နိဒါန်း ( နှာ ၉)
အခန်း(၂ )
ဒက္ခိဏာတောင်ဖက်ဘုရင်တို့သည် တစ်ခေတ်ပြီးတစ်ခေတ် အုပ်စိုးတော်မူလေသည်။
ဘုရင်တစ်ပါးနတ်ရွာစံခဲ့သော အစဉ်အဆက် ဆက်လက်အုပ်ချုပ်တော်မူပါည်။ ထိုဘုရင်အဆက်သည် (၇၇)ဆက်သာမကပါ။ ကောင်းကင်ထက်ပေါ်တွင်
ကြယ်ထက် မက ပိုမိုများပြားပါလိမ့်မည်။ (အနှစ်ချုပ်အားဖြင့် ဘုရင်အပြောင်းအလွဲများပြားသည်ဟု
တင်စားရေးသာထားဟန်ရှိပါသည်။ ) စာရေးသူ။
ထီလာဝိုးပိုင်ကျင့်( ထီလာမြို့) ကို အုပ်ချုပ်သောဘုရင
်
ထီလာမြို့၏ နယ်ပယ်သည် မိုင်ကိုင်၊ ကျယ်လန့်(စယ်လန့်)ဒေသတွင် အုပ်ချုပ်ပါသည်။ထီလာဝိုးပိုင်ကျင့်
ဘုရင်သည် အလွန်ဘုန်းတန်းခိုးကြီးမားပါသည်။ သိကြားမင်းကိုယ်တိုင်း အဖိုးတန်းသော ကျောက်မျက်ရတနာ
များကို လာရောက်ဆက်သရ၏။ ထိုဘုရင်သည် ဂုဏ်သတင်းကျော်ဇော်၏။ နောက်ပိုင်းတွင်မြို့ကို တစ်ဝက်ပဲ အုပ်ချုပ်၍ မိမိအလိုဆန္ဒပြည့်ဝတော်မူသည်။
စ၀်ထာနိဆရာ ဘုရင်သည် ထီလာဘုရင်ကို သမီးတော်တစ်ပါး
လာရောက်ဆက်တော်မူ၏။ ထိုဘုရင်သည် ကံတော်ကုန်နတ်ရွာစံ၍ ထိုသမီးတစ်ယောက်တည်းကို ကျန်ရစ်ခဲ့သည်။
ထိုဘုရင်မ အား ဆွာဝတီ ဟု ခေါ်ပါသည်။ စ၀်ထာနိဆရာ
ဘုရင်သည် ပထမ မိဘုရားကြီးက သမီးတော် တစ်ယောက်ထွန်းကားခဲ့ပါသည်။ ဒုတိယမြောက် မိဘုရားကြီး
သားတော် (ရ)ယောက်ရှိခဲ့ပါသည်။ အငယ်ဆုံးသားထွေးသည်ကာ အင်မတန်လိမ္မာပါသည်။ သူ၏အမည်မှာသြရစ ဖြစ်သည်။ ထိုခုနှစ်ယောက်ထဲမှ သားတော်
တစ်ယောက်ကားမိုးကောင်းမြို့ကို သွားရောက်အုပ်ချုပ်စေခဲ့ပါသည်။ ထိုသားတော် ခုနှစ်ယောက်
ကို တိုင်းပြည် ခုနှစ်တိုင်းပြည်စေလွတ်၍ အုပ်ချုပ်စေခဲ့ပါသည်။
မိုးကောင်းမြို့သွားရောက်အုပ်ချုပ်သော
ဘုရင်၏အမည်တော်သည်ကား ဆေထီပထီခံ ဖြစ်ပါသည်။ထိုနောက် သားတော်တစ်ပါးက မိုးညှင်း (ကချင်ပြည်နယ်)
နှာ (၁၁) ထိုဘုရင်၏အမည်တော်မှာ ဆေဟုန်ဖ ဖြစ်ပါသည်။ မိန်းလျန်းဒေသ(………..?)
ကို သွားအုပ်ချုပ်ဘုရင်အမည်တော်မှာ ဆေတင်ဖပ်
ကဖြစ်ပါသည်။ ထိုမြို့သည် မြစ်အနီးတွင်ရှိသည့်ဟန်ရေးထားသည် ။သင်္ဘောဆိပ်ကမ်းစသည်လည်း
ရှိပါသည်။ ထိုဘုရင်သည် ဘုန်းတန်းခိုးအာနုဘော်ကြီးသည်။ ကိန္နရီမ မိဘုရားမြောက်၍ တိုင်းပြည်ထဲသို့ခေါ်ဆောင်၍
အတူနေတော်မူ ၏။ ထိုကိန္နရာ မိဘုရားနှင့်ရလာသော သားသမီး ခုနှစ်ယောက်ထဲမှအ ငယ်ဆုံးသမီးတော်ကို
နဂါးမင်းက လာရောက် ကောက်ယူခဲ့သည်။ နဂါးမင်းနှင့် အငယ်ဆုံးသမီးထွေးသည် သားတော် တစ်ယောက်တည်သာ
ထွန်းကာခဲ့ပါသည်။ ကျန်(၆)ယောက်သည် တစ်ယောက်ကို
တစ်တိုင်းပြည်စီ အုပ်ချုပ်ကြ၏။ ထိုနောက် ဘုရင်တစ်ပါးက နတ်ရွာစံ၍ နတ်စိမ်းဖြစ်၏။ လူပြည်မှာနေစဉ်
သက်တောင်သက်သာစွာ နေတော်မူလေခဲ့သည်။ နတ်ဖြစ်သွားသော ဘုရင်က ပြည်သူပြည်သားများက ပူဇော်ပသမှုခံယူသည်။
ရွာကိုစောင့်သောနတ်သွားဖြစ်သည်။ နောက်ဘုရင်တစ်ပါးနတ်ရွာစံ၍ နတ်ပြည် ရောက်၏။ နောက်ဘုရင်တစ်ပါးကပုဂံပြည်မှာ
တိုင်းပြည်အုပ်ချုပ်ဘုရင်လုပ်တော်မူ၏။ နောက်တစ်ပါးကမူ မိုးပြဲမြို့ကို ဘုရင်ဖြစ်သည်။(
အဆက်အစပ်မရှိသော အခန်းတစ်ခု အောက်ပါအတိုင်းစကားတစ်ခုဆိုထားသည်) နန်းလုံပိုင်လျာ ဆိုသော အမျိုးသမီးတစ်ဦးသည်
သူဌေးကတော် ဖြစ်သည်။ လင့်ယောင်္ကျားမိဘများက သူမကို ချစ်ခင်မြတ်နိုးကြသည်။ သူ၏ဆန္ဒအတိုင်းပြည့်အောင်ဖြည့်ဆီပေးကြသည်။
လင့်ယောင်္ကျားမိဘများကွယ်လွန်ကြ၍ ကျန်ရစ်အမွေးခံပစ္စည်း သူမပိုပ်ဆိုင်ကြသည်။ အမွေးဆက်ခံခွင်ရသည်။
သူတို့သည် သားသမီးမထွန်းကာပေ။ အလှူအတန်း ကုသိုလ်ကောင်းမှုများစွာပြုလုပ်၍ သားသမီးထွန်းကားရန် ဆုတောင်းခဲ့ကြသည်။ နတ်ကောင်းနတ်မြတ်များထံ
သစ္စာဆို၍ တိုင်းတယ်၏။ နတ်တစ်ပါးစုတေ၍ ထိုအမျိုးသမီးထံ ပဋိသန္ဒေလာတည်းစေပါသည်။ သားတစ်ယောက်မွေးဖွားပါသည်။သောကြာနေ့သားဖြစ်သည်။
သူ၏နာမည် ခမ်းလှိုင် ဟုခေါ်သည်။ အမှန်မှာ
ရှမ်းလို ကောဖဖြစ်၍ အသက်ခုနှစ်နှစ်အရွယ်တွင် ဖင်ခင်ကွယ်လွန်ခဲ့ပါသည်။ သားတော်တက်၍ ဖခင်ဖြစ်သူက
အင်မတန်ချစ်ခင်ပါသည်။ ထို(ရ)နှစ်အရွယ်ကလေးသည် နွားကျောင်းသောအလုပ်ကို ဦးစီးပြီးလုပ်ကိုင်ရသည်။
ထိုကလေးသည် သူ၏လုပ်ဖော်ကိုင်ဖက်ကလေးများက အထူးလေးစားကြပါသည်။ အစားစားများလာပေးပါသည်။
ချစ်ခင်လေးစားကြပါသည်။
ထိုစဉ်နွားကျောင်းနေသော
မုဆိုးတစ်ဦးရှိသည်။ သူတို့နှင့်နွားများအတူကျောင်းရ၍ အမြဲတန်းလိုလို ကျွဲနွားများစီပြီးလာပါသည်။
မုဆိုးမသည် သူမကျွဲနွားများကို ရောနှောပြီး သူတို့နွားများနှင့် နေ့စဉ်လိုလို လွတ်လေသည်။
ထိုကလေးမျာသည် အကြံတစ်ခု ကြံစည်းလေကြသည်။ နေ့စဉ်လိုလို
သူမ၏နွားများကျောင်းနေရသည်။ ထိုကြောင့် နွားပေါက်စများ သတ်စားရန် တိုင်ပင်ကြသည်။ တပည့်များကလည်း
ဆရာခိုင်းစေချက်အရ ပျော်ရွင်စွာ အမဲသားစားသောက်ကြသည်။ ပြီးနောက် မုဆိုးမက နွားပျောက်လိုက်ရှာကာ
သူတို့အားမေးမြန်ပါသည်။ မတွေ့ပါဟု ဖြေဆိုကြသည်။ သို့သော် ထပ်မံ၍ ဆရာကို သွားရောက်မေးမြန်ခဲ့ပြန်သည်။
ထိုဆရာသည် သင့်တို့နွားပေါက်စလေးက မြေမျိုးထားသည်ဟု ပြောဆိုသည်။မြေမြှပ်ထားသောနွားပေါက်စကို
အမှီတစ်စကိုမြေကြီးပေါ် ပေါ်နေသည်။ သူတပည့်များက ထိုမုဆိုးမကို ကြောက်၍ ထွက်ပြေးကြပါသည်။
No comments:
Post a Comment