လူတစ်မျိုး၏ ယဉ်ကျေးမှု၊ဓလေ့ထုံးစံများကိုလူတစ်မျိုးကသိဖို့လိုပါသည်။သိထားလျှင်၊ကျူးကျော်မှားယွင်းမှုများမဖြစ်နိုင်ဘဲ၊ကူးလူးဆက်ဆံမှုလွယ်ကူ၍ ချစ်ကြည်ရေး တည်မြဲနိုင်ပါသည်။(စာရေးဆရာဒဂုဏ်နတ်ရှင်)ရှမ်းပြည်ကြေးမုံစာအုပ်မှ

Popular Posts

တအာင်းဘာသာတရားတော်


MusicPlaylistRingtones
Create a playlist at MixPod.com

Wednesday, September 7, 2011

အဆက်

သူတို့သည်ထုံးတမ်းအစဉ်အလာ ဓလေ့ရိုးရာအစဉ်အလားနောက် လိုက်ရ၍ အခြား အမျိုးနွယ် စုတို့နှင့် အစိတ်အပိုင်းအများစုပေါ်တွင် ပြောင်းလဲဖို့ ကြိုးစာလို့ မရခဲ့ကြပါ။ ထိုစိတ်ခွန်းအားသည် နောက်ဆုံး အသိုင်းအ၀ိုင်း ရိုင်းပင်းသောစိတ်ကို  သူတို့ကိုယ်တိုင် ပလေးမျိုးနွယ်ပေါ်လာရန်  ကြိုးစားခဲ့ကြသည်။
 ကျွန်ုပ်တို့သည် ဆက်လက်ပြီ ထည့်သွင်းစဉ်စားဖို့ရန်မှာ တောင်ပိုင်းပလောင် နှင့် သီပေါ ပလောင်လူမျိုးများ၏ စာရိတ္တ နှင့်ပတ်သက်သောကွဲပြားခြား နား ခြင်းပင်ဖြစ်ပါသည်။  ကျွန်ုပ်တို့စီစစ်တွေ့ရှိ ချက် နောက် တစ်ခု၏ အကြောင်းရင်း သည် မိမိ၏အမျိုးနွယ်ကိုသာ အိမ်ထောင်ပြုသောခဲ့ လူမျိုး ၊အမည်၊ ခြားနားချက်၊ ၀တ်စုံ နှင့် ပထမ အထူး အားဖြင့် နယ်မြေဒေသ တစ်ခုနှင့်ပတ်သက်မှုကို  ကန့်သတ်ခဲ့ပါသည်။
 ဤကဲ့သို့ တွေးတောစဉ်စားခြင်း အကြောင်းကား အတွေးအခေါ်အနေအထိုင်ခြားနားမှု   သိမြင်ရကား ပလောင်ပလေးလူမျိုး တို့၏ တပေါင်းတစည်းတည်းပြု၍ ကို ထိန်းထားရန် အဆင်ပြေပါလိမ့်မည်။
စစ်မှန်သောပလောင်မျိုးနွယ်စုများမှာ..
(က) ကတူလ်( Katurr)
 (ခ) တောင်မ
(ဂ) ကွမ်ဟယ် ( သူကိုနောက်ဆုံးထည့်သွင်းခြင်းဖြစ်နိုင်)
(ဃ) ပန်းနင်( သီပေါ နယ်အနောက်မြောက် ) ဖြစ်ကြပါသည်။ ဆိုရ်ဒွရ်( Pseudo) ပလောင်မျိုးနွယ်များသည် ( က) ထရောင်ရိုင် နှင့် (ခ)ငွန်ရောဝ် တို့ဖြစ်ကြပါသည်။
 ပလေးမျိုးနွှယ်စုများသည်  ပြည့်စုံစေ့စပ်သော မျိုးနွယ် အုပ်စုအလိုက်ခွဲထားကြပါသည်။ မည်သို့ဖြစ်စေကာမူ သူတို့ကို အကောင်းဆုံးသိဖို့ရန်
 (က) ရောခန် (Roakkan) (သို့မဟုတ်) ရူခါရ် (Rukaar)
(ခ) ဟူးမှိုင်း (Humong)
          (ဂ) ရူလမ်း (Ruao Lang)
(ဃ) ရူ ချိုင်း (Ruao Ching)
          (င) ဟူပေါင်း (Hupawng)
 (စ) ရူ ဟောက် (Raohoch)
(ဆ) ရူ လိုင်း (RaoLaing)
(ဇ) တောဆန်း (Tawsang) ဖြစ်ကြပါသည်။
 အရှေ့ပိုင်း ပလေးမျိုးများ၏ အကြောင်း လေ့လာခဲပြီ ဖြစ်သည်။ အကြမ်းဖျင်း အားဖြင့် သီပေါ နှင့်တောင်ပိုင်းရှိ ဟူမိုင်းပလေးကဲ့သို့ သိခဲ့ကြပါသည်။ ဆိုင်းဝီမြောက်ပိုင်းနီးပါး ပလေးတို့သည် သီပေါ၌ရှိသော ဟူးမှိုင်းကဲ့သို့ အထင်အမြင်သေး လိမ့်မည်။ “ဟူးမှိုင်း” ဟူသည်ဝေါဟာရ သည် ထိုနယ်ပယ်များ မရှင်းလင်းပဲ ဤ မှတ်စုဆက်နွယ်၍ အသုံးပြုထားပါသည်။ သို့သော်လည်း ထိုစကားလုံးကို သေချာစွာ မှတ်မိခဲ့ပါသည်။ ထိုနောက်ဤနေရာကို အဆင်ပြေစွာ အသုံးပြုထားပါသည်။
 သူတို့သည် အနည်းငယ် သီပေါနှင့်တောင်ပိုင်း၌ ရှိသော နှိုင်းယှဉ်မှုများ ရှိကြပါသည်။ပလောင်လူမျိုးများတို့ အခြေချနေထိုင်သော မိုးမိတ်၊ တောင်နှင့်မြောက် ဆိုင်းဝီ တို့နှင့် နယ်ပယ်အတိုင်းအတာတစ်ခု၏ လူမျိုးစု အနည်းငယ် ခွဲခြမ်းစိပ်ဖြာ ခြင်း၏အမြင် ကို မလေ့လာရသေးပါ။ ထိုကြောင့် “ဟူးမှိုင်း ”ဟူသောဝေါဟာရ သည် အချို့နေရာတွင် ဖော်ပြမည် ဖြစ်ပါသည်။ 


ပြည်တွင်း အုပ်ချုပ် ရေးရာအဖြာဖြာ  


 မျိုးနွယ်အသီးသီးတို့၏ ကျေးရွာများသည်  တစ်ခါတစ်ရံ နီးကပ်စွာ တည်ရှိပါသည်။ ပလေးတို့သည် ကျေးရွာအချင်းချင်း အလွန်ကွာဝေးပြီး သို့သော် ဒေသကျယ်ပြန့်သည်။ အမျိုးတော်စပ်သည့်သူများ မမှား ကြည့်တက်ပုံပေါ်သည်။ ကျေးရွာမှာ နေထိုင်ကြသော ဒေသအချင်းချင်းက တိုက်တွန်း၍  အဆက်အသွယ် နည်းပါးသော နယ်ဝေးဆွေးမျိုးများအား သာရေးနားရေး ပေါ်ပေါက်ခဲ့ပါက သွားဖို ရန် အခြားသောရွာဆွေးမျိုးတော်စပ်သူတို့ထံ  နှစ်ရက်သုံးရက်ကြာသည့် တိုင်အောင် ခရီး သွားရောက်လည်ပတ်ကြပါသည်။
 မည်သို့ဖြစ်စေကာမူ ဤ အချက်များကျော်လွန်ပြီ သူတို့၏ စည်းလုံးမှု စိတ်ဓါတ်ပေါ်ဖို့ မချဲထွင်းနိုင်ပေ။ပလောင်လူမျိုးတို့သည် အထူးသဖြင့်ဘယ်အခြေအနေ ပဲဖြစ်ဖြစ် ပေါင်းစည်းခြင်းကို နှစ်သက်ကြပါသည်။ မျိုးရိုးနွယ်ဖွား ကွဲပြားစေကာမူ အများအားဖြင့်အရာရာခက်ခဲစေပြီနောက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ နည်းစနစ်ဥပဒေကို သူတို့ကိုယ်တိုင် စိတ်ကျေနပ်အောင် သူတို့၏ ရွာသူရွာသားများ ရွေးချယ်၍တင်မြောက်ထားသော ကျေးရွာ အကြီးအကဲတိုင်း မှီခိုမှုကင်း ကာ လွတ်လပ်ပြီး အနည်းငယ် နှိုင်းယှဉ်ကြည့်လျှင် နမ့်ဆန်မြို့တော်၏ အာဏာပိုင်များ ထက် လွတ်လပ်စွာ ကိုယ်ပိုင် အုပ်ချုပ်ကြပါသည်။
 ဤစနစ်သည်ဒေသခံကိုယ်တိုင် အစိုးရဖြစ်၍ ရှင်သန်ပြီး တောင်ပိုင်း၌နေထိုင်သော (Pawlan) ပေါ်လမ် မည်မျှ ဖွံဖြိုးတိုးတက်နေစေကာမူ သူ၏အရှိန်အ၀ါက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့ပုံပေါ်ပါသည်။ အချုပ်ပြောရမည်ဆိုလျှင် စော်ဘွား တရားရုံးက အထူးမျိုးနွယ် များ၏ကိုယ်စားလှယ်တော် အဖြစ် ခံအပ်ထားသောသူ ဖြစ်ခဲ့ကြပါသည်။
 ထိုပေါ်လမ်း ဖော်ပြချက်များကို စာရေးဆရာ အိတ်၊ အီ ဖေစ်ရှာ (Mr.H.E Fisher) က နောက်ပိုင်းတွင် နမ့်ဆန်မြို့၌ ပထမဦးဆုံး အစိုးရ၏ ရာသက်ပန်အရှာရှိ ၀န်းထမ်းဖြစ်တစ်ဦးဖြစ် ပြီး သူသည် တောင်ပိုင်း၌ နေထိုင်သောပလောင်လူမျိုးများအကြောင်းကိုအကောင်းမွန်ဆုံးအဖြစ် လေ့လာခွင့်ရရှိသောသူတစ်ယောက် ဖြစ်ခဲ့ပါသည်။
 “ပေါ်လမ်သည် တောင်ပိုင်နယ်တစ်ခုလုံး၏ ပလောင်လူမျိုးများ၏အထူးကိုယ်စာလှယ်ဖြစ်ပါသည်။ သူသည် မျိုးရိုးအမွေဆက်ခံသော အခြားသော မျိုးနွယ်အမျိုးမျိုးများ၏ ကိုယ်စားလှယ်အဖြစ် ဖြစ်ခဲ့သူဖြစ်ပါသည်။ သူတို့သည် ပြည်နယ်တစ်ခု၏ အကြီးဆုံးသော မြိုတော်ရုံးချုပ်တွင်သာ နေထိုင်ခဲ့ကြပြီနောက် ဗမာ့ဘုရင် ကဲ့သို့ အလုပ်တာဝန်ဝတ္တရာများထမ်းဆောင်ရန်(မြို့ခံ)Myoganတွင်နေထိုင်ကြပါသည်။ ပေါ်လမ်းသည် မျိုးနွယ်စုအားလုံးတို့၏ စီးပွားရေးများကို  စော်ဘွားနှင့်အတူ စီးမံခန့်ခွဲခဲ့ပါသည်။”  
 စီးပွားရေးဆက်သွယ်ရေးလမ်းကြောင်း ပတ်သက်၍ မျိုးနွယ်များသည် စော်ဘွားထံသို့ ပေါ်လမ် မှတဆင့် စော်ဘွားဆီးသို့သွားခဲ့ပါသည်။ ပေါ်လမ်သည် တစ်နှစ်လျှင် နှစ်ကြိမ် သူ၏ မျိုးနွယ်ထံသွားခဲ့ပါသည်။ မျိုးနွယ်တို့ထံ အခွန်တော်ကို စည်းကြပ်စေသည်။ ထိုနောက် သူ၏ရုံးချုပ်သို့ အခွန်ဆက်သစေပါသည်။ စော်ဘွားသည် အမြဲတန်း ပေါ်လမ် ကို သူတို့၏ ၀န်ဆောင်ခ ပေးသူအဖြစ် ကော်မရှင်းခ ပေးပါသည်။


 The Katuur (ကတူလ်)


ပလောင်မျိုးနွယ်စု၏ ကတူလ်လူမျိုးသည် အပေါ်လွင်ဆုံးသော မျိုးနွယ်ဖြစ်ပါသည်။ သူတို့သည် တောင်ပိုင်ပြည်နယ်၏ အချမ်းသာဆုံးနှင့် စော်ဘွား၏မိသားစု  သို့မဟုတ် တောင်ပိုင်းအကြီးအကဲ အဖွဲ့တစ်ဖွဲ့ဖြစ်သည်။တောင်ပိုင်၏ မြို့တော်ဖြစ်သော နမ့်ဆန် သည် စော်ဘွားကြီး ၏ မြို့တော်ဖြစ်ပါ သည်။ သစ်သားဖြင့် မိုးပြီ ထုံးဖြင့်သုတ်ထားသော နန်းတော် (သို့မဟုတ် )ဟော်တော်သည် ကတူလ်မျိုးနွယ်၏အချက်အချာဖြစ်သော ဇယန်းကျေးရွာ ပင်ဖြစ်ပါသည်။ နမ့်ဆန် မြို့၏ အနောက်မြောက်သို့ မိုင်အနည်းငယ် ပြန့်ကျဲ၍ နေထိုင်ကြပြီ  အချို့မြို့၏အရှေ့ဖက်တောက်ဖက်နှစ်ခု ဆုံရာ အထွတ်အထိပ်တစ်လျှောက်နှင့် ကျောက်ဖြူရွာ သည် အနောက်ဖက်သို့ တောထူထပ်သော တောင်ကြားများကို  ဖြတ်ကျောရသော ကျေးရွာတစ်ရွာဖြစ်သည်။
 မျိုးနွယ်များအရေးအတွက်အားဖြင့်ခန့်မှန်းခြေ အိမ်ထောင်စုများ သုံးထောင် လောက်ဖြစ်နိုင်ပါသည်။သူတို့သည်  မြို့တော်၏ အနီးသို့ ချက်ချင်း ရောက်လွယ်စေရန် ရွယ်ချယ်၍  ရွာနားနီးချင်း အလွန်ကျစ်လစ်သပ်ရပ်သောနေရာများ ထဲသို့ နေထိုင်သောသူများဖြစ်ကြပါသည်။ ယင်း အချက်သည် ကတူလ်လူမျိုးများ က ကတူလ်လူမျိုးမဟုတ်သောကျေးရွာများ ၏အကြား ၎င်း တို့၏ အိမ်ကို တွေ့ရှိရန် ချွက်ယွင်းချက် အားဖြင့် အတော်အတန်အခက်တွေ့ခဲပါသည်။ စာရေးဆရာ သေချာအောင်လေ့လာစီစစ်ခဲ့နိုင်ခဲ့ပြီး ပလောင်လူမျိုးများ၏ ဓလေ့ထုံးစံအများအပြား ကို Upper Burma gezatteer `ထဲ ၌ ဖော်ပြခဲ့၍ ကတူလ်မျိုးနွယ် မှ ဆက်သက်လာခဲ့ပြီးသည်နောက် သူတို့၏ အရင်းအမြစ်ကို လုံးဝ ကတူလ်မျိုးကြားထဲမှသာ ရရှိပါသည်။
 သူတို့၏ စိတ်ယုံကြည်မှု အတွင်းကျကျ မျိုးနွယ်နှင့်အဖြစ်ပေါ်ပေါက်သည်ကို စပ်လျဉ်း၍ “ဒမဒ”စော်ဘွား က   ထိန်းချုပ်ထားပါသည်။ နတ်ပွဲစည်းကမ်း နှင့်အခမ်းအနားဖော်ပြချက် ကို လိုက်နားသောအားဖြင့် “ဒမဒ”စော်ဘွားသည် အပေါ်သို့နေထိုင်သည်ဟု *upper Burma gazatter မှ ထုတ်နှုတ်ဖော်ပြခဲ့ပါသည်။[1]  သူသည် သက်ကြီးရွယ်အိုး နှစ်ယောက်ကို ကူညီခဲ့ပါသည်။ ၀ိုင်းလောင် နှင့် ဆေရိုင် တို့သည် ရူမိုင်မျိုးတို့၏ ခေါင်းဆောင် (သို့မဟုတ်) မိသားစုတို့၏အမည်ဖြစ်ပါသည်။
 ရက်အတိအကျသတ်မှတ်ဖို့ရန်အခါပေးဗေဒင်အခါပေး များက ဟောပေးပါသည်။ ထိုနောက် ဤ ကဲ့သို့ ဒမဒစော်ဘွား က လေ့လာစီစစ်ပြီသည့်နောက် သေချာသောအခါ ၀ိုင်းလောင် နှင့် ဆေရိုင် တို့အားစနစ်တကျ တခမ်းတနားဖြစ်အောင် ညွန်ပြ၍ နတ်ပွဲ ကျင်းပပြီ နှုတ်ခွန်းဆက်သပါသည်။
ထိုနတ်ပွဲသည် ယေဘုယျအားဖြင့် အကြိုတစ်ရက်မတိုင်ခင် ပြုလုပ်ခဲ့ကြပါသည်။ ဒမဒစော်ဘွား၏ ဟော်တော်သည်ကျယ်ဝန်းပြီး   ရှင်းလင်းထားပါသည်။ ကန့်လန့်ကာများ အပြည့်ချိတ်ဆွဲထားပြီး၊ ကော်ဇော်များ နှင့်ဖျာများလည်း ခန်းလုံးပြည့်ခင်းကျင်းထားပါသည်။ နတ်စင်ထဲ တွင် အချို့သော စက္ကူ တံခွန်ကုက္ကားကဲ့သို့အယောင်အဆောင်များထားပါသည်။ နတ်များတို့က အချိန်တိကျ စွာ ဖိတ်ကြားခြင်းကို လက်ခံပါသည်။ ထိုအချိန်သည် ၀ိုင်းလုံနှင့် ဆေရိုင် တို့က စီစဉ်အတိုင်း ၀ရံတာအပြင်သို့ထွက်ပြီးနောက် အခမ်းအနားလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်၍ နတ်ဟော် သို့ နတ်များ အရင် မကြွရောက်သေးခင် ထမင်း နှင့်ပန်းများ နတ်စင်၌ ထားပြီး ပူဇော်ကြပါသည်။
 ရိုးရာနတ်များပူဇော်ပြီးနောက် လူစုပရိတ်သတ်များအား ဧည့်ခံကျွေးမွေးကြပါသည်။ “Damada” စော်ဘွား သို့မဟုတ် တာနတ်ထိင်( နတ်ဆရာ) သည် အလွန့်အလွန် စိတ်ဝင်စားသောတန်းခိုးဖန်းဆင်နိုင်သော၊တက်ကြွလန်းဆန်းသော၊ဗုဒ္ဓဘာသာဝင်ပလောင်လူမျိုးများအတွင်းထဲ၌ဖြစ်ပါသည်။
 ထိုသက်သေအထောက်အထားများသည် တောင်ပိုင်တွင်း အတိတ်ဝိဥာဉ် နှစ်မျိုးနှင့်ဆိုင်သော ကျေးလက်တောရွာ အုပ်ချုပ်ရေး ခေါင်းဆောင်တို့သည်  နတ်ပူဇော်သောနေ့ အား ဘ၀ရှင်သန်းခြင်းနှင့်  လောကီရေးရာ နှင့် စိတ်ပိုင်ဆိုင်ရာ ခေါင်းဆောင်များအဖြစ် ယှဉ်တွဲလျက်  ရည်ညွန်ထားပုံပေါ်ပါသည်။ ထိုကဲ့သို့ အရင်ထက်  ခေါင်းဆောင်တစ်ဦးသာဖြစ်နိုင်သည် ဟု မှန်းဆ၍ တောင် ရနိုင်ပါသည်။
သူသည် စိတ်ပိုင်းဆိုင်ရာ လက်တွေ့ကျသောစိတ်၏လေ့ကျင့်ခြင်းအမှုသည် ထိုနာဂ၏ ခေါင်းဆောင် နှင့်သဘောသဘာဝ တူပါသည်။ (Khel)* နှင့်စော်ဘွား ၏ လောကီရေးဆိုင်ရာ အဖြစ်အပျက် အုပ်ချုပ်ရေးစနစ် နှင့် နောက်ဆုံး ဖွံ့ဖြိုးတိုးတက်မှု များကို ပေါ်လွင်အောင် မှတ်သားထားသောသူဖြစ်သည်။ သို့သော်ငြားလည်း ထိုအဖြစ်အပျက်သည် ရှင်းလင်းပုံဖြစ်နိုင်၏။ ဗုဒ္ဓဘာသာ ဖြန့်ကျက် ရောက်ခြင်းနှင့်အတူ စော်ဘွား၏ စိတ်ကို လွမ်းမိုးနိုင်သော ပြည်သူရေးရာကိစ္စနှင့် စပ်လျဉ်း၍ စော်ဘွား၏စိတ်ကို ဆုတ်ယုတ်စေပါ သည်။
စော်ဘွား၏ လောကီရေးရာအဖြာဖြာသည် အမြဲတိုးတက်နေသည့်အခိုက်ဖြစ်ခဲ့ပြီ ထိုကြောင့် ယခုအခါသည် တစ်ချိန်တုန်းက ကျန်ရှိခဲ့သော သူ၏အရေးပါဆုံးသော  ဂုဏ်သိက္ခာကို ရှေးကဲ့သို့ သိမ်းထားသည်။ သူသည် တော်သလင်းလတွင်ကျင်းပသော  နတ်ပွဲကို နှစ်စဉ်နှစ်တိုင်း ဖြစ်မြောက်ရေးကို ဦးဆောင်ပါသည်။
တကယ်တော့ ဒမဒ စော်ဘွား၏ အခန်းကဏ္ဍတွင်  ပြည်သူများအပေါ် စီးမံခန့်ခွဲရေးတာဝန် ကြားဝင် ရောက် နှောင့် ယှက်ခြင်းအပေါ် လောလောဆယ် ပုစ္ဆာမထုတ်နိုင်ပေ။ သူသည် သာမာန်ဖြစ်သောကြောင့် ဆံဖြူနေသာ လူအို တစ်ယောက်ဖြစ်သည်။ သူသည် ရုံးကိစ္စ အောင်မြင်၍ အင်မတန်အိုမင်းရင့်ရော်ပြီး ကျင့်ဝတ်သိက္ခာရှိသောသူဖြစ်သည်။ သူသည် ဘုန်းတော်ကြီးများကဲ့သို့ ငြိမ်းချမ်းစွာ နေလေ့ရှိပြီး ထို့အပြင် “လူ ”တစ်ယောက်နှင့် ဓလေ့အလိုအရ သူသည် မြေကြီးနှင့်ခြေဖ၀ါး မထိသင့်ပေ။ မိမိဟော်တော်၌သာ အကျဉ်းသားအဖြစ်နေရပါသည်။[2]
စော်ဘွား၏ရုံးတော်သည် မျိုးရိုးကိုဆက်ခံသော ရုံးတော်တစ်ခုဖြစ်ပါသည်။ စော်ဘွားနတ်ရွာစံသည့်တိုင်အောင် လက်အောက်အရာရှိများအား တာဝန်လွဲပြောင်းအပ်ရန် ကျေမိုင်( Kyemmong) သို့လက်ထဲရောက်တော့မည်။ (သို့မဟုတ)် မချွတ်ဧကန်အမွေးဆက်ခံရမည့်သူကား နောက်ပိုင်းတွင် ကတူလ်လူမျိုးဖြစ်ပါသည်။
သိရသလောက်တော့ သားဖြစ်သူ၊ (သို့မဟုတ်) အမြင့်ဆုံးအမျိုးအနွယ်ဖြစ်သော မိသားစုဖြစ်သည့်တိုင်တောင်မှ မလိုအပ်ပေ။ သူသည် ၀ါရင့် အမျိုးနွယ်များ၏ကြားမှာ ရွယ်ချယ်ထားသည့်ဟန် တူပါသည်။အချို့ရုံးတော်များ သည် နေရာလစ်လပ်သောနေရာ မှန်းဆကြပါသည်။ လက်ရှိအုပ်ချုပ်သောသူ နတ်ရွာစံသွားသောအခါ စော်ဘွား၏ အမွေးကိုဆက်ခံဖို့ရန်တစ်ဦးဦး ကို မျိုးနွယ်ထဲမှဆက်လက်ခန့်အပ်သွားပါသည်။
ကတူလ်အမျိုးသမီး၏ ရိုးရာဓလေ့ ၀တ်စုံသည် အလွန် အရောင် တောက်ပြောင်သည်။ အသေးစိပ်အစီအစဉ်ဖြင့်ပြင်ဆင်ထားသော လုံချည် သည် (Glang) ကြက်သွေးရောင် ချည်သား အဖြစ်ပါဝင်သည့် အလျားလိုက်ကန့်လန့်ဖြတ်ဖြစ်ပြီး ပါး၍ ခပ်ဝေးဝေးဖြင့် ကြည့်ရသော အခါ လက်တွေ့ကျကျအားဖြင့် မတွေ့မြင်နိုင်သော အနက်ရောင်အစင်းများ၊ အ၀ါရောင်၊အစိမ်ရောင်နှင့်အဖြူရောင်များ ခြေမျက်စိအထိ ရှည်လျားပါသည်။
အင်င်္ကျီလက်တို (Kapran)(သို့မဟုတ်) မိန်းမ၀တ်သင်တိုင်းက ကရင်များ ၏ သင်းတိုင်းနှင့်တူပြီး  (Thindaing)ခါးအထိသို့ရောက်ပြီး အင်္ဂလိပ်အက္ခရာ ( V) ပုံစံဖြင့်ခေါင်းစွပ် ဖို့ ရန်ချုပ်ထားပါသည်။ ထိုနောက် ကြီးသော ခေါင်းစွတ် မျက်နှာဖုံးသည် (Rangwi) ခေါင်း၏ နောက်ကျော ဘက် သို့ပါရောက်သည်။  ထိုနောက် နောက်ဖက် ခန္ဓာကိုယ်နောက်ကျောဘက် နှင့်ခြေ အထိ တစ်ခုလုံးဖုံးနေပါသည်။ မိန်းမ၀တ်သင်တိုင်း အ၀တ်(သို့မဟုတ် )ချည် ကတ္တီပါ   ဖြစ်လေ့ရှိပါသည်။
တစ်ခါတစ်ရံ  အနက်ရောင်ဖြစ်သည်။ တစ်ခါတစ်လေ အခြားသောအရောင်ဖြင့် ခရီးထွက်သည်။ ကောင်းမွန်စွာ နီရဲသောအရောင်ရှိနေပါသည်။ လက်တိုအင်္ကျီ သည် တစ်တောင်စစ်အထိရောက်ပြီး နီရဲသောအ၀တ် နှင့် လည်ပင်မှခါး အဆုံးအထိ ဖွင့်ထားပြီ အခြားအ၀တ်အထည်များနှင့် တူညီကြပါသည်။
မိန်းမ၀တ်သင်တိုင်လုပ်ငန်းခွင်းဝတ်၏အရှေ့ဖက် အစိတ်အပိုင်းပိုင်း ဖြင့် တံတောင်ဆစ်ချိုး ကာ ခြောက်လက်မ ကျယ် အောင် ချုပ်၍ အလှဆင်ထား ပြီး အောက်ပိုင်းတွင် အလျားအစင်းဖြင့် မိန်းမ၀တ်သင်တိုင်း ကို နှစ်လက်မလောက် နက်ပြီး တစ်ပေတစ်လျောက်ဖြတ်၍ အလှဆင်ထားပါသည်။
ခေါင်းခြုံဝတ်ထားသော  ၀တ်ရုံရန် အ၀တ်တို့တွင် အကန့်ကန့် လိုက် ထည့်သွင်း ချုပ်ပြီး သင်းတိုင်း ကို အရွယ်အစားအမျိုးမျိုး ချုပ်ကား အခြေ၏ လမ်းကြောင်း သည် ချည်ထည်ပိတ်ဖြူ  အား အရောင်မကျွတ်ပဲ ထောင့်မှန်စတုဂံပုံဖြင့် ပြုလုပ်ထားပါသည်။
နောက်ကျောတစ်ခုလုံးနှင့် ခေါင်းကိုထောင့်မှန်ပုံရှည်ဖြင့် အကွက်တို့အရောင်တောက်ပ အောင် နှစ်ဖက်လှပုံဖော်ယပ်လုပ်ထားသော ပိုးချည်ထည်(သို့မဟုတ်) အမွေးပွချည်ထည်ကို တစ်ဆယ်နှစ်လက်မကနေ တစ်ဆယ်ရှစ်လက်မအထိ အသုံးပြု၍ ဖုံးအုပ်ထားပါသည်။
ထိုနောက် တစ်ခု (သို့မဟုတ်)အများအပြား အသေးစား ထိုထက်ပို၍ အောက်သို့ ခေါင်း ခြုံထည်ကို ၀တ်ရုံ ခြုံထားပါသေးသည်။အရှေ့အထက်ဖက်သို့ကျော်၍ ခေါင်းပေါင်းသည် နှစ်လက်မအကျယ် ဖြင့် ချည်ထည် နှင့်ချည်ကတ္တီပါတို့ဖြင့် ပြုလုပ်ထားပါသည်။ သာမာန်အားဖြင့် အပြာရောင် (သို့မဟုတ)် ခရမ်းရောင်တစ်တောင်ဆစ်ချို ပုံ အစိတ်အပိုင်းနှင့် အလားတူစွာရှိပါသည်။
အရှေ့ မိန်းမ၀တ်သင်တိုင်းတစ်ခုလုံးကိုချုပ်၍  ဖုံးအုပ်ထားပါသည်။   ထိုအပေါ်မှာ ပန်းထိုးထားပါသည်။ အပြင်ဖက် အစွန်း၏ ကြွင်းကျန်သော ခေါင်းပေါင်းသည် အနားကွပ် ၍ ခြောက်လက်မလောက် ကျယ်ဝန်းအောင် ထားပါသည်။ ကတ္တီပါချည်  ပိုးထည် ပုံ တင်စာထားပါသည်။ (သို့ မဟုတ် )ဖဲလ်  ပုံကို ဒီးဇိုင်းပြု၍ မိန်းမ၀တ်သင်တိုင်း ပုံစံ ချုပ်ထားသော အ၀တ်တို့တွင်အကန့်ကန့်လုပ်၍ အလွန်အတိုင်း နှိုင်းဆသည်များလည်းရှိပါသည်။


[1] တ်ာသလင်းလတိုင်း (စက်တင်ဘာမှဒီဇင်ဘာလ) နမ့်ဆန်မြို့တွင် “ဒမဒ ”စော်ဘွားက ဦးဆောင်ဦးရွက်ပြုကာ ရိုးရာနတ်ပွဲကို ခမ်းနားစည်းကာသိုက်မြိုက်စွာကျင်းပဲကြသည်။ Part, 1. Volume.1 Page.491.
[2]  “See minupur and its tribes,” paper by T.C. Hoson, Journal of the Society of Art, Volume liii, April 1905, and Page 552.

No comments: