင် (သို့မဟုတ်) အပြာရောင်နှင့် အဖြူရောင်။ သို့သော် အမျိုးသမီးများသည် လုံချည်မှအပ တင်းကျပ်၍ ၀တ်ထားပါသည်။ အောက်သို့ မည့်သည့်အရောင် မချည်းကြပါ။
 ထိုဝတ်စုံ သည် ပုံသေအ၀တ်အစား နှင့် ကွဲပြားခြားနားပါသည်။ တောင်ပေါ်ဒေသတွင်နေသော ပလောင်မျိုးနွယ်အလိုက် ၀တ်စုံတို့တွင် တစ်ညီတည်ပုံဖော်သည့်ရောင်စုံအကွက် ဖြစ်ကြပါသည်။ နမ့်ဆန်၏ အရှေ့မြောက် တွင် နေထိုင်သော အမျိုးသမီး ၀တ်စုံကာ ( ယေဘုယျအားဖြင့်အများသိကြသော သီပေါ နှင့်တောင်ပိုင်း၊ ဟူမှိုင်း ပလေးကဲ့သို့  ဆန့်ကျင့် ကွဲပြားစေသောသူသည် သူတို့၏အနောက်ပိုင်း အနီး ၀န်းကျင်းများက ဤနေရာ၌ အနောက်ပိုင်းပလေးဟု ခေါ်နိုင်ပါသည်။) မိန်းကလေးများ၏ ၀တ်ဆင်ထားသောအတွင်းခံဂါဝန် မှအပ  လက်တွေ့အားဖြင့် အနောက်ပိုင်းနှင့် ချွတ်စွပ်တူသောအမျိုးသမီးကြီးများ ဖြစ်ပါသည်။
 မည့်သို့ဖြစ်စေကာမူ သူတို့၏လုံချည်သည်  အပြာရောင် (သို့မဟုတ် )အပြာ  အနက်ရောင် ဖြစ်၍အလျားလိုက်ဖြတ်ကာ  ပုံမှန်အားဖြင့် သိုင်းကြိုးဖြင့်စီးပြီး သုံးလေးခု အနီရောင် တန်း များရှိပါသည်။ သီပေါ ၌ လျက်တပြက်  နှင့် မိုင်းလုံတို့၏ အ၀တ်များ ကွဲပြားခြားနားချက်ဖြစ်ပါသည်။
 အထက်ပါ ဖော်ပြခဲ့ပြီးသော မမှားနိုင်သော ပလေးတို့၏ ၀တ်စုံပုံစံများဖြစ်ကြသည်။ သူတို့သည် ၀တ်ဆင်ထားသောသူများကို ချက်ချင်း တံဆိပ်ကပ်ထားသကဲ့သို့ဖြစ်ပါသည်။ ပလေးမျိုးနွယ် နှစ်ခုထဲတွင်  ပတ်သက်ပြီ တစ်ခုတည်းသာလျှင် အခြားသူများကို ရိုးရာဝတ်စုံ ၀တ်ဖို့ ရန် တိုက်တွန်း အားပေး ဖို့ ရန် ပျက်ကွက်ခဲ့ပါသည်။
 ထို ( Tiaorai) ထရောရိုင်မျိုးနွယ်များ တို့ သည် အရှေ့ဘက်နှင့် ငွန်းရော( Ngawan rawt) သည် နမ့်ဆန်၏ အနောက်မြောက်သို့ ပလောင်စင်စစ် အနီးဝင်းကျင်း များ တွင် ရှိကြပါသည်။  သူတို့၏ ခါးစည်းကွင်းသည် အနည်းငယ်အရောင်ကွဲပါသည်။ ထိုနောက် ပလေး တို့၏ ခါးစည်းကွင်း ပုံသဏ္ဍာန် ၀တ်ဆင်ကြပါသည်။ နောက်ဆုံးလုံချည် အရောင်ကား အ၀ါရောင် နှင့်အနီရောင်အစင်းရှိပါသည်။ ရှေ့ဟောင်း နမ့်ဆန်ပလောင်များထံမှ ၀တ်စုံများကို မွေးစားပုံပေါ်ပါသည်။ သို့သော်လည်း ၀တ်စုံပုံပြင်အသီးသီး က ခါးစည်းကွင်း နှင့် အနီရောင်၊အပြာရောင် လုံချည်ဖြစ်ပါသည်။ ထရောင်ရိုင်တို့ ၀တ်ဆင်သော လုံချည်၏ အရောင်ကတော့ လက်တွေ့အားဖြင့် တူညီသောအလျားရှိပြီး၊ ဒါပေမဲ့ ပလေးတို့၏လုံချည်ထက် ပို၍ ကျဉ်းပါသည်။ အ၀တ်ထည်ပစ္စည်းကတော့အလွန်ကောင်းပြီး၊ တောက်ပသောအနီရောင်နှင့် အပြာရောင် ခပ့်ပျောပျော့ ရိုးရိုး ပလေးတို့ထက် လုံချည် မှာအနီနှင်အပြာရောင် ရှိပါသည်။
 ငွန်ရောံဝ် အမျိုးတို့ ၏ အတွင်းခံ လုံချည်ကား ကွင်းကျယ်ပါသည်။ သို့သော် ထိုသုံးခု ထဲမှာ အောက်အ၀တ်နှင့် သင်လျော်သည်။ သူတို့ ထိုအ၀တ်ကို ၀တ်ဆင်သောအခါ တစ် ကိုယ်လုံးဖုံးကွယ်ပြီး အင်္ကျီ အလျားလိုက် နှစ်ဖက်ရှိကြပါသည်။ အထက်ပိုင်း တစ်ဝက် မှာ အ၀ါရောင်ရှိပြီး အောက်ပိုင်းမှာမူ အနီရောင် ရှိပါသည်။
 ထိုထရောင်ရိုင်တို့၏ ရိုးရာဝတ်စုံသည် ပထမဦးဆုံး မြင်မြင်ချင် အခြား ပလေးတို့ထက် ဆင်တူယိုးမှားရှိပါသည်။ သို့သော်လည်း ထို ထရောင်ရိုင်နှင့်ပတ်သက်ပြီ အရေးကြီးသော ( အနီစင်း၊အပြာအစင်းများနှင့် ခါးကွင်းများ) အရာတစ်ခုဖြစ်ပါသည်။ ထရောင်ရိုင် နှင့် ငွန်းရောံဝ် မျိုးနွယ်စုသည် ချမ်းသားသောသူများဖြစ်ကြပြီ လက်ဖက်ပင် အများ အပြား စိုက်ပျိုးကာ ပလောင်နယ်မြေအတွင်း ကျေးရွာကြီးများကို တည်ဆောက်ကြပါသည်။ ပလောင်လူမျိုး၏ ချီးမွမ်းစရာအဖြစ်သူတို့ကိုညွှန်းပြကြပါသည်။ 
မည်သို့ဖြစ်စေကာမူ ပလောင်အသိုင်းအ၀ိုင်းတစ်ခုလုံး၏ သံသယကင်းရှင်းစွာ ထိုဆုကို ထိုက်သန်မှုအဖြစ် မငြင်းနိုင်ပေ။  ကျွန်ုပ် တို့ Upper  Burma Gezeeteer * ထံမှ  ရှေ့ပဝေသဏီကာလ ပလောင်လူမျိုးတို့သည် ၀တ်စုံနှင့်ပတ်သက်၍ စည်းကမ်းတင်းကြပ် စွာ  ပလေးတို့ထက် ထိန်းချုပ်ထားကြပါသည်။ ဆင်းရဲသောသူများကို ပလောင်အဖွဲ့အစည်းများက လေးစားမှု နည်းပါသည်။ အနီရောင်နှင့် အပြာရောင် ကဲ့သို့ ခါးကွင်းတစ်ခါတည်းပင် (  De ru ri gueur ) ဒီရုဒီဂူဝါနှင့် ထို့ပြုပြင်မွမ်းမံပြောင်းလဲသော ထရောင်ရိုင်ကို နှင့်ငွန်ရောံဝ် တို့ကို စတင် မိတ်ဆက်ပေးခဲ့ပါသည်။ 


[1] [1]*Note one the Khasis,Syntences allied tribes inhabiting the Khasis and  Jaintia Hill, by Major P.R.T Gurdon, Superintentent  of Ethnography.Assam, Shillong 1901.
+ Part 1 , Volume 1 , Pages 490

[2]  British Burma Gazetteer, 1880, Volume 1, Page 224.
+ Upper Burma Gazetteer, 1900, Part 1, Volume 1, Page 484, 85.
+ Upper Burma Gazetteer, 7 Part 1, Volume1, Pages, 522.

[3]  ပလေးတို့၏ ထဘီသည်အနည်းငယ်ပါးပြီ အနီရောင် နှင့် အပြာရောင်ကြားတွင် အ၀ါရောင် အစင်း ရှိသည်။ ဒါပေမဲ့ မမြင်တွေ့နိုင်ပါ အကယ်၍ အထည် နီးကပ်စွာ မစစ်ဆေးမေးခဲ့လျှင်  မတွေ့မြင်နိုင်ပါ။

No comments: