လူတစ်မျိုး၏ ယဉ်ကျေးမှု၊ဓလေ့ထုံးစံများကိုလူတစ်မျိုးကသိဖို့လိုပါသည်။သိထားလျှင်၊ကျူးကျော်မှားယွင်းမှုများမဖြစ်နိုင်ဘဲ၊ကူးလူးဆက်ဆံမှုလွယ်ကူ၍ ချစ်ကြည်ရေး တည်မြဲနိုင်ပါသည်။(စာရေးဆရာဒဂုဏ်နတ်ရှင်)ရှမ်းပြည်ကြေးမုံစာအုပ်မှ

Popular Posts

တအာင်းဘာသာတရားတော်


MusicPlaylistRingtones
Create a playlist at MixPod.com

Friday, April 9, 2010

နမ့်ဆန်မြို့အကြောင်းတစ်စေ့တစ်စောင် အခန်း(၁)

- ၁ -

အခန်းး (၁)

ဘာသာရေးကဏ္ဍ


နမ့်ဆန်မြို့၏ အရှေ့တောင်ဘက်တောင်မကျေးရွာအုပ်စု လွယ်ဆိုင်တောင်တွင် ဘုရားအလောင်း
ဥဒေါင်းမင်းဘဝက လှည့်လည်ကျက်စားနေထိုင်ခဲ့သည့်နေရာနှင့် ဥဒေါင်းမင်းသေဆုံးရာ သဘာဝလှိုဏ်ဂူ
တို့မှာ ထင်ရှားပြီး ¤င်းကိုအစွဲပြုပြီး တည်ထားသော သာသနိကအဆောက်အဦးမှာလည်း ထင်ရှားပါသည်။
မဟာမြတ်မ်မုနုနိဘိဘုရုရားကြီးး
မဟာမြတ်မုနိဘုရားကြီးကို ပေ (၅ဝဝဝ)ကျော်မြင့်သည့် နမ့်ဆန်မြို့ဟောင်း (ဝိန်းထွန်းစံ)ဟုခေါ်သော
ရွှေစကားပင်တောင်ပေါ်တွင် တည်ထားပါသည်။ ထိုတောင်မှာ နမ့်ဆန်မြို့နှင့် တစ်မိုင်ခန့်ဝေးကွာပါသည်။
ဘုရားကြီးမှာ ဓမ္မခံမှမုနိတော်အထိ ပလင်တော် (၇)တောင် တမိုက်လက်လေးသစ်ရှိပြီး၊ သက္ကရာဇ်-၁၁၄၃
ခုနှစ်က တောင်ပိုင်မြို့နယ်၊ ကွန်ဟယ်ကျေးရွာဇာတိ ပလောင်ဘုန်းကြီး သုဓမ္မာဆရာတော် ဦးဂဠုန်းဘွဲ့ခံ
ဦးစန္ဒောကြီးမှူးပြီး ပဉ္စလောဟာတို့ဖြင့် သွန်းပြုတော်မူခဲ့ကြောင်းမှတ်သားရပေသည်။ မဟာမြတ်မုနိ
ဘုရားကြီး၏ ပထမမကိုဋ်တော်မှာ ရွှေချိန်ငါးပိသာကိုးဆယ်တစ်မတ်သာရှိပြီး၊ နဝရတ်ကျောက်မြတ်
ရတနာတို့ဖြင့် စီချယ်ပြုလုပ်ထားရာ၊ ကာလတန်ဖိုး (၁၉၉၆၄ဝ) ကျပ်ခန့်ရှိပေသည်။ ထိုမကိုဋ်တော်ကို (၁၂၉၆)
ခုနှစ်၊ ကဆုန်လပြည့်ကျော် (၁၁)ရက်၊ အင်္ဂါနေ့ညက လူဆိုးများခိုးယူသွားသဖြင့် စော်ဘွားကြီးခွန်ပန်းစိန်
အမှူးပြုပြီး နယ်သူနယ်သားအများစုပေါင်း ပြုလုပ်ကာရွှေချိန် (၄)ပိဿာ၊ (၁၇)ကျပ်သား၊ တမူးသားခန့်နဝရတ်
ကျောက်မျက်ရတနာများဖြင့် စီချယ်ပြုလုပ်ထားသော တန်ဖိုးငွေ (၁၃၃၄၅၂) ကျပ်ရှိသည့် မကိုဋ်တော်အသစ်
ကို ထပ်မံပြုလုပ်ကာ (၁၂၉၈)ခု၊ တပေါင်းလပြည့်၊ အင်္ဂါနေ့တွင် ဆက်ကပ်လှူဒါန်းကြခဲ့လေသည်။ထိုဘုရားကြီး
တွင် တောင်ပိုင်နယ်ဆဋ္ဌမမြောက် သုဓမ္မာဂိုဏ်းချုပ်ဆရာတော် ဦးဇနိယအရှင်မြတ်ကို ဆက်ကပ်လှူဒါန်းသည့်
(၁၇'ဝဝဝ)ကျပ်တန်ဖိုးရှိသောကျောက်မျတ်ရတနာများဖြင့် စီချယ်ပြုလုပ်ထားသော ရွှေစလွယ်တော်ကြီး
ကိုလည်း ကြည်ညိုဖွယ်ရာဖူးတွေ့နိုင်ပါသည်။ ၁
ထိုမဟာမြတ်မုနိဘုရားကြီးကို နမ့်ဆန်မြို့၊ မန်ခိုက်ရပ်ကွက်တွင် ဒါယကာ၊ ဒါယိကာမ အများကောင်းမှု
ဖြင့်တည်ထားပြီး မြို့နယ်ဘုရားဂေါပကအဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။
ကောင်းးမှုရှိုငိင်းး (ပတ္တ္တြမြားစေတီေီတော်)်)
သက္ကရာဇ် (၄၅၄) ခုနှစ်၊ ပေါက္ကံထီးနန်းစံမြန်းတော်မူသော ရွှေဂူဒါယကာ အလောင်းစည်သူ
မင်းကြီးတိုင်းခန်းလှည့်လည်မူစဉ် ကောဇာသက္ကရာဇ် (၄၈၆) ခုနှစ်၊ တန်ဆောင်မုန်းလ၊ တောင်ပိုင်နယ်
ရောက်ရှိရာ ရှေးဦးစွာဖောင်တော်ဆိုက်သောတောင်ပေါ်တွင် စေတီမြောက်များစွာတည်တော်မူခဲ့သည်။ ၂
၁။ မယ် . ပ . နှာ - ၄၂ ၂။ မယ်.ပ ၄၁


- ၂ -


ထိုစေတီတော်များကို'' ကောင်းမူရှိုင်း'' ဟုခေါ်ပါသည်။ ပလောင်ဘာသာဖြင့်''ကောင်းမူ''သည်-''စေတီ''
''ရှိုင်း''အပေါင်းအစု (သို့မဟုတ်) ''အများအပြား''အဓိပ္ပါယ်ရသည်။ ကောင်းမှုရှိုင်းစေတီတော်များကို
ရင်ပြင်ပေါ်တွင် အလောင်းစည်သူမင်းကြီးနှင့် မှူးမတ်များ၏ကျောက်ရုပ်ပုံထားရှိပါသည်။
ကောင်းမှုရှိုင်း စေတီတော်အမြောက်အများ တည်ထားသောတောင်မှ ကကုသန်မြတ်စွာဘုရား
လက်ထက်တော်မှ ''သေလာသတောင်''၊ ကဿပဘုရားလက်ထက်တော်တွင် ''စိတ္တရတောင်'' ၊
ဂေါတမဘုရား လက်ထက်တော်တွင် ''ကဏ္ဏတောင်'' ဖြစ်ပြီး၊ ပလောင်ဘာသာ''ဒွယ်ဆိုင်'' ၊ ရှမ်းဘာသာအား
ဖြင့် ''လွယ်ဆိုင်''၊ တောင်တော်သို့မင်းကြီးရောက်ရှိတော်မူသောအခါ သီရိဓမ္မာသောကမင်းကြီးလက်ထက်
စေတီပေါင်း ရှစ်သောင်းလေးထောင်တည်တော်မူစဉ်အခါတွင်လည်း ''လွယ်ဆိုင်'' စေတီတော်ကို
မွမ်းမံပြင်ဆင်ကာ ကုသိုလ်ပွားတော်မူလေသည်။ ''လွယ်ဆိုင်'' မှာ ''လွယ်''-''တောင်''၊ ''ဆိုင်''-''ပတ္တမြား''
ဟုအဓိပ္ပါယ်ရသည်။ ''ကျောက်သံပတ္တမြားတောင်'' ဟုခေါ်သည့်အပြင်၊ အချို့က ''ပတ္တမြားတောင်'' ဟုလည်း
ခေါ်ဆိုကြသေးသည်။ ''လွယ်ဆိုင်တောင်'' ခေါ် ''ကျောက်သံပတ္တမြားတောင်'' (သို့မဟုတ်) ''ပတ္တမြားတောင်''
တွင်ပွဲကြီး (၇) ရက်ခံပြီး သီဟိုဠ်မင်းကလက်ဆောင်ပဏ္ဏာတော်အဖြစ်ဆက်သလိုက်ရာ နံ့သာကိုးပိုင်းအနက်၊
တစ်ပိုင်းကို ရုပ်ပွားဆင်းတုတော်အဖြစ်ထုစေရာ၊ လွယ်ဆိုင်စေတီတော်အရှေ့ဘက် အာရုံခံလိုဏ်နန်းမုခ်
အတွင်းမှ လူအများကိုးကွယ်စေရန် တည်ထားတော်မူခဲ့လေသည်။ ထိုလွယ်ဆိုင်ဘုရား၏ နမ့်ဆန်မြို့နယ်၊
တောင်မဲကျေးရွာအုပ်စု၊ လွယ်ဆိုင်ဂေါပကအဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ပါသည်။
မာရ်ေ်အောင်ရ်ရတနာပြည်လ်လုံးံးချမ်းးသာရစေတီေီတော်
သာသနာတော်နှစ် (၂၅ဝဝ)ပြည့်အထိမ်းအမှတ်အဖြစ် နမ့်ဆန်မြို့၊ အရှေ့ဖက်မြို့အဝင်ဝ
တောင်ကြားနှစ်ဖက်အနက် လက်ဝဲဘက်ပေ ၃ဝဝ ခန့်အမြင့်ရှိ ပလောင်ရာဇဝင်အရ ခံတပ်ဖြစ်ခဲ့ဘူးသည့်
''တာကျန်းပလောင်'' တောင်ထိပ်ပေါ်တွင်တည်ထားသည်။၁
စေတီတော်Óဏ်တော်မှာ (၁၈) တောင်၊ တမိုက်ရှိပြီး၊ ပုံတော်မှာ ဒုတိယပစ္စယံတွင် အရပ်ရှစ်မျက်နှာ၊
မုဒ်ရှစ်မုဒ်၊ မုဒ်များအတွင်းဂြိုလ်ကြီးရှစ်လုံး၊ အလိုက်နံသင့်ဂြိုလ်ရုပ်များခံသည့် ပလ္လင်တော်ပေါ်တွင် ကြေးရုပ်
ပွားတော်တစ်ဆူစီ ကိန်းဝပ်တော်မူလျှက်ရှိပါသည်။ စေတီတော်တည်ထားသော '' တာကျန်းပလောင်''
တောင်သည် လွန်ခဲ့ပြီးသော နှစ်ပေါင်း (၄ဝဝ) ကျော်လောက်က ပလောင်များလာရောက်တိုက်ခိုက်သော
ရန်သူများအား ထိုတောင်ကိုခံတပ်ပြုလုပ်ပြီး ခုခံတိုက်ခိုက်ခဲ့ရာအောင်မြင်ခဲ့ဘူးသော အောင်မြေတစ်ခုဟု
အဆိုရှိခဲ့ဘူးပါသည်။ ထိုတောင်ရှိစစ်တပ်ကို အုပ်ချုပ်သောပလောင်စစ်ဗိုလ်ချုပ်ကြီးသည် ကာယသိဒ္ဓိပြီးသော
ကြောင့် စစ်သားများကိုင်ဆောင်သော ဓား၊ လှံ၊ လက်နက်အစရှိသည်များကိုအစွဲပြုပြီး ''တာကျန်းပလောင်''
တောင်ဟုခေါ်ပါသည်။ အဓိပ္ပါယ်မှာ''တာ'' -''အဖိုး''၊ ''ကျန်း''-''စမ်းသပ်သည်''။ ''ပလောင်''-''ပေါင်''၊
ပေါင်ကိုစမ်းသပ်သော အဖိုးဖြစ်သည်။ ထိုပလောင်စစ်ဗိုလ်ချုပ်ကြီးကွယ်လွန်သောအခါ ''တာကျန်းပလောင်''
၁။ မယ် . ပ . နှာ - ၄၂

No comments: