
ဒါ့အပြင် စာပေဟာ လူမျိုးတစ်မျိုးချင်းစီ အတွက် အရေးပါပြီး စာပေနဲ့ ယဉ်ကျေးမှု မပျောက် ကွယ်သရွေ့ မိမိတို့လူမျိုး ပျောက်ကွယ်မှာ မဟုတ်သလို

ဒီလို (တအန်း)စာပေ ပေါ်ပေါက်လာဖို့ အတွက် (တအန်း)စာပြု ပုဂ်္ဂိုလ်များ၊ စာစုပုဂ်္ဂိုလ်များက အက္ခရာ အသီးသီးနဲ့ တီထွင်ရေးသား ပြုစုခဲ့တယ်လို့ လေ့လာ ချက်အများ သိရှိရပါတယ်။ အခုလို များပြားလှတဲ့ (တအန်း) စာမူများကို စုစည်းပြီး တစ်မူတည်းသော စာပေဖြစ်မြောက် ဖို့အတွက် ရန်ကုန် တက္ကသိုလ်နဲ့ မန္တလေး တက္ကသိုလ်တို့မှာ ပညာသင်ကြား နေကြတဲ့ (တအန်း) ကျောင်းသူ၊ ကျောင်းသားများနဲ့ အမြော်အမြင် ကြီးမားတဲ့ (တအန်း) တိုင်းရင်းသား ပုဂ်္ဂိုလ်များက (တအန်း)လူမျိုး တို့နေထိုင်တဲ့ ဒေသအသီးသီးကို လိုက်လံ စည်းရုံးခဲ့တယ်လို့လည်း သိရပါတယ်။
အဲ့လို စည်းရုံးမှု များကြောင့် (တအန်း) လူမျိုးများ နေထိုင်တဲ့ မြို့နယ် (၁၃)မြို့နယ်မှ (တအန်း) တိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင်တဲ့ ပထမအကြိမ် ညီလာခံကြီးကို (၁၉၇၂)ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက်နေ့မှ (၂၉)ရက်နေ့ အထိ နမ့်ဆန်မြို့မှာ ကျင်းပ နိုင်ခဲ့ပြီး မြန်မာနိုင်ငံ (တအန်း)စာပေနှင့် ယဉ်ကျေးမှု ကော်မတီကို ဖွဲ့စည်း ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် (၁၉၇၂)ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉)ရက်နေ့မှာ (တအန်း)စာပြု ပုဂ္ဂိုလ်အသီးသီးထံ ကနေ စာမူအသီးသီးကို အပြီးအပိုင် အလှူခံ ရရှိခဲ့ပြီး အဲ့ဒီ စာမူများကို တက္ကသိုလ် ကျောင်းသား (၇)ဦး အဖွဲ့နဲ့ စာပြုပုဂ္ဂိုလ်များက ၀ိုင်းဝန်းညှိနှိုင်း ဆွေးနွေး ခဲ့ကြကာ တစ်မူတည်းသော စာပေအဖြစ် စုစည်း နိုင်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။
မှတ်ချက်။ ။ MRTV_4; ၀က်ဆိုက်မှတဆင့်ကူးယူးဖော်ပြပါသည်။http://www.mrtv4.net.mm
No comments:
Post a Comment