လူတစ်မျိုး၏ ယဉ်ကျေးမှု၊ဓလေ့ထုံးစံများကိုလူတစ်မျိုးကသိဖို့လိုပါသည်။သိထားလျှင်၊ကျူးကျော်မှားယွင်းမှုများမဖြစ်နိုင်ဘဲ၊ကူးလူးဆက်ဆံမှုလွယ်ကူ၍ ချစ်ကြည်ရေး တည်မြဲနိုင်ပါသည်။(စာရေးဆရာဒဂုဏ်နတ်ရှင်)ရှမ်းပြည်ကြေးမုံစာအုပ်မှ

Popular Posts

တအာင်းဘာသာတရားတော်


MusicPlaylistRingtones
Create a playlist at MixPod.com

Thursday, August 16, 2012

အနောက်ကင်းကျေးရွာသမိုင်း


အနောက်ကင်းကျေးရွာသမိုင်း

ရှမ်းပြည်နယ်မြောက်ပိုင်း

ရှမ်းပုရပိုက်စာပေမှကူးယူပြီး မြန်မာဘာသာပြန်ဆိုပါသည်။

ရှမ်း စာရေးဆရာ မောင်နန္ဒာ
5/13/2012







                         အနောက်ကင်းကျေးရွာသမိုင်း
 (ရှမ်းဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုပါသည်။ )
 နိဒါန်း
၁၂၂၁ ခုနှစ် တွင်ပူကျောင်း၏သား ယခု စာမူကြမ်းကိုရေးသာပြီး ကျေးရွာမှာနေသော အမည်မသိလူတစ်ယောက်လွဲအပ်ခဲ့ပါသည်။ မူလ ကမ္ဘာမြေကြီးသည် တဖြည်း၂ချင်ကြီးထွားလာသည့်အညီ တော တောင် ကျွန်းများ ဖြစ်လာခဲ့ပါသည်။ ထိုတော တောင် ကျွန်းများထဲမှာ ခြင်္သေ့ ၊ကိန္နရာ၊မနုသီဟ၊စာမရီငှက်များ နေထိုင်ကြပါသည်။ ကျွန်းတစ်ကျွန်းကနေ ရေ တစ်ခုဖြစ်လာသည်။ နောက်ပြီး ဗြဟ္မာ( ၈) ယောက်အကြောင်းကို ရှင်းပြပါသည်။ ထိုဗြဟ္မာ ရှစ်ယောက်တို့သည် မြေပြင်သို့ဆင်းသက်ပြီး မြေဆီများကို စားသောက်ခဲ့သည်ဟုဆိုခဲ့ပါသည်။ ထို ဗြဟ္မာ ရှစ်ယောက်အနက် လေးယောက်က ပုရိသလက္ခဏများပေါ်ပေါက်ပြီး နောက်လေးယောက်ကတော့ မိန်းမလက္ခဏာကြီးငယ်တို့ကို ထင်လာခဲ့ပါသည်။မြေကြီးသည်ယူဇနာပေါင်း ၅၉၅ စင်းနှင့်တစ်သောင်း ရှိသည်ဟု ဆိုပါသည်။ ထိုနောက် သတ္တ၀ါအကြောင်းကိုထပ်မံ၍ ရှင်းလင်းဖော်ပြသည်။ သမင်၊ဆတ်၊ကျား။အောင်း၊ကျီးကန်။ ခိုးငှက်ကြေးသာဒကာများ စုပေါင်း၍ တောထဲတွင် ညီညွတ်စွာ နေထိုင်ကြကောင်း ဆက်၍ ရှင်းပြပါသည်။
       တိုင်းပြည် ( ၁၆)ပြည်အကြောင်း

ကမ္ဘာ့အလယ်တွင် မြတ်စွာဘုရားပွင့်တော်မူသော ဗောဓိပင်ရှိပါသည်။ ထိုဗောဓိပင်သည် အိန္ဒိယနိုင်ငံ ဗုဒ္ဒဂယားဟု ဖြစ်ပါသည်။ ရှေးအခါတွင် ထိုနေရာသည် တောကြီးမဲမှောင်နေပါသည်။ သူသည် ဗုဒ္ဒဂယားဘုရားဖူးမှတ်တမ်းသဘော ဖြစ်၍ တွေ့ကြု့ခဲ့သော အတွေ့အကြု့လမ်းခရီးစဉ်များ ပြောပြပါသည်။ အနောက်တည့်တည့် ဗောဓိပင်ဆီသို့လာခဲ့သော် တစ်လကြာမည်။ ဘုရားပရိနိဗာန်စံယူတော်မူသောနေရာ ကုသိုနာရုံကနေ ဗောဓိပင်ဆီသို့ ကုန်းလမ်းခရီးသွားခဲ့သော် တစ်လကြာမည်။ စမ္မနဂိုပြည်မှ ဗောဓိပင်ဆီသို သွားသော် တစ်လကြာမည်။ ဝေသာလီပြည်မှ ဗောဓိပင်သို့ လမ်းခရီးတွင် နှစ်ကျော်ကြာမည်။ပါတလိပုတ်ပြည်မှ ဗောဓိပင်သို့ သွားသော် သုံးရက်တိတိကြာမည်။ပစ္ဆန္တ ရိတ်ပြည်မှ ဗောဓိပင်သို့ ၁၅ ရက်ကြာမည်။ ကောသ မ္ဘီပြည်မှ သွားသော် ၂ လကြာမြင့်မည်။ စေတုတ္တရ ပြည်မှ သွားသော် (၁၅) ရက်ကြာမည်။ ဗောဓိပင်သည် တက္ကသီလာပြည်အရှေ့ဖက်တွင် တည်ရှိပါသည်။ ထို တက္ကသီလာပြည်မှ သွားသော် တစ်လကြာမည်။ အရိုန်ကရစ်(……………?)ပြည်မှသွားသော် နှစ်လကြာမည်။ကလိင်္ဂပြည်မှ သွားသော် ၂ လကြာမည်။ ပါတလိပုတ်ပြည်မှ သွားသော် သုံးလကျော်ကြာမည်။ ပါတလိပုတ်ပြည်သည် မြစ်အနီးတွင်ရှိသည်။ ထိုမြို့မှ လူစည်းကာသောတိုင်းပြည်ဖြစ်သော ဗာရာဏသီပြည်ကိုလှေဖြင့်ကူးလူးသွားလာရ၍ ယူဇနာပေါင်း ၁၂ ယူဇနာရှိပါသည်။ ထိုပြည်မှ ဗောဓိပင်သို့သွားသော် ၁၅ ရက်ကြာမည်။ ကောလိယပြည်မှ သွားသေည တစ်လကြာမည်။
       ဗြဟ္မာရှစ်ယောက်တို့က တိုင်းပြည်ကိုစတင်တည်ခဲ့သည့်အကြောင်း(နှာ ၈)
ဗြဟ္မာရှစ်ယောက်တို့မှစတင်၍ တဖြည်းဖြည်းလူဦးရေးများပြားသောကြောင့် တိုင်းပြည်ပေါင်း(၁၆)ပြည်ကို ခွဲဝေးအုပ်ချုပ်ခဲ့ကြပါသည်။ ထိုတိုင်းပြည်သည် သင်္ဘောဆိပ်ကမ်းပေါင်း ကိုးသိန်းနှင့်ကိုးသန်းရှိပါသည်။
 အခန်းတစ်ပြီး၏။ ဆက်လက်ဖော်ပြပါမည်။......

No comments: