လူတစ်မျိုး၏ ယဉ်ကျေးမှု၊ဓလေ့ထုံးစံများကိုလူတစ်မျိုးကသိဖို့လိုပါသည်။သိထားလျှင်၊ကျူးကျော်မှားယွင်းမှုများမဖြစ်နိုင်ဘဲ၊ကူးလူးဆက်ဆံမှုလွယ်ကူ၍ ချစ်ကြည်ရေး တည်မြဲနိုင်ပါသည်။(စာရေးဆရာဒဂုဏ်နတ်ရှင်)ရှမ်းပြည်ကြေးမုံစာအုပ်မှ

Popular Posts

တအာင်းဘာသာတရားတော်


MusicPlaylistRingtones
Create a playlist at MixPod.com

Sunday, September 26, 2010

အူကျခြင်းအကြောင်း


မင်္ဂလာပါ ဆရာ...။
အူကျခြင်းအကြောင်းဆရာရေးတာဖတ် ရလို့ သိချင်တာလေးတွေ မေးလိုက်ပါတယ်ခင်ဗျာ။

Hernia သေခြာရင် ခွဲရမှာပါ။ မခွဲဘဲ ယာယီ သက်သာအောင် လုပ်တာမျိုးလည်းရှိတယ်။ အသက်ကြီးသူတွေ၊ အခွဲမခံသင့်သေးသူတွေ ဥပမာ ဆီးချို၊ နှလုံးရောဂါရှိနေသူတွေ အတွက်သာ ညွှန်းပါတယ်။ ခါးပတ်တမျိုး ပတ်ထားရတဲ့ နည်းပါ။

အူကျတာ ဟုတ်-မဟုတ် သိရမယ်။ ၀င်လိုက်-ထွက်လိုက်၊ တက်လိုက်-ကျလိုက် နေတယ်။ ကြာလေကျလေ-ကြီးလေ ဖြစ်တယ်။ ကျနေတဲ့ အထဲက အူ ခေါက်နေတာ မဟုတ်ဘဲ ဖြစ်တာ ဘယ်လောက်ကြာကြာ မနာပါ။ အစေ့ရောင်၊ အကြောရောင်တာပါ တွဲလာချိန်မှာတော့ နာမယ်။ လှည်းလိုက်၊ အိပ်လိုက်ရင် သေးသွား လျှော့သွား-၀င်သွားမယ်။ သူ့ဖါသာ မဟုတ်ရင် ကိုယ့်ဖါသာဖြစ်ဖြစ် ဆရာဝန်ကဖြစ်ဖြစ် သွင်းပေးတာနဲ့ အဲလိုဖြစ်စေတယ်။

ထနေတာနဲ့ အိပ်နေတာ မထူးသူက အူကျတာ မဟုတ်ပါ။ Hernia မှာ ကျလာတဲ့အူက အစေ့ရဲ့အပေါ်မှာ၊ သီးသန့် စမ်းလို့ ရတယ်။ ဖြစ်တဲ့ဘက်မှာ အစေ့ကို စမ်းမရသူ၊ အိပ်လို့လည်း သေးမသွားသူဆိုရင် Hydrocele မုတ်ရောဂါဖြစ်မယ်။ ခွဲရမဲ့ ရောဂါပါဘဲ။ လက်နှိပ်မီးနဲ့ ထိုးစမ်းနည်း လုပ်တယ်။ ခပ်မှောင်မှောင် အခန်းထဲမှာ တဖက်ကနေ မီးထိုးကြည့်ရင် တဖက်အထိ အလင်းရောင် ဖေါက်ထွက်လာတာမျိုးက မုတ်ရောဂါ၊ အလင်းရောင် ထွက်မလာရင် အူကျတာဖြစ်မယ်။ မုတ်ဆိုပေမဲ့ ဆင်ခြေထောက်ပိုးကြောင့်လည်း အဲလို ဖြစ်တတ်သေးတယ်။
အစေ့တဖက်က နည်းနည်း ပိုကြီးနေတာ၊နည်းနည်းအောက်ပိုတွဲကျနေတာရောဂါမဟုတ်ပါ။
ထူးပြီးတဖက်ဖက်ကသိသိသာသာကြီးလာရင် ဆရာဝန်ပြပါ။

ခွဲစိတ်တာကထမင်းစားရေသောက်ပြောလို့ရပါတယ်။အသက်ကြီးသူတွေအတွက်တော
့နည်းနည်းပိုလုပ်ပေးရတာမျိုး ရှိတယ်။ ဖါထေးရတာမျိုး။ ခွဲပြီးမှ ပြန်ဖြစ်သူတွေလည်း ရှိတတ်တယ်။
ဖြစ်နေသူနဲ့ ဖြစ်ပြီးသူတွေအားလုံး Abdominal pressure ဗိုက်တင်းအား များတာမျိုး ဂရုစိုက်သင့်တယ်။ စက်ဘီးစီးတာ၊ အမြင့်ခုန်တာ၊ အလေးအပင်မတာ၊ အပါအ၀င် ချောင်းဆိုး၊ နှာခြေ၊ ၀မ်းညှစ်ရတာလည်း ပါတယ်။ အထိုင်အထမှာပါ သတိနဲ့ လုပ်သင့်တယ်။ ဆောင့်ကြောင့်ထိုင်တာ မကောင်းဘူး။ Piles လိပ်ခေါင်း သမားတွေကို ပြောရတာတွေပါ အကြုံးဝင်နေတယ်။
copy from forward

No comments: