ဤအချက်သည် ဗမာ့လူမျိုးထံမှ လွမ်းမိုးလာပါသည်။ အနှစ်ချုပ်အားဖြင့် အမျိုးသားထုံးတမ်းဓလေ့သည် အောင်ဘာလေထီကဲ့သို့
အခွင့်အလမ်း ဖြစ်ပါသည်။ သို့မဟုတ်လျှင် ဖွဲ့စည်းပုံ
ရည်မှန်းချက် ကင်းမဲ့ပုံပေါ်ပါသည်။ ထိုကိစ္စ ဖြစ်ပေါ်လာသောအခါ ထိုညသည် ထိုမိန်းကလေးကို
လာရောက်ခိုးပြေးယူဖို့ရန်အလိုငှား သူမအား ရက်စွဲ
တပ်ထားရပါသည်။ သူမလက်ခံထားပြီးသော ချစ်သူက သူ၏ ဆွေမျိုးအိမ်သို့ ခေါ်ဆောင်သွားပါသည်။
ထိုနောက် မိန်းကလေး၏ အိမ်သို့ သူမ၏ မိဘများအား ပြန်ပြောပြပါသည်။
မိန်းကလေးသည် ယောင်္ကျားကို လိုက်ဖို့မထွက်ခွာမှီ
မိဘများအားရှင်းပြအသိပေးသည့်ပုံစံဖြင့် ဆေးရွက်နှင့် ဆန်အနည်းငယ် ကို မိဘနှစ်ပါး အတွက် ကန်တော့ခဲ့ပြီးကား အသိပေးခဲ့ပြီး ယောင်္ကျားလေးနောက်သို့
လိုက်သွားပါသည်။ လုပ်ရိုးလုပ်စဉ်အတိုင်း သတိုးသား၏မိဘများ က နောက်နေ့တွင် အကယ်လို့
မသင့်တော် ဘူး ဟု ထင်ခဲ့လျှင် ကြီးမားသောကြေးများဖြင့် (တင်တောင်းမှု) အလိုရှိပါသည်။
မိန်းကလေး မိဘများသည် သူတို့သမီးကို နေရာလွဲပြီး ရှာဖွေပါသည်။ သတိုးသားမိဘများ လာရောက်
သူတို့၏သမီးကို တရားဝင် တောင်းဆိုသည့်ထိ အဆင်သင့်ပြင်ဆင်ထားပါသည်။ ထိုဟာသည် မသက်ဆိုင်သောကိစ္စ
မပြီးပြတ်သေးသောအခါ တွေ့ရန် ထိုပွဲသည် တားမြစ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိန်းကလေး၏အိမ်လုပ်ငန်းများ
အကူအညီ လိုအပ်ခဲ့ပါလျှင် (သို့မဟုတ်) သတိုးသားဖက်
ဖြစ်သော ယောင်္ကျားကအသက်ငယ်ပြီး ဆင်းရဲခဲ့လျှင် လက်ထက်ဖို့ တားမြစ်နိုင်ပါသည်။ တစ်ခါတစ်ရံ
လူပျိုသည် မိန်းကလေးသုံးကြိမ်ထိမိန်းကအား လက်မထပ်ခင် ခိုးကြသည့် အဖြစ်အပျက်များလည်းရှိကြပါသည်။ မည်သို့ဆိုစေကာမူ ထိုဧည့်ခံပွဲကို မည်သူမျှ မတားမြစ်မကန့်ကွက်ထားပေ။ ကျေးရွာအကြီးအကဲများလည်း ပင့်ဖိတ်ခဲ့ပါသည်။ သူတို့သည်
ထိုစုံတွဲကို ကောင်းချီသြဘာမင်္ဂလာ ပေးသည်ဟု ဆိုပါသည်။ မိန်းကလေးဘက် မိဘများကိုမူ မလိုအပ်ပါ။
သတိုးသမီးက သတိုးသားဖက်တို့ပေရသော လက်ဖွဲ့ပစ္စည်းများ လဲမလိုအပ်ပါ။
ထိုဓလေ့ထုံးတမ်းများသည် သက်သေအားဖြင့်
လက်ထပ်ခြင်း ၏ ကိုယ်တွေ့မှတ်တမ်အရ ဖမ်းဆီးသည် ဟု ဆိုပါသည်။ ဥပမာ။ ။ ( Wale) ဝေလ်မှာရှိသော ကျေးလက်တောဒေသ ဓလေ့ထုံးတမ်းထဲတွင်
ဇာစ်မြစ်ကိုလိုက် ရန် စပါတာ( Sparta) နှင့် ခရီတေ ( Crete) ကဲ့သို့ဖြစ်ပါသည်။ နှာ ၅၂၅
ပလေးလူမျိုးများ၏ ကြားတွင် ဥပဒေ ကွာခြားပါသည်။
ယောင်္ကျားလေးသည် အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားလျှင် သူ၏ သတိုးသမီးကို (တင်တောင်မည့်)ဈေးဆစ်ရသည်။
ထိုနောက်သူမသည် တစ်ရာ ရူပီ နှင့် ငါးဆယ်ရူပီ
လောက်သာ ကုန်ကျလေ့ရှိပါသည်။ ငွေဖြင့်ဖြစ်စေ၊
(သို့မဟုတ်) ပစ္စည်းဖြင့်ဖြစ်စေ၊ ထုတ်ကုန်ပစ္စည်းတစ်ခုခု ဖြစ်စေ ပေးနိုင်ပါသည်။ ပလောင်လူမျိုးများ
ကွယ်လွန်သောအခါ အနီးစပ်ဆုံးသော မိသားစုနှင့် ဆွေမျိုးသားချင်းက လာရောက်မှု မရှိခဲ့လျှင်
သူတို့အား ချက်ချင်း အကြောင်းကြားရပါသည်။ သူသည် အသုဘ ကိစ္စ လာရောက်ဆောင်ရွက်ရပါမည်။
လိုအပ်သောငွေကြေးကုန်ကျခံပေးရပါသည်။ အသုဘအလောင်းကို မည်မျှထားမည် (သို့မဟုတ်) အသုဘချမည်
ကို အချိန်အကန့်အသတ် မရှိပေ။ သို့သော် ကျေးရွာအကြီးအကဲ က မည်မျှထားမည်၊ချရမည်ကို ဆုံးဖြတ်ပေးပါသည်။
သေဆုံးသောပုဂ္ဂိုလ်၏ နောက်ဆုံးလကုန်ခါနီးတွင်
သေဆုံးပါက အလောင်းကိုချက်ချင်းပင် မြေချရပါသည်။ သို့မဟုတ်လျှင် ကျေးရွာကို ခိုက်နိုင်သည်
၊ မကောင်းကျိုးများ ကျရောက်တက်သည်၊ကျေးရွာမီးလောင်တက်သည် ၊ (သို့မဟုတ်) ကပ်ရောဂါ နှင့်
လူသတ်မှုခင်းများဖြစ်နိုင်သည် ဟု ပလောင်လူမျိုးများ
ယုံကြည်ကြ ပါသည်။ အလောင်းကောင်း ရှိနေသည့်ကာလပတ်လုံး ကျေးရွာထဲမှာ ရွာသူ၊ရွာသားများ (သို့မဟုတ်) အခြားသောရွာသား၊သူများ
အားလုံး ဧည့်ခံကျွေးမွေးရပါသည်။ ရွာသားများသာ အခေါင်းတလား ကို ကူညီပြီး ပြုလုပ်ပေးပါသည်။
မြေကြီး ကို ကျင်းတူပေးပါသည်။ မြေကြီး လေးပေးခန့် နက်အောင်တူးရပါသည်။ အလောင်း၏ခေါင်းကို
ရွာဖက်သို့ တစ်ပေအကွာတွင် ထားပါသည်။ ဗုဒ္ဓဘာသာနိုင်ငံအများထဲတွင် ဘုန်းကြီးတော်များ၏
ရုပ်ကလာပ်ကိုမူ မီးဖြင့်ပူဇော်ကြပါသည်။ ထိုအပြင် စော်ဘွား နှင့် မိသားစုများလည်း မီးဖြင့်
သဂြိုလ်ကြပါသည်။
ပလောင်လူမျိုးများသည် ဗုဒ္ဓဘာသာကို ထက်သန်စွာ
ကိုးကွယ်သောလူမျိုးများဖြစ်ကြပါသည်။ သို့သော် သူတို့သည် နတ်ကို လည်းယုံကြည်ကြပါသည်။
နတ်သည်သစ်ပင်ကြီးထဲတွင် နေထိုင်သည်။ တောင်ကုန်းပေါ်၊ကျောက်တုံးကြီးများ (သို့မဟုတ်)ထင်ရှာသော
သဘာဝလက္ခဏာများကဲ့သို့တည်း။ နတ်ထီး၊နတ်မ များရှိကြပါသည်။ သူတို့အားလုံး နာမည်ကိုယ်စီရှိကြသည်။
တန်ခိုးအကြီးဆုံးသောနတ်သည် လွယ်ဆိုင်တောင်ပေါ် နေထိုင်ပါသည်။ “ တာကလု” ဟု ခေါ်ပါသည်။
ဤနေရာတွင် အများဆုံးသော အခြားသောမှတ်စုများမှာ “ Taru –rheng” တာရု ရိုင် သည် ဇယန်းကြီးကျေး၏စေတီတော်အများ
အနီးတွင် နေထိုင်သောနတ်ဖြစ်ပါသည်။ ( Peng
Mong) ပန်မုံနတ်သည် တောတောင်ထူထပ်သော ဇယန်းကြီးကျေးရွာ အနီး အနောက်ဖက် ၏အကြီးဆုံးတောင်တွင်
အမြဲနေလေ့ရှိပါသည်။(တာကလွတ်) “တာခူလောင်”နတ်သည် ဘုရားကြီး၏ရှေးဟောင်းစေတီအပျက်နေရာတွင်နေထိုင်လေ့ရှိပါသည်။
( သို့မဟုတ်) ဆဲလန်ကျေးရွာ မည်သို့ဖြစ်စေကာမူ
သူသည်များစွာ ဥပေက္ခာအပြုခံရပြီး သူကိုယ်တိုင် အရိုအသေပေးဖို့ရန် တောအုပ်တစ်အုပ်ထဲမှာ
နမ့်ဆန်မြို့၏အရှေ့ဂိတ်တွင် စော်ဘွား၏ ဟော်တော်(နန်းတော်) ကို သူအား ပင့်ဖိတ်ခဲ့ပါသည်။
လွယ်နမ့်နတ်သည် မိုးမိတ်မြို့တောင်အနီးတွင်နေထိုင်ပါသည်။
ထိုအပြင် နတ်များစွာ ရှိပါသေးသည်။ နှာ ၅၂၆။
တော်သလင်းလ (စက်တင်ဘာမှအောက်တိုဘာလအထိ)
နမ့်ဆန်မြို့တော်တွင် ရိုးရာနတ်ပွဲစည်းကား သိုက်မြိုက်စွာ ဒမဒ စော်ဘွားကြီးက ဦးဆောင်၍
နှစ်စဉ်ကျင်းပပါသည်။ “ဒမဒ ”စော်ဘွား နတ်၏ရိုးရာအမွေးဆက်ခံသော
နတ်ဆရာ တစ်ယောက်ဖြစ်ပါသည်။ သူသည် အသက်ကြီးသော လူနှစ်ယောက်အကူခန့်အပ်ထားပါသည်။ တာဝိုင်လောင်
နှင် ဆေရိုင် တို့ဖြစ်ပါသည်။ သူတို့သည် ရူမိုင်မျိုးနွယ်တို့၏ခေါင်းဆောင်(သို့မဟုတ်)
ထိုမိသားစုနာမည် များကို ခန့်အပ်ထားပါသည်။ အထူး ရက်စွဲ များ ကိုမူ အခါပေးဗေဒင်ဆရာ တွက်ချက်ပေးပါသည်။
ထိုရက်စွာများ အခါပေးဗေဒင်ဆရာများက သေချာတွက်ပြီးသောအခါ “ဒမဒ ”စော်ဘွားကြီး က တာဝိုင်လောင်
နှင်ဆေရိုင်တို့ကို နတ်ပွဲ ကျင်းပဖို့ရန် စနစ်တကျ သတ်မှတ်ပေးပါသည်။ ယေဘုယျအားဖြင့်
အရင် နေ့စွဲသတ်မှတ်ရန် ကြိုတင်လုပ်ရပါသည် ။ “ “ဒမဒ” စော်ဘွားဟော်တော်ကို သန့်ရှင်းရေး
လုပ်ဆောင်ရပါသည်။ ကန့်လန့်ကာနှင့် များချိတ်ဆွဲထားရပါသည်။ ဖျားများ ဖြန့်ခင်းထားခြင်း၊
နတ်ဟော်များ စက္ကူများကပ်ခြင်း၊ နတ်ဟော်များပြင်ဆင်ခြင်းစသည် ပြုလုပ်ရပါသည်။
No comments:
Post a Comment