လူတစ်မျိုး၏ ယဉ်ကျေးမှု၊ဓလေ့ထုံးစံများကိုလူတစ်မျိုးကသိဖို့လိုပါသည်။သိထားလျှင်၊ကျူးကျော်မှားယွင်းမှုများမဖြစ်နိုင်ဘဲ၊ကူးလူးဆက်ဆံမှုလွယ်ကူ၍ ချစ်ကြည်ရေး တည်မြဲနိုင်ပါသည်။(စာရေးဆရာဒဂုဏ်နတ်ရှင်)ရှမ်းပြည်ကြေးမုံစာအုပ်မှ

Popular Posts

တအာင်းဘာသာတရားတော်


MusicPlaylistRingtones
Create a playlist at MixPod.com

Friday, April 9, 2010

အခန်း(၃)

-
တောင်၌ပင် နတ်ဖြစ်သည်။ နတ်ကွန်းနှင့်ထားကာ ပလောင်အနွယ်ဝင်တို့၏ အစဉ်အဆက်ကိုးကွယ်လာ
ကြကြောင်း သက်ကြီးရွယ် အိုများထံမှ မှတ်သားရပေသည်။

လွယ်ဆိုင်တောင်ရှိမောရိယဥဒေါင်းမင်းလိုဏူ

ဥဒေါင်းဂူနှင့် ပတ်သက်ရာတွင် ပလောင်လူမျိုးတို့က ရှေးဟောင်းယုံကြည်ချက်မှာ အောက်ပါအတိုင်း
ဖြစ်ပါသည်။ ဘုရားအလောင်း ''မောရိယ'' ဥဒေါင်းမင်းဖြစ်တော်မူစဉ်အခါက ကျောက်ဂူအတွင်းမှာ
အိပ်တန်းတက်ပြီး နမ္မတူဘော်တွင်းအရပ်များတွင် ကျက်စားပြီး၊ အညစ်အကြေးစွန့်ချရာ ထိုအညစ်အကြေး
များကပင်ရွှေ၊ ငွေ၊ ကြေး၊ ခဲ အစရှိသောရတနာအမျိုးမျိုးဖြစ်နေသည်ဟု အချို့ကယုံကြည်ပြောဆိုနေကြသည်။
မောရိယဥဒေါင်းမင်းအိပ်တန်းတက်ပြီး နံနက်ချိန် '' ဥဒေတယံ'' ညနေချိန် ''အပေတယံ'' ကျူးရင့်
ပြီးအောင်းနေသည့် ဂူကိုအထူးတလည်မွမ်းမံထားသည်။ ဥဒေါင်းများကိုတွေ့လျှင်လည်း အရိုအသေပြု
ကြပေသည်။ တစ်ဦးတစ်ယောက်က ဥဒေါင်းပစ်ခတ်သတ်ဖြတ်ခဲ့သော် တောတောင်အနှံ ကြားရာ အရပ်က
တစ်ယောက်မကျန်လာရောက်ပြီး နားကွဲလုမတက် ဟစ်အော်ငေါက်ငမ်းကြသည်။ ပစ်ခတ်သောသူများ
ကိုလည်း အမျိုးမျိုးပြစ်တင်ပြောဆိုရေရွတ်ကြသည်။ ထိုဥဒေါင်းပစ်သတ်သောသူများကိုလည်း ရွာတိုင်းက
ဆက်ဆံခြင်း အလျဉ်းမပြုတော့ပေ။
လွယ်ဆိုင်ဘုရားနှင့် ရွှေဥွှဥဒေါင်းးဂူတာကလွတ်

နတ်ကွန်းဘွဲ့တေးထပ်

မြတ်လွယ်ဆိုင်၊ သေလာမင်း၊ စေဖြားလင်းလှိုင်းဆူ၊ မြေပထဗျာ၊ နိုင်ဇဗ္ဗူ၊ ပြိုင်မတူရှား၊ တပါးမဏိ၊
လောင်းစည်သူ၊ ကြောင်းကြည်ဖြူ၊ ခေတ္တခံစား၊ ပတ္တမြားမြေရတနာ၊ ရွှေနံသာရုပ်ပွား၊ သေလာဇံ၊
လက်ဖက်များကိုတော့၊ သနားတဲ့ဌာနေ၊ ပဝေဿဏီ၊ ဖွေစီလှိုင်းရင်ဖြင့်၊ စေတီသမိုင်း၊ အသောကပုညေ၊
တာမောင့်ငိုင့်၊ အကြောင်းအခြေ၊ လောင်းမရမေ၊ ရွှေဥဒေါင်းငယ်က၊ နေစောင်းရင်တော့၊ '' အပေတယံ''၊
ကျူးတဲ့ဌာနံ၊ တာကလွတ်နတ်ကွန်းစံကို၊ မပြတ်လွမ်းရန်၊ တည်ထားလို့လေ။
(ဦးဘသန်း)

တာပလိနိန်(်(ခေါ်) ''ပူဖူဖ''

နမ့်ဆန်မြို့နယ်အတွင်း နေထိုင်ကြသောလူမျိုးများဖြစ်ကြပါသည်။ ပလောင်ဘာသာအားဖြင့်
''တာပလိန်''၊ တာ-အဖိုး၊ ပလိန်-မိုးကောင်းကင်၊ မိုးကောင်းကင်မှ အဖိုးခေါ်သောပုဂ္ဂိုလ်တစ်ဦး တောင်ပိုင်နယ်
(သို့မဟုတ်) နမ့်ဆန်မြို့နယ်တွင်ရှိပါသည်။ ထိုပုဂ္ဂိုလ်နေအိမ်မှာ အတော်သပ်ရပ်ခမ်းနားထည်ဝါစွာပြီး၊
အိမ်ဦးခန်းဆောင်မကြီးတွင် ပိတ်ဖြူဗိတာန် မျက်နှာကျက်နှင့် ကြက်လျှာအနားမြိတ်စများချထားပြီး၊

- ၄ -

တကဲရာဇပလ္လင်၊ ထီးဖြူငွေသားမကိုဋ်၊ မကိုဋ်ဖြူမှစပြီး အဆောင်အယောင်များပါရှိပါသည်။
ရွှေပလောင်ငွေပလောင်တို့ကနှစ်စဉ် ကြေး၊ အဝတ်အထည်၊ စားဖွယ်၊ သောက်ဖွယ်၊ အနည်းအများ
တို့နှင့်လာရောက်ကန်တော့လေ့ရှိကြပါသည်။ ထိုတောင်ပိုင်နယ်ကို ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့်
အသီးအနှံများဖွံဖြိုးစေပြီး လက်ဖက်စို၊ လက်ဖက်ခြောက်အထွက်များပြီး၊ ဈေးကောင်းရနိုင်ရန်အတွက်
''ပလွဲလောင်ပြီ'' နတ်တော်လတွင် နတ်ပူဇော်ပသပွဲ၊ ဗလိနတ်စာကျွေးပွဲကို တာဝန်ယူကာဆုတောင်းပေးရလေ
သည်။ ¤င်းတာပလိန်(ခေါ်)ပူဖ ကွယ်လွန်လျှင် သူ၏မျိုးရိုးအဆက်အနွယ်ထဲမှ အသက်ကြီးသူကို
တင်မြှောက်ရသည်။ ထူးခြားချက်မှာ ¤င်း၏ခြေထောက်နှင့် မြေကြီးမထိရ။ ထိမိလျှင်သားရဲတိရိစ္ဆာန်ထူပြောပြီး၊
မိုးလေဝသမမှန်၊ ကောက်ပဲသီးနှံ ဆွံအပြီး လက်ဖက်အထွက်နည်း ဈေးကောင်းမရပဲဖြစ်တက်ပါသည်။

ရှင်ပြုအလှူမင်္ဂလာ

ပလောင်လူမျိုးတို့သည် ကျေးလက်ဒေသတွင် ရှင်မပြုရသေးသော ယောက်ျားများသာသနာ့
အမွေခံရှင်ရဟန်းမပြုရလျှင် လူရာမဝင်ဟုအယူအဆရှိပါသည်။ အသက် (၁၄) နှစ်ကျော်ရှိသော
ယောက်ျားကလေးတိုင်း ရှင်ပြုဘူးသူများဖြစ်ကြသည်။ မိမဲ့ဖမဲ့ (သို့မဟုတ်) အလွန်ချို့တဲ့နွမ်းပါးသော
သားယောက်ျားဖြစ်စေကာမူ ရှင်ပြုဘူးသူများဖြစ်ကြသည်။ ထိုမိမဲ့ဖမဲ့ဆင်းရဲနွမ်းပါးသူ သားယောက်ျား
ကလေးများကို ရွာဦးကျောင်းဆရာတော်ဘုန်းတော်ကြီးထံတွင် ပလောင်ဝေါဟာရအားဖြင့် ''ကပီ''
ကျောင်းသားအဖြစ် အပ်နှံထားလေ့ရှိသည်။ အသက်ဆယ်နှစ်ကျော်သောအခါ ဆရာတော်ကိုယ်တိုင်က
ထိုကလေးငယ်များကို ရှင်ပြုပေးရန်နှင့် ရှင်ဒါယကာရှာလျှင် အလွယ်တကူပင် ရပ်ရွာမှ ဝိုင်းဝန်းတာဝန်ယူ
တတ်ကြပေသည်။ အသက်ငယ်ရွယ်သူများကို သင်္ကန်းတောင်း၊ ပုတီးစိပ်၊ လိင်ဆယ်ပါး၊ ဒဏ်ဆယ်ပါး၊
သေခိယရှင်ကျင့်ဝတ်များကို မသင်ကြားရသောသူများနှင့် သရဏဂုံမပီသသေးသောသူများအား ဆရာတော်
ဘုန်းတော်ကြီးက ကိုရင်ဝတ်ပေးခြင်းအလျဉ်းမပြုကြပေ။
ရှင်ပြုသောအခါ၊ ရှင်လောင်းအပါး (၁ဝ) မှ (၅ဝ) ကျော်အထိစုပေါင်းပြီး၊ အနည်းဆုံးပွဲသုံးရက်ခံကာ
ဧည့်ခံကျွေးမွေးကာအလှူပွဲသဘင်ကို ရွာလုံးကျွတ်ဆင်နွှဲကြပါသည်။ အလှူမဏ္ဍပ်မှာ များသောအားဖြင့်
ဘုန်းတော်ကြီးပရဝုဏ်းအတွင်း ဆောက်လုပ်တတ်ကြပါသည်။ အချို့အရပ်ဘုန်းတော်ကြီးကျောင်းများတွင်
ပရဝုဏ်းအတွင်းမှာ အလှူမဏ္ဍပ်အတွက် အသုံးပြုရန်ပြည်မကဲ့သို့ ဇရပ်ကြီးများအသင့်ဆောက်လုပ်
လှူဒါန်းထားကြပေသည်။ ထိုဇရပ်ကြီးများကို တင့်တယ်လှပအောင် ပန်းဆွဲ၊ ကြာယပ်၊ ရာဇမတ်တို့ဖြင့်
တန်ဆာဆင်ယင်ကာ ရှင်ပြုအလှူမင်္ဂလာပွဲဆင်ယင်ကျင်းပကြပါသည်။ ရှင်လောင်းများကို ပြည်မကြီးကဲ့သို့ပင်
မင်းညီမင်းသား၊ အဆောင်အယောင်အဝတ်အစားများ ဆင်ယင်ပေးလေ့ရှိပါသည်။ ရှင်လောင်းလှည့်များ
သောအားဖြင့် ပြည်မကြီးနှင့်တူပါသည်။

No comments: