လူတစ်မျိုး၏ ယဉ်ကျေးမှု၊ဓလေ့ထုံးစံများကိုလူတစ်မျိုးကသိဖို့လိုပါသည်။သိထားလျှင်၊ကျူးကျော်မှားယွင်းမှုများမဖြစ်နိုင်ဘဲ၊ကူးလူးဆက်ဆံမှုလွယ်ကူ၍ ချစ်ကြည်ရေး တည်မြဲနိုင်ပါသည်။(စာရေးဆရာဒဂုဏ်နတ်ရှင်)ရှမ်းပြည်ကြေးမုံစာအုပ်မှ

Popular Posts

တအာင်းဘာသာတရားတော်


MusicPlaylistRingtones
Create a playlist at MixPod.com

Monday, September 5, 2011

သီပေါနယ်တွင်ရှိသောပလောင်လူမျိုးများနှင့် တောင်ပိုင်းတအာင်းလူမျိုးများ၏မှတ်စု

 A Note on the Palaungs of Hsipaw and Tawngpeng
 By C.C.Lowis, I.C.S
                        Superintendent, Ethnographical Survey, Burma
အရှင်ဇ၀န (သီရိလင်္ကာ) မှ မြန်မာဘာသာပြန်ဆိုသည်။

သီပေါနယ်တွင်ရှိသောပလောင်လူမျိုးများနှင့် တောင်ပိုင်းတအာင်းလူမျိုးများ၏မှတ်စု

 ပလောင်လူမျိုးများသည် မွန်ဂိုးလီယံမျိုးနွယ်စုဝင်  တောင်တန်းများ၏ လူ့အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ရှမ်းပြည်နယ်တွင် တောင်ကုန်းမြင့်ဒေသများ၌ နေထိုင်ကြသောအလေ့အထရှိပါသည်။ မြန်မာပြည် အထက်ပိုင်း အရှေ့ဖက်နယ်နှင့်တောင်ဖက်နယ် တို့တွင် တစ်စုတစ်ဝေးနေထိုင်လျက်ရှိပါသည်။ ပလောင်ကျေးရွာများကား ရှမ်းပြည်နယ် မြောက်ပိုင်း တွင် အများဆုံးတွေ့ နိုင်ပါသည်။  အလားတူ ကျိုင်းတုံ ဒေသများနှင့် ဗန်မော်ဒေသများ၌ လူဦးရေးတစ်စိတ်တစ်ပိုင်း သည်ပလောင်လူမျိုးများနေထိုင်ကြပြီး လူဦးရေးအထူးအားဖြင့် ပတ္တမြားမြေ မိုးကုတ်ခရိုင် အထက်နယ်များတွင် ပလောင်ကျေးရွာများ စုစည်းနေထိုင်ကြပါသည်။ ပလောင်လူမျိုးများသည် အထူးသဖြင့်အေးချမ်းစွာနေထိုင်တက်သောလူမျိုးများဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်းနယ် ရှမ်းပြည်မြောက်ပိုင်းနယ်သီပေါ နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း ဆိုင်မ် ၀ီထိ၊ မိုးမိတ်အဆုံး အနားပြိုင်စတုဂံပုံသဏ္ဍာန် ဖြင့် ဧရာဝတီ မြစ်၊  ရွှေလီမြစ်တို့ကိုအ မှီပြုကာ အတိုင်းအတားအားဖြင့် ရေဝေးကုန်းတန်း၂၂ဒီဂရီ ၃၀လက်မ၊၂၃ ဒီဂရီ၃၀လက်မ  မြောက်ပိုင်းနှင့် အနောက်ပိုင်းတွင်  ၆၉ဒီဂရီ ၃၀လက်မ နှင့် ၉၇ဒီဂရီ ၃၀လက်မ  အကြားတွင်ရှိပါ သည်။ အထက်ပါမှတ်စု များသည် တိုင်းရင်းသားလူမျိုးထံမှ ကူးယူပါသည်။ သို့သော်လည်းပဲ မိမိတို့ စိတ်ထဲတွင် မှတ်သားဖို့ရာ  တောင်ပိုင်းနယ် နှင့် မြောက်ပိုင်းသီပေါ နယ်များတွင် ရှိသော ပလောင်လူမျိုးများကို ဗဟို နှင့် တောင်မြောက်ပိုင်း ၌သာ ရည်ညွန်းပါသည်။ ပလောင်လူမျိုးများသည် အလယ်ဗဟို တွင်နေရာယူပါသည်။ ထိုနောက် အနောက်မြောက် အနားပြိုင်စတုဂံပုံသဏ္ဍာန်သဖွယ်ရှိပါသည်ဆိုခဲ့ပြီးဖြစ်ပါသည်။
 ပလောင်လူမျိုး များ၏ မူလရင်းမြစ်
 ပလောင်လူမျိုးများသည် အင်ဒိုချိုင်းနားအမျိုး နွယ်ထဲမှ “မွန် အနမ် ”အုပ်စု တွင် ပါဝင်ပါသည်။ အရှေ့သံလွင် ၌ ရှိသော “၀” လူမျိုးများ၏  ဆင်တူစွာရှိပါသည်။ ပြင်သစ်၊ အင်ဒိုချိုင်းနား ဆိုင်ယမ်၏ (ထိုင်းနိုင်ငံ) (သို့မဟုတ်) ကူမတ် နှင့် ရှမ်းပြည်နယ် တွင် ရှိသော ရအာင်း(သို့မဟုတ်) ယင်း(yin)လူမျိုးများသည် ၊ ပလောင်လူမျိုးများဖြစ်ကြပါသည်။ သူတို့သည် မြန်မာပြည်အောက်ပိုင်း တလိုင်းနယ်တွင် ရိုးသားစွာ အသက်မွေးဝမ်းကြောင်းပြုလုပ်ပြီး နေထိုင်ကြပါသည်။  ထို နောက် အသမ်တို့၏ကာဆီ လူမျိုးများနှင့် မတူပေ။ သို့သော်လည်း တောင်တန်ဒေသတွင်နေသော ၀လူမျိုးများနှင့် ရအာင်း၊ ကူမတ်  (သို့မဟုတ်) ထိုင်း၏ လီမတ်၊အင်ဒိုချိုင်းနားနှင့်ပြင်သစ်အုပ်စုတို့ပါဝင်ကြပါသည်။  သူတို့သည်လည်းပဲ  ပလောင် လူမျိုးရေးအရ ဆက်နွယ်နေသော ဗမာလူမျိုးများ၊တလိုင်းမျိုးများနှင့်အတူ ရိုးသားစွာနေထိုင်ကြပါသည်။ အာဆမ်၏ကာဆီ ဆီသို့ မဝေးသော်လည်း နီးကပ်စွာ နေထိုင်ကြပြီ ထိုနောက်ပိုင်းထက် ပို၍ ၀လူမျိုး၊ရအာင်း၊ကူမတ်တို့ ကိုမဟာမိတ်ဖွဲ့ကြပါသည်။
ပလောင်လူမျိုးများသည် “မွန်အာနှမ်” လူဝင်မှု အုပ်စု ထဲတွင် သေချာစွာ ပေါ်ပေါက်လာသည်ဟု ဆိုပါသည်။ အရှေ့ ပိုင်းအာရှနှင့် အချို့သော ဒေသတွင် အဓိကရှိခဲ့ဘူးပြီ အင်ဒိုချိုင်းနား အနောက်ပိုင်းဒေသနှင့် အင်မတန် ဝေးလံသောနေရာများနေထိုင်ကြပြီး တစ်ခု၌  အားလုံးထဲတွင်  တိဘက်တို့ နှင့် ဗမာလူမျိုး တို့ထက်ကနဦး အစောဆုံးဖြစ်ခဲ့သည်ဆိုနိုင်ပါသည်။ ထိုအချိန်သည့် တောင်ဘက်ယွန်းယွန်း ဥရောပစသည်တို့၏ အတွင်းမှ ဗမာ နှင့် ချင် လူမျိုးများ စတင်၍ အခြေချနေထိုင်ခဲ့ပြီးဖြစ်ပါသည်။ မည်သို့ဆိုစေကာမူ ထိုလူမျိုးများထက်  ပလောင်လူမျိုးများဖြစ်သည်ဟု ရှင်းလင်းထားပါသည်။အထက်တွင်ဆိုခဲ့ပြီဖြစ်သော ပလောင်ညီအကိုမောင်နှမတို့အစဉ်ပေါက်ဖွားလာသကဲ့
သို့ကျေးရွာများတွင်လည်း  ကောင်းမွန်စွာလုပ်ကိုင်စားသောက်နေထိုင်ကြပြီး  သံလွင်မြစ်နှင့် မဲခေါင်းမြစ်တို့ကြားရေလှိုင်းထနေသည့်  တိုင်း(ရှမ်း) လှိုင်းရောင်ပြေးနေသည့်   ရွှေလီမြစ်ရိုးတစ်လျှောက် မြောက်ဖက်မှအပြိုင် စီးဆင်းသကဲ့သို့ထို့စီးဆင်းသည့်အတိုင်းပင် ထိုမြစ်ရိုးတစ်လျှောက် ဖြေးနှေးစွာ စီးဆင်းသော်ငြားလည်း တောက်ဖက်အရပ် လှုပ်ရှားမှု ထိန်းထားသောအခြေအနေမရှိခဲ့။  သူတို့သည် ပတ်ရံထားခဲ့ကြပါသည်။ သူတို့သည် မအေးချမ်းပါ။ နောက်ဆုံး အားဖြင့်  လက်ရှိနေရာ အင်းအားများသော ရှမ်းနေရာမှ အခြေခံအဆင့်မှ အထက်အထိ အမြင့်ဆုံးအထိ ပြင်ထန်းစွာ ပလောင်လူမျိုးများကို  မောင်းထုတ်ခဲ့ကြဟုဆိုပါသည်။
ဆက်လက်ဖော်ပြပါမည်...။

No comments: