Gazetteer of Upper Burma and The Shan States
Written by Sir James George Socott ,John Percy Hardiman
Part 1.-Vol.1
Rangoon; Printed by the Superintendent, Government Printing, Burma 1900.
အရှင်ဇ၀န မှ မြန်မာဘာသာပြန်ဆိုပါသည်။
|
ရုမိုင်
(သို့မဟုတ်) ပလောင်
ပလောင်လူမျိုးများသည်
ဆိတ်ငြိမ်ပြီး အေးချမ်းစွာနေထိုင်တက်သောလူမျိုးများဖြစ်ကြပါသည်။ ထိုကြောင့် ရှမ်းလူမျိုးအနီးအနား၌
မနေခဲ့ပေ။ သို့သော် တောင်ပိုင်း ကို ဗမာ့လူမျိုးက
တောင်ဘိုင် ဟု အမြဲတန်းအသံထွက်လေ့ရှိပါသည်။ တရုပ်ဘာသာအားဖြင့် “ တာရှန် ” ဖြစ်၍ အခြားအမည်
နှစ်ခုအလာတူနှင့် တောင်ကုန်းကြီး ဟုလည် အမည်ရပါသည်။ ချာရှန် ဟူသောပုံစံသည်
( ချာ လက်ဖက် ရှန် တောင်ကုန်း) ဖြစ်သည် ဟု အမြဲလိုလိုပင် အသုံးပြုခဲ့ကြပါသည်။ ရူမိုင်မျိုးနွယ်များသည် ရှမ်းပြည်တစ်ခွင်တွင် တွေ့ခဲ့ကြရပါသည်။
ဗြိတိသျှနှင့် တရုပ် သို့သော် အမြဲတောင်ကုန်းမြင့်ပေါ်တွင် ဝေးလံခေါင်ပါးသောနေရာများ
နေထိုင်တက်သောလူမျိုးများဖြစ်ကြပါသည်။ သူတို့၏အကြောင်းအသေးစိပ် မဖြစ်စလောက်ပင်ဖြစ်စေကာမူ
အခြားလူမျိုးများထက် စပ်လျဉ်၍ ရိုသေလေးစားခြင်းနည်းပါးခံရသော
လူမျိုးများဖြစ်ကောင်းဖြစ်မည်။ “ Sir
Hinery Yule ’’ ဤကဲ့သို့ အကြံပေးခဲ့လေ၏။ ပလောင်လူမျိုးများ၏မူလရင်းမြစ်ကား
ကရင်လူမျိုးများ ဖြစ်နိုင်ပါသည်။ ထိုနောက် သူတို့၏ ကိုယ်ပိုင် ဒဏ္ဍာရီ ပုံပြင်များ ၊အမြဲတမ်း
ရည်ညွန်းချက်များနှင့် တောင်သူ ကို တူသောအရာဝတ္ထု ထဲ တွင် အကျဉ်းခြုံသည့်ပုံပေါ်ပါသည်။ ဘာသာစကားတစ်ခု၏နှစ်ဖက်တွင်ရှိသည့် တူညီချက်ကိုအခြေခံ၍
တွေးခေါ်ဆင်ခြင်မှု ရှိပါသည။် သို့သော်ငြားလည်း သိသာထင်ရှားစွာ ၀လူမျိုးနှင့်အတူ ဆက်နွယ်မှုတစ်ခုကို
ရည်ညွန်းပါသည်။ သူတို့သည် ၀လူမျိုးဟူသော သူတို၏ သီးခြား တောင်ပေါ်နေထိုင်သည့် ပင်ကိုယ်စာရိုက်နှင့်
ထိုဘာသာစကားနှစ်ခုလုံးနှင့် လည်းချောင်းအသံ ကား အလွန့်အလွန် မကွာခြားပေ။ သို့မဟုတ်လျှင်
သူတို့ကို ဆင်တူ၍ လွယ်ကူစွာ မှတ်သားနိုင်ပါသည်။
ထိုကြောင့် ပလောင်လူမျိုးများသည် ( Hka
Mut ) ခါမုတ် နှင့် ( Hka met) ခါမတ် တို့ကို ဆက်နွယ်ခဲ့သည် ဟု ဖြစ်နိုင်ချေရှိပါသည်။
ထိုနောက် ( Stieng ) နှင့်တောင်ပိုင်း ၌ အခြားသော
ဝေးလံသော လူမျိုးများလည်းပဲ ဆက်နွယ်ခဲ့သည်
ဟု ဖြစ်နိုင်ပါသည်။ ( Professor Forchhnammer) ၏ အကြံပေးချက်အရ မွန်လူမျိုး( သို့မဟုတ်)
တလိုင်း၏ မျိုးရိုး ဆက်နွယ်မှု ကို အင်မတန်
သံသယ ဖြစ် ပုံပေါ်ပါသည်။ သူတို့၏ ကိုယ်ပိုင် ဓလေ့ရိုးရာများ တူညီခြင်းကို မတက်နိုင်
ကြပေ။ ထိုအရာများထဲက တစ်ခုဆက်နွယ်သော ထိုလူမျိုးများသည်
အဓိကအားဖြင့် မော်လမြိုင်မြို့အနီး သထုံ တွင်
လွန်ခဲ့သောရာစုများကတည်းကပင် အခြေချနေထိုင်ခဲ့ကြပါသည်။ ထိုလူမျိုးများသည် တောင်သူဟု
သက်သေတစ်ခုအနေဖြင့် သေချာစွာ အကြံပေးခဲ့ပုံပေါ်ပါသည်။
ရူကော ၀တ်စုံ
သို့သော်ငြားလည်း ယင်းသဘောင်ဆောင်သော ၊ယုံကြည်စိတ်ချရလောက်သော အသေးစိပ်များကိုမူ
များစွာမတိကျပေ။( Hkun Hai )ခွန်ဟိုင်မျိုးနွယ်စုမျာသည် ထိုကဲ့သို့ မပြောဆိုနိုင်ပါ။
သူတို့သည် သထုံမှလာခဲ့သည်သာမကသေး၊ မိမိကိုယ်ကို တလိုင်း ဟု မှတ်ယူကြပါသည်။ ထိုနောက် သူတို့၏ အခြေချနေထိုင်သော ရက်သည် “ယမဒီ ကေ သု မင်း” ၏အလည်းကြွလာသော အချိန်ထက် အနည်းငယ်
နောက်ကျသည် ဟုဆိုပါသည်။ တောင်မလူမျိုးများသည် တနည်းအားဖြင့် ပြောရသော် ( Kheng
Hung) ခိုင်ဟုန် မှ လာခဲ့ပါသည် ။ ထိုသူများသည် (Yon) ယွန်း ရှမ်းဖြစ်များဖြစ်ကြပါသည်။ နမ့်ဆန်မြို့တော်
၌ နေထိုင်သော လူများသည် သူတို့ကို (Sam Long)ဆန်လောင် ဟု ခေါ်ကြပါသည်။
ဆမ်လောင်ဝတ်စုံ(နမ့်ဆန်)
သူတို့သည် (Kosampi) “ကောသဗ္မီ ပြည် ” မှလာခဲ့ပါသည်။ ထိုပြည်သည် ရှမ်းလူမျိုးများ၏
ဧကရာဇ် ၏နာမည်အဟောင်းဖြစ်ပါသည်။ ( ဖောင်မျိုး)
သည် ဆန်လောင်မှ ဖြားထွက်လာပါသည်။
အများအားဖြင့် အုပ်ချုပ်သောလူတန်းစားများဖြစ်ကြပါသည်။ အမှန်စင်စစ်
အားဖြင့် သူတို့သည် စပ္မနဂို မှ လာခဲ့သည်ဟု
ကြုံဝါးပါသည်။ ထိုနောက် သူတို့သည် တိုင်းပြည်မှထွက်ခွာရသည့်အကြောင်းကား ရွှေဖရုံသီးကြီးကြောင့်
ဟု ဆိုပါသည်။ ထို ရွှေဖရုံသီးကြီးသည် လျင်မြန်စွာကြီးထွာလာသဖြင့် သူတို့ ကိုယ်တိုင် မခုတ်ဖြတ်နိုင်ကြပေ။ ထိုအကြောင့်များကြောင့် သူတို့၏မူလ စော်ဘွား ကို
တိုင်းပြည်တွင် မှတ်တမ်းတင်မှု တစ်ရပ်ဖြစ်ပေါ်လာခဲ့ပါသည်။
အရင် သုံးရာစု လောက် ကတည်းက မြတ်စွာဘုရားဂေါတမ
၏ လက်ထက်တော်တွင် သူတို့သည် နဂါးမင်းသမီး သုစန္ဒီ
အမည်ဖြင့် မိုးကုတ်တောင်၌ နတ်ရေကန်တွင်နေထိုင်ခဲ့ပါသည်။ နေ၏သာ စန္ဒသူရိယ မင်းသားသည်
သူမကို ချစ်ကြိုက်ကြသည်။ သူမကလည်း မင်းသားကို ကြိုက်နှစ်သက်ကြ၏။ နဂါးမင်းသမီးသည် ဥ သုံးလုံး ဥ ခဲ့လေ၏။ ထိုနောက်
သူမမီးဖွားပြီး နောက်ပိုင်းတွင် စန္ဒသူရိယမင်းသားက သူ၏ဖခမည်းတော် နေ၏ဘုရင် ထံ မဆိုင်းမတွဖြင့်
သံတော်ဦးတင်လျှောက်ထားလေ၏။ သူသည် မရွေးချယ်နိုင်ခဲ့ပေ။ မည်သို့ဆိုစေကာမူ ကြွချီတော်မူ
ပါသည်။ မင်းသားရောက်ပြီးနောက် နဂါးမင်းသမီး ထံသို့တန်းဖိုးကြီးမာသော “ “မဏိကောပ ” ဟုအမည်ရသော ကျောက်မျက်ရတနာနှင့် စာ ချွန်တော်လွှာကို
ဆက်သခဲ့ပါသည်။ စာတမန်အဖြစ် (ဆက်သွယ်ပေးသောသူအဖြစ်)
ကြက်တူရွေးနှစ်ကောင်း ကို ပေးခဲ့ပါသည်။
ထိုကြက်တူရွေးနှစ်ကောင်းသည် လမ်းခုလတ်ခရီး
တွင် ကြင်နာသနားသော လူနှင့် တွေ့ခဲ့လေ၏။ ထိုနောက်
သူတို့နှင့်အတူ သစ်ပင်ကြီးတစ်ပင်ထဲတွင် အနားယူခဲ့ပါသည်။ အနားယူပြီးသောအခါ စာချွန်လွှာ
နှင့် စာနှင့်ပူတွဲပါသောအရာကို အားလုံးမေ့ကျန် ခဲ့လေ၏။ တောင်သူနှင့် သူ၏သားပြန်လာသောအခါ
စာချွန်လွှာကိုတွေ့ခဲ့ပါသည်။ မဏိကောပ ရတနာကို ယူခဲ့ပြီး ခြံဝင်းပေါ်တွင် ငှက်တင်ထားခဲ့ပါသည်။ထိုနောက်
မိမိလမ်းအတိုင်းပြန်ခဲ့ပါသည်။ ထိုနောက် ကြက်တူရွေး
က စာချွန်လွှာကို ယူ၍ နဂါးမင်းသမီးထံသို့ သွားခဲ့လေ၏ နဂါးမင်းသမီးသည် ၀မ်းသားအားရ နှစ်သက်
စွာ စာကို ဖတ်ရှူခဲ့ပါသည်။ သူမသည် စာအိတ်နှင့်အတူ လက်ဆောင်ပူတွဲပါလာ၍ ပါလာသည်ကို တွေ့မြင်ရသောအခါ
အရမ်း စိတ်ဆိုးခဲ့ပါသည်။ ထိုကြောင့် မိမိဥ နှစ်လုံးကို ဧရာဝတီမြစ်ထဲသို့ ပစ်ချလိုက်လေသည်။
ထိုနဂါးမ၏တစ်လုံးကိုမူ အထက်ဖက်သိုဗန်းမော်ဖက်သို့ဆန်းတက်ခဲ့လေ၏။ ထိုဥသည် ခြံဥယျာဉ်မှူးက ကောက်ယူခဲ့၏။ သူ၏ဇနီးသည်က ထိုဥ စပ်စုလိုသောစိတ်ဖြင့် ရွှေကြုပ်ထဲသို့ထည့်ခဲ့ပါသည်။
ထိုအချိန်သည် ထိုဥမှ သားယောကျာင်္းတစ်ယောက် ပေါက်ဖွားလေ၏။ ထိုလင်မယားတို့သည် ပထမဦးစွာ
ထိုကလေးကို “ စိန်ညာ ” ဟုအမည်မှည့်ခေါ်ခဲ့ပြီး သို့သော် နောက်ပိုင်းတွင် ဦးတီးဘွားဖြစ်လေ၏။
ဦးတီးဘွား ကြီးပြင်လာသောအခါ ဆေလမ်( Se Lan) အကြီးဆုံးသမီးကို အိမ်ထောင်ပြု ခဲ့ပါသည်။ သားနှစ်ယောက်ထွန်းကားခဲ့ပါသည်။ သားအငယ်ဆုံး၏နာမည်မှာ
“ Min Shwe Yo ” မင်းရွှေရိုး ဟု ခေါ်ပါသည်။ သူသည် တရုပ်ပြည်၏ဧကရာဇ်ဘုရင်ဖြစ်လာခဲ့ပါသည်။
ထိုအငယ်ဦးတီးဘွားသည် ဥမှပေါက်ဖွားခဲ့ပါသည်။ ထိုကြောင့် တရုပ်ပြည်သည် ယခုခေတ်ကာလတွင်
ဧကရာဇ်ဘုရင် ဟု နာမည်ပေးခဲ့ပါသည်။
No comments:
Post a Comment