(၁) ၁၉၂၄ ခုနှစ်မှာ ဗြိတိသျှတို.က ၆၂ ဒီဂရီဖာရင်ဟိုက်မှာရှိတဲ့ ရေ ၁၀ ပေါင် နှင့်ညီမျှသော
ပမာဏ အလေးချိန်ကို " ဂါလံ " လို. သတ်မှတ်ခဲ့ပါတယ် ။
(၂) ဟိုးအရင်က စစ်ပွဲတွေမှာ တပ်ဖွဲ့ တွေ မပျက်မစီး မဆုံးရှုံးပဲ ကိုယ့်ရပ်ရွာကိုပြန်လာနိုင်ရင်
" 0 killed" လို့ရေးပြီးပြန်လာကြပါတယ်တဲ့...
အဲဒီကနေ ယခုကျွန်တော်တို့တွေ ပြောနေတဲ့ "OK "ဆိုတဲ့ စကားဖြစ်လာခဲ့ပါတယ် ....
(၃) Cupid ဆိုတာ ဂရိ ပုံပြင်များမှ အချစ်နတ်သမီး Venus ရဲ့သားတော် ဖြစ်ပါတယ် ။
ပျော်ပျော်နေတတ်ပြီး သူ.ရဲ့ မြားချက်ထိမှန်ခံရသူဟာ ပထမဦးဆုံးတွေ.တဲ့ သူ ကို ချစ်မိသွားတယ်လို.
ယုံကြည်ကြပါတယ် ။ ဒါကြောင့် သူ.ကို အချစ်နတ်သားလေး ( မြားနတ်မောင် ) လို. သတ်မှတ်ကြတာပါ ။
(၄) " ဘီလူး " ဟူသောစကားဟာ ဘီရု ဟူသော ပါဠိစကားမှ ဆင်းသက်လာခြင်းဖြစ်သည် ။
" ကြောက်၇ွံဖွယ်ကောင်းသော သတ္တ၀ါ " ဟု အဓိပ္ပါယ်ရသည် ။
(၅)" ပုဏ္ဏကတိုက်ခြင်း" ကို အင်္ဂလိပ်လို " Pottergeist " ( ပိုတာဂျိုက်စ်) လို.ခေါ်ပါတယ် ။
ဂျာမန်ဘာသာစကားမှ ဆင်းသက်လာတာပါ ။
" Noisy ghost " ( ဆူညံသော သရဲ) လို. အဓိပ္ပါယ်ရပါတယ် ။
(၆) အင်္ဂလိပ်တွေ သြစတေးလျကို စပြီးခြေချကြတော့ သားပိုက်ကောင်ကို ဘယ်လိုခေါ်သလဲလို့
စမေးကြပါတယ်တဲ့.... ဒေသခံ သြစတေးလျန်းတွေက "Kan Ghu Ru" လို့ဖြေကြပါတယ် ။
ဒါနဲ့ပဲ.... တိုးဘော့ကြီးတွေက သားပိုက်ကောင်ကို "Kangaroo" လို့ခေါ်ဝေါ်သမုတ်ခဲ့ပါတယ် ။
အမှန်တော့ သြစတေးလျန်းတွေပြောတဲ့ "Kan Ghu Ru" ဆိုတာက
"We don"t understand your words " ( ခင်ဗျားပြောတာ ကျနော်နားမလည်ဘူး )
လို.ပြောနေတာပါတဲ့....
(၇) နံပါတ် 40 ကလွဲလို. ကျန်တဲ့ တစ် ကနေ infinity ထိ ဘယ်ကိန်းကိုမဆို အင်္ဂလိပ်လို စာလုံးပေါင်းရေးရင်
အစဉ်အတိုင်း မဖြစ်ပါဘူး ... f - o - r - t - y .. ဆိုပြီး အင်္ဂလိပ်အက္ခရာ ငယ်စဉ် ကြီးလိုက် သွားတာကို ဆိုလိုပါတယ် ။
(၈) " Cemetery" ( သချိုင်း) ဆိုတာ ဂရိဘာသာစကား " Koimetirion" ကလာတာပါတဲ့ ..
အဓိပ္ပါယ်ကတော့ "့ အိပ်ခန်း" တဲ့..
(၉) " Hazard" ဆိုတဲ့ အင်္ဂလိပ် စကားလုံးက အာရေဗျဘာသာစကား " အယ်လ်ဇား " မှ ဆင်းလာတာဖြစ်ပြီး
မူရင်းအဓိပ္ပါယ်မှာ " အန်စာတုံး " ဖြစ်ပါတယ် ...
(၁၀) "သတ္တိ ဗျတ္တိ " ဆိုတဲ့ စကားကို လူတော်တော် များများပြောတတ်ကြပါတယ် ။
" ဗျတ္တိ " ဆိုတာ ဘာလဲလို.မေးကြည့်တော့ သေသေချာချာ မသိဘူးတဲ့ ...
ကျနော် ဖတ်ဖူးတာကတော့ " ဗျတ္တိ " ရဲ့အဓိပ္ပါယ်က " အသိအလိမ္မာတို.နဲ့ ကုံလုံပြည့်စုံ၇်ျ
လူအများ၏ မှီခိုအားထားခြင်းတို.ကို ခံနိုင်၇ည်စွမ်းရှိခြင်း " ပင်ဖြစ်သည်... တဲ့ ။
(၁၁) အနောက်နိုင်ငံသားတွေဟာ ... ၁၃ ဂဏန်းကို နိမိတ်မကောင်းဘူးလို. အယူရှိကြပါတယ် ။
အမှန်တော့ သောကြာနေ့ ၁၃ ရက် နေ့ ကို နိမိတ်မကောင်း ဟု ယုံကြည်ကြတာ များပါတယ် ။
ဘာလို.လဲဆိုတာ ယေ၇ူ ခ၇စ်တော် အတူနောက်ဆုံးညစာစားခဲ့တဲ့ သာဝကကြီး (၁၃ ) ပါး ၇ှိလို.ပါတဲ့ ....
(၁၂) အင်္ဂလိပ် - မြန်မာ ဒုတိယ စစ်ပွဲ အပြီး မှာ အောက်မြန်မာပြည်တ၀က်ကို အင်္ဂလိပ်တွေ သိမ်းပိုက်ထားပြီးပါပီ။
အဲဒီအချိန်ထဲက အင်္ဂလိပ် အစိုးရဟာ " ထီ " ကို စဖွင့်ပေးခဲ့တာပါ ။
အစကတော့ Lottery ကို မြန်မာတွေက " လောထီ " လို.ခေါ်ကြတယ် ...
နောက် တဖြေးဖြေးကြာလာတော့ " လောထီ" ကနေ " ထီ " ဆိုပြီး ဖြစ်လာတာပါ ...
(၁၃) တစ်စုံတစ်ယောက်က နှာချေတဲ့ခါ သုံးတဲ့ " ဟတ်ချိုး .. ဘုရား " ဆိုတဲ့ စကားအသုံးအနှုန်းဟာ
ခရစ်နှစ် 590 မှာ ရောမ နိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့တယ်လို. သိရပါတယ် ။ အဲဒီအချိန်တုန်းက
လူတိုင်း ရုတ်တရက် နှာချေတဲ့ရောဂါဆန်းတစ်မျိုးစွဲ ကပ်နေပြီး မြို.တော်ကြီး တစ်ခုလုံးမှာ
ကပ်ဆိုးကြီး တစ်ခု အဖြစ် ပျံ့နှံ့ဖြစ်ပွားခဲ့ပါတယ် ။ ဒီတော့ ပုပ်ရဟန်းမင်းကြီး မောင့်ဂိုမာရီ က
အမိန်.ဒီကရီ တစ်ခုချမှတ်ပြီး ထုတ်ပြန်ကြေငြာတယ် ။
မည်သူမဆို နှာချေတဲ့ခါ Dio Ti Benedica ( God Bless You ) လို.ရွတ်ဆိုရမယ်ဆိုတဲ့ အမိန်.ဒီကရီ ပါပဲ ။
မြန်မာလိုကတော့ " ဟတ်ချိုး .. ဘုရား " ပါတဲ့ ....
င်္Forward Mail မှကူးယူဖော်ပြသည်။
Popular Posts
-
A Note on the Palaungs of Hsipaw and Tawngpeng By C.C.Lowis, I.C.S Superintendent, Ethnographical Surve...
-
Ta'Ang Culture Day of Pome
-
ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။ ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည ဣဿရ...
-
ရှေးသရောအခါက ပုဏ္ဏားတစ်ဦး ရှိပါသည်။ သူ ၏လယ်မှာ ကျေးအုပ်များ မကြာခဏ၀င်စားနေပါသည်။ စောင့်ဖမ်းဖို့  ပြင်ဆင်ပါသည် ။ သူ သတိထားမိသော အဲဒီ ထဲက ကျေ...
-
ထိုတောင်ပိုင်းစော်ဘွားကြီး ကိုသူမအား လက်ထပ်ရန် တောင်းဆိုခဲ့ပါသည်။ သို့သော်ငြားလည်း “ သူမ၏ရင်သားက အသက်ကြီးရင့်သည်ဟု” အရိပ်နိမိတ်ပြခဲ့သည်။ ...
-
ဓလေ့ ထုံးစံ ပလောင်လူမျိုးများသည် သူတို၏ အိမ်နားနီးချင်းဖြစ်သော ရှမ်းလူမျိုးများကိုအစားအသောက် ရိုးရာဓလေ့အလေ့အထနှင့်ဆိုင်သော အပြုအမူ နှ...
-
This summary is not available. Please click here to view the post.
-
Originally from the Shan State in Burma, approximately 2,000 people of the Palaung , or Da-ang tribe migrated from Burma to Thailand aro...
တအာင်းဘာသာတရားတော်
Create a playlist at MixPod.com
Tuesday, September 7, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment