လူတစ်မျိုး၏ ယဉ်ကျေးမှု၊ဓလေ့ထုံးစံများကိုလူတစ်မျိုးကသိဖို့လိုပါသည်။သိထားလျှင်၊ကျူးကျော်မှားယွင်းမှုများမဖြစ်နိုင်ဘဲ၊ကူးလူးဆက်ဆံမှုလွယ်ကူ၍ ချစ်ကြည်ရေး တည်မြဲနိုင်ပါသည်။(စာရေးဆရာဒဂုဏ်နတ်ရှင်)ရှမ်းပြည်ကြေးမုံစာအုပ်မှ

Popular Posts

တအာင်းဘာသာတရားတော်


MusicPlaylistRingtones
Create a playlist at MixPod.com

Wednesday, October 17, 2012

မြေဇာပင် တောလက်ကျေးရွာပြည်သူများ

ဤစာတမ်းကို လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ မရှိဘဲ ရိုးသားစွာ ရေးသားရခြင်း ဖြစ်ပါသည်ဟု ရှေးဦးစွာ ဝန်ခံပါရစေ။ ပြည်သူများအပေါ် နအဖ မကောင်းလျှင် နအဖ မကောင်းကြောင်းများ ရေးသားတင်ပြတတ်ကြသလို တောတွင်းလက်နက်ကိုင်များ၏ ကျေးရွာပြည်သူများအပေါ် အနိုင်ကျင့်ဖိနှိပ်မှုများ၊ ဘဝတက်လမ်းများကို အညွန့်ကျိုးစေမည့်၊ နစ်သထက်နစ်စေမည့်လုပ်ရပ်များကိုလည်း ရေးသားတင်ပြသင့်မည် ထင်၍ လေ့လာရေးသားတင်ပြလိုက်ရပါသည်။ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်ခွဲ ခွန်ခါကျေးရွာအုပ်စု၊ ကောင်းကလော့ကျေးရွာအုပ်စု၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ ကွမ်းစလန်းကျေးရွာအုပ်စု ။ မိုင်းလုံမြို့နယ်ခွဲ ပါလိုင်ကျေးရွာအုပ်စု နှင့် သီပေါမြို့နယ်ခွဲ ခွန်ဟော့ကျေးရွာအုပ်စု ဒေသတွင် ကချင်၊ ရှမ်း၊ တအာင်း(ပလောင်)၊ လီဆူး လူမျိုးများ နေထိုင်ကြပါသည်။ ကချင်လက်နက်ကိုင်များဟာ မိုင်းငေါ့မြို့နယ်၊ လွယ်ခန်း၊ ဖာဖိန့်ကချင်ရွာများတွင် နေထိုင်ပြီး လှုပ်ရှားကြသည်။ အခြား လူမျိုးစုငယ်များအား နှောင့်ယှက်ခြင်း ၊ ဖိနှိပ်ခြင်း မရှိပါ။ ရှမ်းလက်နက်ကိုင်များသည် 2011ခုနှစ် တွင် အင်းအား 70 ဝန်းကျင်ခန့် ပြန်လည် စတင်လှုပ်ရှားခဲ့ပါသည်။ 2012ခုနှစ် ၊ 3 လပိုင်းဝန်းကျင်တွင် တပ်ဖွဲ့ 1 မှ 7 အထိ စိုင်းလမ်း၊ စဝ်ခေမာ၊ စိုင်းစွမ်းခေး၊ စိုင်းစွမ်းမိန်း စသည်ရှမ်းလက်နက်ကိုင်ခေါင်းဆောင်များသည် အင်းအား မခန့်မှန်းနိုင်လောက်အောင် တပ်အင်အားတိုးချဲ့ လာပါသည်။ တိုးလာပုံ တိုးလာနည်းကို အတိအကျ မသိရသော်လည်း နယ်မြေခံဒေသနေထိုင်သူတို့၏ ကြောက်ရွှံထိပ်လန့်ပြီး နေထိုင်စားသောက်နေရပုံ၊ ပြေးလွှာနေရပုံ၊ ပျက်စီးပုံများကို ကြည့်ခြင်းအားဖြင့် လူ့အခွင့်အရေး ကျူးလွန်နေသောလက်နက်ကိုင်များ ရှိနေပြီဟု ယုံမှတ်မှားစရာ မရှိပေ။ ရှမ်းလက်နက်ကိုင်များသည် ဘိန်းများကို ကိုယ်တိုင် စိုက်ပျိုး ရောင်းဝယ် သုံးစွဲ သောကြောင့် ဒေသခံ တအာင်း၊ လီဆူလူမျိုးစုငယ်များ၏ ဘိန်းသုံးစွဲမှုနှုန်းသည် များသထက်များလာသည်။ ယခင်က ဘိန်းမဲ သာ ကြာဖူးသော်လည်း ယခုနှစ်တွင် ဘိန်းဖြူ နှင့် ယာမ များ ပေါ်ပေါ်တင်တင် သုံးစွဲနေကြသည်ကို မြင်တွေ့နေရသည်။ ဘိန်းစွဲသောဒေသခံလူများကို သတင်းထောက်ချကာ ဆန်ကျင့်သူများအား နှိပ်စက်ညှင်းပန်း သတ်ဖြတ်မှုများလည်း ရှိသည်ဟု ကြားဖူးသည်။ လူမျိုးစုငယ်များအား ရှမ်းလူမျိုးတို့နှင့် တန်းတူ ပညာဗဟုသုတမရှိနိုင်စေရန် ၊ မတိုးတက်နိုင်စေရန် မူးယစ်ဆေးဖြင့် လူမျိုးအညွန်းတုံးနည်းကို ကျင့်သုံးသည်။ ထိုအပြင် တအာင်း၊ လီဆူး ရွာများအား ဆပ်ကြေးကောက်ခြင်း၊ စစ်ကောက်ခြင်းများကိုလည်း ကျင့်သုံးသည်။ တအာင်း၊ လီဆူးရွာ အိမ်ခြေ 100 အထက်ရှိလျှင် ကျပ်10 သိန်းမှ အထက် ၊ ကားပိုင်ရှင်များမှာ ကျပ် 2 သိန်းမှ အထက် ကို ကျေးရွားလူကြီးမှတဆင့် အမိန့်အာဏာသုံးကာ ပေးဆောင်ကြရသည်။ ဆန်အိတ်များလည်း ပေးဆောင်ရပါသေးသည်။ အဓမ္မစစ်ကောက်ခြင်းကို ရွာအိမ်ခြေအကြီး အငယ်အလိုက် 12 ယောက်မှ အနဲဆုံး 3 ယောက်အထိ ကောက်ခံခဲ့ကြသည်။ ကျေးရွာများတွင် မဲနှိုက်ပြီး မဲကျသည့်အိမ်သည် ယောက်ကျားသား ရှိက သွားကို သွားရသည်။ ယောက်ကျားသားမရှိက ငွေ 15 သိန်းအထက် လူငှါး ပြီး အလိုက်သွားပေးရသည်။ မသွားလျှင် မိဘ ၊ ညီအကို ၊ ခြံမြေများကို သိမ်းပိုက်သည်။တပ်ဖွဲ့မှ ထွက်ပြေးလျှင် မိဘ၊ ညီအကိုများအား ဖမ်းချုပ်ထားသည်။ တပ်ဖွဲ့တွင် ရှမ်းလူမျိုးတပ်သားနှင့် တန်တူ အခွင့်အရေးမပေးချေ။ ကြမ်းတမ်းခက်ခဲသော၊ အသက်အန္တရယ်များသော လုပ်ရပ်များတွင် လူမျိုးစုငယ် တအာင်း၊ လီဆူတပ်သားများကို အသုံးချသည်။ တအာင်းလူမျိုးများသည် 95% ဗုဒ်ဓဘာသာဖြစ်သည့်အားလျော်စွာ မိရိုးဖလာထုံတမ်းအရ အေးအေးချမ်းချမ်း နေထိုင်လိုပြီး စစ်တိုက်ခြင်းကို ရှောင်းရှားလိုကြသောကြောင့် လက်နက်ကိုင်ခြင်းကို စွန့်ထားကြသည်။ ဤသည်ကို အခွင့်ကောင်းယူသော ရှမ်းလက်နက်ကိုင်အဖွဲ့များသည် အဓမ္မစစ်ကောက်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြိမ်းခြောက်ခြင်းတို့ ကြောင့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ တွင် တပ်သား 100လျှင် တအာင်းလူမျိုး 50အထက်တွင် ရှိသည်ဟု ဒေသခံများက ပြောဆိုကြသည်။ အများအားဖြင့် ရွာတွင်သုံးမရသော ဘိန်းစားများကို ငှါးပြီး ထည့်ပေးလိုက်သောကြောင့် ရှမ်းလက်နက်ကိုင် များတွင် ဘိန်းစားသူ များသည်။ ငါးကြင်ဆီ ဖြင့် ငါးကြင်ကျော်သလို ရွာခံတပ်သားကိုသာ ရွာထဲသို့ ပြန်ကောက်ခိုင်းတတ်သည်။ နဂိုကတည်းကမှ စားဝတ်နေရေးကို ပင်ပန်းစွာ ရုန်းကန်းနေရသော တောသူတောင်သားများသည် ဤစစ်ဘေးဒဏ်ကြောင့် ကလေးလူငယ်များအား ကျောင်းမှန်မှန် မဖွင့်ပေးနိုင်ခြင်း၊ ကျောင်းမထားနိုင်ခြင်း၊ စသော ဒုက်ခများကို ကြုံတွေ့နေရပါသည်။ ကျီးလန့်စား စားသကဲ့သို့ လက်ဖက်ခြံ ၊ တောင်ယာများကို သွားလာလုပ်ကိုင်နေရသည်။ ရှမ်းလက်နက်ကိုင်များသည် လူမျိုးကြီးဝါဒ စွဲကိုင်ထားပြီး မြန်မာသီးချင်း မဖွင့်ရ၊ နားမထောင်ရ။ မြန်မာစကား မပြောရ၊ တွေ့ရှိလျှင် အော်ဟစ်ခြိမ်းခြောက်ရိုက်နှက်တတ်၏။ ရှမ်းရိုးရာ စာပေ၊ သီးချင်းများကို သာလေ့လာဖို့ သင်ကြားဖို့ အမိန့်နှင့် ပြုလုပ်သည်။ တအာင်းရွာများမှ အခြေခံ ပညာ တန်းကျောင်းသင်ပေးသော ဆရာ ဆရာမ ဝန်းထမ်းများ၊ ရွာစာရေးများအား လုပ်ကြံသည်မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ကျင့်သုံးလာသည်။ လူကို လုပ်ကြံသည့်အပြင် အိမ်တွင်းရှိ ရွှေငွေ ပစ်စည်းများကိုလည်း ယူဆောင်တတ်သည်။ မိသားစုဝင်ပုံများ ယူဆောင်ပြီး ခြိမ်းခြောက်စကားများ ပြောတတ်ကြသည်မှာ ဓမြအကြီးစား ကဲ့သို့ပင်။ မိုင်းငေါ့မြိုနယ်ခွဲ၊ သီပေါမြိုနယ်ခွဲ၊ မိုင်းလုံးမြိုနယ်ခွဲ အတွင်းရှိ အချို့သောရှမ်းရွာများသည် တချိန်က တအာင်းရွာများဖြစ်ပြီး ရှမ်းလက်နက်ကိုင်များ၏ အဓမ္မဖိနှိပ်အကြပ်ကိုင်မှုကြောင့် မိခင်တအာင်းရိုးရာ စာပေ များကို မမြတ်နိုး မလိုက်စားဝံ့ဘဲ ရှမ်း ရိုးရာများ လေ့လာလိုက်စားရင်း ၇ှမ်းအတု များ ဖြစ်လာကြသည်မှာ ဒုနှင့်ဒေး။ ရှမ်းပြည် အရှေ့ပိုင်း ရှိ ကျိုင်းတုံ တအာင်းလူမျိုးများကိုလည်း ထိုနည်းမက ရှမ်းလက်နက်ကိုင်များ ဖိနှိပ်သိမ်းသွင်းထားကြသည်။ မိမိကိုယ်ကို တအာင်း(ပလောင်)ဟု မပြောရဲလောက်အောင် ဖိနှိပ် ချုပ်ချယ်ခံခဲ့ရသည်။ ကျီးကန်သည် ဒေါင်းယောင်ဆောင်သော်လည်း ဒေါင်းမဖြစ်နိုင်ဘဲ ကျီးကန်ဟာ ကျီးကန်ပဲ ဖြစ်သည်။ ရှမ်းလူမျိုးသည် ရှမ်းလူမျိုးသာဖြစ်သည်။ အခြားလူမျိုး မဖြစ်နိုင်။ ထိုနည်းတူစွာ တအာင်းလူမျိုးသည် တအာင်းလူမျိုးပင်။ အခြားလူမျိုး မဖြစ်နိုင်။ အဓမ္မဖိနှိပ်မှုကြောင့် အခြားလူမျိုးဖြစ်လျှင် အတုပင် ဖြစ်မည်။ အစစ်မဖြစ်နိုင်။ သမိုင်းကို ပြင်၍ မရစကောင်းသလို ပြင်၍ ရကောင်းလျှင်လည်း သမိုင်း မမည်။ လူမျိုးမုန်းတီးရေး ကြီးမားစေဖို့ ဤစာကို ရေးသားတင်ပြရခြင်းလည်း မဟုတ်ပါ။ တိုးတက်ပြောင်းလဲလာသော ဒီမိုကရေစီခေတ်နှင့်အညီ ပြည်သူများအားလုံး တန်းတူညီမျှ ဖြစ်ဖို့ရန် ကျန်ရှိနေသေးသော ၊ လူ့အခွင့်အရေး ဆုံးရှုံးနေသော ဝေးလံခေါင်းပါးသော တောရွာကျေးလက်များကို ကူညီချင်သော ကျနော့်စေတနာမျှသာ။ နေမင်းနွယ် - ကျောက်မဲ

Tuesday, October 16, 2012

Palaung Buddhist Festival in Thailand

Part 1 Part 2 ပလောင်လူမျိုးများရဲ့ ရိုးရာယဉ်ကျေးမှု ပွဲတော်( ထိုင်းနိုင်ငံ) Fabian Frederick Blandford's Videos မှကူးယူပါသည်။

Sunday, September 30, 2012

ွှလက်ဖက် ၂၀၁၁

Tea 2011

A BRIEF HISTORY OF TEA

history_of_tea

လက်ဖက်သမိုင်းအမှန်

Tea

တရုတ်လက်ဖက်ဓါတ်ပုံများ

.Chá na China

လက်ဖက်သမိုင်းနှင့် အိန္ဒိယလက်ဖက်

Tea

Tea Production Process 003

Tea Production Process 003 တအာင်းပြည်သူများ အဓိက လက်ဖက်လုပ်ငန်းလုပ်ကြပါတယ်။ လက်ဖက်ထုတ်လုပ်နည်းတွေ မိရိုးဖလားအတိုင်းသာ ထုတ်လုပ်သည့်အတွက်ကြောင့် စီးပွားဖြစ်သင့်သလောက်မဖြစ်တာထင်ပါတယ်။ တအာင်းလူငယ်များ လက်ဖက်နှင့်ပတ်သတ်သော ထုတ်လုပ်နည်းခေတ်ပညာနှင့်အညီ လေ့လာကြပါရန် တိုက်တွန်းလိုက်ပါသည်။

Friday, September 28, 2012

လက်ဖက်ခင်းများ (သီရိလင်္ကာနိုင်ငံ)

တအာင်းဒေသတွင် လက်ဖက်နည်းပညာလိုအပ်နေပါသည်။ သို့ပါသော် ကြောင့် တအာင်းလူငယ်များ လက်ဖက်ထုတ်လုပ်ပုံနည်းပညာများကို လေ့လာကြရန်နှင့် မိမိဒေသအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ကြပါရန် တိုက်တွန်း အားပေးပါသည်။

လက်ဖက်ထုတ်လုပ်ပုံ(သီရိလင်္ကာ)

လက်ဖက်ခြံရှိကြသော တအာင်းလူငယ်များ အခြားနိုင်ငံ လက်ဖက်ထုတ်လုပ်ပုံများ လေ့လာကြပြီး မိမိရဲ့ဒေသမှာ ဖွံ့ဖြိုးတိုးတက်အောင် တိုင်းကျိုးပြည်ပြု လုပ်ငန်းများ တစ်နံတစ်လျား လုပ်ဆောင်စေလိုပါသည်။

How is tea produced? လက်ဖက်ကို ဘယ်လိုထုတ်လုပ်သလဲ။

Thursday, September 27, 2012

လက်ဖက်သုတေသန (အိန္ဒိယနိုင်ငံ)

Indian Tea Research လက်ဖက်ကို ထုတ်လုပ်လိုသော တအာင်းလူငယ်များအတွက် လက်ဖက်သုတေသန ဖြစ်ပါတယ်။ လက်ဖက်လုပ်ငန်းပညာရှင်များက စာတမ်းပြုစုပြီး ထားရှိပါတယ်။