လူတစ်မျိုး၏ ယဉ်ကျေးမှု၊ဓလေ့ထုံးစံများကိုလူတစ်မျိုးကသိဖို့လိုပါသည်။သိထားလျှင်၊ကျူးကျော်မှားယွင်းမှုများမဖြစ်နိုင်ဘဲ၊ကူးလူးဆက်ဆံမှုလွယ်ကူ၍ ချစ်ကြည်ရေး တည်မြဲနိုင်ပါသည်။(စာရေးဆရာဒဂုဏ်နတ်ရှင်)ရှမ်းပြည်ကြေးမုံစာအုပ်မှ

Popular Posts

တအာင်းဘာသာတရားတော်


MusicPlaylistRingtones
Create a playlist at MixPod.com

Friday, April 9, 2010

အခန်း (၉) (၁၀)

၉ -
ယောနေဂိုဏ်း
အပြင်တောင်ငွေပလောင်တို့ကိုကိုးကွယ်သော ''ယောနေဂိုဏ်း''ကို အချို့က ''ယောခူး''ဂိုဏ်းဟုလည်း
ခေါ်ပါသည်။ အချို့က ''ယွန်းဂိုဏ်း''သည် လဇ္ဇီဂိုဏ်း၊ အလဇ္ဇီဂိုဏ်းဟု နှစ်မျိုးရှိရာ ''ယောနေ''ဂိုဏ်းသည်
လဇ္ဇီဂိုဏ်းဟုဆိုကြသည်။ ယောနေဆရာတော်၊ သံဃာတော်တို့သည် သုဓမ္မာဂိုဏ်း၊ ရွှေကျင်ဂိုဏ်းဆရာတော်
များနည်းတူ ဝါဆိုဝါကပ်တော်မူကြပါသည်။ ယွန်းဘာသာ၊ ရှမ်းဘာသာ၊ စာပေကိုလေ့လာသင်ကြားတတ်
မြောက်ကြသည်။ စာသင်သား ရဟန်းသာမေဏများကိုလည်း ဆရာတော်ကြီးများက နှုတ်တိုက်ချပေးကာ
နှုတ်ငုံအောင် သင်ကြားပေးကြပါသည်။
အချို့ဆရာတော်တို့က ရွှေငွေကဲ့သို့သော မအပ်စပ်သော ဝတ္ထုများကို ကိုင်ဆောင်ခြင်း၊ လောကီ
ပညာရပ်များကို လေ့လာလိုက်စားခြင်းပြုကြကာ အချို့ဆရာတော်များက လောကုတ် သက်သက်လေ့လာ
လိုက်စားတော်မူကြသည်။ ဆရာတော်၊ သံဃာတော်များ၏ ဘွဲ့နာမည်တော်များမှာ ပြည်ပရှိသံဃာတော်များ
နည်းတူ ဘွဲ့နာမည်တော်များပေးသည့်အပြင် မြတ်စွာဘုရားလက်ထက်တော်က ရဟန္တာအရှင်မြတ်များ၏
ဘွဲ့အမည်တော်များကိုလည်း ပေးကြသည်။ သို့သော်ဘွဲ့အမည်များကို ရှေ့က''စောင်''ဟူသောဝေါဟာရ
ကိုထည့်ပေးထားသည်။ ''စောင်''ဟူသောအဓိပ္ပါယ်မှာ ''ရှင်'' သို့မဟုတ် ''အရှင်'' ဖြစ်ပါသည်။
စောင်မဟာကဆဖ (အရှင်မဟာကဿပ)
စောင်ဆာရိပုတ္တရာ (အရှင်သာရိပုတ္တရာ)
စောင်မဟာဂျနက (မဟာဇနက)
စောင်နာရဒတ် (အရှင်နာရဒ)
စောင်ကိန်းစည်း (အရှင်မဟာကစ္စည်း)
အစရှိသောဘွဲ့မည်တော်များကို ပေးကြသည့်အပြင် ''စောင်မိုင်းပုံ'' ''စောင်စောပနာ''ဟု ရပ်ရွာဒေသ
အစွဲပြုပြီးလည်း ပေးကြသည်။ သက်တော်ဝါတော်အကြီးဆုံးဂိုဏ်းချုပ်ဆရာတော် တင်မြှောက်ထားကြ
ပါသည်။ ဂိုဏ်းချုပ်တင်မြှောက်ပုံမှာ ဂိုဏ်းချုပ်ဆရာတော်တစ်ပါးပျံလွန်တော်မူသောအခါ ထိုဆရာတော်
ဘုန်းကြီးပျံပွဲသို့ အရပ်ရပ်ရှိ ကျောင်းဆရာတော်များ စုစည်းရောက်ရှိလာကြပါသည်။ သက်ကြီးဝါကြီး
ဆရာတော် အကြီးဆုံးထဲကပုဂ္ဂိုလ်ကို ဂိုဏ်းချုပ်ဆရာတော်တင်မြှောက်ကြရန် ရွေးချယ်ကြသည်။ ဘုန်းကြီးပျံ
ကိစ္စပြီးသောအခါ ရွေးချယ်ထားသောဆရာတော်ကြီးထံသို့ ရပ်ရွာဒကာ၊ ဒကာမများက လာရောက်ကြပြီး
''ဆရာတော်ဘုရားတောထွက်တော်မူရန်အချိန်တန်ပြီအရှင်ဘုရား''ဟုလျှောက်ထားကြရသည်။
ဆရာတော် က အေး....ကောင်းပြီ၊ ဘယ်နေ့ဘယ်ရက် ငါတောထွက်မည်ဟု ရက်ချိန်းပေးလိုက်သည်။
ချိန်းဆိုထား သောရက်သို့ရောက်သောအခါ နံနက်စောစော ဆရာတော်တစ်ပါးတည်းသာ တောထဲသို့
ြ<ွကသွားရသည်။ ''တာကျောင်း''က ဆရာတော်ြ<ွကသွားရာနောက်သို့ ခပ်လှမ်းလှမ်းမှလိုက်ပြီးချောင်းကြည့်ကာ
နေရာဌာန သိသောအခါ ကျောင်းသို့ပြန်လာခဲ့ရသည်။
- ၁ဝ -
ဒါယကာ၊ ဒါယိကာမများက အဆင်သင့်ပြုလုပ်ထားသော လွယ်အိတ်သုံးဆယ်၊ လေးဆယ်လုံးကို
ချိတ်ဆွဲထားပြီး ကျောင်းမှလာကာ စောင့်ဆိုင်းနေကြသည်။ ''တာကျောင်း''ပြန်ရောက်လာပြီး၊ ¤င်းလမ်းညွှန်
ချက်အတိုင်းဝေါယာဉ်ကိုထမ်းကာ ဆရာတော်ရှိရာသို့ အားလုံးလိုက်လာကြသည်။
ဆရာတော်ဘုရားကြီးသည် ဒါယကာမြင်သာသောနေရာတွင် တင်ပျဉ်ခွေထိုင်ကာထိုင်နေသည်။
ဒါယကာများက ဆရာတော်အနားသို့ချဉ်းကပ်ပြီး တော်ထွက်တော်မမူနဲ့ဘုရား၊ သတ္တဝါများကိုသနားကြင်နာ
ငဲ့ညှာသောအားဖြင့် ကျောင်းသို့ပြန်ြ<ွကသီးတင်းသုံးတော်မူပါ။ တရားရေအေးအမြိုက်ဆေးတိုက်ကျွေးတော်မူပါ
ဟုလျှောက်ထားကြပါသည်။ ထိုအခါဆရာတော်ထပြီး ဝေါယာဉ်အနားသို့သွားကာ ချိတ်ဆွဲထားသောလွယ်
အိမ်သုံးဆယ်၊ လေးဆယ်အတွင်းက ငွေများကို ထုတ်ကြည့်လိုက်သည်။ ငွေနည်းလျှင်ဆရာတော်တောထဲသို့
ပြန်ြ<ွကသွားသည်။ ဒါယကာ၊ ဒါယိကာမများက ''ယောခူးယောခူး''ဟုနှိုးဆော်ပြီး အသင့်ပါလာသောငွေများ
ကိုလွယ်အိတ်ထဲသို့ ထပ်မံဖြည့်စွက်ပြီးလိုက်ပင့်ရပြန်သည်။ ထိုကဲ့သို့ယောခူးနှစ်ခါသုံးခါလုပ်ပြီးမှ ဆရာတော်
ဝေါယာဉ်ပေါ်တက်စီးသောအခါ ဒါယကာ၊ ဒါယိကာမများ ဝမ်းမြောက်ဝမ်းသာစွာနှင့် ဝေါယာဉ်ကိုထမ်းပြီး၊
ကျောင်းသို့ပြန်လာကြရသည်။ ¤င်းကိုအစွဲပြုပြီး ''ယောခူးဂိုဏ်း''ခေါ်သည်ဟုဆိုကြပါသည်။
ဆရာတော်ဘုရားကြီးက လွယ်အိတ်ထဲကနှိုက်ကြည့်ပြီးငွေနည်းလျှင် တောထဲသို့ပြန်ြ<ွကသည်ကို
ဒါယကာများက ''ယောခူးယောခူး'' ဟုနှိုးဆော်ကာ အလှူငွေထပ်မံဖြည့်စွက်ရသည်မှာ ငွေနည်းသည့်အတွက်
ဆရာတော်ကမကျေနပ်ခြင်းမဟုတ်ပါ။ ဒါယကာများ အလှူတိုးပြီးကုသိုလ်များများရအောင်ပြုလုပ်ခြင်း
ဖြစ်သည်ဟုယူဆကြပါသည်။ ကျောင်းသို့ရောက်သောအခါ လွယ်အိတ်နှင့်ငွေအားလုံးကို ဆရာတော်ထံသို့
လှူဒါန်းကြပါသည်။ ဆရာတော်ထိုငွေများနှင့် ဂိုဏ်းချုပ်ဆရာတော်တင်မြှောက်သော ကန်တော့ပွဲသို့လာ
ရောက်ကြသော ရဟန်းပရိတ်သတ်၊ လူပရိတ်သတ်များကို အကုန်အကျခံပြီးကျွေးမွေးဧည့်ခံကြပါသည်။
လာရောက်ကြသောရဟန်းပရိတ်သတ်၊ လူပရိတ်သတ်များကလည်း ငွေ၊ နွား၊ မြင်း၊ မှန်စီရွှေချအုပ်
ကြီးများ၊ ပုရပိုက်လိပ်များ၊ မှန်စီရွှေချစာတိုက်သေတ္တာများ၊ ခြုံလွှာ၊ ဂွမ်းပုံကြီးများ၊ လက်ဖက်စို၊ လက်ဖက်
ခြောက်အကောင်းဆုံးများ ဆရာတော်အား ထပ်မံလှူဒါန်းကန်တော့ကြသည်။ ကန်တော့ခံပွဲမှာ နံနက်ဆွမ်း
စားပြီး၊ ခြောက်နာရီခွဲလောက်တွင် ကျောင်းပေါ်တွင် ဂိုဏ်းချုပ်ဆရာတော်က အလယ်မှ သလွန်ထိုင်ပြီး
ဝဲယာနှစ်ဖက်သံဃာတော်များ ခြံရံလျှက်ကန်တော့ခံလေသည်။
ဂိုဏ်းချုပ်ဆရာတော်ကြီးက တရားဟောပြီးနောက် လက်ယာဘက်သံဃာတော်များက ယွန်းဘာသာ၊
ရှမ်းဘာသာ၊ ပါဠိဘာသာရောကာ ပရိတ်တော်များကို တစ်နာရီခွဲခန့်ရွတ်ကြသည်။ ပြီးနောက်လက်ဝဲသံဃာ
တော်များက အထက်နည်းအတိုင်း ရွတ်ကြပြန်သည်။ ထိုနောက်ဆရာတော်ကြီးက ကန်တော့ကျိုးပေးကာ
ကန်တော့ခံပွဲကိုသိမ်းလေသည်။ ပရိတ်ရွတ်တရားဟော စုစုပေါင်းသုံးနာရီကြာတတ်ပေသည်။ အရပ်မှရရှိ
သောငွေများကို ဂိုဏ်းချုပ်ဆရာတော်က ကျောင်းဇရပ်ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ ရေတွင်းရေကန်တူးဖော်
ခြင်း၊ ရုပ်ပွားစေတီတော်များကို အသစ်ထပ်မံတည်ခြင်း၊ အဆောင်အပျက်များကို ပြင်ဆင်ခြင်း၊ အဖိုးတန်ပိုး

2 comments:

Unknown said...

စာတွေတော့ မဖတ်အားပေမယ့် သတင်းတော့ဖတ်သွားပါတယ် ဘုန်းဘုန်း ကျေးဇူးတင်ပါတယ် နောက်ကျရင်လည်း လာလည်ပါဦးမယ် ဘုရာ့

Unknown said...
This comment has been removed by a blog administrator.