၅ -
ထူးးခြားချက်မ်မှာာ။ ဆရာတောဘ် နုး တြော်ကီး ကျောင်း ကို မြင်း နငှ လ့် ကျာရ် စသ်ုးံ ပတလ် ညှ ရ့်ာတငွ ၊်
ရှင်လောင်းများကို(ဖိနပ်စီးခွင့်) ဆရာတော်ဘုန်းတော်ကြီးကခွင့်ပေးထားခြင်းဖြစ်ပါသည်။ ရှင်လောင်းများသည်
လက်တစ်ဖက်ဖြင့်မြှောက်ကာ လက်ကိုင်ပုဝါတစ်ထည်စီကိုင်ကာတစ်ခါ မြင်းကိုရပ်တန့်စေလျှက်
မြင်းပေါ်တွင်ရပ်ကာ '' ကောင်းကျင့်နမ်'' ခေါ်ရေသောက်စည်တော်အတီးနှင့် လိုက်အောင် စည်းနှင့်ဝါး
ကိုက်ညီအောင် ဘယ်ယိမ်းနွဲ့ဖြင့် လက်ကိုမြှောက်ကာကကြရပါသည်။ ထိုကဲ့သို့ရှင်လောင်းကသည်မှာ
သာသနာဘောင်သို့သာသနာ့ဝန်ထမ်းရှင်ရဟန်းဖြစ်ရမည်ကို များစွာဝမ်းမြောက်ဝမ်းသာရှိသည့်အတွက်ဟု
ယူဆကြပါသည်။
ရှင်လောင်းထိန်းများကို အပျို၊ လူပျိုများနှင့် အိမ်ထောင်စပြုခါစ ''ပလောင်ဝေါဟာရအားဖြင့်'' ''ပေါ
အိုင်မယ်အိုင်'' အိမ်ထောင်သည် အငယ်ဇနီးမောင်နှံများဖြစ်ကြရပြီး၊ အနည်းဆုံးယောက်ျား (၅)ယောက်၊
မိန်းမ (၅) ယောက် ရှင်လောင်းတစ်ပါးစီထိန်းရသည်။ ရှင်ဒါယကာ၊ ဒါယိကာမများက ရှင်လောင်းများကို
ရှင်သာမဏေဘဝမှ လူဝတ်လဲပြီးအိမ်ထောင်ကျသည့်အထိ၊ ''ပေါလိမ်'' ''မယ်လိမ်'' ဟုခေါ်ပါသည်။ ပေါ်-
သည်အဖေ၊ လိမ်သည်-ပြုစုကျွေးမွေးခြင်း၊ ပြုစုလုပ်ကျွေးသောအဖေနှင့် အမေဖြစ်ပါသည်။ ရှင်ဒါယကာများ၊
ဒါယိကာမများသည် ပစ္စည်းလေးဖြာဖြင့်ထောက်ပံ့ကာ လိုအပ်သောဆွမ်း၊ ကျောင်း၊ သင်္ကန်း၊ ဆေးစသည်
တို့ကို ထောက်ပံ့ရပါသည်။ ရှင်ဒါယကာ၊ ဒါယိကာမများသည် သားမဟုတ်သောငြားလည်း၊ သား တစ်ဦး
ကဲ့သို့ သားသမီးစာရင်းထဲသို့ ထည့်သွင်းပြီး အမွေစား၊ အမွေခံဖြစ်နိုင်သည်။ အမွေခွဲဝေပေးသောလည်း
သားသမီးအရင်းအခြာများက ကန့်ကွက်ရိုးထုံးစံမရှိပေ။
အလှူအတန်းးအမည်န်နှငှင့် ဂုဏုဏ်ယ်ယြူခြင်းး
''တစ်မ်မူးးရလို့တ့တစ်ပ်ပဲလဲလှူ၊ ဒို့ရှမှမ်းးပလောင်ေ်တောင်သ်သူတူတူနူနိုငုင်ရိုးးလား'' ဟေူ သာ သချံပအ် တငိုး ပင၊်
တောင်တန်းသူ တောင်တန်းသား ရှမ်းပလောင်တောင်သူများမှာ အလှူအတန်းကို အထူးနှစ်သက်
ရက်ရောကြသည်။ အလှူအတန်းပြုလုပ်ရခြင်းကိုပင် လောကီဘက်တွင် ဂုဏ်တစ်မျိုးဟုအားတက်ပြီး၊
လောကုတ္တရာဘက်တွင်လည်း နိဗ္ဗာန်ရောက်လိုသောစိတ်ဓာတ်ဖြင့် သာမိကဒါန၊ သာဟိတ္ထိကဒါန၊
ကိုယ်ထိလက်ရောက် လှူဒါန်းသောငွေမှစပြီး ရေဆေးရသောဝတ္တုများကို ရေဆေးပြီး၊ ရေမရသော
လှူ ဖယွ မ်ျားကပိုါမကျန် ဦး ခေါင်းသုးံ ကြမိေ် မြှာ ကတ် ငက်ာ၊ ''နိဗိဗ္ဗ္ဗာာနဿ ပစ္စ္စေယောဟောတု'ု'' ဟနု တ်ြမတဆို
ဆုတောင်းပြီးမှ လှူဒါန်းလေ့ရှိပါသည်။
ငယ်ရွယ်စဉ်က '' အိုက်မောင်'' ဟုအမည်ပေးထားသူသည် ရှင်ပြုသောအခါရှင်သာမဏေဘွဲ့
ကောဝိဒဖြစ်လျှင် နောင်လူဝတ်လဲခဲ့ပါက အိမ်ထောင်သည်အထိ သားဦး၊ သမီးဦးရသည်အထိ ''ကောဝိဒ''
''ကောဝိဒ''ဟုပင် ခေါ်ဆိုကြပါသည်။
- ၆ -
''ရှင်ကောဝိဒ'' ၏ သားဦးယောက်ျားလေးကို အိုက်ဟိန်းဟုအမည်ပေးထားလျှင် ''ကောဝိဒ''
မခေါ်တော့ဘဲ၊ သားဦးနာမည်ကိုထည့်ပြီး ''ပေါ်ဟိန်း'' မောင်အိုက်ဟိန်းတို့၏ အကယ်၍ သမီးဦးမွေးလျှင်
သမီးနာမည် ''အေးလွယ်'' ဟုနာမည်ပေးထားပါက ''မယ်လွယ်'' တို့အဖေဟု ခေါ်ဆို ကြပါသည်။ ဒုတိယသား
နှင့် သမီးကို တော့လိုက်ပြီး မပြောင်းတော့ပေ။ ထို ''ပေါ်ဟိန်း'' သို့မဟုတ် အလှူတစ်ခုခုကိုပြုလုပ်လိုက်လျှင်
ထိုအလှူအတန်းအမည်ပေါ်မှာ ဂုဏ်ယူပြီးနာမည်ပြောင်းကြပါသည်။
အလှူအတန်းအတွက် ဂုဏ်ယူနာမည်ပြောင်းသောစာတမ်းကို ဆရာတော်ဘုန်းကြီးကရေးသားပြီး
လက်မှတ်ရေးထိုးကာ အလှူအတွက်ရေစက်ချသောနေ့တွင် ပရိတ်သတ်ရှေ့မှောက်တွင် ''ပူကျောင်း''
ခေါ်ကျောင်းအတွက် ဝေယျာဝစ္စတာဝန်ယူဆောင်ရွက်ရသောပုဂ္ဂိုလ်က ဖတ်ပြရသည်။
ဥပမာ ။ မနှ စ်ေီ ရချွှကျောင်း ဆောငလှ်ူ ဒါန်း သောအလှူ ဒါယကာ၊ အလှူ ဒါယကိာမများက-ို ------
သက္ကရာဇ် .......ခုနှစ်၊ .......လဆန်း၊ .......နေ့မှာ။ အလှူဒါယကာ........အလှူဒါ
ယိကာမ.......တို့သည်၊ စေတနာသုံးတန်ပြဌာန်းကာဖြင့်၊ မှန်စီရွှေချကျောင်းဆောင် လှူဒါန်းမှုကြောင့်၊
ယနေ့မှစပြီး၊ '' တာကျောင်း'' ''ယာကျောင်း'' အမည်သစ်ထွင်လျှက်၊ အသက်ရာကျော်ရှည်ကာ၊ နိဗ္ဗာန်ရွှေပြည်
သို့ရောက်ပါစေသတည်း။ တာမှာ၊ အဖိုး ''ယာ'' က၊ အဖွားအဓိပ္ပါယ်ရသည်။ အဖိုးမှန်စီရွှေချကျောင်းဆောင်
ဒါယကာ၊ အဖွားမှန်စီရွှေချကျောင်းဆောင် ဒါယိကာမဟူ၍ နာမည်သစ်တွင်လေသည်။ လူအများကဆရာ
တော်အမိန့်ရှိလိုက်သော အမည်သစ်ကိုပင်လိုက်ပြီးခေါ်လေ့ရှိကြသည်။ ရှင်ဒါယကာကို '' ပေါဆန်''
ရှင်ဒါယိကာမကို ''မယ်ဆန်'' ကိုရင်အဖေ၊ ကိုရင်အမေဖြစ်ကြပါသည်။ ရဟန်းဒါယကာကို '' ပေါ်ကျောက်''၊
ရဟန်းဒါယိကာမကို ''မယ်ကျောက်''၊ ရဟန်းဖခမည်းတော်၊ ရဟန်းမယ်တော်။ စာပေကျမ်းဂန်လှူဒါန်းခဲ့သော
''တာထမ်း'' ''ယာထမ်း'' ရုပ်ပွားဆင်းတုတော်လှူဒါန်းသူကို '' တာဘုရားဒကာ'' ''ယာဘုရားဒကာ''
ရွှေထီးလှူဒါန်းသူကို ''တာထီး'' ''ယာထီး'' ။ စေတီတော်လှူဒါန်းသူကို ''တာကောင်းမှူး'' ''ယာကောင်းမှူး''။
ကျောင်းဆောင်ဆောက်လုပ်လှူဒါန်းသော ဒါယကာကို ''တာကျောင်း'' ''ဒါယိကာမကို ''ယာကျောင်း''။
ဇရပ် ကိုဆောက်လုပ်လှူဒါန်းသူကို ''တာတရော့'' ''ယာတရော့''။ အလှူဒါနအလိုက် ဆရာတော်
ဘုန်းတော်ကြီးက နာမည်ပြောင်းပေးလေ့ရှိပါသည်။ အလှူအတန်းများလျှင်များသည့်အလျှောက် ခဏခဏ
နာမည်ပြောင်းနေရသောကြောင့် သားရင်းသမီးရင်းများသော်မှ၊ မိမိတို့မိဘနာမည်ရင်းသိသူရှားလေသည်။
ပလောင်အမျိုးသားများသည် ဆရာတော်ဘုန်းတော်ကြီးပေးသော အလှူအတန်းအမည်နှင့် ဂုဏ်ယူတက်ကြ
ကာ တစ်ဦးနှင့် တစ်ဦးတွေ့သောအခါ ဆရာဘုန်းတော်ကြီးပေးထားသောနာမည်မရှိလျှင် အလှူအတန်း
ဘာတစ်ခုမျှ မလုပ်ဘူးသေးသူဖြစ်ဘိသကဲ့သို့ မျက်နှာငယ်ရလေသည်။
Popular Posts
-
A Note on the Palaungs of Hsipaw and Tawngpeng By C.C.Lowis, I.C.S Superintendent, Ethnographical Surve...
-
Ta'Ang Culture Day of Pome
-
ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။ ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည ဣဿရ...
-
ရှေးသရောအခါက ပုဏ္ဏားတစ်ဦး ရှိပါသည်။ သူ ၏လယ်မှာ ကျေးအုပ်များ မကြာခဏ၀င်စားနေပါသည်။ စောင့်ဖမ်းဖို့  ပြင်ဆင်ပါသည် ။ သူ သတိထားမိသော အဲဒီ ထဲက ကျေ...
-
ထိုတောင်ပိုင်းစော်ဘွားကြီး ကိုသူမအား လက်ထပ်ရန် တောင်းဆိုခဲ့ပါသည်။ သို့သော်ငြားလည်း “ သူမ၏ရင်သားက အသက်ကြီးရင့်သည်ဟု” အရိပ်နိမိတ်ပြခဲ့သည်။ ...
-
ဓလေ့ ထုံးစံ ပလောင်လူမျိုးများသည် သူတို၏ အိမ်နားနီးချင်းဖြစ်သော ရှမ်းလူမျိုးများကိုအစားအသောက် ရိုးရာဓလေ့အလေ့အထနှင့်ဆိုင်သော အပြုအမူ နှ...
-
This summary is not available. Please click here to view the post.
-
Originally from the Shan State in Burma, approximately 2,000 people of the Palaung , or Da-ang tribe migrated from Burma to Thailand aro...
တအာင်းဘာသာတရားတော်
Create a playlist at MixPod.com
Friday, April 9, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment