လူတစ်မျိုး၏ ယဉ်ကျေးမှု၊ဓလေ့ထုံးစံများကိုလူတစ်မျိုးကသိဖို့လိုပါသည်။သိထားလျှင်၊ကျူးကျော်မှားယွင်းမှုများမဖြစ်နိုင်ဘဲ၊ကူးလူးဆက်ဆံမှုလွယ်ကူ၍ ချစ်ကြည်ရေး တည်မြဲနိုင်ပါသည်။(စာရေးဆရာဒဂုဏ်နတ်ရှင်)ရှမ်းပြည်ကြေးမုံစာအုပ်မှ

Popular Posts

တအာင်းဘာသာတရားတော်


MusicPlaylistRingtones
Create a playlist at MixPod.com

Thursday, June 9, 2011

သီလယူခြင်း၏အဓိပ္ပါယ်

အခန်း(၂၀)

သီလယူခြင်း၏အဓိပ္ပါယ်(သို့) ဥပုသ်နေ့

အခလပြည့်နေ့ကို ဥပုသ်နေ့ ဟုသတ်မှတ်ပါသည်။ ထိုနေ့သည် မနက်စောစော မိဘများက ခါတိုင်းထက် စောစောထကြပါသည်။ ဘုန်းကြီးကျောင်းများတွင်လည်း ရွတ်ဖတ်ပွဲရှိပါသည်။ ကျွန်ပ်၏ အစ်ကိုနှင့်အမများ သည် မနက်စောစောတွင် အိပ်ယာထကြပြီး ၊မျက်နှာသစ်ခြင်း ကိုယ်လက်သန့်ရှင်းခြင်း ပြုလုပ်ကာ၊ ခြံထဲရှိ ပန်းများစွတ်ခူးကြပါသည်။ ထိုနောက် ထိုပန်းများနှင့် အုန်းဆီ၊ အမွေးတိုင်စသည်ယူဆောင်က ဘုန်းတော်ကြီးကျောင်း သို့ သွားကြပါသည်။

သီလဆောက်တည်ရန် အ၀တ်ဖြူများကို ၀တ်ဆင်၍ ဘုန်းကြီးကျောင်းသို့သွားကြပါသည်။ ဘုန်းကြီးကျောင်းသို့မသွားခင် မိဘများကန်တော့ပြီး သွားကြပါသည်။ အထူးသဖြင့် ဥပုသ်နေ့တွင် ဘုန်းတော်ကြီးကျောင်းများတွင်လည်း သာသနာ့အလံများကို လှပစွာတန်ဆာဆင်ထားပါသည်။

လူများသည်လည်း ဘုန်းတော်ကြီးကျောင်းတွင် သာသနာ့အလံနှင့်အဆင်တန်ဆာများကို တွေ့သောအခါ စိတ်ထဲတွင် ကြည်နူး၍ နေပါသည်။ ဘုန်းကြီးကျောင်းသို့ရောက်သောအခါ ဘုရားစေတီရင်ပြင်များ၊ ဗောဓိပင်အောက်များ၊ ဘုရားကျောင်းတော်များကို ကုသိုလ်ဖြစ်အောင် တံမြက်စည်းလှည်းကြပါသည်။

ထိုနောက် လက်ခြေများရေ များဖြင့်သုတ်သင်ကာ ဓမ္မာရုံသို့သွားကြပါသည်။ တရားဟော်မည့်ဆရာတော်လည်း ကြွလာပါသည်။ တရားဟော်ရန်ကြွလာသော ဆရာတော် က ဓမ္မာရုံသို့ ရောက်သောအခါ “ ပရိတ်သတ်များက သာဓု သုံးကြိမ်ခေါ်ကြပါသည်။ ဘုရားကို ပန်း၊ဆီမီး၊နံသာမွေးတိုင်းများဖြင့် ပူဇော်ချိန်ကျသောအခါ ရတနာသုံးတို့၏ဂုဏ်တော်များ ရွတ်ဆိုကြပါသည်။

သီလယူရန် သီလများကို သာမဏေတစ်ပါးထံ တောင်းရပါသည်။ သာမဏေ ထံသီလဆောက်တည်ရပါသည်။ ထိုနောက် သာဓုသုံးကြိမ် ကို အသံမြိုင်မြိုင်ဆိုင်ဆိုင်ခေါ်ရပေသည်။ ရှစ်ပါးသီလဥပုသ်သီလကိုဆောက်တည်ရပါသည်။ ယောင်္ကျားလေး၊ မိန်းကလေးများသည် လည်း အချို့က ဓမ္မာရုံ၊ အချို့က ဗောဓိပင်အောက်တွင် တရားထိုင်နေကြပါသည်။ ရဟန်း သို့ သာမဏေများက တရားထိုင်နည်းကိုလည်း ကျွန်ုပ်တို့ကို သင်ပေးပါသည်။ ထိုဥပုသ်နေ့သည် တရားများဆွေးနွေးခြင်း၊ ဇာတ်တော်များ ပြောကြားခြင်း၊ ရှစ်ပါးသီလများကို ရှင်းပြခြင်း ပြုလုပ်ကြပါသည်။

ရှစ်ပါးသီလအဓိပ္ပါယ် များ…..

၁။ သူတစ်ပါး၏အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါမည်။

၂။ သူတစ်ပါး၏ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါမည်။

၃။မမြတ်သောမေထုန်အကျင့်များကို ပြစ်မှားခြင်းမှ ရှောင်ကြဉ်ပါမည်။

၎။ လိမ်ပြောခြင်းမှ ရှောင်ကြဉ်ပါမည်။

၅။ သေရည်အရက်များ သောက်စားမူးယစ်ခြင်းမှ ရှောင်ကြဉ်ပါမည်။

၆။ နေလွဲညစားစားခြင်းမှ ရှောင်ကြဉ်ပါမည်။

ရ။ကခြင်း၊သီချင်းဆိုခြင်း၊ပန်းပန်းခြင်း၊ နံသာလိမ်ခြင်း၊ ရေမွေးသုံးခြင်း တို့ကို ပြုခြင်းမှ ရှောင်ကြဉ်ပါမည်။

၈။ မြင့်သောနေရာ၊ မြတ်သောနေရာ ထိုင်ခြင်း၊လျောင်းခြင်း၊ အိပ်ခြင်းတို့မှ ရှောင်ကြဉ်ပါမည်။

ဥပုသ်သီလဆောက်တည်သော်နေ့သည် အချိန်များကုန်လွန် လွယ်စေပါသည်။ သို့သော် ဥပုသ်သည်များ က ၀မ်းသာကြည်နူးကြရပါသည်။ ညနေပိုင်းတွင် ကိုရင်တစ်ပါးထံကို မူရင်း ငါပါးသီလကိုတောင်းခံပြန်ဆောက်တည်ပါသည်။ ထိုနောက် အိမ်အပြန်တွင် ဥပုသ်နေ့ အကြောင်းတွေးတော ရင် အိမ်သို့ပြန်ခဲ့ပါသည်။

မှတ်ချက်။ ။ သီရိလင်္ကာနိုင်ငံ၏သုံးတန်ကလေးဖတ်စာမှဘာသာပြန်ပါသည်။

Pooson Day( ပိုးစန်းနေ့)( သီရိလင်္ကာနိုင်ငံ)

ပိုးစန်းနေ့ (Mahintale) အခန်း (၂၃)
မရူဝဏီ .. မင်း ပိုးစန်နေ့မှာ ဘုန်းကြီးကျောင်းခဲ့သလား။ ဟုတ်ကဲ့ရှင် သွားခဲ့ပါသည် ဟု မဓမ္မရီ က ပြန်ဖြေလေသည်။ ပိုးစန်းနေ့ မှာ သီလဆောက်တည် ဥပုသ်မဆောက်တည်ဘူးလား သူမ၏သူငယ်ချင်း ထပ်မေးပါသည်။ မရူဝဏီက.. ဟုတ်ကဲ့ရှင်၊ ကျွန်မ၏ အဖေအမေနှင့်အကိုများ ပိုးစန်းနေ့မှာ သီလယူ ဥပုသ်ဆောက်တည်ခဲ့ပါသည်။ ကောင်းပါပြီး ဟု ပိုးစန်းနေ့ မှာ တွေ့ကြမည် ။ အဲဒီနေမှာ ဘာသာရေးပွဲတော်တစ်နေ့လုံး အခမ်းအနားများစွာ ရှိပါသည်။ ထိုနေ့သည် အရှင်မဟိန္ဒမဟာထေရ်မြတ် ပူဇော်ပွဲ နှင့်စိီးတန်းလှည့်လဲပွဲရှိပါသည်။ ညနေ ၄နာရီ ပွဲစတင်ကျင်းပပါမည်။
ထိုအချိန်တွင်စီးတန်းလှည့်လဲ ပွဲ ကျောင်းမှ စတင်ထွက်ခွာမည်ဖြစ်ပါသည်။ ဟေ့..ရူဝဏီ ငါတို့နှင့်အတူသွားကြမယ် ဟု သူမ၏ သူငယ်ချင်းက ပြောလေသည်။ ထို ပွဲတော်အကြောင်းများကို အောက်ပါတိုင်း ပြောပြကြပါသည်။ ပထမဦးဆုံး စည်းတီတော်အဖွဲ့က တီးမှုတ်ကာ ဦးဆောင်နေပါသည်။ ထိုနောက် အကအဖွဲ့၊ အလံကိုင်သောသူ နှင့် ယပ်တောင် ထီး၊ အရှင်မဟိန္ဒမထေရ်၏ ရုပ်ပွားတော်ကို ကားပေါ်မှ တင်ဆောင်ပြီ နောက် တန်း တွင်း ပန်းကိုင်နေသော အမျိုးသားနှင့် အမျိုးသမီး များက လှည့်လည်း စနစ်တကျ စီးတန်းလှည်လည်ပူဇော်ပါသည်။
အထက်ပါအကြောင်းများကို အမေ့က ကျွန်မကို ပြောပြခဲ့ပါသည် ဟု ရူဝေဏီက သူမ၏ သူငယ်ချင်းများအား ပြောဆိုခဲ့ပါသည်။ အရှင်မဟိန္ဒမဟာထေရ်မြတ်သည် သီရိလင်္ကာနိုင်ငံ သာသနာပြုကြွတော် မူစဉ်က ဒေ၀ါနံပီယတိဿ ဘုရင်အုပ်စိုးနေသောအချိန်ဖြစ်ပါသည်။ ထိုအချိန်တွင် ဘုရင်သည် တောထွက်လည်သော ၀ါသနာပါ၍ သားကောင်းများ လိုက်ရှာနေပါသည်။ မဟန္တလေ တောင်ပေါ်တွင် ဘုရင် နှင့် အရှင်မဟိန္ဒမဟာထေရ် တွေ့ဆုံးခဲ့ကြပြီး၊ မထရ်မြတ်က “ တိဿ ၂’’’ ဟု ဘုရင်ကြီးအား ခေါ်ခဲ့ပါသည်။ ထိုစဉ် ဘုရင်ကြီးက ရပ်ပြီး ၍ ထိုဘုရင်ကြီးကို မေးခွန်းများစွာ မထေရ်မြတ်က မေးခဲ့ပါသည်။
ဘုရင်ကြီးကလဲ ၀မ်းမြောက်စွာ ပြန်လည်း၍ ဖြေဆိုပါသည်။ ထိုစဉ်မထေရ်မြတ် အရှင်မဟိန္ဒက ဘုရင်ကြီးအား တရားရေအေး အမြိုက်ဆေး တိုက်ကျွေးခဲ့ရ၍ ၀မ်းမြောက်တော်မူခဲ့ပါသည်။ တရားဟော်ကြားပြီးသည့်နောက် လေးမြှာကိုအောက်သို့ချပြီး ရတနာသုံးပါးကို ကိုးကွယ်သော ဘုရင်တစ်ပါးဖြစ်ခဲ့ပါသည်။
ဗုဒ္ဒဘာသာဖြစ်လာရခြင်းသည် အရှင်မဟိန္ဒမထေရ်၏ ကျေးဇူးတော်ကြောင့်ဖြစ်ကြပါသည်။