လူတစ်မျိုး၏ ယဉ်ကျေးမှု၊ဓလေ့ထုံးစံများကိုလူတစ်မျိုးကသိဖို့လိုပါသည်။သိထားလျှင်၊ကျူးကျော်မှားယွင်းမှုများမဖြစ်နိုင်ဘဲ၊ကူးလူးဆက်ဆံမှုလွယ်ကူ၍ ချစ်ကြည်ရေး တည်မြဲနိုင်ပါသည်။(စာရေးဆရာဒဂုဏ်နတ်ရှင်)ရှမ်းပြည်ကြေးမုံစာအုပ်မှ

Popular Posts

တအာင်းဘာသာတရားတော်


MusicPlaylistRingtones
Create a playlist at MixPod.com

Monday, August 20, 2012

အနောက်ကင်းကျေးရွာသမိုင်း အဆက်


 သုံးရက်ကြာသော်………..
တရုတ်လူမျိုးတစ်ယောက်ရောက်အလည်အပတ်ရောက်လာသည်။ တရုတ်ကလဲ အလာသလ္လာပ စကားစမြည်းပြောဆိုသည်။ (၀ိုင်းရာဇာမိုင်းစီ) ဘုရင်ထံ တရုတ်လူမျိုးများ ဖြစ်ကြသော လောင်အို၊လောင်ရီ၊ ညီအကိုနှစ်ယောက် ရောက်ပါသည်။ ထိုကျေးရွာကို အိမ်ဆောက်ပြီးနေထိုင်ရန်မည့်သဘောရှိ၏။ ထိုရွာသည် ယဇ်ပူဇော်ပွဲ ခန်းနားသိုက်မြောက်စွာ ကျင်းပကြသည်။ ထိုညတွင် ကျားတစ်ကောင်း က ရွာ သားတစ်ယေက်ကို ရွာ ထဲသို့ဝင်၍ ကိုက်သတ်ခဲ့သည်။ တစ်ရွာလုံးပဲ ထိုဖြစ်စဉ်ကို အုတ်အုတ်ကျက်ကျက် ဖြစ်ခဲ့ရသည်။ ထိုရွာ မှ အခြားမြို့သို့ သွားရောက်၍ ဘုရင်ထံသံတော်ဦးတင်လျှောက်ထားလေသည်။ ဘုရင်မင်းမြတ်က ထိုကျားကို မရ၊ရအောင် တောထဲသို့လိုက်မည်ဟု မိန့်ဆိုကာ ဘုရင်ကိုယ်တိုင်နှင့်ရွာသူရွာသားများနှင့် တောနင်း၍ ကျားကိုလိုက်ရှာကြပါသည်။   ဘု၇င်မင်းမြတ်က ထိုကျားရသောသူအား ဆုလတ်များ ပေးသနားတော်မူမည် ဟု ကြေငြာပါသည်။  ထိုကျားကိုခံသောနေရာကို သစ်များခုတ်ပြီး အိမ်ဆောက်စေကာ ရွာတည်ခဲ့ပါသည်။ ထိုရွာသည် ဘုရင်တစ်ပါးအုပ်ချုပ်စေ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း နာမည် ကျော်ကြား လူသိများသော တိုင်းပြည်တစ်ပြည်ဖြစ်ခဲ့ပါသည်။ တဖြည်းဖြည်းရွာကြီးသည်စည်ပင်ဖွံဖြိုးလာပါသည်။ ထိုစဉ်အသက်ကြီးသော ရှမ်းလုမျိုးလင်မယားနှစ်ယောက် ရောက်လာပါသည်။  ထိုလင်းမယားသည် တောထဲသို့ ထင်းခွေရန် ၀င်သွားပါသည်။
       တောနတ်များက ထိုလင်းမယားနှစ်ယောက်ကို ဖြားယောင်ကား အခြားတောနက်ထဲ ခေါ်ဆောင်သွားပါသည်။ ထိုတောနက်ထဲတွင် အဖိုးထိုက်သော ပတ္တမြားတစ်လုံးကို ကျောက်တုံးတစ်လုံးပေါ်တွင် ထင်၍ ပြပေး၏။ ထိုပတ္တမြား လအ၀ိုင်းတစ်ခုကဲ့သို့ရှိ၏။ ထိုကျောက်ကို သေချာစွာထုပ်ပိုးပြိး လမ်းမှာ မကျအောင် ယူဆောင်ခဲ့၍ တိုင်းပြည်မင်းလုပ် အုပ်ချုပ်နေသော(စ၀်ဆေဖကိန်းဟိုင်း) ဘုရင်သာထိုက်တန်သည် တွေးတောကာ ဘုရင်ထံသွားရောက်ဆက်သခဲ့ပါသည်။  ဘုရင်မင်းမြတ်က နှစ်ခြိုက်တော်မူ၍  ထိုကျောက်ကို လက်ခံတော်မူခဲ့ပါသည်။ လင်မယားနှစ်ကိုလည်း တဖန် ဒင်္ဂါးငွေ တင်းတောင်မချိန်တော့ပဲ ဆုချပေးသနားတော်မူပါသည်။
       ထိုနောက် ထိုလင်မယားသည် သမီးတစ်ယောက်ရသည်။ လှပ၍ ဘုန်းတန်းခိုးကြီးသည်။ အခြားသော ကလာသားလူပျိုများက သူမကို မပိုရဲမပန်းရကြပေ။ သူမ၏မိဘများကို ထိုသမီးငယ်က ဘုရင်နဲ့သာ ထိုက်သန်သည့်ဟု  ဆုံးဖြတ်ကာ ဘုရင်ထံ သွားရောက်ဆက်ခဲံပါသည်။ ထိုနောက် ဘုရင် သမီးအားမိဘုရားအဖြစ်လက်ခံတော်မူပြိး သူတို့နှစ်ကိုမူ ရာထူးစည်စိမ်းများပြန်လည်းဆုချီးမြင့်ပြန်ပါသည်။  ကုန်ရောင်းကုန်ဝယ် ဖောက်ကားကောင်းပြီး စည်ပင်သာယာသော တိုင်းပြည်တစ်ပြည်ဖြစ်ခဲ့ပါသည်။

No comments: