ကျနော်အောက်တိုဘာလနဲ့ နိုဝင်ဘာလမှာ ထိုင်းနိုင်ငံမြောက်ပိုင်းရှိတအာင်းကျေးရွာများကို အလည်းသွားခဲ့ပါသည်။ တအာင်းလူငယ်များလည်းကိုယ့်လူမျိုးအကြောင်းကို သိချင်ကြသည်။
သိသင့်မယ်လို့ယူဆရင်းလေ့လာမိသမျှကိုတင်ပြထားပါသည်။
သူတို့ဟာရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းကိုင်း၊ကျိုင်းတုံ၊နမ့်စန်ဘက်မှပြောင်းရွေ့လာကြပြီး၊
တောင်ယာလုပ်ငန်း၊လိမ္မော်ခြံ၊လက်ဖက်ခြံလုပ်ငန်းမျာကို ကာယလုပ်အားအဆင့်မှကိုယ်ပိုင်လုပ်ငန်းအတည်ဖြစ်အောင်၊ကြိုးစားနေကြပါသည်။
ဘယ်နေရာပဲရောက်ရောက်၊ကိုယ့်ရဲ့ရိုးရာဝတ်စုံမစွန့်ပဲဝတ်ဆင်တက်လေ့ရှိပါသည်။ ရိုးရာဝတ်စုံကိုတွေ့လိုက်သည် နှင့်တအာင်းပလောင်လူမျိုးဟုသိနိုင်ပါသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း၊မိုင်းဖှန်းနှင့်ချင်းဒေါဝ်ဒေသမှာ တအာင်းကျေးရွာပေါင်း(၁၁)ရွာရှိပါသည်။ရ
ွာကြီးများတွင် စာသင်ကျောင်းများနှင့် ဆေးပေးခန်းများရှိကြပါသည်။
စဉ် ရွာအမည် ဒေသ အိမ်ခြေ သာသနိကအဆောက်အဦး
၁။လွင်အန်ခံ မိုင်းဖှန်း ၂၀၀ ရဟန်း၁+ကိုရင်၁
၂။ဇွန်ဆာ ။ ၁၅၀ ၁+၁
၃။ဟွေးမလင်းရွာသစ် ။ ၁၀၀ မရှိ
၎။ဟွေးမလင်းရွာမ ။ ၂၀၀ ၂+၇
၅။ဘန်းဟွေးဖှန်း ။ ၃၀ ၁+ဝ
၆။ဘန်းဟွေးဆိုင်ခေါဝ် ။ ၂၀ မရှိ
၇။ဘန်ဒါင်နှိုင်း(ဟွေးဟုဒ်)ချင်းဒေါဝ်၅၆ ၂+၂
၈။ဘန်ဒါင်ရွာသစ် ။ ၈၈ ၁+၀(ထိုင်းဘုန်းကြီး)
၉။ဟွေးပုန်း ။ ၃၀ ၁+၀(ကရင်ဘုန်းကြီး)
၁၀။မယ်ဇျွမ်း ။ ၂၀ ၀+၁
၁၁။ကွန်ပေါင်ဝ် ပိန်းလွမ်း ၁၅ မရှိ
မယ်ဟောင်ဆောင်ဘက်မှာလည်းရှိပါသေးသည်။ မရောက်ဖြစ်ခဲ့ပါ။
မှတ်ချက် တအာင်းလူငယ်တစ်ယောက်၏ မှတ်တမ်းကိုယူပြီး ပြန်လည်း၍ တင်ပြခြင်းဖြစ်ပါသည်။ လွဲမှားမှုတစ်တစ်ရာရှိခဲ့ပါက သည်းခံပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

No comments:
Post a Comment