လူတစ်မျိုး၏ ယဉ်ကျေးမှု၊ဓလေ့ထုံးစံများကိုလူတစ်မျိုးကသိဖို့လိုပါသည်။သိထားလျှင်၊ကျူးကျော်မှားယွင်းမှုများမဖြစ်နိုင်ဘဲ၊ကူးလူးဆက်ဆံမှုလွယ်ကူ၍ ချစ်ကြည်ရေး တည်မြဲနိုင်ပါသည်။(စာရေးဆရာဒဂုဏ်နတ်ရှင်)ရှမ်းပြည်ကြေးမုံစာအုပ်မှ

Popular Posts

တအာင်းဘာသာတရားတော်


MusicPlaylistRingtones
Create a playlist at MixPod.com

Friday, April 9, 2010

အခန်း (ရ) (၈)

- ၇ -
ထာဝရဇီဝီိတဒါန
ရှေးအခါက တောင်ပိုင်နယ်တွင် ပြည်မကြီးနည်းတူ သားသတ်လိုင်စင်များရှိပါသည်။ အင်္ဂလိပ်
အစိုးရလက်ထက်မှ ယနေ့ထိကျွဲ၊ နွားများကို သတ်ဖြတ်ခြင်းမပြုဘဲ၊ သားသတ်လိုင်စင်အတွက် ကျသင့်သော
အခွန်ငွေကို တောင်ပိုင်စော်ဘွားကြီးနှင့် နယ်သူ၊ နယ်သားစေတနာရှင်အများတို့ကပါ ကုမ္ပဏီသဘောဖြင့်
နှစ်စဉ်အခွန်တော်ငွေသွင်းဆောင်ကာ ထာဝရဇီဝိတဒါနအလှူကို ယနေ့ထက်တိုင်ပင်ဖြစ်ပါသည်။
ဘုန်းတော်ကြီးကျောင်းဆင်ယင်ပုံ
နမ့်ဆန်မြို့နယ်တွင် ရွာကျောင်းမလိုက်အောင်၊ ဘုန်းတော်ကြီးများမှာ ကြီးကျယ်ခမ်းနားလှပါသည်။
တိုင်များရွှေချပြီး မျက်နှာကျက်များကို မှန်ကွတ်စီထားရာ၊ ဖိတ်ဖိတ်တောက်ပြီးနေပါတော့သည်။
ကျောင်းတော်ခန်းမကြီးတွင်လည်း ထီး၊ ယပ်၊ တံခွန် စသောသိုက်မြိုက်ဝေဆာနေအောင် ဆင်ယင်ကြပါသည်။
ဘုရားဆင်းတုတော်များမှာလည်း ကျောင်းဆောင်အပေါ် ဆင့်ခန်းလုံးပြည့် ပေါများလှပါသည်။ မှန်ကွက်စီ
လက်ရာများမှာ ရတနာပုံခေတ်လက်ရာများဖြစ်ကြပါသည်။
ဘုန်းတော်ကြီးကျောင်းများမှာ များသောအားဖြင့်အောက်ခြေမှ လူတစ်ရပ်သာသာခန့်မြင့်သည့် တစ်
ထပ်ကျောင်းတော်ကြီးများဖြစ်ကြပါသည်။ အဆင့်သုံးဆင့်ခွဲထားရာ၊ ဒုတိယအဆင့်သို့ အမျိုးသမီးများမတက်
ကြရပေ၊ ထိုဒုတိယအဆင့်တွင် ပလ္လင်ထားရှိပြီးနောက်၊ ကျောဘက်တွင် ဆင်းတုတော်ကြီးများကို အတန်း
လိုက်စီထားကြပါသည်။ အတွင်းပိုင်းအပြင်အဆင်နှင့် ထားပုံသိုပုံမှာအင်းလေးဒေသနှင့် ဆင်တူပေသည်။
ထေရဝါဒဗုဒုဒဘ္ဓဘာသာ
ပလောင်လူမျိုးတို့သည် ထေရာဝါဒဗုဒ္ဓဘာသာဂိုဏ်းဝင်များဖြစ်ကြသည်။ သို့ရာတွင်ပြည်မကြီးမှာ
သုဓမ္မာ၊ ရွှေကျင်၊ ဒွါရ၊ ငှက်တွင်း ဂိုဏ်းကွဲများရှိသည့်နည်းတူအတွင်း တောင်ပလောင်များက
''သုဓမ္မာ''ဂိုဏ်းများဖြစ်ပြီး၊ အပြင်တောင်ပလောင်များက '' ယောနေ'' ဂိုဏ်းဝင်များဖြစ်ကြသည်။
သုဓမ္မာဂိုဏ်းဝင်ဦးရေသည် များပြီး၊ ငွေပလောင်ဒေသများ၊ သုဓမ္မာဂိုဏ်းဝင်သာသနာပြုဆရာတော်များ
ြ<ွကရောက်သီတင်းသုံးကာ သာသနာပြုသည့်အတွက် အချို့ငွေပလောင်များမှာ သုဓမ္မာဂိုဏ်းဝင်များဖြစ်လာ
ကြသည်။ နမ့်ဆန်မြို့နယ်၊ ပလောင်သံဃာတော်များသည် မြို့ပြကြီးရှိ သုဓမ္မာ၊ ရွှေကျင်၊ ဒွါရှု၊ ငှက်တွင်းဂိုဏ်း
ဆိုင်ရာသံဃာတော်များနည်းတူ သိက္ခာတင်၊ သိမ်ဝင်၊ ကမ္မဝါစာဥတ်၊ ဝိနည်းကံဆောင်တော်မူကာ (၂၂၇)
သွယ်သောသိက္ခာပုဒ်တော်အတိုင်း ကျင့်သုံးဆောက်တည်တော်မူကြသည်။ သိမ်မွေ့နူးညံ့ပြီး မျက်စိ၊ နား၊
လျှာစသော ထိန်းသိမ်းမှုဆိုင်ရာ ကြည်ညိုဖွယ်ရာများနှင့် ပြည့်စုံကြပေသည်။ ပါဠိစာ၊ ရှမ်းစာ၊ မြန်မာစာများ
ကိုလည်း လေ့လာသင်ကြားတတ်မြောက်တော်မူကြသည်။
- ၈ -
ပြည်မကြီးများရှိစာသင်တိုက် အသီးသီြး<ွကရောက်ပြီး ပရိယတ္တိစာပေသင်ကြားလျှက်ရှိကြသော
ရွှေပလောင်သုဓမ္မာအများအပြားရှိကြပါသည်။ ပလောင်သုဓမ္မာဆရာတော်သံဃာတို့သည် သုဓမ္မာ၊ ရွှေကျင်
ဂိုဏ်းဝင်သံဃာများနည်းတူ ပွဲလမ်းသဘင်၊ ပျော်ပွဲရွှင်ပွဲများသို့ သွားရောက်ကြည့်ရှုခြင်း၊ ရပ်ရေးရွာရေးစသော
လူမှုရေးများကို ဝင်ရောက်စွက်ဖက်ခြင်း၊ ဆွေးနွေးပြောဆိုခြင်းများကို ရှောင်ရှားကြပေသည်။
ပိဋိဋကတ်စ်စာပေကျမ်းးဂန်မ်များ ပလောင်ဘ်ဘာသာသို့ြ့ပြုစြုခြင်းး
မြတ်စွာဘုရားဟောကြားတော်မူသော ပိဋကတ်စာပေကျမ်းဂန်များကို ဆရာတော်ဦးနာဂသေန
စသော ပလောင်စာပေကျမ်းပြုဆရာတော်အရှင်မြတ်များကပလောင်စာဖြင့် များစွာပြုစုကြပါသည်။
အချို့တိုင်းရင်းဖြစ် မှိုင်း စာရွက်ကို လက်ဖြင့်ရေးသားကာ ပုရပိုက်ဖြူပေါ်တွင် ရေနံကြီးမှိုင်းနှင့် ဖော်စပ်ထား
သောမှင်နက်ဖြင့် တရုတ်စုတ်တံဖြင့်သော်လည်းကောင်း ရေးသားပြုစုကြပါသည်။ ယခုအခါ စက်တွင်
ပုံနှိပ်ထားသော ပလောင်စာပေကျမ်းဂန်များစွာရှိပါသည်။ ထိုကျမ်းစာများကို အသုဘအိမ်တွင် ဖတ်ကြား
နိုင်သောလူတစ်ယောက်ခေါ်ပြီး တရားအသွင်ဖြင့် ကွယ်လွန်သူအား ရည်စူးပြီးနာကြားကြသည်။
ထိုမျှမကသေး ရှမ်းတရားစာပေကို ဖတ်ကြားနာကြသေးသည်။
ဘုရုရင်မ်မင်းးမြတ်ဆ်ဆက်က်ကပ်လ်လှူဒါန်းးခြင်းးခံရံရသော ပလောင်ဆ်ဆရာတော်ြ်ကြီးးများ
သက္ကရာဇ် ၁၁၈၁ ခုနှစ်၊ ပဒုံမင်းသား (ခေါ်) ဘိုးတော်ဘုရား၏ အရိုက်အရာကို ဆက်ခံသော
စစ်ကိုင်းမင်းသားက နမ့်ဆန်နယ်၏ သာသနာပြုဆရာတော် ''ရှင်ဂုဏသာရ''ကို ''ဂုဏသီရိန္ဒဓဇ
မဟာဂုရု'' ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
(ကုန်းဘောင်မဟာရာဇဝင်တော်ကြီးစာမျက်နှာ ၂၅၄) ရတနာပုံမြို့တည်၊ နန်းတည်ပဉ္စမသင်္ဂါယနာ
တင် မင်းတနုး မင်းလကထ် က် တောငပ် ငို န် ယ၊် ဒတု ယိ သဓု မ္မာ ဂဏိုး ချုပဆ် ရာတောဘ် ရုားကြီးအား ''သာသနာ
ဘိသိသီရီရိကိကဝိဓိဓဇမဟာရဌဂရု'ု'' ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းတော်မူပါသည်။၁
သီပေါမင်းလက်ထက်တွင်လည်း ''သာသနာဘိသိသီရီရိကိကဝိဓိဓဇမဟာရဌဂရု'ု'' ဘွဲ့တံဆိပ်တော်ကို
တောင်ပိုင်နယ် သုဓမ္မာဂိုဏ်းချုပ်ဆရာတော်ဘုရားကြီးအား ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထိုဘွဲ့တံဆိပ်တော်
များသည် နမ့်ဆန် မြို့တွင် သီတင်းသုံးလျှက် သက်တော်ထင်ရှားရှိနေသော ဆဌမမြောက် သုဓမ္မာဂိုဏ်းချုပ်
ဆရာတော်ဘုရားကြီး ''ဦီးးဇနိယိယ'' အရှင်မြတ်ထံတွင် အများပြည်သူ ကြည့်ရှုကြည်ညိုနိုင်ရန် ယခုတိုင်
သိမ်းဆည်းထားလျှက်ရှိပါသည်။
၁။ မယ် . ပ . နှာ - ၃၈.

No comments: