လူတစ်မျိုး၏ ယဉ်ကျေးမှု၊ဓလေ့ထုံးစံများကိုလူတစ်မျိုးကသိဖို့လိုပါသည်။သိထားလျှင်၊ကျူးကျော်မှားယွင်းမှုများမဖြစ်နိုင်ဘဲ၊ကူးလူးဆက်ဆံမှုလွယ်ကူ၍ ချစ်ကြည်ရေး တည်မြဲနိုင်ပါသည်။(စာရေးဆရာဒဂုဏ်နတ်ရှင်)ရှမ်းပြည်ကြေးမုံစာအုပ်မှ

Popular Posts

တအာင်းဘာသာတရားတော်


MusicPlaylistRingtones
Create a playlist at MixPod.com

Friday, July 8, 2011

ကျေးညီနောင်ပုံပြင်

ရှေးသရောအခါက ပုဏ္ဏားတစ်ဦး ရှိပါသည်။ သူ ၏လယ်မှာ ကျေးအုပ်များ မကြာခဏ၀င်စားနေပါသည်။ စောင့်ဖမ်းဖို့  ပြင်ဆင်ပါသည် ။ သူ သတိထားမိသော အဲဒီ ထဲက ကျေးတစ်ကောင်သည် သူစားလို့ ပြီးယုံနဲ့ တင် ရပ်မသွားပဲ အပြန်မှာ ကောက်စပါးတို့ ကို နေ့ စဉ် နှုတ်သီးနဲ့ ကိုက်ချီယူဆောင်သွားနေသည်ကို တွေ မြင် ခဲ့ပါသည။် တစ်နေ့သောအခါ သူသည် အဲဒီကျေးငှက်ကိုထောင်ချောက်ဆင်ဖမ်းတဲ့အခါမိခဲ့ပါသည်။ ထိုနေရာသည် ဘုရားလောင်းကျေးမင်းက သူ အခုလိုကောက်စပါးတွေကိုက်ချီ ယူဆောင်သွားနေခြင်းသည် ကြွေးမြီသစ်ကိုချ ပြီး ကြွေးဟောင်းကိုပြန်ဆပ်နေခြင်းဖြစ်ပါသည် ။ ပုဏ္ဏားလည်း ထိုစကား၏့ အဓိပ္ပါယ်ကို ရှင်းလင်းပြောပြဖို့ ပြောသောအခါ ဘုရားလောင်းကျေးမင်းက..
'' အို ..ပုဏ္ဏား ငါ့၌ အရွယ်အိုမင်းပြီ ဖြစ်သော ငါ၏ အမိအဖ တို့ သည် ရှိ၏ .. ငါ၏ မိဘတို့ သည် ငါငယ်နုစဉ်အခါက ငါ့ကိုပြုလုပ်ကျွေးခဲ့၍ ငါ့အားကြွေးမြီကိုချထားခဲ့၏..
ယခု ငါသည် မိဘတို့ အားပြန်၍ လုပ်ကျွေးပြုစုရန် အခါရောက်ပေပြီ .. ကြွေးဟောင်းကိုပြန်လည်ဆပ်သည့်အနေဖြင့် အပြန်ခရီးလမ်းတွင် ဤသို့ မိဘတို့ အတွက် ကောက်စပါးတို့ကိုယူဆောင်သွားရပါသည်။ ''
... တဖန် ကျေးမင်းသည် ကြွေးမြီသစ် ချ သည် ဆိုသည်ကို ဆက်၍ ရှင်းပြလေ၏ ..။
" အို..ပုဏ္ဏား ငါ့၌ အရွယ်မရောက်သေးသော သားသမီးတို့ သည် ရှိ၏ .. ကိုယ်တိုင် အစာရှာခြင်းငှာ မတတ်နိုင် ။ ထို ငါ၏ သားသမီးတို့ သည် ငါအရွယ်အိုမင်းသော အခါ ပြန်လည်၍ ငါ့အား
ကျွေးမွေးစောက်ရှောက်ကြစေ သောငှာ ကြွေးမြီသစ်ကိုချသည့်အနေဖြင့် သားသမီးတို့ အတွက်လည်း ဤသို့ ကောက်စပါးတို့ ကို ယူဆောင်ရပါသည် '' .. ဟု ရှင်းလင်းစွာ ဖြေကြားလေသည် ။
ပုဏ္ဏားလည်း ဘုရားလောင်း ကျေးမင်း၏ ပညာနှင့်ယှဉ်သော၊ ကျေးဇူးတရား နှင့် ယှဉ်သော၊ စကားတို့ ကို ကြားရတဲ့အခါမှာ များစွာကျေနပ်အားရမှု၊ နှစ်သက်ရွှင်လန်းမှု ဖြစ်သောကြောင့်
ကျေးးမင်း လိုအပ်သလောက်သော လယ်မြေကို အလိုရှိသမျှ စားသောက်ရန် လှူဒါန်းလေသည် ။

No comments: